စင်္ကာပူနိုင်ငံသည် မြန်မာပြည်သူများဘက်မှ ရပ်တည်ခြင်းမရှိသောကြောင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေသူများက စင်္ကာပူကုန်အမှတ်တံဆိပ်နှင့် ထုတ်ကုန်များကို သပိတ်မှောက်ရန် စည်းရုံးလှုံ့ဆော်နေကြသည်။
အစားအသောက်နှင့် အဖျော်ယမကာ လုပ်ငန်းများဖြစ်သော Tiger Beer ၊ Ya Kun Kaya Toast ၊ Beauty in the Pot ၊ Crystal Jade ၊ BreadTalk နှင့် Ramen Ippudo တို့ အပါအဝင် စင်္ကာပူလုပ်ငန်းများ၏ တံဆိပ်များကို ကြက်ခြေခတ်ပြီး အွန်လိုင်းတွင် တင်ကာ သပိတ်မှောက်ရမည့် ပစ်မှတ်များအဖြစ် ဖေါ်ပြနေကြသည်။
စင်္ကာပူနိုင်ငံသည် မြန်မာနိုင်ငံတွင် စီးပွားရေးကိုသာ အာရုံစိုက်သင့်ပြီး နိုင်ငံရေးကို အလေးမထားသင့်ကြောင်း စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်က အင်္ဂါနေ့ညက ပြောကြားပြီးနောက် ထိုလှုပ်ရှားမှု စတင်လာခြင်းဖြစ်သည်။
“ စင်္ကာပူဟာ မြန်မာပြည်သူတွေရဲ့အသံကို လေးစားမှု မရှိဘူး။ စင်္ကာပူက စစ်အာဏာရှင်စနစ်ကို ထောက်ခံနေတယ်” ဟု လူမှုကွန်ရက် ရေးသားမှုတခုက ဆိုသည်။ “စင်္ကာပူက မြန်မာနိုင်ငံမှာ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်တယ်” ဟု အခြားလူမှုကွန်ရက်အသုံး ပြုသူတဦးက ရေးသားသည်။
ထိုလူမှုကွန်ရက်ရေးသားမှုများ အားလုံးတွင် စင်္ကာပူကုန်ပစ္စည်းတွေကို သပိတ်မှောက်ကြဟု ရေးသားဖေါ်ပြထားသည်။
ထိုသို့သော ရေးသားဖေါ်ပြမှုများကို တွစ်တာတွင်သာမက ဖေ့ဘွတ်တွင်ကျယ်ကျယ်ပြန့်ပြန့် မျှဝေကြသည်။
ထိုပစ်မှတ်ထားခံရသော မည်သည့်ကုန်အမှတ်တံဆိပ်ကမျှ ထိုသပိတ်မှောက်မှုနှင့်ပတ်သက်ပြီး ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
စင်္ကာပူသည် မြန်မာနိုင်ငံအကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူဖြစ်ကြောင်း ဘာလာခရစ်ရှ်နန်က ပြောဆိုခဲ့ပြီး ထိုရင်းနှီးမြှုပ်နှံမှုမျာသည် ယခင်အရပ်သားအစိုးရ ၅ နှစ်အတွင်း ဆယ်ဆတိုးလာခြင်းဖြစ်ကြောင်း ပြောသည်။
ရွေးကောက်ပွဲတွင် မဲလိမ်သည်ဆိုသည့် အခြေအမြစ်မရှိသော စွပ်စွဲချက်များဖြင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်ကဲ့သို့သော အရပ်သားခေါင်းဆောင်များကို ဖေဖေဝါရီလ ၁ ရက်နေ့က ဖမ်းဆီး စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ဆန္ဒပြပွဲများ နေ့စဉ်ဖြစ်ပေါ်နေသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည် အစိုးရသက်တမ်းအတွင်း တရုတ်အကြွေး ၂၆ ရာခိုင်နှုန်း ကျဆင်းခဲ့
မြန်မာ့အထည်ချုပ်ရှေ့ရေး တိမ်မည်းများလွှမ်းလာ