မီးရထားတွဲသစ်များရောင်ချရန် သဘောတူစာချုပ်နှစ်ခုကို နိုင်ငံပိုင် မြန်မာ့မီးရထားနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း မစ်ဆုဘိရှိ ကော်ပိုရေးရှင်းက အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာသည်။
ထိုစီမံကိန်းများ၏ စုစုပေါင်းတန်ဖိုးမှာ ခန့်မှန်းခြေ ယန်း ၆၉ ဘီလျံ (ဒေါ်လာ ၆၆၃.၂ သန်း) ဖိုးရှိပြီး ဂျပန်နိုင်ငံအစိုးရက တရားဝင်ဖွံ့ဖြိုးမှုအစီအစဉ် (Official Development Assistance, ODA) အရ မြန်မာကို နိုင်ငံတကာ ယန်းငွေချေး စာချုပ်ချုပ်ကာ မစ်ဆုဘိရှိကို ပေးချေမည်ဖြစ်သည်။ ထို စီမံကိန်းများသည် ဂျပန်အစိုးရ၏ ရထား အခြေခံအဆောက်အအုံများ တင်ပို့ရေး အားထုတ်မှု အစိတ်အပိုင်းဖြစ်သည်။
မစ်ဆုဘိရှိသည် ရန်ကုန် မြို့ပတ်ရထားလမ်းအတွက် တွဲ ၆၆ တွဲ နှင့် ရန်ကုန်-မန္တလေး ရထားလမ်းအတွက် တွဲ ၁၈၀ ရောင်းချမည်ဖြစ်သည်။
ထိုတွဲသစ်များကြောင့် ၄၆ ကီလိုမီတာရှည်သော ရန်ကုန်မြို့ပတ်ရထားလမ်းတွင် ကြာချိန်ကို ၁၇၀ မိနစ်မှ ၁၁၀ မိနစ်သို့ လျှော့ချပေးမည်ဖြစ်ပြီး ၆၂၀ ကီလိုမီတာရှိသော ရန်ကုန်-မန္တလေးလမ်းအတွက်ကြာချိန်ကို ၁၅ နာရီမှ ၈ နာခန့်သို့ လျှော့ချပေးမည်ဖြစ်သည်။
CAF ဟု လူသိများသည့် စပိန်မှ ထိပ်တန်း မီးရထားတွဲ ထုတ်လုပ်ရေးလုပ်ငန်း Construcciones y Auxiliar de Ferrocarriles က ဂျပန်ထုတ် စက်ပစ္စည်းကိရိယာအချို့ကို အသုံးပြု၍ ထုတ်လုပ်သွားမည်ဖြစ်ပြီး ထိုတွဲများအတွက် လျှပ်စစ်စနစ်များ တပ်ဆင်ကာ ၂၀၂၃ မှ ၂၀၂၅ ခုနှစ်အတွင်း ပေးပို့မည်ဖြစ်ကြောင်း သိရသည်။
You may also like these stories:
တရုတ်က ပိတ်ထားသည့် မြန်မာဘဏ်အကောင့်များ ပြန်ဖွင့်ပေးရန် တောင်းဆို
တရားမဝင်ငွေကြေး သံသယဖြင့် မြန်မာဘဏ်အကောင့် ၁၀၀ ကျော် ထိုင်းဘက်က ပိတ်
ရန်ကုန်မြို့သစ်စီမံကိန်း တရုတ်အဆိုပြုချက်ကို အခြားကုမ္ပဏီ ၉ ခုက စိန်ခေါ်မည်