မြန်မာ့စီပွားရေး အပေါ် ကိုဗစ်-၁၉ သက်ရောက်မှုများကို လျှော့ချရန် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ရရှိရေးအတွက် အစိုးရသည် တောင်ကိုရီးယား၊ စင်္ကာပူ၊ ထိုင်းနိုင်ငံတို့နှင့် ရန်ကုန်တိုင်း ဒေသတွင် အခြေခံအဆောက်အအုံ စီမံကိန်း ၃ ခုကို မကြာမီ စတင်ရန် မျှော်လင့်နေသည်။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ တနင်္ဂနွေနေ့ နှစ်ပါတ်လည် အစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာတွင် ပြည်ထောင်စု ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီး ဦးသောင်းထွန်းက ကမ္ဘာ့စီးပွားရေးသည် ကိုဗစ်-၁၉ ကြောင့် စိန်ခေါ်မှု များစွာကြုံတွေ့ရသော်လည်း မြန်မာ့စီးပွားရေး၏ စိုက်ပျိုးရေး၊ လျှပ်စစ်နှင့် စက်မှုကဏ္ဍများသည် ပြည်တွင်းနှင့် ပြည်ပ ရင်းနှီးမြှပ်နှံသူများအတွက် ဆွဲဆောင်ရန် အလားအလာ ရှိသည်ဟု ဆိုသည်။
Quote – မြန်မာနိုင်ငံသည် လက်တွေ့ကျသော စီးပွားရေးပတ်ဝန်းကျင်နှင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ ဖန်တီးရန် စက်မှုဇုန်များ၊ ဆိပ်ကမ်းများ၊ တံတားများနှင့် လမ်းများစီမံကိန်းများကို အကောင်အထည်ဖေါ်ရန်လိုသည်ဟု ဝန်ကြီး ဦးသောင်းထွန်းကပြောသည်။
ကိုရီးယား-မြန်မာ စက်မှုဇုန်(KMIC) သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ထိုင်း-မြန်မာ ဖက်စပ်လုပ်ငန်း AMATA Smart and Eco City စီမံကိန်းကို မကြာမီ စတင်ကာ မြန်မာ-စင်္ကာပူ ဖက်စပ် စက်မှုဇုန်ကို စင်္ကာပူနှင့် အကောင်အထည်ဖေါ်မည်ဖြစ်ကြောင်း သူပြောသည်။
လာမည့် မြန်မာ စီးပွာရေး ပြန်လည်နာလန်ထရေးနှင့် ပြုပြင်ပြောင်းလဲရေး စီမံကိန်း (MERRP) တွင် နိုင်ငံတကာအတွေ့အကြုံရှိသူများနှင့် အချက်အခြာကျသော နေရာများနှင့် ကဏ္ဍများတွင် အထူးစီးပွားရေးဇုန်များနှင့် စက်မှုဇုန်များတည်ထောင်ရန် ကတိကဝတ်များ ပါဝင်ကြောင်း ဧရာဝတီက သိရသည်။
ထိုကဏ္ဍတွင် ကိုရီးယားနှင့် မြန်မာနိုင်ငံအကြား ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုဖြစ်သော ကိုရီးယားမြန်မာ KMIC စက်မှုဇုန်ကို ရန်ကုန်တိုင်း လှည်းကူးတွင် တည်ဆောက်မည်ဖြစ်သည်။ မြန်မာနိုင်ငံဆောက်လုပ်ရေး ဝန်ကြီးဌာနက ကိုရီးယားမြန်မာစက်မှုဇုန် ကုမ္ပဏီ၏ ၄၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည်ဖြစ်ပြီး ကိုရီးယား မြေယာနှင့် အိုးအိမ်ကော်ပိုရေးရှင်းနှင့် Sae-A Co. Ltd တို့က ၄၀ ရာခိုင်နှုန်းနှင့် ၂၀ ရာခိုင်နှုန်း အသီးသီး ပိုင်ဆိုင်မည်ဖြစ်သည်။
ခန့်မှန်းခြေရင်းနှီးမြှပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၁၁၀ (ကျပ် ၁၄၈.၉၅ ဘီလျံ) တန်သည့် ထိုအခြေခံ အဆောက်အအုံ စီမံကိန်းကို ၂၀၂၃ ခုနှစ်တွင် ပြီးစီးမည်ဟု မျှော်လင့်ရသည်။ ထိုစီမံကိန်းကို မြေ ၅၅၈ ဧက (၂၂၅ ဟက်တာ) တွင် တည်ဆောက်ကာ ပို့ကုန်များ၊ အသေးစားအလတ်စားလုပ်ငန်များနှင့် အကြီးစားလုပ်ငန်းများကို အဓိကထားမည်ဖြစ်ပြီး အသက်မွေးဝမ်းကြောင်း ပညာသင်တန်းကျောင်းတခုပါဝင်မည်ဖြစ်ကြောင်း ရန်ကုန်စီမံကိန်းဘဏ်၏ အဆိုအရ သိရသည်။
ထိုစက်ရုံများတွင် ကိုရီးယား ကုမ္ပဏီ ၂၀၀ ခန့် ရင်းနှီးမြှုပ်နှံမည်ဟု မျှော်လင့်ရပြီး နှစ်စဉ် အခွန် ဒေါ်လာ ၁၀ သန်း ရရှိမည်ဖြစ်သည်။
Quote – KMIC သည် အလုပ်အကိုင် ၅၀၀၀၀ နှင့် ၁၀၀၀၀၀ ကြား ဖန်တီးပေးပြီး နိုင်ငံ၏ စက်မှု၊ ပို့ကုန်နှင့် လူသားရင်းမြစ်ကဏ္ဍများကို တိုးတက်စေမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဦးဟန်ဇော်က ကတိပြုသည်။
အခြားဦးစားပေး အခြေခံအဆောက်အအုံ စီမံက်ိန်းမှာ Yangon Amata Smart and Eco City ဖြစ်ပြီး ထိုစီမံကိန်းသည် ခေတ်မီ စက်မှု အချက်အခြာ စီမံကိန်းဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရကပြောသည်။
ခန့်မှန်းခြေ ဒေါ်လာ ၁ ဘီလျံကုန်ကျမည့် ထိုစီမံကိန်းကို ရန်ကုန်တိုင်း ဒဂုံအရှေ့နှင့်ဒဂုံတောင်ပိုင်း မြို့နယ်များရှိ လေးထောင့်ကန် ကျေးရွာအနီး မြေဧက ၂၀၀၀ တွင် ဖေါ်ဆောင်မည်ဖြစ်သည်။ ထိုစီမံကိန်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ရွာနှင်အိုးအိမ် ဖွံဖြိုးရေး ဦးစီးဌာန UHDD နှင့် ထိုင်းအခြေစိုက် Amata Corporation တို့က ဖက်စပ် အကောင်အထည်ဖေါ်မည်ဖြစ်သည်။
ဇန်နဝါရီလက UHDD နှင့် Amata Asia (Myanmar) Limited တို့သည် နှစ် ၅၀ မြေငှားစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ UHDD က ထိုစီမံကိန်း အကောင်အထည်ဖေါ်မည့် ကုမ္ပဏီတွင် ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ကျန်အစုများကို Amata Asia (Myanmar) Limited ပိုင်ဆိုင်မည်ဖြစ်သည်။
မြန်မာ-စင်္ကာပူ (လှည်းကူး) စက်မှုဇုန်ကိုလည်း ရန်ကုန်ရှိ လှည်းကူးမြို့နယ်မှ မြေဧက ၄၃၆ ဧကတွင် တည်ဆောက်မည်ဖြစ်ပြီး ခန့်မှန်းခြေ ဒေါ်လာ ၂၃၀ သန်း ကုန်ကျမည်ဖြစ်သည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထိုစီမံကိန်းအား ယခုနှစ်အစောပိုင်းက ခွင့်ပြုပြီးဖြစ်သည်။ ထိုစီမံကိန်းကို စင်္ကာပူမှ Sembcorp Industries (SCI) ၏ လက်အောက်ခံလုပ်ငန်း Sembcorp CSSD Myanmar Co. နှင့် မြန်မာနိုင်ငံမှ Pahtama Group နှင့် Myanmar Agribusiness Public Corp (MAPCO) တို့က အကောင်အထည်ဖေါ်မည်ဖြစ်သည်။
ရန်ကုန်တိုင်းအစိုးရ၏ အဆိုအရ ထိုစီမံကိန်းသည် အစားအသောက်လုပ်ငန်းများကို အခြေခံမည်ဖြစ်သည်။ အကောင်အထည်ဖေါ်သူများသည် အထက်မြန်မာနိုင်ငံသို့ ကုန်စည်ပို့ဆောင်ရန်အတွက်နှင့် ပြည်ပတင်ပို့ရန်အတွက် ဂျပန်နိုင်ငံကတည်ဆောက်မည့် ရန်ုကုန်သီလဝါလမ်းသို့ ရန်ကုန်မန္တလေးလမ်းမှ ဆက်သွယ်မည်ဖြစ်သည်။
Quote – ကမ္ဘာတဝှမ်း ကူးစက်ရောဂါဖြစ်ပွားနေသော်လည်း မြန်မာနိုင်ငံသည် ယခုနှစ်အတွက် ရည်မှန်းထားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ၏ ၉၈ ရာခိုင်နှုန်းကို ရရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန MIFER ကဆိုသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်များကို လေ့လာသုံသပ်နေပြီး ကိုဗစ်-၁၉ စီးပွားရေး ကုစားရေး စီမံချက်အရ ဗီဒီယို ကွန်ဖရင့်ဖြင့် တတ်နိုင်သမျှ အစောဆုံး အတည်ပြုပေးနေကြောင်း ဦးသောင်းထွန်းပြောသည်။
MIFER သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုချက်များအတွက် ဝန်ဆောင်ခများကို ထက်ဝက်လျှော့ချထားကြောင်း ဧပြီလက ဦးသောင်းထွန်းပြောသည်။
ကိုဗစ်-၁၉ ကြောင့် စိန်ခေါ်မှုများ ရှိသော်လည်း မြန်မာနိုင်ငံသည် ဒေသတွင်းတွင် အချက်အခြာကျစွာ တည်ရှိသောကြောင့် စီးပွားရေးနှင့် စီးပွားရေးတိုးတက်မှုအရ အလားအလာကောင်းကြောင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း ထို UMFCCI အစည်းအဝေးတွင်ပြောသည်။
ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် ပွင့်လင်းမြင်သာမှု၊ ရိုးရှင်းလွယ်ကူမှု၊ ကြိုတင်မှန်းဆနိုင်မှုနှင့်ယှဉ်ပြိုင်နိုင်မှုကဲ့သို့သော ကောင်းမွန်သည့် အခြေအနေများကို ဖန်တီးပေးရန် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောသည်။
မြန်မာနိုင်ငံသည် ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရန် ပိုမိုခိုင်မာသည့် ပြည်သူပိုင်ကဏ္ဍနှင့် ပုဂ္ဂလိက ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပြောသည်။
(Nan Lwin ၏ Myanmar to Start Joint Projects With Three Asian Countries ကို ဘာသာပြန်သည်။)
You may also like these stories:
စိုက်ပျိုးရေး၊ လျှပ်စစ်နှင့်စက်မှုဇုန်ကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံရန် အလားလာကောင်းများရှိနေ ဟုဆို
မြန်မာ့စီးပွားရေး ရှေ့နှစ် နာလန်ထမည်ဟု ကမ္ဘာ့ဘဏ် ဆို
တရုတ်ကတရားမဝင် ဖရဲများ လာမစိုက်နိုင်၍ မြန်မာ့ဖရဲဈေးကောင်းရ