မြန်မာ့ တပ်မတော်က အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ကျပ်ငွေတန်ဖိုးသည် ဆက်တိုက် ကျ ဆင်းလာပြီး အမေရိကန်ဒေါ်လာဈေးသည် တဒေါ်လာလျှင် ကျပ် ၁၄၀၀ ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်လာလျက် ရှိ သည်။
၁ ဒေါ်လာကို ကျပ် ၁၃၃၀ ဝန်းကျင်သာ ရှိခဲ့သော အမေရိကန် ဒေါ်လာ လဲလှယ်နှုန်းသည် ယခု၂ ရက်အတွင်းတွင် တဒေါ် လာကျပ် ၇၀ ကျော်အထိ တရှိန်ထိုးမြင့်တက်လာလျက်ရှိပြီး ထိုင်းဘတ် ဈေးနှုန်းများသည် တဘတ်လျှင် ကျပ် ၄၅ ကျော် ဈေးမြင့်တက်လျက် ရှိကြောင်း သိရသည်။
ထိုင်း-မြန်မာ နယ်စပ်၊ မြဝတီမြို့မှ ငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်သူတဦးက “အခုက ပြောင်းပို့တဲ့ ကုန်သည် တွေကတော့ ကုသိုလ်ကံကောင်းသွားတာပေါ့။ သူတို့ ဈေးကောင်းရတယ်။ သွင်းကုန်သမားတွေကတော့ အခု ငုတ်တုတ် မေ့နေကြပြီ” ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလော အခြေအနေများကြောင့် အမေရိကန်ဒေါ်လာ ဈေးသည် တဒေါ်လာကို ကျပ် ၁၄၀၀ ကျော်အထိ ဆက်တိုက် မြင့်တက်လာကြောင်း ငွေလဲကောင်တာ လုပ်ငန်းလုပ်ကိုင်သူများက ဆိုကြသည်။
လက်ရှိ အခြေအနေ၌ အမေရိကန်ဒေါ်လာ ဈေးနှုန်းနှင့် ပြည်တွင်းရွှေနှုန်းများ ဆက်တိုက်မြင့်တက်နေမှုများကို မထိန်းချုပ် နိုင်ပါက နိုင်ငံခြားငွေများဖြင့် တင်သွင်းနေရသည့် စက်သုံးဆီ၊ ဆေးဝါးများ အပါအဝင် အဓိက သွင်းကုန်ဈေးနှုန်းလည်း ဆက်တိုက် မြင့်တက်လာနိုင်ဖွယ် ရှိသည်။
ယနေ့ နံနက်ပိုင်းတွင် ထွက်ပေါ်လာခဲ့သော ငွေကျပ် တသောင်းတန်များကို ဖျက်သိမ်းမည် ဆိုသည့် သတင်းသည် ကော လဟလ သတင်းများသာ ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
ယင်းပြင် မြန်မာနိုင်ငံ ဗဟိုဘဏ်အနေဖြင့် ငွေရေးကြေးစနစ် တည်ငြိမ်ရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိပြီး ဘဏ်များအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ ခိုင်မာစွာ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ဗဟိုဘဏ်က ဆိုသည်။
ပြည်သူများအနေဖြင့် ငွေကြေးနှင့် ဘဏ်လုပ်ငန်း ဆောင်ရွက်မှုများအပေါ် စိုးရိမ်မှုများ မရှိဘဲ ယုံကြည်စိတ်ချစွာဖြင့် ဆက် လက် သုံးစွဲနိုင်ပါကြောင်းနှင့် ဘဏ်ဝန်ဆောင်မှုများ ပုံမှန် ဆောင်ရွက်ရန် ဘဏ်များသို့လည်း ညွှန်ကြားပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
You may also like these stories:
ဘဏ်လုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်
အမေရိကန် Pizza Hut နှင့် ဂျပန်ကားကုမ္ပဏီ ဆူဇူကီးတို့ လုပ်ငန်း ယာယီရပ်ဆိုင်း
နိုင်ငံရေး တည်ငြိမ်စေဖို့ စီးပွားရေးလုပ်ငန်းရှင်များ လိုလား