လွန်ခဲ့သော လေးနှစ်က စတင်ခဲ့သော စီးပွားရေးတံခါးဖွင့်ပေးခြင်းနှင့် ပြုပြင်ပြောင်းလဲရေးများ၏ အသီးအပွင့်များကို စတင်ခံစားရမည့် နှစ်အဖြစ် ၂၀၂၀ ခုနှစ်ကို မြန်မာအစိုးရက မြင့်မားသော မျှော်လင့်ချက်များ ထားရှိခဲ့သည်။
သို့သော် ကိုဗစ်-၁၉ ကမ္ဘာတဝန်း ကူးစက်ရောဂါသည် အစိုးရ၏ စီမံကိန်းများကို လမ်းကြောင်းလွဲသွားစေပြီး မြန်မာ့စီးပွားရေးသည် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ၆.၈ ရာခိုင်နှုန်းရှိရာမှ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ၁.၇ ရာခိုင်နှုန်းအထိ နှေးကွေးသွားကာ အသေးစားအလတ်စား လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းနှင့် အထည်ချုပ်လုပ်ငန်းများကိုသာမက နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကိုအားပေးရန် လိုအပ်သော အရေးပါသည့် စီးပွားရေးအခမ်းအနားများနှင့် လှုပ်ရှားမှုများကိုပါ နှောင့်နှေးစေခဲ့သည်။
သို့သော် ကိုဗစ်-၁၉ အကျပ်အတည်း ရှိသော်လည်း မြန်မာနိုင်ငံသည် ၂၀၂၀ ခုနှစ်အတွက် ရည်မှန်းထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၏ ၉၈ ရာခိုင်နှုန်းရရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်။
အစိုးရသည် ရင်းနှီးမြှုပ်နှံသူများကို အားပေးရန်နှင့် ဗိုင်းရပ်စ်ကြောင့် စီးပွားရေးထိခိုက်မှု သက်သာစေရန် ဗီဒီယို ကွန်ဖရင့်များ ပြုလုပ်ခြင်း၊ အွန်လိုင်းအခမ်းအနားများ ကျင်းပခြင်းနှင့် ပြောင်းလဲမှုများ အကောင်အထည်ဖေါ်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
ထိုမျှခက်ခဲလှသော တနှစ်တာကာလအတွင်း နိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲရေးအပေါ် အကျိုးသက်ရောက်စေခဲ့သော အကြီးမားဆုံး ဆောင်ရွက်ချက်များအား ဧရာဝတီ သတင်းဌာနက ပြန်လည်ကြည့်ရှု သုံးသပ် တင်ပြထားသည်။
ထို့အပြင် အစိုးရသည် စီးပွားရေးကို ကယ်ဆယ်ရန် ရေတို အစီအစဉ်တခုကိုလည်း ချမှတ်ခဲ့သည်။ ကမ္ဘာတဝန်း ကူးစက်ရောဂါကြောင့်ဖြစ်ပေါ်သော စီးပွားရေး ထိခိုက်မှုများကို ပြုပြင်ရန် ကာလလတ်နှင့် ရေရှည် စီးပွားရေး နာလံထမှု စီမံကိန်းတခုကိုလည်း ရေးဆွဲနေသည်။
ထိုမျှခက်ခဲလှသော တနှစ်တာကာလအတွင်း နိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲရေးအပေါ် အကျိုးသက်ရောက်စေခဲ့သော အကြီးမားဆုံး ဆောင်ရွက်ချက်များအား ဧရာဝတီ သတင်းဌာနက ပြန်လည်ကြည့်ရှု သုံးသပ် တင်ပြထားသည်။

မြန်မာနိုင်ငံ၏ စီမံကိန်းဘဏ်ကို ထူထောင်ခြင်း
အစိုးရသည် နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွင် အကြုံးဝင်သည့် အဓိက ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ဖေါ်ပြထားသည့် ပထမဆုံး အများပြည်သူကြည့်ရှုနိုင်သော အွန်လိုင်းစနစ်တခုကို ဖေဖေါ်ဝါရီလတွင် စတင်ထူထောင်ခဲ့သည်။
ထိုစနစ်တွင် စီမံကိန်းအမျိုးအမည်၊ အဆင့်၊ စီမံကိန်း၏ စုစုပေါင်းကုန်ကျစရိတ်၊ ငွေကြေးစိုက်ထုတ်မှု အစီအစဉ်များ၊ စီမံကိန်းအချိန်ဇယား၊ အကောင်အထည်ဖေါ်သည့် အစိုးရဌာန၊ စီမံကိန်းအတွက် ဆက်သွယ်ရန် အသေးစိတ်များနှင့် စီမံကိန်းတခုချင်းစီသည် မြန်မာနိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် မည်သို့ ကိုက်ညီသည် စသည့်အချက်အလက်များကို ဖေါ်ပြထားသည်။
ထိုအချက်အလက်စနစ်သည် ပြည်သူပိုင်-ပုဂ္ဂလိကပိုင်ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှု လွယ်ကူစေရန်နှင့် ပုဂ္ဂလိက ကဏ္ဍအနေဖြင့် အမျိုးသား တိုးတက်ရေး ရည်မှန်းချက်များတွင် ရင်းနှီးမြှုပ်နှံပြီး လူမှု၊ သဘာဝပတ်ဝန်းကျင်၊ စီးပွားရေးနှင့် ဆုံးရှုံးမှု အန္တရာယ်ဖြစ်နိုင်ခြေအညွှန်းကိန်းများအပေါ် အခြေခံပြီး ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို ဖေါ်ထုတ်သတ်မှတ် စစ်ဆေး အကဲဖြတ်ပြီး ဦးစားပေး ဆောင်ရွက်ရေး ကူညီရန် အခွင့်အလမ်းများ ဖန်တီးပေးရေး ရည်ရွယ်သည်။

စီးပွားရေး တွန်းအားပေးရေး ကနဦး အစီအစဉ်
နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု မစတင်မီကပင် အစိုးရသည် စီးပွားရေးအပေါ် ကိုဗစ်-၁၉ ရ်ိုက်ခတ်မှု သက်သာစေရေး ကနဦး စီးပွားရေး တွန်းအားပေး အစီအစဉ်တရပ်ကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။
ထိုအစီအစဉ်တွင် အထည်ချုပ်နှင့် လက်ခစားလုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် အသေးစား အလတ်စား လုပ်ငန်းများကို ကူညီရန် ကျပ် ဘီလျံ ၁၀၀ ရှိသော ချေးငွေများပါဝင်သည်။ အခွန်ပေးဆောင်မှု နောက်ဆုံးသတ်မှတ်ရက်များကို ဖြေလျှော့ပေးခြင်းနှင့် ကမ္ဘာတဝန်း ကူးစက်ရောဂါကြောင့် ထိခိုက်ရသည့် မြန်မာလုပ်ငန်းများကို အခွန်ကင်းလွတ်ခွင့် ပေးခြင်း စသည်တိို့ကိုလည်း လုပ်ဆောင်ခဲ့သည်။
ထိုချေးငွေများအတွက် အတိုးနှုန်းမှာ ၁ ရာခိုင်နှုန်းဖြစ်ပြီး ပြန်လည်ပေးဆပ်မရမည့်ကာလမှ တနှစ်ဖြစ်သည်။
စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက်

မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် (CERP) ကို ဧပြီလတွင် စတင်အကောင်အထည်ဖေါ်သည်။ ထိုစီမံချက်သည် ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်းမှ ကျန်းမာရေး စောင့်ရှောက်မှုစနစ် တောင့်တင်းကြံ့ခိုင်ရေးအတွက် အစိုးရအသုံးစရိတ်ကို တိုးမြှင့်ခြင်းအထိ ကျယ်ပြန်သော အစီအမံနှင့် တုံ့ပြန်မှုစီမံချက်သစ်များကို အကောင်အထည်ဖေါ်ခြင်းအားဖြင့် ကမ္ဘာတဝန်း ကူးစက်ရောဂါကြောင့် ဖြစ်ပွားသည့် စီးပွားရေး ထိခိုက်မှုများ လျှော့ချရန် ရည်ရွယ်သည်။
CERP သည် ငွေကြေးတွန်းအားပေးခြင်းဖြင့် မိုက်ခရိုစီးပွားရေး ပတ်ဝန်းကျင်ကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေး ဘဏ်လုပ်ငန်းကဏ္ဍများ တိုးတက်စေခြင်းဖြင့် ပုဂ္ဂလိက ကဏ္ဍ အပေါ် ထိခိုက်မှု သက်သာစေရေး၊ အလုပ်သမားများနှင့် အိမ်ထောင်စုများကို ကူညီရေး၊ တီထွင်ဆန်းသစ်သော ထုတ်ကုန်ုများနှင့် စနစ်များကို အားပေးမြှင့်တင်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု စနစ်တောင့်တင်းကြံ့ခိုင်ရေးနှင့် အရေးပေါ် ရန်ပုံငွေများအပါအဝင် ကိုဗစ်-၁၉ တုံ့ပြန်မှု ငွေကြေးထောက်ပံ့မှုများ ရရှိရေးတိုးမြှင့်ခြင်း စသည်တို့ကို အာရုံစိုက်လုပ်ကိုင်သည်။
တတ်နိုင်သမျှ လက်တွေ့ကျကျ ဦးစားပေးပြီး လက်ရှိဓါတ်ခွဲခန်းများ၊ ဆေးရုံများနှင့် ကျန်းမာရေးစောင့်ရှောက်မှုဌာနများကို အဆင့်မြှင့်တင်ခြင်းနှင့် ၂၀၂၀ မတိုင်မီ ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဝန်ထမ်းများ၊ ကျန်းမာရေး စောင့်ရှောက်မှု ဝန်ထမ်းများနှင့် အရေးပေါ် ကာလတိုအတွက် လိုအပ်နိုင်သော စေတနာ့ဝန်ထမ်းများကို စုဆောင်းခြင်းနှင့် အရည်အသွေးမြှင့်တင်ပေးခြင်း တို့လည်း ထိုစီမံချက်တွင် ပါဝင်သည်။
၎င်း၏ ဦးစားပေး အစီအမံများတွင် ကိုဗစ်-၁၉ တားဆီး ထိန်းချုပ် ကုသရေးနှင့်ပတ်သက်သော ကုန်ပစ္စည်းများကို တင်သွင်းခြင်းကို လျှင်မြန် အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ပေးခြင်း အခြားနိုင်ငံများမှ အစားအစာနှင့်ဆေးဝါးကွပ်ကဲမှုအဖွဲ့များ ထောက်ခံချက်ပေးထားလျှင် သွင်းကုန်လိုင်စင်နှင့် အစားအစာနှင့်ဆေးဝါးကွပ်ကဲရေး စည်းကမ်းချက်များ ဖြေလျှော့ပေးခြင်းတို့ ပါဝင်သည်။
တတ်နိုင်သမျှ လက်တွေ့ကျကျ ဦးစားပေးပြီး လက်ရှိဓါတ်ခွဲခန်းများ၊ ဆေးရုံများနှင့် ကျန်းမာရေးစောင့်ရှောက်မှုဌာနများကို အဆင့်မြှင့်တင်ခြင်းနှင့် ၂၀၂၀ မတိုင်မီ ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဝန်ထမ်းများ၊ ကျန်းမာရေး စောင့်ရှောက်မှု ဝန်ထမ်းများနှင့် အရေးပေါ် ကာလတိုအတွက် လိုအပ်နိုင်သော စေတနာ့ဝန်ထမ်းများကို စုဆောင်းခြင်းနှင့် အရည်အသွေးမြှင့်တင်ပေးခြင်း တို့လည်း ထိုစီမံချက်တွင် ပါဝင်သည်။
ရင်းနှီးမြှုပ်နှံမှု အဆိုပြချက်များအတွက် စည်းကမ်းများကို အချိန်နှင့် တပြေးညီဖြစ်အောင် လုပ်ဆောင်ခြင်း
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန (MOPFI) သည် ပွင့်လင်းမြင်သာမှုကို အားပေးရန်နှင့် စီးပွားရေးအရ တွက်ခြေမကိုက်သော စီမံကိန်းများကို ရှောင်ရှားရန် အားထုတ်မှုအဖြစ် ကျပ် ၂ ဘီလျံအထက် ဖိတ်ခေါ်ခြင်းမရှိသည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်များ တင်သွင်းရန် ကြိုးစားသော ရင်းနှီးမြှုပ်နှံသူများအတွက် စည်းမျဉ်းများ ချမှတ်ပေးခဲ့သည်။

ရင်းနှီးမြှုပ်နှံသူများသည် ၄င်တို့၏ ဘဏ္ဍာရေး စွမ်းဆောင်နိုင်ရည်ကို ဖေါ်ပြသော ငွေကြေးရှင်းတမ်းများ၊ လုပ်ငန်းအတွေ့အကြုံနှင့်ပတ်သက်သည့် မှတ်တမ်းနှင့် အခြားဆက်စပ် သတင်းအချက်အလက်များအပါအဝင် စာရွက်စာတမ်းများကို သက်ဆိုင်ရာ အစိုးရဌာနများသို့ ပေးပို့ရမည်ဟု MOPFI က ဆိုသည်။
အဆိုပြုချက်တခုသည် တိုင်းပြည်အတွက် အကျိုးပြုရန် အလားအလာရှိကြောင်း တွေ့ပြီး ထိုကုမ္ပဏီသည် ခိုင်မာသော လုပ်ငန်းဆိုင်ရာ အချက်အလက်နှင့် အတွေ့အကြုံရှိပါက ဆွစ်စိန်ခေါ်မှု တင်ဒါစနစ်ကို လက်ခံကျင့်သုံးမည်ဖြစ်ကြောင်း ထို ဝန်ကြီးှဌာနက ဆိုသည်။
ကောင်းမွန်သော ဂုဏ်သတင်းနှင့် အဆိုပြုစီမံကိန်းနယ်ပယ်တွင် နိုင်ငံတကာအတွေ့အကြုံရှိသော ကုမ္ပဏီများသည် တင်ဒါလုပ်ငန်းစဉ်မှ ကင်းလွတ်ခွင့်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ အစိုးရဌာနများနှင့် တိုက်ရိုက်ညှိနှိုင်းခွင့်ရမည်ဖြစ်သည်။ သို့သော် ၎င်းတို့သည် တရားဝင်လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ထောင်စု အစိုးရ၏ ထောက်ခံအတည်ပြုချက်ကို ရယူရမည်ဖြစ်သည်။
ဥရောပ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး
ကိုဗစ်-၁၉ အကျပ်အတည်းဖြစ်နေသော်လည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဌာနဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေး ဦးစီးဌာန (DICA) သည် ဥရောပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန်အတွက် ဥရောပကုန်သည်ကြီးများအသင်း (EuroCham) နှင့် နားလည်မှု စာချွန်လွှာတစောင် (MoU) ကို လက်မှတ်ရေးထိုးခဲ့သည်။
ဥရောပသမဂ္ဂ၏ လွန်ခဲ့သောနှစ်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ ၇ ဘီလျံနီးပါးရှိပြီး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ ၈.၆ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း DICA ၏ အဆိုအရ သိရသည်။
ထို MoU အရ DICA နှင့် EuroCham တို့သည် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် အစည်းအဝေးများ၊ ညီလာခံများနှင့် ထိပ်သီးဆွေးနွေးပွဲများ ပြုုလုပ်ကြရန် သဘောတူကြသည်။ DICA သည် EuroCham က စီစဉ်သည့် နှစ်စဉ် မြန်မာ-ဥရောပသမဂ္ဂ စီးပွားရေးညီလာခံကိုလည်း ပူးတွဲကျင်းပမည်ဖြစ်သည်။
ဥရောပသမဂ္ဂ၏ လွန်ခဲ့သောနှစ်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ ၇ ဘီလျံနီးပါးရှိပြီး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ ၈.၆ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း DICA ၏ အဆိုအရ သိရသည်။

၂၀၂၀ FDI လျာထားချက် ၉၈ ရာခိုင်နှုန်း ရရှိခဲ့
မြန်မာနိုင်ငံသည် ယခုနှစ်အတွက် လျာထားသော နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ၏ ၉၈ ရာခိုင်နှုန်းကို ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ထိန်းချုပ်ရေး ရုန်းကန်မှုအတွင်း သတင်းကောင်းအနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြီး ကမ္ဘာတဝန်း ကူးစက်ရောဂါကြောင့် စီးပွားရေး ပြတ်တောက်မှုများဖြစ်နေချိန်တွင် ထိုသို့သော ရလဒ်ကို ရရှိခြင်းသည် အောင်မြင်မှုပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင်တင်ရေး စီမံချက် (MIPP) အရ အစိုးရသည် စက်တင်ဘာလ ၃၀ ရက်နေ့က ကုန်ဆုံးသည့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅.၈ သန်းဖိုး ရရှိရန် ချမှတ်ထားသည်။ မြန်မာနိုင်ငံသည် ထိုလျှာထားချက်ထက် ဒေါ်လာ သန်း ၁၁၀ ခန့်လျှော့နည်းသည့် အမေရိကန် ဒေါ်လာ ၅.ရ ဘီလျံနီးပါး ရရှိခဲ့သည်။
သို့သော် ထိုပမာဏမှာ ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁ ဘီလျံ တိုးလာခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန (MIFER) ၏ အဆိုအရ သိရသည်။ ထို့ကြောင့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံတွင် မတ်လတွင် စတင်ဖြစ်ပွားသည့် ကမ္ဘာတဝန်း ကူးစက်ရောဂါဖြစ်နေသော်လည်း ပျမ်းမျှအားဖြင့် လစဉ် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၅၀၀ ဖိုး ရနေခြင်းပင်ဖြစ်သည်။

ဒေသတွင်း သဘောတူညီချက် RCEP တွင် မြန်မာပါဝင်
RCEP သဘောတူညီချက်များအရ အဖွဲ့ဝင်နိုင်ငံများသည် မြန်မာအပါအဝင် ဒေသတွင်းမှ အဆင်းရဲဆုံးနိုင်ငံများကို အထူးအခွင့်အရေးများ ပေးရန် သဘောတူကြသည်။
နိုဝင်ဘာလတွင် မြန်မာနိုင်ငံသည် တရုတ်၊ ဂျပန်နှင့် အခြားနိုင်ငံ ၁၂ နိုင်ငံတို့နှင့် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး ဇုန်တည်ထောင်ရာတွင် ပါဝင်ခဲ့ပြီး ထိုသဘောတူညီချက်သည် ဒေသတွင်းသို့ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ပြီး ကမ္ဘာ့ကုန်ထုတ်လုပ်ရေးကွန်ရက်များတွင် ပြည်တွင်း အသေးစားအလတ်စားလုပ်ငန်းများအတွက် လမ်းကြောင်းတိုးချဲ့ကာ ကိုဗစ်-၁၉ အလွန်ကာလ န်ိုင်ငံ၏ စီးပွားရေး နာလန်ထခြင်းကို အထောက်အကူပြုမည်ဟု မျှော်လင့်နေသည်။
RCEP သဘောတူညီချက်များအရ အဖွဲ့ဝင်နိုင်ငံများသည် မြန်မာအပါအဝင် ဒေသတွင်းမှ အဆင်းရဲဆုံးနိုင်ငံများကို အထူးအခွင့်အရေးများ ပေးရန် သဘောတူကြသည်။
ထိုသဘောတူညီချက်ပါ အခွန်စနစ်ဖျက်သိမ်းရေး ပြဋ္ဌာန်းချက်များအရ RCEP အဖွဲ့ဝင်များသည် စာချုပ်သက်ဝင်သောအချိန်တွင် အဖွဲ့ဝင်အချင်းချင်းအကြား ကုန်စည်ခွန်များကို ၆၅ ရာခိုင်နှုန်း ဖျက်သိမ်းပေးရန် လိုသည်။ သို့သော် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုတို့မှာ ၎င်းတို့၏ ဖွံ့ဖြိုးမှုအဆင့်အရ ကုန်စည်ခွန်၏ ၃၀ ရာခိုင်နှုန်းကိုသာ ဖျက်သိမ်းပေးရန် လိုသည်။
ထို့အပြင် အဖွဲ့ဝင်နိုင်ငံများသည် စာချုပ်သက်ဝင်ချိန်မှ ၁၀ နှစ်အတွင်းတွင် အဖွဲ့ဝင် အချင်းချင်းကြား ကုန်စည်ခွန်ကို ၈၀ ရာခိုင်နှုန်းအထိ ဖျက်သိမ်းပေးရန် လိုသော်လည်း မြန်မာနှင့် အခြား ၂ နိုင်ငံတို့သည် ထိုကိစ္စအတွက် အချိန် ၁၅ နှစ်ရရှိမည်ဖြစ်သည်။ အီလက်ထရွန်းနစ် ကူးသန်းရောင်းဝယ်ရေး၊ ဉာဏပစ္စည်းနှင့် ယှဉ်ပြိုင်မှုမူဝါဒဆိုင်ရာ သဘောတူညီချက်များအရ မြန်မာနိုင်ငံအတွက် အသွင်ကူးပြောင်းရေးကာလသည် အနည်းဆုံး ၃ နှစ်မှ အများဆုံး ၁၀ နှစ် ဖြစ်သင့်ကြောင်း အဖွဲ့ဝင်နိုင်ငံများ သဘောတူကြသည်။ ကုန်သွယ်ရေးကဏ္ဍအတွက် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကာလကိုလည်း ၁၅ နှစ်အထိ ထိုသဘောတူညီချက်က အချိန်ပေးထားသည်။
အစိုးရ၏ ဝယ်ယူရေးကဏ္ဍတွင် မြန်မာနိုင်ငံသည် ပဋိဉာဉ်ပါ တာဝန်များကို ကင်းလွတ်ခွင့်ရမည်ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများအကြား ပွင်လင်းမြင်သာမှုကိစ္စတွင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကိုသာ လိုက်နာရန် လိုသည်။
RCEP အဖွဲ့ဝင် န်ိုင်ငံ တနိုင်ငံအနေဖြင့် မြန်မာနိုင်ငံသည် စီးပွားရေး၏ မောင်းနှင်အားဖြစ်သော ပုဂ္ဂလိက ကဏ္ဍကို ခိုင်မာစေမည်ဟု အခိုင်အမာ ယုံကြည်ကြောင်း န်ိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ပြောသည်။
ထားဝယ် အထူးစီးပွားရေးဇုန် ဂျပန်က အပြည့်အ၀ ကတိပြု
ထိုဒေါ်လာ ၈ ဘီလျံတန်သော စီမံကိန်းသည် အရှေ့တောင်အာရှတွင် အကြီးမားဆုံး စက်မှုဇုန်ဖြစ်လာမည်ဖြစ်ပြီး သေနင်္ဂဗျူဟာ သဘာဝပတ်ဝန်းကျင် အကဲဖြတ်လေ့လာမှုများ ဆောင်ရွက်ရန် ဂျပန်နိုင်ငံက အဆိုပြုထားပြီးဖြစ်သည်။
မြန်မာနိုင်ငံတောင်ပိုင်းမှ ကာလကြာမြင့်စွာ တုံ့ဆိုင်းနေသော ထားဝယ်အထူးစီးပွားရေးဇုန် (SEZ) အပြည့်အ၀ အကောင်အထည်ဖေါ်ရေး ရင်းနှီးမြှုပ်နှံရန် ဂျပန်နိုင်ငံက စီစဉ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး အီချီရို မာရူယာက ကြေညာခဲ့သည်။
ထိုဒေါ်လာ ၈ ဘီလျံတန်သော စီမံကိန်းသည် အရှေ့တောင်အာရှတွင် အကြီးမားဆုံး စက်မှုဇုန်ဖြစ်လာမည်ဖြစ်ပြီး သေနင်္ဂဗျူဟာ သဘာဝပတ်ဝန်းကျင် အကဲဖြတ်လေ့လာမှုများ ဆောင်ရွက်ရန် ဂျပန်နိုင်ငံက အဆိုပြုထားပြီးဖြစ်သည်။
ထို SEZ သည် အန်ဒမန်ပင်လယ်တွင်ရှိပြီး ထိုင်းပင်လယ်ကွေ့နှင့် ထိုင်းနယ်စပ်ကိုဖြတ်ကျော်ကာ ဆက်စပ်သွားမည်ဖြစ်သည်။
ထိုစီမံကိန်းသည် အိန္ဒိယ သမုဒ္ဒရာနှင့် ပိစိဖိတ် သမုဒ္ဒရာနှင့် တောင်အာရှနှင့် အရှေ့တောင်အာရှကိုသာမက အခြားနေရာများကို ဆက်စပ်ပေးနိုင်သည့် အလားအလာလည်း ရှိနေသည်။ ထို SEZ သည် ဂျပန်နိုင်ငံ၏ မဲခေါင်တောင်ပိုင်း စီးပွားရေး စင်္ကြန်တွင်လည်း အရေးပါသောအခန်းမှ ပါဝင်နိုင်သည်။ ထိုစီးပွားရေးစင်္ကြန်သည် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မြန်မာနိုင်ငံတောင်ပိုင်းတို့ကို ဆက်သွယ်ပေးရန် ရည်ရွယ်သည်။
ထိုကာလကြာမြင့်စွာ တုံ့ဆိုင်းနေသော စီမံကိန်းသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဦးစားပေးဖြစ်သည်။ ရခိုင်ပြည်နယ် ကျောက်ဖြူ SEZ တွင် ရင်းနှီးမြှုပ်နှံမှုကြောင့် အိန္ဒိယသမုဒ္ဒရာတွင် တရုတ်သြဇာကြီးထွားလာခြင်းကို တန်ပြန်ရန်အတွက် ထိုစီမံကိန်းကို အကောင်အထည်ဖေါ်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဂျပန်အစိုးရကို အကြိမ်ကြိမ်တိုက်တွန်းခဲ့သည်။
ဂျပန်နိုင်ငံသည် ယခင်က ရန်ကုန်ရှိ သီလဝါ SEZ ကိုတိုးချဲ့ရန်သာ ရည်ရွယ်သည်။ သီလဝါ SEZ သည် နိုင်ငံ၏ အထွဋ်အထိပ် အောင်မြင်မှုဖြစ်ကြောင်း န်ိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မကြာခဏ ပြောကြားလေ့ရှိသည်။ သို့သော် ထားဝယ် SEZ တွင် မြန်မာနိုင်ငံ၏ စိတ်အားထက်သန်မှုကြောင့် ဂျပန်နိုင်ငံသည် ထို တနင်္သာရီတိုင်းမှ စီမံကိန်းတွင် ပါဝင်မှုကို မြှင့်တင်လိုက်ရသည်။
ရင်းနှီးမြှုပ်နှံမှုမူဝါဒကို ပြန်လည် သုံးသပ်ခြင်း
မြန်မာနိုင်ငံသည် ဒုတိယအကြိမ် ရင်းနှီးမြှုပ်နှံမှုမူဝါဒ ပြန်လည်သုံးသပ်ခြင်းကို ထုတ်ဝေခဲ့ပြီး နိုင်ငံအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုမိုဆွဲဆောင်ရေးအတွက် လိုအပ်သော မူဝါဒ ပြုပြင်ပြောင်းလဲမှုများကို ထောက်ခံအကြံပြုခဲ့သည်။
တာဝန်သိသော ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် အစီအမံများစွာတို့တွင် အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ပြဿနာများသော ကဏ္ဍဖြစ်သည့် သယံဇာတထုတ်လုပ်သည့် လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှု မြှင့်တင်ရန် ထိုသုံးသပ်ချက်က အကြံပြုပြီး မြန်မာ့စီးပွားရေးတွင် အစိုးရပိုင်လုပ်ငန်းများ၏ အရေးပါမှုကြောင့် အစိုးရပိုင်လုပ်ငန်းများမှ စတင်လုပ်ဆောင်ရန် တိုက်တွန်းသည်။
ပြင်သစ်နိုင်ငံအခြေစိုက် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) ၏ ထောက်ခံပံ့ပိုးမှုဖြင့် ပြုလုပ်သော ထိုမူဝါဒ ပြန်လည်သုံးသပ်ခြင်းသည် တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုကို အားပေးခြင်း၊ အထူးစီးပွားရေးဇုန်များ တည်ထောင်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အကဲဖြတ်ခြင်းများ အကောင်အထည်ဖေါ်ခြင်းကို ပိုမိုတောင့်တင်းကြံ့ခိုင်စေခြင်း၊ လုံခြုံပြီး ကောင်းစွာ သတ်မှတ် ဖွင့်ဆိုထားသော မြေပိုင်ဆိုင်ခွင့်ကို အားပေးခြင်းတို့နှင့် အခြားလုပ်ငန်းများကို လုပ်ဆောင်ခြင်းဖြင့် နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်အောင် လုပ်ရာတွင် အစိုးရကို အထောက်အကူပြုစေရန် ရည်ရွယ်သည်။
တာဝန်သိသော ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် အစီအမံများစွာတို့တွင် အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ပြဿနာများသော ကဏ္ဍဖြစ်သည့် သယံဇာတထုတ်လုပ်သည့် လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှု မြှင့်တင်ရန် ထိုသုံးသပ်ချက်က အကြံပြုပြီး မြန်မာ့စီးပွားရေးတွင် အစိုးရပိုင်လုပ်ငန်းများ၏ အရေးပါမှုကြောင့် အစိုးရပိုင်လုပ်ငန်းများမှ စတင်လုပ်ဆောင်ရန် တိုက်တွန်းသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန(MIFER)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန(MONREC) နှင့် အခြားသက်ဆိုင်ရာ ဝန်ကြီးဌာနများက အဆိုပြု ရင်းနှီးမြှုပ်နှံမှုများကို ကနဦးစိစစ်သောအခါ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စဉ်းစားသုံးသပ်မှုများ ထည့်သွင်းရေးကိုလည်း ထိုပြန်လည်သုံးသပ်ချက်က အစိုးရကို တိုက်တွန်းထားသည်။

စက်မှုဇုန်များ စီမံခန့်ခွဲမှု တိုးတက်ရေးအတွက် လုပ်ငန်းစီမံချက်တခု အကောင်အထည်ဖေါ်ရန်၊ ဇုန်နေရာ ခွဲဝေခြင်း၊ အခြေခံအဆောက်အအုံ ပံ့ပိုးခြင်း၊ စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး ရှင်းလင်းသော စည်းကမ်းချက်များကို စက်မှုဇုန် ဥပဒေသစ်တွင် ပါဝင်စေရန်လည်း ထို ပြန်လည်သုံးသပ်မှုက အစိုးရကို အကြံပြုသည်။
သယံဇာတတူးဖေါ်ရေးုလုပ်ငန်းများ ကန်ထရိုက်စာချုပ်များ ထုတ်ပြန်ရန်လို
သယံဇာတ ထုတ်ယူရေး ကဏ္ဍမှ အစိုးရ၊ နိုင်ငံပိုင် လုပ်ငန်းများနှင့် ပုဂ္ဂလိကကုမ္ပဏီများ အားလုံးအနေဖြင့် ၎င်းတို့၏ ကန်ထရိုက်စာချုပ်များကို ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး အများပြည်သူတို့ ထုတ်ပြန်အသိပေးရန် သမ္မတက ညွှန်ကြားထားသည်။ ထိုလုပ်ဆောင်မှုသည် မြန်မာ့သယံဇာတထုတ်ယူရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု အစီအစဉ်(MEITI) နှင့် ပူးပေါင်းဆောင်ရွက်မှု၏ တစိတ်တပိုင်းဖြစ်သည်။
ထိုစည်းမျဉ်းသစ်များအရ ကန်ထရိုက်များအားလုံးကို MEITI ၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနများ၏ အင်တာနက်စာမျက်နှာများတွင် တင်ထားရမည်ဖြစ်သည်။
ထိုကဏ္ဍတွင် ရေနံ၊ သဘာဝဓါတ်ငွေ့၊ သစ်၊ တွင်းထွက်သတ္တု ထုတ်ယူခြင်း စသည့် တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့စစ်များနှင့် ၎င်းတို့၏ ခရိုနီများ လွှမ်းမိုးချုပ်ကိုင်ထားသည့် လုပ်ငန်းများ ပါဝင်သည်။ ပြည်ထောင်စု၊ ပြည်နယ်/တိုင်း၊ အစိုးရဌာနများ၊ အစိုးရပိုင်လုပ်ငန်းများနှင့် ပုဂ္ဂလိက ကုမ္ပဏီများ အားလုံးကဆောင်ရွက်သော ကန်ထရိုက်စာချုပ်များ၊ လိုင်စင်များ၊ လုပ်ကိုင်ခွင့်များနှင့် အခြားသဘောတူညီချက်များ အားလုံးကို ထုတ်ဖေါ်ကြေညာရမည်ဟု သမ္မတရုံးက ညွှန်ကြားထားသည်။

ထိုစည်းမျဉ်းသစ်များအရ ကန်ထရိုက်များအားလုံးကို MEITI ၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနများ၏ အင်တာနက်စာမျက်နှာများတွင် တင်ထားရမည်ဖြစ်သည်။
လှိုဏ်ခေါင်းတဖက်စွန်းမှ အလင်းရောင်
မြန်မာ့စီးပွားရေးသည် လာမည့်နှစ် မတ်လတွင် တဖြည်းဖြည်း ပြန်လည်စတင်နာလန်ထူလာမည်ဟု ဒီဇင်ဘာလတွင် ထုတ်ပြန်သည့် နောက်ဆုံး စီးပွားရေး လေ့လာစောင့်ကြည့်မှု အစီရင်ခံစာတွင် ကမ္ဘာ့ဘဏ် (WB) က ခန့်မှန်းထားသည်။
ဒီဇင်ဘာလတွင် ချမှတ်လိုက်သော ကိုဗစ်-၁၉ ထိန်းချုပ်ရေး အစီအမံများကြောင့် ဖြစ်ပေါ်သည့် စီးပွားရေး ပြတ်တောက်မှုများကြောင့် လက်ရှိ ၂၀၂၀-၂၁ ဘာဏ္ဍာရေးနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းသည် ၂ ရာခိုင်နှုန်းတွင်သာ ရှိနေမည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။
သို့သော် သွားလာမှု ကန့်သတ်ချက်များကို တဖြည်းဖြည်းလျှော့ချပြီး ပြည်တွင်းကူးစက်မှု နှေးကွေးသွားလျှင် ၂၀၂၁ ခုနှစ် မတ်လတွင် ခန့်မှန်းခြေ တိုးတက်မှုနှုန်းသည် တဖြည်းဖြည်း ပြန်လည်နာလန်ထလာမည်ဖြစ်သည်။
ကမ္ဘာတဝန်း ကူးစက်ရောဂါကြောင့် ထိခိုက်မှုရှိသော်လည်း ကာလလတ်အတွက် အလားအလာမှာ အပေါင်းလက္ခဏာဆောင်ပြီး အများပြည်သူ ရင်းနှီးမြှုပ်နှံမှု၊ ကုန်ထုတ်လုပ်မှု ပြန်လည်တိုးတက်ခြင်း၊ ဒီဂျစ်တယ် နည်းပညာအသုံးပြုခြင်းကြောင့် ထုတ်လုပ်မှုစွမ်းအား မြင့်လာခြင်းတို့ကြောင့် ပျှမ်းမျှတိုးတက်မှုနှုန်းသည် ၇ ရာခိုင်နှုန်းသို့ ရောက်လာနိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဖေါ်ပြသည်။
၂၀၁၉-၂၀ ဘာဏ္ဍာရေးနှစ်အတွက် ကမ္ဘာ့ဘဏ်၏ စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်မှာ ၁.၇ ရာခိုင်နှုန်းသာ ရှိပြီး ယခင်နှစ်က ၆.၈ ရာခိုင်နှုန်းမှ ကျဆင်းသွားသည်။
မြန်မာ့စီးပွားရေးတိုးတက်မှုသည် ၂၀၂၁ ခုနှစ်တွင် ၆ ရာခိုင်နှုန်းသို့ ပြန်တက်လာမည်ဖြစ်ပြီး ထိုင်းက ၃.၅ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားက ၅.၉ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားက ၅.၃ ရာခိုင်နှုန်း နှင့် လာအိုက ၄.၅ ရာခိုင်နှုန်း တိုးတက်မည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ နောက်ဆုံး အစီရင်ခံစာက ခန့်မှန်းသည်။
(Nan Lwin ၏ Myanmar’s Economic Year in Review ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
အရှေ့တောင်အာရှ သုံးနိုင်ငံနှင့် ဖက်စပ်စီမံကိန်များ မြန်မာ စတင်မည်
စိုက်ပျိုးရေး၊ လျှပ်စစ်နှင့်စက်မှုဇုန်ကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံရန် အလားလာကောင်းများရှိနေ ဟုဆို
မြန်မာ့စီးပွားရေး ဦးပိုင်ကို လုပ်ဖော်ကိုင်ဖက် စင်ကာပူ ကုမ္ပဏီက တရားစွဲမည်