စီးပွားရေး

ရန်ကုန်ကို မီးပေးရေး ထိုင်းကုမ္ပဏီနှင့် မြန်မာ သဘောတူ

မြန်မာအစိုးရပိုင် လုပ်ငန်း တခုက ရန်ကုန်တွင် အမေရိကန်ဒေါ်လာ ၆၈၅ သန်း (၉၁၁ ဘီလီယံကျပ်) တန် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် စီစဉ်ထားသော ထိုင်းအခြေစိုက် အင်ဂျင်နီယာနှင့် ဆောက်လုပ်ရေးကုမ္ပဏီနှင့် လျှပ်စစ်ဓာတ်အား ဝယ်ယူရေး သဘောတူစာချုပ်တခု လက်မှတ်ရေးထိုးခဲ့သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လက်အောက်ခံ လျှပ်စစ်ဓာတ်အား ထုတ်ရေးလုပ်ငန်း (EPGE) နှင့် ထိုင်းနိုင်ငံမှ TTCL Public Company Limited ၏ လုပ်ငန်းခွဲတခုဖြစ်သော TTCL Power Myanmar Company Limited တို့က ဇန်နဝါရီလ ၂၀ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ TTCL က်ို Italian-Thai Development Public Company Limited နှင့် ဂျပန်နိုင်ငံမှ Toyo Engineering Corporation တို့ ဖက်စပ်လုပ်ကိုင် နေခြင်းဖြစ်ပြီး Italian-Thai Development Public Company Limited က အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်ကာ ကျန် ၄၉ ရာခိုင်နှုန်းကို Toyo Engineering Corporation က ပိုင်ဆိုင်သည်။

Italian-Thai Development သည် တနင်္သာရီတိုင်း အတွင်းမှ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ မြန်မာအစိုးရနှင့် အငြင်းပွားနေသော ကုမ္ပဏီ ဖြစ်သည်။

TTCL က အလုံမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ၃၈၈ မဂ္ဂါဝပ် ထုတ်လုပ်ပေးမည့် သဘာဝဓာတ်ငွေ့ရည် (LNG) လောင်စာသုံး ဓာတ်အားပေး စက်ရုံ တရုံ တည်ဆောက်ရန် စီစဉ်ထားပြီး သဘာဝဓာတ်ငွေ့ပိုက်လိုင်း တခု၊ LNG ဆိပ်ကမ်းနှင့် ၂၃၀ ကီလို ဗို့ ဓာတ်အားဖြန့်ဖြူးရေးလိုင်းလည်း ပါဝင်သည်။

TTCL က အလုံမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ၃၈၈ မဂ္ဂါဝပ် ထုတ်လုပ်ပေးမည့် သဘာဝဓာတ်ငွေ့ရည် (LNG) လောင်စာသုံး ဓာတ်အားပေး စက်ရုံ တရုံ တည်ဆောက်ရန် စီစဉ်ထားပြီး သဘာဝဓာတ်ငွေ့ပိုက်လိုင်း တခု၊ LNG ဆိပ်ကမ်းနှင့် ၂၃၀ ကီလို ဗို့ ဓာတ်အားဖြန့်ဖြူးရေးလိုင်းလည်း ပါဝင်သည်။

တည်ဆောက်ရေးလုပ်ငန်းက ၂၈ လခန့်ကြာမည်ဟု ခန့်မှန်းရပြီး လုပ်ကိုင်ခွင့် ၂၅ နှစ် ရရှိမည် ဖြစ်ကြောင်း TTCL ၏အဆိုအရ သိရသည်။

TTCL က ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို လေ့လာအကဲဖြတ်မှု ပြုလုပ်ပြီးဖြစ်သည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ပြောသည်။ အဆိုပါ စီမံကိန်းသည် ၂၀၁၈ ခုနှစ်တွင် ဝန်ကြီးဌာနက နိုင်ငံတကာ ကုမ္ပဏီများသို့ လေလံပစ်ခဲ့သော LNG စက်ရုံ ၃ ခု အနက်မှ ၁ ခု ဖြစ်သည်။

စီမံကိန်းအား တင်းကျပ်စွာ သတ်မှတ်ထားသည့် အချိန်ကန့်သတ်ချက်အတွင်း ပြီးစီးအောင် ကျိုးစားလုပ်ဆောင်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်က ကုမ္ပဏီသို့ တောင်းဆိုခဲ့သည်။

ကုမ္ပဏီအနေဖြင့် ဆောက်လုပ်ရေးနှင့် လုပ်ငန်းလည်ပတ်မှု အဆင့်အားလုံးတွင် နိုင်ငံတကာနှင့် မြန်မာနိုင်ငံ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဟု သူကပြောသည်။

အဆိုပါ စီမံကိန်းသည် ရန်ကုန်မြို့ကို ပိုမိုတည်ငြိမ်သော ထောက်ပံ့မှုများဖြင့် စွမ်းအင်ပေးလိမ့်မည်ဟုလည်း ဝန်ကြီးက ပြောသည်။

မြန်မာနိုင်ငံ လူဦးရေ၏ တဝက်ကျော်မျှကသာ အမျိုးသားဓာတ်အားကွန်ယက်နှင့် ချိတ်ဆက်ထားနိုင်ပြီး အာဆီယံတွင် အနိမ့်ဆုံး အချိုးအစားဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့် စီးပွားရေး တိုးတက်မှု ရေရှည်တည်တံ့စေရန် ၎င်း၏ လျှပ်စစ်ဓာတ်အား ကဏ္ဍတွင် နှစ်စဉ် ဒေါ်လာ ၂ ဘီလီယံ (၂.၇ ထရီလီယံ) အထိ ရင်းနှီးမြှုပ်နှံရန် လိုအပ်ကြောင်း ၂၀၁၉ ခုနှစ်တွင် ကမာ္ဘ့ဘဏ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အမြင့်ဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုမှာ ၃.၅ gigawatts (GW) ခန့် ဖြစ်သော်လည်း ဓာတ်အားလိုအပ်ချက်က ၂၀၂၅ ခုနှစ်တွင် ၈.၆ GW နှင့် ၂၀၃၀ ခုနှစ်တွင် ၁၂.၆ GW သို့ ရောက်ရှိလိမ့်မည်ဟု ကမာ္ဘ့ဘဏ်က ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ၏ အမြင့်ဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုမှာ ၃.၅ gigawatts (GW) ခန့် ဖြစ်သော်လည်း ဓာတ်အားလိုအပ်ချက်က ၂၀၂၅ ခုနှစ်တွင် ၈.၆ GW နှင့် ၂၀၃၀ ခုနှစ်တွင် ၁၂.၆ GW သို့ ရောက်ရှိလိမ့်မည်ဟု ကမာ္ဘ့ဘဏ်က ခန့်မှန်းထားသည်။

ပြီးခဲ့သည့် နှစ်များအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုက နှစ်စဉ် ၁၅ ရာခိုင်နှုန်းမှ ၁၉ ရာ ခိုင်နှုန်းအတွင်း တိုးတက်လာခဲ့သည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနက ပြောသည်။

၂ဝ၁၆ ခုနှစ်တွင် အာဏာရရှိလာခဲ့ပြီး နောက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က တိုင်းပြည်၏ ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းရန် ခြောက်သွေ့ရာသီတွင် အားကိုးအားထား မပြုနိုင်ဘဲ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေသည့် အကြီးစား ရေအားလျှပ်စစ်စီမံကိန်းများ အပေါ် မှီခိုမည့်အစား LNG (အရည်အသွင်ဖြင့် သယ်ယူပို့ဆောင်ရန် အေးခဲထားသည့် သဘာဝဓာတ်ငွေ့) နှင့် ဆည်ငယ်များကို ဦးစားပေးခဲ့သည်။

LNG စက်ရုံများကို မြန်ဆန်စွာ တည်ဆောက်နိုင်သော်လည်း ကုန်ကျစရိတ် မြင့်မားပြီး အဆင့်မြင့်နည်းပညာ လိုအပ်သောကြောင့် မြန်မာနိုင်ငံက ပြည်တွင်း၌ LNG ထုတ်လုပ်နိုင်ခြင်း မရှိပါ။ မြင့်တက်လာသော လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းရန် ၂၀၁၈ ခုနှစ်မှစ၍ အစိုးရက ရေတိုနှင့် ရေရှည် LNG စီမံကိန်းများအတွက် တင်ဒါများ ခေါ်ယူခဲ့သည်။

ဂျပန်နိုင်ငံမှ Marubeni၊ Sumitomo Corporation နှင့် Mitsui နှင့် Co တို့၏ ဖက်စပ်လုပ်ငန်း တခုက ဂျပန် ကျောထောက်နောက်ခံ ပေးထားသော ရန်ကုန်တိုင်း သီလဝါ အထူးစီးပွားရေးဇုန်တွင် ဓာတ်အား 1.2 GW ထုတ်လုပ်ပေးမည့် ဒေါ်လာ ၂ ဘီလီယံ တန်ဘိုး ရှိ LNG စီမံကိန်း အကောင်အထည်ဖော်ရန် ပြီးခဲ့သည့်နှစ်က ခွင့်ပြုချက် ရရှိခဲ့သည်။

(Nan Lwin ၏ Myanmar Signs Power Purchase Deal with Thai Company  ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ထားဝယ်အထူးစီးပွားရေးဇုန်တွင် ထိုင်းကုမ္ပဏီ ပါဝင်ခွင့် မြန်မာ ရုတ်သိမ်း

ဦးပိုင်အတွက် အမြတ်ငွေများကို Kirin က ဆက်လက်ဆိုင်းငံ့ထားမည်

ဟိုတယ် ၁၀၀၀ ခန့် ယာယီပိတ်၊ ဝန်ထမ်း ၃ သောင်းခန့် အလုပ်လက်မဲ့ဖြစ်

Loading