စီးပွားရေး

အာဏာသိမ်းအပြီး တောင်ကိုရီးယားကုမ္ပဏီများ စိတ်မသက်သာဖြစ်

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံက အာဏာသိမ်းမှု၏ နောက်ဆက်တွဲ များနှင့် ပတ်သက်၍ ဖြေရှင်းနေရ သည့် အချိန် တွင် မြန်မာနိုင်ငံ၌ စီးပွားရေး လုပ်ငန်နေသော တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းများသည်လည်း အရေးပေါ် အခြေအနေတွင် ဆောင်ရွက်ရန် ရှိသည်များကို ချက်ချင်း လိုက်နာဆောင်ရွက်ရင်း ၎င်းတို့၏ အလုပ်သမားများနှင့် သူတို့၏ မိသားစုများ လုံခြုံမှုရှိစေရန်အတွက်သာမက ဆောင်ရွက်ဆဲ အဓိကစီမံကိန်းများအတွက် ဖြစ်လာနိုင်သော အနှောင့်အယှက်များကို လျှော့ချရန် ကြိုးစားနေကြကြောင်း တောင်ကိုးရီးယား သတင်းများအရ သိရသည်။

အသိသာ အမြင်သာဆုံး သက်ရောက်သူများမှာ စွမ်းအင်နှင့် ကုန်သွယ်ရေးကဏ္ဍတွင် ပါဝင်သူများဖြစ်ပြီး အထူးသဖြင့် မကြာသေးမီနှစ်များအတွင်း အထင်ကရ ဖွံ့ဖြိုးရေးစီမံကိန်းများ၌ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ခဲ့ကြသောသူများ ဖြစ်ကြောင်း Korea Harald က ဆိုသည်။

အစိုးရပိုင် ကိုရီးယား ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အေဂျင်စီနှင့် ကိုရီးယား ပို့ကုန်-သွင်းကုန်ဘဏ် တို့ ထံမှ ရရှိသည့် အချက်အလက်များ အရ ပြီးခဲ့သည့် ၃ နှစ်တာ ကာလအတွင်း ကိုရီးယားကုမ္ပဏီများက မြန်မာနိုင်ငံတွင် ဌာနခွဲ ရုံးများနှင့် လုပ်ငန်းခွဲများ စုစုပေါင်း ၁၀၇ ခုကို ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။ အဆိုပါ ကာလ အတွင်း မှာပင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၆၆၈ သန်း အထိ ရောက်ရှိခဲ့သည်။

ထင်ရှားသော ဖြစ်ရပ်တခုမှာ မြန်မာနိုင်ငံ၏ အကြီးဆုံး သံမဏိ လုပ်ငန်း၏ ကုန်သွယ်ရေး လက်တံ ဖြစ်သော Posco International ဖြစ်သည်။ ၎င်းက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသို့ တနေ့လျှင် သဘာဝဓာတ်ငွေ့ကုဗပေ သန်း ၅၀၀ ထောက်ပံ့ရန် မြန်မာကမ်းလွန်ဧရိယာများတွင် ဓာတ်ငွေ့သိုက်များကို ၂၀၁၃ ခုနှစ် ကတည်းက အကောင်အထည် ဖော်နေခဲ့သည်။ လုပ်ငန်း အောင်မြင် တိုးချဲ့သည့် အနေဖြင့် မြန်မာနိုင်ငံ အနောက်မြောက်ဘက်ရှိ ဧရိယာ အသစ်များရှိ တူးဖော်ရေးစီမံကိန်းများတွင် ဝမ် ၁၀၈.၆ ဘီလီယံ (ဒေါ်လာ ၉၇.၂၇ သန်း) ထပ်မံ ရင်းနှီးမြှုပ်နှံရန် ကုမ္ပဏီက ပြီးခဲ့သည့်နှစ်တွင် ဆုံးဖြတ်ခဲ့သည်။

ဖေဖော်ဝါရီလ ၁ ရက် နေ့က အာဏာသိမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် Posco က ၎င်း၏ ဝန်ထမ်း ၇၀ ထဲမှ အများစုကို ထပ်မံ အကြောင်းကြားသည့် အချိန်အထိ အိမ်မှ အလုပ်လုပ်ရန် ချက်ချင်း အမိန့် ထုတ်ခဲ့သည်။ ဓာတ်ငွေ့နယ်မြေများက ပုံမှန် လည်ပတ် နေ ကြောင်း သိရသည်။

အထည်အလိပ်နှင့် သံမဏိ ပစ္စည်းများ ထုတ်လုပ်သည့် ကုန်သွယ်ရေး လုပ်ငန်းခွဲတခုကို ၁၉၉၅ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် လုပ်ကိုင်နေခဲ့သည့် အထည် အလိပ်နှင့် ဓာတုဗေဒ လုပ်ငန်းစု တခုဖြစ် သော Hyosung ကလည်း နောက်ထပ် ဖြစ်ပေါ်လာနိုင်သည်များအတွက် အပြည့်အဝ သတိထားလျက် ရှိသည်။

ရန်ကုန်တွင် လျှပ်စစ် ကေဘယ်ကြိုး စက်ရုံတရုံ ဖွင့်လှစ်ထားသည့် LS Cable & System က သတိပေးမှုများကို တိုးမြှင့်ထားသော်လည်း နိုင်ငံရေး အခြေအနေကြောင့် ထုတ်လုပ်ရေး စက်ရုံများကို မထိခိုက်သေးကြောင်း ထပ်မံ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးက အသိပေးချက် တခုကို မြန်မြန်ဆန်ဆန် ထုတ်ပြန်လိုက်ပြီး ကိုရီးယား နိုင်ငံသားများ အိမ်တွင်း၌သာ နေရန် တိုက်တွန်းခဲ့ပြီး လက်ရှိ ဖြစ်ပေါ်နေသည့် အကြောင်းကိစ္စများကို အဖြေရှာရန် အားထုတ်မှု အားလုံး ပြုလုပ်သွားမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။

ဖေဖော်ဝါရီလ ၂ ရက် နေ့ အထိ မြန်မာနိုင်ငံရှိ မည်သည့် နိုင်ငံခြားစီးပွားရေး လုပ်ငန်းတွင်မျှ သိသာမြင်သာသော ထိခိုက်နစ်နာမှု ဖော်ပြခြင်း မရှိသော်လည်း ဆက်သွယ်ရေး ကွန်ယက်များ ပြတ်တောက်ပြီး ရန်ကုန်ရှိ အဓိက အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပိတ်ထားခြင်းကြောင့် စိတ်မသက်သာမှုများ ဆက်လက်ရှိနေသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လအထိ မြန်မာနိုင်ငံသို့ ကိုရီးယား၏တင်ပို့မှုက အမေရိကန် ဒေါ်လာသန်း ၄၀၀ ရှိခဲ့ ပြီး COVID-19 ကာလတွင် ကျဆင်းမှု ရှိခဲ့သည့်တိုင် ယခင် တနှစ်ကထက် ၇.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ တိုးတက်လာသော ဈေးကွက်များမှာ သယ်ယူပို့ဆောင်ရေး စက်ယန္တရားများ၊ အထည်အလိပ်များ၊ စက်မှုလုပ်ငန်းဆိုင်ရာ စက်ယန္တရားများနှင့် သံမဏိ တို့ ဖြစ်သည်။

ထို့ပြင် အာရှ၏ စတုတ္ထမြောက် အကြီးဆုံးစီးပွားရေး ဖြစ်သည့် တောင်ကိုရီးယားက မြန်မာနိုင်ငံတွင် ဆဌမမြောက် အကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကုန်ပစ္စည်း ထုတ်လုပ်ရေး နှင့် ဆက်သွယ်ရေး ကဏ္ဍ တို့တွင် အဓိကထား၍ ပြီးခဲ့သည့်နှစ် ဇွန်လ အထိ စီမံကိန်း ၁၈၄ ခု သို့ ဒေါ်လာ ၄.၀၆ ဘီလီယံခန့် ထည့်ဝင် မြှုပ်နှံ ခဲ့ပြီး ဖြစ်သည်။

You may also like these stories:

မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်း

ဘဏ်လုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်

မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုများ ပိတ်ပင်ခံထားရကြောင်း Facebook အတည်ပြု

Did you find apk for android? You can find new Free Android Games and apps.
Loading