အမေရိကန်နိုင်ငံ အနေဖြင့် လာမည့်နှစ်များအတွင်း ၎င်း၏ မော်တော်ယာဉ်လုပ်ငန်းကို အပြောင်းအလဲ မလုပ်ခဲ့ပါက လျှပ်စစ်ယာဉ်များက မောင်းနှင်မည့် အနာဂတ်တခုတွင် တရုတ်က အခွင့်အရေး ရယူသွားရန် ရှိနေသည်။
ကယ်လီဖိုးနီးယား အခြေစိုက် Tesla က လျှပ်စစ်ကားများဖြင့် အများ၏ အာရုံကို ဖမ်းစားနေသော်လည်း တရုတ်အစိုးရ၏ အမျိုးသားရေးမူဝါဒက ကမာ္ဘ့အကြီးဆုံး မော်တော်ကား ဈေးကွက်ဖြစ်သော တရုတ်နိုင်ငံမှ ပြိုင်ဘက်များကို လုပ်ငန်း စတင်ရန် တိုက်တွန်း အားပေးနေခဲ့သည်။ စက်တင်ဘာလတွင် လျှပ်စစ်ကားများနှင့် အခြားစွမ်းအင်များ သုံးစွဲသည့် ယာဉ်များ တရုတ်နိုင်ငံ၌ ရောင်းအား စံချိန်တင်မြင့်တက်ခဲ့ပြီး ဖြစ်သည်။ Tesla သည်ပင်လျှင် ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံတွင် စက်ရုံတခု ဖွင့်လှစ်ခဲ့ပြီး တရုတ်နိုင်ငံတွင် ထုတ်လုပ်သော ကားများကို ဥရောပသို့ ရောင်းချရန် စီစဉ်နေသည်။
“နောက်လာမယ့် ၅ နှစ်တာ ကာလအတွင်း တရုတ်လုပ်ငန်းတွေက EV (လျှပ်စစ်စွမ်းအင်သုံးယာဉ်) ထောက်ပံ့ရေး ကွင်းဆက်ကို ကျော်ဖြတ်ပြီး ပြည်ပဈေးကွက်ကို တက်ကြွစွာ ဝင်ရောက်လာမယ်လို့ မျှော်လင့်ရပါတယ်”
၎င်းတို့ အားလုံးကို လျှပ်စစ်ဘက်ထရီများဖြင့် စွမ်းအင်ပေးသွားမည် ဖြစ်ပြီး တရုတ် ဘက်ထရီ ထုတ်လုပ်ရေး ကုမ္ပဏီ ၂ ခုဖြစ်သော Contemporary Amperex Technology (CATL) နှင့် BYD တို့က ကမာ္ဘ့ဈေးကွက်၏ ၃ ပုံ ၁ ပုံခန့်ကို ပိုင်ဆိုင်ထားကြောင်း ဆွစ်ဇာလန် အခြေစိုက် ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းတခုဖြစ်သည့် UBS ၏ အဆိုအရ သိရသည်။ UBS က တွေ့ ရှိခဲ့သည့် ဘက်ထရီ ထုတ်လုပ်ရေး အဓိက လုပ်ငန်း ၆ ခု လုံးက အာရှမှ ဖြစ်သည်။
“နောက်လာမယ့် ၅ နှစ်တာ ကာလအတွင်း တရုတ်လုပ်ငန်းတွေက EV (လျှပ်စစ်စွမ်းအင်သုံးယာဉ်) ထောက်ပံ့ရေး ကွင်းဆက်ကို ကျော်ဖြတ်ပြီး ပြည်ပဈေးကွက်ကို တက်ကြွစွာ ဝင်ရောက်လာမယ်လို့ မျှော်လင့်ရပါတယ်” ဟု UBS မှ လေ့လာ ဆန်းစစ်သူများက အောက်တိုဘာလ ၂၁ ရက် နေ့တွင် ရေးသားခဲ့သည်။
“တရုတ် ကုန်ကြမ်းစရိတ်က နိုင်ငံခြား ဈေးကွက်ထက် နည်းတယ်လို့ ယုံကြည်ရပါတယ်။ အဲဒီ အားသာချက်ကိုသာ ရေရှည် ဆက်ထိန်းထားနိုင်မယ်ဆိုရင် တရုတ်နိုင်ငံက မဟုတ်တဲ့ လုပ်ငန်းတွေအပေါ်မှာ ကုန်ကျစရိတ် အားသာချက် ယူလို့ ရနိုင်ကြောင်းကို တရုတ်နိုင်ငံက နားလည် သဘောပေါက် သွားနိုင်ပါတယ်။”

CATL သည် တရုတ်နိုင်ငံ ပြင်ပဈေးကွက်မှ ၎င်း၏ ဈေးကွက်ဝေစုကို ၂၀၁၉ ခုနှစ်တွင် ၂ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၅ တွင် ၁၄ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်လိမ့်မည်ဟု သုတေသီများက မျှော်လင့်ထားသည်။ ဥရောပတွင် လျှပ်စစ်စွမ်းအင်သုံးယာဉ်များ အလွန်အမင်း တိုးပွားလာခြင်းကြောင့် ဖြစ်သည်။
ရေနံကို ဗဟိုပြုခဲ့သည့် တချိန်က ကမာ္ဘ့စွမ်းအင်ဈေးကွက်တွင် အရေးမပါသော အဆင်တန်ဆာ ပစ္စည်းတခုသာ ဖြစ်ခဲ့ရသည့် လျှပ်စစ်ယာဉ်များသည် မောင်းသူမဲ့ကားများနှင့် တက္ကဆီ မဟုတ်သည့် အငှားလိုက် ကိုယ်ပိုင်ယာဉ်များ အပါအဝင် တိုးတက်မှုကို ပြသနေသော ဂေဟစနစ်သစ်တခု၏ အစိတ်အပိုင်း ဖြစ်လာသည်။ ၁၉၉၂ ခုနှစ်တွင် Pulitzer ဆုရခဲ့သည့် “The Prize: The Epic Quest for Oil, Money & Power” အမည်ရှိ စာအုပ်ကို ရေးသားခဲ့သူ Daniel Yergin က လျှပ်စစ်ယာဉ်များ၏ ပထဝီနိုင်ငံရေးဆိုင်ရာ ဂယက်ရိုက် သက်ရောက်မှုများကို စက်တင်ဘာလတွင် ထုတ်ဝေခဲ့သော သူ၏ နောက်ဆုံးစာအုပ် ဖြစ်သည့် “The New Map: Energy, Climate and the Clash of Nations” တွင် ဖော်ပြထားသည်။
“EV တွေမှာ တရုတ်နိုင်ငံရဲ့ ဦးဆောင်မှုက သူတို့ကို ကမာ္ဘ့ဈေးကွက်မှာရှိတဲ့ လျှပ်စစ်ယာဉ်များနဲ့ ပတ်သက်လို့ တကမာ္ဘလုံး ဦးဆောင်မှုကို ပေးနိုင်ပါတယ်” ဟု IHS Markit မှ ဒုဥက္ကဌ ဖြစ်သော Daniel Yergin က CNBC သို့ ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။ “တရုတ်နိုင်ငံအတွက် EVs တွေ အရေးကြီးတာက ရေနံလိုအပ်ချက် ကြောင့်သာ မဟုတ်ပါဘူး၊ လေထုညစ်ညမ်းမှုကြောင့်သာ မဟုတ်ပါဘူး ယှဉ်ပြိုင်နိုင်မှု အစွမ်းကြောင့် ဆိုတာလည်း ထင်ရှားပါတယ်။”
“ဒီပြိုင်ဆိုင်မှု မြင်ကွင်းသစ်ကတဆင့် အကြောင်းအရာများစွာကို စတင် မြင်တွေ့နေရပါပြီ” ဟု Daniel Yergin က ပြောသည်။ “တကယ်လို့ အမေရိကန် ပြည်ထောင်စုက လျှပ်စစ်ယာဉ်တွေနဲ့ ပတ်သက်လို့ အမှန်တကယ် ကြီးကြီးမားမား လုပ်ခဲ့မယ်ဆိုရင် အမေရိကန်မှာ ထောက်ပံ့ရေး ကွင်းဆက် ရှိလာရေး အတွက် မောင်းနှင်မှုတခု မလွဲမသွေ ရှိလာပါလိမ့်မယ်။ ဒါပေမယ့် အဲဒါက ကမာ္ဘပေါ်မှာ အရေးအကြီးဆုံး စီးပွားရေး ၂ ခုကြားက အလုံးစုံ ကုန်သွယ်ရေး တင်းမာမှုတွေနဲ့ သီးခြား ဖြစ်မနေပါဘူး။”
ကားများနှင့် ဂျီဒီပီ တိုးတက်မှု
အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့ ၂ နှစ်ကျော် ကြာ ပိတ်မိနေခဲ့သည့် ကုန်သွယ်ရေးတင်းမာမှုများက နည်းပညာနှင့် ဘဏ္ဍာရေးတွင် အတိုင်းအတာ အချို့အထိ အတားအဆီး ဖြစ်စေခဲ့သည်။ ကမာ္ဘက ကူးစက်ကပ်ရောဂါ ပျံ့နှံ့မှုကြား ရုန်းကန်နေရသည့်အချိန်တွင် ပြည်တွင်း မော်တော်ယာဉ်လုပ်ငန်း၏ အနာဂတ် သေချာစေရေးက စီးပွားရေး ၂ ခုလုံးအတွက် ပို၍ပင် အရေးပါလာသည်။
တရုတ်နိုင်ငံတွင် ကားထုတ်လုပ်ရေး ကဏ္ဍက အလုပ်အကိုင်များ၏ ၆ ပုံ ၁ ပုံခန့်ရှိပြီး လက်လီအရောင်း၏ ၁၀ ရာခိုင်နှုန်းခန့် ရှိကြောင်း တရုတ် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ် တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။
အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီမှ ရီပတ်ဘလစ်ကင်များက စက်တင်ဘာ ၂၉ တွင် ထုတ်ပြန်ခဲ့သော “China Task Force Report” အမည်ရှိ အစီရင်ခံစာအရ အမေရိကန်နိုင်ငံတွင် ကားလုပ်ငန်းက အလုပ်အကိုင် နေရာ ၁၀ သန်း နှင့် အမျိုးသား ဂျီဒီပီ၏ ၃.၅ ရာခိုင်နှုန်းကို ပံ့ပိုးပေးထားသည်။
တရုတ်နိုင်ငံတွင် ကားထုတ်လုပ်ရေး ကဏ္ဍက အလုပ်အကိုင်များ၏ ၆ ပုံ ၁ ပုံခန့်ရှိပြီး လက်လီအရောင်း၏ ၁၀ ရာခိုင်နှုန်းခန့် ရှိကြောင်း တရုတ် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ် တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။
ကမာ္ဘအနှံ့အပြားတွင် ဆောက်လုပ်နေသော lithium-ion ဘက်ထရီ စက်ရုံကြီး ၁၄၂ ခု အနက် ၁၀၇ ခုက တရုတ်နိုင်ငံတွင် တည်ဆောက်ရန် ရှိပြီး အမေရိကန်တွင် ၉ ခု သာရှိနေခြင်းက လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးတွင် တရုတ်နိုင်ငံ၏ တိုးတက်မှုက မည်မျှ ရှေ့ဆောင်နေသည်ကို ပြသနိုင်သည့် အချက်တခု ဖြစ်ကြောင်း ဝါရှင်တန်ဒီစီအခြေစိုက် အဖွဲ့ အစည်းတခု ဖြစ်သည့် Securing America’s Future Energy (SAFE) မှ ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သော “The Commanding Heights of Global Transportation” အမည်ရှိ အစီရင်ခံစာတွင် ဖော်ပြထားသည်။
“အဓိက မော်တော်ကား ထုတ်လုပ်ရေး အားလုံးနီးပါးက သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ လျှပ်စစ်စွမ်းအင် အသုံးပြုရေးကို အလေးအနက်ထား လုပ်နေကြပါတယ်။ သူတို့က နည်းပညာပိုင်းမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေကြပါတယ်” ဟု အဆိုပါ အစီရင်ခံစာက ဆိုသည်။ “ကားထုတ်လုပ်ရေး လုပ်ငန်းတွေက EV ဖွံ့ဖြိုးတိုးတက်ရေး နဲ့ ထုတ်လုပ်ရေး အတွက် နောက် လာမယ့် ၅ နှစ်မှ ၁၀ နှစ် အတွင်း ဒေါ်လာ ဘီလီယံ ၃၀၀ ရင်းနှီးမြှုပ်နှံကြပါလိမ့်မယ်။ ပြောရမယ် ဆိုရင် အဲဒီ ရင်းနှီးမြှုပ်နှံမှုတွေရဲ့ တဝက်နီးပါးက တရုတ်နိုင်ငံမှာ ဖြစ်နေတာက ဘယ်နေရာမှာ ဝယ်လိုအား ဖြစ်လိမ့်မယ် လို့ ဒီလုပ်ငန်းကဏ္ဍက ယုံကြည်ထားသလဲ ဆိုတာကို ညွှန်ပြခြင်းတခု ဖြစ်ပါတယ်။”

လျှပ်စစ်ယာဉ်များ ဖြစ်လာရန် တရုတ်၏ တွန်းအားက လွန်ခဲ့သော ဆယ်စုနှစ် တခုကျော်ခန့် ကတည်းက စတင်ခဲ့ပြီး Audi မှ အင်ဂျင်နီယာဟောင်း တဦးဖြစ်သည့် Wan Gang က ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ (အစိုးရ၏) ယွမ်ဘီလီယံ ၃၀ ကျော် (ဒေါ်လာ ၄.၅၄ ဘီလီယံ) ထောက်ပံ့မှုများက ကုမ္ပဏီအသစ်များစွာကို ဆွဲဆောင်နိုင်ခဲ့သော်လည်း လက်တဆုပ်စာခန့်သာ ရှင်သန်လာခဲ့သည်။
Nio က ၂၀၁၈ ခုနှစ်တွင် နယူးယောက် စတော့အိတ်ချိန်း၌ စာရင်းသွင်းခဲ့ပြီး ထိုအချိန်မှ စ၍ ရှယ်ယာတန်ဖိုးက ၃၄၀ ရာခိုင်နှုန်းကျော် တက်သွားခဲ့သည်။ ထိုနှစ်အတွင်းမှာပင် Li Auto နှင့် Xpeng တို့က အမေရိကန်တွင် အများပိုင်ကုမ္ပဏီများ ဖြစ်လာခဲ့ပြီး သူတို့၏ ရှယ်ယာများက ၆၅ ရာခိုင်နှုန်း နှင့် ၃၅ ရာခိုင်နှုန်းစီ အသီးသီး မြင့်တက် သွားခဲ့သည်။
“ရေနံတင်ပို့ရောင်းချသည့် နိုင်ငံများအဖွဲ့ (OPEC) အပေါ် (အမေရိကန်ရဲ့) ကြီးလေးစွာ မှီခိုမှု (ကမာ္ဘ့ ရေနံထုတ်လုပ်မှု၏ ၄၀ ရာခိုင်နှုန်းကို OPEC က ထုတ်လုပ်နေသည်) က လက်ရှိအချိန်မှာ အမြင့်ဆုံး ဖြစ်နေပြီးတော့ တကယ်လို့ ကျနော်တို့က EV နဲ့ အဲဒါရဲ့ အစိတ်အပိုင်းပစ္စည်းတွေနဲ့ ပတ်သက်လို့ တရုတ်အပေါ် ဘာမှမလုပ်ဘူးဆိုရင် အဲဒီအတိုင်းပဲ (တရုတ်နိုင်ငံ အပေါ် မှီခိုရသည့် အခြေအနေ) ဖြစ်လာနိုင်ဖွယ်ရာ ရှိပါတယ်”
တရုတ်နိုင်ငံ Shenzhen စတော့အိတ်ချိန်းတွင် စာရင်းသွင်းထားသော CATL ၏ အစုရှယ်ယာများက ယခုနှစ်တွင် တန်ဖိုး ၁၁၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်။ Warren Buffett မှ ရင်းနှီးမြှုပ်နှံထားပြီး ဟောင်ကောင် စတော့အိတ်ချိန်းတွင် စာရင်းသွင်းထားသော BYD ၏ ရှယ်ယာတန်ဖိုးများက ၎င်း၏ ကိုယ်ပိုင် blade battery နည်းပညာကို ထုတ်ဖော်ပြသခဲ့ပြီးနောက်တွင် ၂၅၀ ရာခိုင်နှုန်း ကျော်မြင့်တက်ခဲ့သည်။ အဆိုပါ နည်းပညာကို ကုမ္ပဏီ၏ လူကြိုက်များသည့် ကားသစ် ဖြစ်သော Han luxury sedan တွင် အဓိက အသုံးပြုထားသည်။
“ရေနံတင်ပို့ရောင်းချသည့် နိုင်ငံများအဖွဲ့ (OPEC) အပေါ် (အမေရိကန်ရဲ့) ကြီးလေးစွာ မှီခိုမှု (ကမာ္ဘ့ ရေနံထုတ်လုပ်မှု၏ ၄၀ ရာခိုင်နှုန်းကို OPEC က ထုတ်လုပ်နေသည်) က လက်ရှိအချိန်မှာ အမြင့်ဆုံး ဖြစ်နေပြီးတော့ တကယ်လို့ ကျနော်တို့က EV နဲ့ အဲဒါရဲ့ အစိတ်အပိုင်းပစ္စည်းတွေနဲ့ ပတ်သက်လို့ တရုတ်အပေါ် ဘာမှမလုပ်ဘူးဆိုရင် အဲဒီအတိုင်းပဲ (တရုတ်နိုင်ငံ အပေါ် မှီခိုရသည့် အခြေအနေ) ဖြစ်လာနိုင်ဖွယ်ရာ ရှိပါတယ်”
ဟု SAFE ၏ ဥက္ကဌ နှင့် အမှုဆောင် အရာရှိချုပ် Robbie Diamond က CNBC သို့ ပြီးခဲ့သည့်လက တယ်လီဖုန်းမှ တဆင့် ပြောကြားခဲ့သည်။
“မှီခိုနေရတဲ့၊ အမျိုးသား လုံခြုံရေး အခြေအနေတခုကို ရင်ဆိုင်နေရတဲ့၊ အရှေ့အလယ်ပိုင်း နဲ့ OPEC ကို အခြေခံတဲ့ စီးပွားရေး အန္တရာယ်ရှိတဲ့၊ နောက်ကျတော့ ပြဿနာ ဖြစ်လာတဲ့ ကျနော်တို့ ဖြစ်မလာစေချင်တဲ့ အဖွဲ့အစည်းတခု အနေအထားကနေ ကျနော်က တရုတ်နိုင်ငံက ဘက်ထရီ တွေနဲ့ သယ်ယူပို့ဆောင်ရေးနည်းပညာ အပေါ် အားကိုးနေရပါတယ်။ ”
သတ္တုတွင်းများ၊ အခြား စက်မှုလုပ်ငန်းများနှင့် ရရှိထားသည့် သဘောတူညီချက်များမှ တဆင့် တရုတ်နိုင်ငံက အနည်းဆုံး အနေဖြင့် နောက်လာမည့် ၅ နှစ်စာအတွက် ဘက်ထရီ ထုတ်လုပ်ရေးတွင် အသုံးပြုမည့် ဓာတ်သတ္တုများနှင့် အဓိက ပစ္စည်းများ ရရှိရေး သေချာအောင် ပြုလုပ်ထားပြီး ဖြစ်သည်ဟု The International Council on Clean Transportation မှ တရုတ်စွမ်းအင်မူဝါဒ ဆိုင်ရာ အကြီးတန်း သုတေသီ He Hui က ပြောသည်။

ယခုအချိန်အထိ လျှပ်စစ်ကား လုပ်ငန်းအတွင်းမှ ထုတ်လုပ်သူများကြားတွင် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုများက ပိုမို များပြားကြောင်းနှင့် အဆိုပါ လုပ်ငန်းကဏ္ဍ အနာဂတ်တွင် ရှေ့ဆက်သွားနိုင်ရေးက သုံးစွဲသူများ လျှပ်စစ်ကားများ ပြောင်းလဲ သုံးစွဲချင်လာကြလောက်အောင် ဈေးနှုန်း ချိုသာသည့် ဘက်ထရီများ ပြုလုပ်ရေးအပေါ်တွင် တည်နေသည်ဟု သူက မှတ်ချက်ပြုသည်။
၄ နှစ်ခန့် ကြာသည့် အချိန်တွင် ဘက်ထရီစွမ်းအင်သုံး လျှပ်စစ်ကားများက သာမန် ပေါက်ကွဲအင်ဂျင်သုံး ကားများနှင့် ဈေးနှုန်းအတူတူ ဖြစ်လာလိမ့်မည်ဟု လေ့လာ သုံးသပ်သူများက ယေဘုယျအားဖြင့် မျှော်လင့်ထားကြသည်။
၂၀၃၀ ခုနှစ် ရောက်သည့် အချိန်တွင် တရုတ်နှင့် ဥရောပတွင် ရောင်းချသော ကားများ၏ ၃ ပုံ ၁ ပုံမှ တဝက် နီးပါးသည် ဘက်ထရီ စွမ်းအင်သုံး လျှပ်စစ်မော်တော်ယာဉ်များ ဖြစ်လိမ့်မည်ဟု အမေရိကန် အခြေစိုက် စီမံခန့်ခွဲရေး အတိုင်ပင်ခံ လုပ်ငန်းတခု ဖြစ်သည့် McKinsey က ခန့်မှန်းထားသည်။ အမေရိကန် အတွက် မျှော်မှန်းထားသော ဈေးကွက်ဝေစုမှာ ယခုနှစ်တွင် ၃ ရာခိုင်နှုန်း ရှိရာမှ မြင့်တက်သွားပြီး အကြမ်းအားဖြင့် ၁၇ ရာခိုင်နှုန်းမှ ၃၆ ရာခိုင်နှုန်း အတွင်း ဖြစ်သည်။
ကိုးကား။ ။ CNBC ၏ China’s electric car strategy is starting to go global – and the U.S. is lagging behind
You may also like these stories:
ကာဗွန်ဖမ်းယူမှု နည်းပညာ တီထွင်နိုင်သူကို Elon Musk ဒေါ်လာ သန်း ၁၀၀ ချီးမြှင့်မည်
အင်္ဂါဂြိုဟ်မှာ အခြေချ နေထိုင်ဖို့ ပိုင်ဆိုင်သမျှ အားလုံး ရောင်းမယ့် Elon Musk
ရန်ကုန်ကို မီးပေးရေး ထိုင်းကုမ္ပဏီနှင့် မြန်မာ သဘောတူ
ထားဝယ်အထူးစီးပွားရေးဇုန်တွင် ထိုင်းကုမ္ပဏီ ပါဝင်ခွင့် မြန်မာ ရုတ်သိမ်း