မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းမှ အရှေ့တောင်အာရှတွင် အကြီးမားဆုံး စက်မှုဇုန်ဖြစ်လာမည့် သေနင်္ဂဗျူဟာကျသော စီမံကိန်းတခုဖြစ်သည့် ကာလကြာမြင့်စွာ နှောင့်နှေးနေသော ထားဝယ်အထူးစီးပွားရေးဇုန် (SEZ) တည်ဆောက်ရေးတွင် ထိုင်းဆောက်လုပ်ရေး ကုမ္ပဏီတခု ဦးဆောင်သည့် လုပ်ငန်းစုတခု ပါဝင်ပတ်သက်ခွင့်ကို မြန်မာအစိုးရက ရုတ်သိမ်းလိုက်ပြီဖြစ်သည်ဖြစ်ကြောင်း ထိုကုမ္ပဏီကပြောသည်။
ထိုအထူးစီးပွားရေးဇုန်၏ ကနဦးအဆင့်ကို အကောက်အထည်ဖေါ်ရန် သဘောတူညီချက်ကို ဖျက်သိမ်းလိုက်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ (DSEZ-MC) က အကြောင်းကြားစာကို ဒီဇင်ဘာလ ၃၀ ရက်နေ့က ရရှိခဲ့ကြောင်း အီတာလျှံ-ထိုင်းဆောက်လုပ်ရေးအများပိုင်ကုမ္ပဏီလိမိတက် (ITD) ကကြေညာသည်။
ထိုလုပ်ငန်းစုသည် အကောင်အထည်ဖေါ်ခွင့်အတွက် အခကြေးငွေပေးချေရန် ပျက်ကွက်ကြောင်းနှင့် ထိုအကောင်အထည်ဖေါ်ခွင့် သဘောတူညီချက်ပါ လုပ်ငန်းမစတင်မီ လုပ်ဆောင်ရမည့် စည်းကမ်းချက်များကို လိုက်နာရန် ပျက်ကွက်ကြောင်း အကြောင်းကြားစာတွင် ဖေါ်ပြထားသည်ဟု ဆိုသည်။
DSEZ-MC ၏ စွပ်စွဲချက်မျာကို ရှင်းလင်းချေပသည့် စာတစောင်ကို ချက်ခြင်း ပြုစုရန် ၎င်းတို၏ ဥပဒေအတိုင်ပင်ခံများကို ပြောကြားထားကြောင်း ITD ကပြောသည်။
ITD ထံမှ အကြောင်းပြန်ကြားစာကို စောင့်မျှော်နေဆဲဖြစ်သောကြောင့် DSEZ-MC နှင့် ITD ဦးဆောင်သည့် လုပ်ငန်းစုအကြား အငြင်းပွားမှု အသေးစိတ်များကို ထိုကော်မတီ ဒုတိယဥက္ကဌ (၂) ဒေါက်တာမြင့်စန်းက ဧရာဝတီသို့ ထုတ်ဖေါ်ပြောဆိုရန် ငြင်းဆန်သည်။ မကြာမီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဟုလည်း သိရသည်။
တနင်္သာရီတိုင်းတွင်တည်ရှိသော ထို SEZ သည် အန်ဒမန်ပင်လယ်နှင့် ထိုင်းပင်လယ်ကွေ့တို့နှင့် နီးကပ်စွာ တည်ရှိပြီး အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့ကို ချိတ်ဆက်ထားပေးကာ အရှေ့တောင်အာရှ၊ အရှေ့အလယ်ပ်ိုင်း၊ ဥရောပနှင့် အာဖရိကကိုလည်း ဆက်သွယ်ပေးသည်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရက အမြန်ဆုံး အကောင်အထည်ဖေါ်လိုသော ဦးစားပေး စီမံကိန်းများအနက်တခုဖြစ်သည်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရက အမြန်ဆုံး အကောင်အထည်ဖေါ်လိုသော ဦးစားပေး စီမံကိန်းများအနက်တခုဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ထိုစီမံကိန်း အပြည့်အ၀ အကောင်အထည်ဖေါ်သည့်အဆင့်တွင် ဂျပန်နိုင်ငံပါဝင်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သည်။ ထိုစီမံကိန်းကို ထိုင်းအစိုးရကလည်း ထောက်ပံ့ထားသည်။ ထားဝယ် အထူးစီးပွားရေးဇုန်ကို တည်ဆောက်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ဆွဲဆောင်ရန် ITD ကို ၇၅ နှစ်လုပ်ပိုင်ခွင့် မြန်မာစစ်အစိုးရခေတ် ၂၀၀၈ ခုနှစ် က ချထားပေးခဲ့သည်။ ကနဦးက ထိုစီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် ပြီးစီးရန် စီစဉ်ခဲ့သော်လည်း ငွေကြေး အကျပ်အတည်းကြောင့် ITD က ထိုသဘောတူညီချက်ကို ရုတ်သိမ်းခဲ့သည်။
မူလသဘောတူညီချက်ကို ထိုင်းနိုင်ငံနှင့် ပြန်လည်ညှိနှိုင်းပြီးနောက် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံက ITD နှင့် ၎င်းနှင့်ဆက်စပ်သော ကုမ္ပဏီများအား အခြေခံအဆောက်အအုံစီမံကိန်းများ၏ ကနဦးအဆင့် ၂၇ စတုရန်း မိုင်တွင် တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် ခွင့်ပြုခဲ့သည်။ ခန့်မှန်းခြေ ဒေါ်လာ တဘီလျံ (ကျပ် ၁.၃၂ ထရီလျှံ) တန်သော ကနဦးအဆင့်စီမံကိန်းများ (စက်မှုဇုန်တခုနှင့် ဓါတ်အားပေးစက်ရုံများ၊ ဆိပ်ကမ်းငယ်တခု၊ ဓါတ်ငွေ့ရည် ဆိပ်ကမ်းတခုနှင့် အခြားဆက်စပ်လုပ်ငန်းများအပါအဝင် အခြေခံအဆောက်အအုံများ အပါအဝင်) အကောင်အထည်ဖေါ်ခွင့်အား ITD ဦးဆောင်သည့် လုပ်ငန်းစုကို ၂၀၁၅ ခုနှစ် သြဂုတ်လနှင့် ၂၀၁၆ ခုနှစ် မတ်လတို့တွင် ပေးအပ်ခဲ့သည်။
၂၀၁၉ ခုနှစ်မတ်လတွင် မြန်မာအစိုးရနှင့် ITD တို့သည် ကနဦးအဆင့်တည်ဆောက်ရေးလုပ်ငန်းများအတွက် နောက်ဆုံးအဆင့် ညှိနှိုင်းမှုများ ပြီးစီးခဲ့သည်။ ITD ဦးဆောင်သော လုပ်ငန်းစုသည် စီမံကိန်းကို စတင်ရန် စိတ်အားထက်သန်ခြင်း မရှိကြောင်း၊ မြေပြင်တွင် မည်သည့်တည်ဆောက်မှုမျှ မလုပ်ဆောင်ကြောင်းနှင့် လွန်ခဲ့သောနှစ်အတွင်းက တင်သွင်းရမည့် စာရွက်စာတမ်းအချို့ကို တင်သွင်းခြင်း မရှိဟု မြန်မာဖက်က ကောက်ချက်ချခဲ့ကြောင်း ဧရာဝတီ သတင်းဌာနက သိရသည်။
ကနဦးအဆင့်ကို စတင်တည်ဆောက်ရန် နှစ်ဖက်သဘောတူခဲ့ကြသည်။ သို့သော် ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် စီမံကိန်း၏ ကနဦးအဆင့်နှင့် အပြည့်အဝအဆင့် နှစ်ခုလုံးကို တပြိုင်နက် အကောင်အထည်ဖေါ်ရန်နှင့် အပြည့်အဝအဆင့်ကို အကောင်အထည်ဖေါ်ရာတွင် ရင်းနှီးမြှုပ်နှံရေးအတွက် တတိယကြားနိုင်ငံကို ဖိတ်ခေါ်ရန် သဘောတူကြသည်။
နိုဝင်ဘာလ နှောင်းပိုင်းတွင် ဂျပန်နိုင်ငံသည် စီမံကိန်း၏ အပြည့်အဝအဆင့်တွင် ရင်းနှီးမြှုပ်နှံရန် ကတိကဝတ်ကို ကြေညာပြီး သေနင်္ဂဗျူဟာကျသော ပတ်ဝန်းကျင်ထိခိုက်မှု အကဲဖြတ်စစ်တမ်းနှင့် ဖြစ်နိုင်လေ့လာမှုစစ်တမ်း အပါအဝင် လေ့လာမှုများ ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
နိုဝင်ဘာလ နှောင်းပိုင်းတွင် ဂျပန်နိုင်ငံသည် စီမံကိန်း၏ အပြည့်အဝအဆင့်တွင် ရင်းနှီးမြှုပ်နှံရန် ကတိကဝတ်ကို ကြေညာပြီး သေနင်္ဂဗျူဟာကျသော ပတ်ဝန်းကျင်ထိခိုက်မှု အကဲဖြတ်စစ်တမ်းနှင့် ဖြစ်နိုင်လေ့လာမှုစစ်တမ်း အပါအဝင် လေ့လာမှုများ ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
ထိုအထူးစီးပွားရေးဇုန်သည် ဂျပန်နိုင်ငံ၏ မဲခေါင်တောင်ပိုင်း စီးပွားရေး စင်္ကြန်တွင်အတွက် အရေးပါသော အခန်းမှ ပါဝင်သည်။ ထိုစီးပွားရေး စင်္ကြန်သည် ဗီယက်နမ် နိုင်ငံအလယ်ပိုင်း၊ ကမ္ဘောဒီးယားနှင့် ထိုင်းတို့ကို ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်သွယ်ပေးရန် ရည်ရွယ်သည်။
၂၀၁၅ ခုနှစ်တွင် ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဘဏ်သည် ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်တွင် တတိယရှယ်ယာပိုင်ရှင်ဖြစ်လာရန် ထိုင်းနိုင်ငံမှ အိမ်နီးချင်းနိုင်ငံများ စီးပွားရေး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(NEDA) နှင့် မြန်မာ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဌာန (FERD) တို့နှင့် လုပ်ငန်းထူထောင်မှု စာချွန်လွှာတစောင် လက်မှတ်ရေးထိုးသည်။ ထိုကုမ္ပဏီသည် အထူးစီးပွားရေးဇုန် ကျယ်ပြန့်စွာ တည်ဆောက်ရေးနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်ရေးတို့တွင် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီသို့ အကြံဥဏ်များပေးရန် တာဝန်ရှိသည်။
၁၉၆ စတုရန်းမိုင်ကျယ်သော ထိုအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းတခုပါဝင်ပြီး ရေကြောင်းကျပ်နေသော မလက္ကာရေလက်ကြားကို ကုန်စည်ပို့ဆောင်ရန် လတ်တလော အားထားနေရသည့် လုပ်ငန်းများအတွက် အထောက်အကူဖြစ်စေရန် အလားအလာကောင်းနေသည်။
၁၉၆ စတုရန်းမိုင်ကျယ်သော ထိုအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းတခုပါဝင်ပြီး ရေကြောင်းကျပ်နေသော မလက္ကာရေလက်ကြားကို ကုန်စည်ပို့ဆောင်ရန် လတ်တလော အားထားနေရသည့် လုပ်ငန်းများအတွက် အထောက်အကူဖြစ်စေရန် အလားအလာကောင်းနေသည်။
ထိုစီမံကိန်းတွင် အဆင့်မြင့်နည်းပညာ စက်မှုဇုန်များ၊ သတင်းနည်းပညာဇုန်များ၊ ပိုကုန်ပြင်ဆင်ထုတ်ပိုးရေး ဇုန်များ၊ ဆိပ်ကမ်းဇုန်များ၊ သယ်ယူပို့ဆောင်ရေးဇုန်များ၊ ဝန်ဆောင်မှုလုပ်ငန်းဇုန်များနှင့်အခြားအခြေခံအဆောက်အအုံ စီမံကိန်းများလည်း ပါသည်။
( Nan Lwin ၏ Myanmar Terminates Thai-Led Consortium’s Involvement in Dawei Mega Project ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ဂျပန်နိုင်ငံ ပါဝင်မည်
ထားဝယ် SEZ သို့ တရုတ်ကုမ္ပဏီများ အလုအယက်လာနေ
စက်မှုဇုန်တည်ထောင်ရေး KNU စီးပွားရေးလုပ်ငန်းနှင့် တနင်္သာရီတိုင်းအစိုးရ MoU ထိုး