• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ဩစတြေးလျ ရေနံနှင့် ဓာတ်ငွေ့ ရှာဖွေရေး ကုမ္ပဏီ ပြန်ရုတ်

by ဧရာဝတီ
27 February 2021
in စီးပွားရေး
A A
မြန်မာနိုင်ငံမှ ပြန်လည်ရုပ်သိမ်းမည် ဖြစ်ကြောင်း သြစတြေးလျနိုင်ငံမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီး တခု ဖြစ်သည့် Woodside က ထုတ်ပြန်လိုက်သည်

မြန်မာနိုင်ငံမှ ပြန်လည်ရုပ်သိမ်းမည် ဖြစ်ကြောင်း သြစတြေးလျနိုင်ငံမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီး တခု ဖြစ်သည့် Woodside က ထုတ်ပြန်လိုက်သည်

22.7k
VIEWS
Share on FacebookShare on Twitter

တပ်မတော်က ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို တုံ့ပြန်သည့်အနေဖြင့် မြန်မာနိုင်ငံမှ ၎င်း၏ အလုပ်သမားများကို ပြန်လည်ရုပ်သိမ်းမည် ဖြစ်ကြောင်း သြစတြေးလျနိုင်ငံမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီး တခု ဖြစ်သည့် Woodside က ထုတ်ပြန်လိုက်သည်။

တပ်မတော်က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ရွေးကောက်တင်မြှောက်ခံ ခေါင်းဆောင်များကို ဖမ်းဆီးကာ အာဏာသိမ်းယူခဲ့ချိန်နောက်ပိုင်း Woodside ကုမ္ပဏီက မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့တူးဖော်များ ဆက်လက်ပြုလုပ်နေခဲ့သည်။

RelatedPosts

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
1.1k
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.7k
တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.7k

စစ်တပ်နှင့် ရဲများက ဒီမိုကရေစီ လိုလားသော ဆန္ဒပြသူများ ပစ်ခတ်သတ်ဖြတ်လာပြီး သေဆုံးမှုများ ရှိလာသည့်အခါ Woodside ၏ ရပ်တည်ချက်အပေါ် ဖိအားပေး စိန်ခေါ်မှုများ ရှိလာသည်။

“လူ့အခွင့်အရေး ချိုးဖောက်မှုများကို Woodside က ရှုတ်ချပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများမှာ ပါဝင်တဲ့ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှု သတင်းတွေက အလွန်စိတ်ပျက်ဖွယ် ကောင်းပါတယ်” ဟု Woodside က ဖေဖော်ဝါရီ လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေငြာချက်တစောင်၌ ပြောသည်။

“၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ဖြစ်ရပ်များကနေ စတင်ပြီး တိုးလာတဲ့ စိုးရိမ်ပူပန်မှုများနဲ့ အတူ ကျနော်တို့ စောင့်ကြည့်နေခဲ့ပါတယ်။ Woodside က မြန်မာပြည်သူတွေကို ထောက်ခံပြီး ဒီမိုကရေစီအတွက် ငြိမ်းချမ်းသော ခရီးတခုကို မြင် တွေ့ရဖို့ မျှော်လင့်ပါတယ်။”

“မြန်မာနိုင်ငံ ရဲ့ အနာဂတ် နဲ့ နိုင်ငံရေးတည်ငြိမ်မှု တိုးတက်လာတာကို တွေ့ရသည် အထိ Woodside က စီးပွား ရေး ဆုံးဖြတ်ချက်များအားလုံးကို ပြန်လည်သုံးသပ်မှု အောက်မှာ ထားရှိသွားပါမယ်” ဟုလည်း ရေးသားပါရှိသည်။

၎င်း၏တည်ရှိမှုကို စတင်လျှော့ချနေပြီ ဖြစ်ပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း တူးဖော်ရေးအဖွဲ့ကို “အပြည့်အဝ ပြန်လည် ရုတ်သိမ်းသွားရန်” မျှော်လင့်ထားသည်။ မြန်မာနိုင်ငံတွင် ၎င်း၏ အလုပ်သမား ၁၀၀ ခန့်ရှိသည်ဟု Woodside က ယခင် က ပြောထားသည်။

တူးဖော်ခြင်း လုပ်ငန်းများသည် ရှာဖွေရေး အတွက်ဖြစ်ပြီး တိုင်းပြည်အတွက် ဝင်ငွေ ဖော်ဆောင်ခြင်း မရှိသလို တပ်မတော်နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများနှင့် မည်သည့် တိုက်ရိုက်စီးပွားရေး အစီအစဉ်မျှ မရှိဟု Woodside က ဆိုသည်။

အဆိုပါ ကြေငြာချက်သည် Woodside ၏ အမှုဆောင်အရာရှိချုပ် Peter Coleman က ယခုလ အစောပိုင်းတွင် ပြုလုပ်ခဲ့သော မှတ်ချက်များနှင့် သိသိသာသာ ကွဲပြားနေသည်။

“ပြီးခဲ့တဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ် နဲ့ ပတ်သက်လို့ (တပ်မတော်ရဲ့) မကျေနပ်မှုတွေ ဟာ မှန် မမှန် ဆုံးဖြတ်ရေးက ကျနော်တို့နဲ့ မဆိုင်ပါဘူး” ဟု သူက Energy News Bulletin သို့ ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် Woodside၏ ဥက္ကဌ Richard Goyder ထံသို့ ၎င်းတို့၏ လူ့အခွင့်အရေး မူဝါဒများအရ မြန်မာနိုင်ငံတွင် လုပ်ငန်း ဆက်လက် ဆောင်ရွက်ရန် မည်သို့ခွင့်ပြုပေးခဲ့သည်ကို ရှင်းပြရန် တောင်းဆိုသော စာတစောင် ရောက်လာခဲ့သည်။

The Australian သတင်းစာက ပထမဆုံးအဖြစ် သတင်းဖော်ပြခဲ့သော အဆိုပါစာကို သြစတြေးလျ အလုပ်သမား သမဂ္ဂများ ကောင်စီ၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး ကောင်စီ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ ပြည်ပ အကူအညီ ပေးရေးသမဂ္ဂနှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ညွန့်ပေါင်းအဖွဲ့ တခု ဖြစ်သည့် Publish What You Pay က ပေးပို့ခဲ့ခြင်း ဖြစ်သည်။

Woodside ၏ ရှာဖွေရေး ကန်ထရိုက်များနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ပေးရန်လည်း အဆိုပါ အဖွဲ့များက တောင်းဆိုထားသည်။ အဆိုပါ ကန်ထရိုက်စာချုပ်များတွင် ယခုအခါ အစိုးရဌာနများနှင့် ပိုင်ဆိုင်မှုများ အားလုံးကို ထိန်းချုပ်ထားသည့် စစ်အစိုးရကို ပေးရန် တာဝန်ရှိသည့် စာပိုဒ်များ ပါဝင်နေနိုင်သောကြောင့် ဖြစ်သည်။

သြစတြေးလျနှင့် မြန်မာနိုင်ငံတို့တွင် ဖိအား များပြားလာပြီးနောက် Woodside ၏ ဆုံးဖြတ်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်ဟု Publish What You Pay ၏ အမျိုးသားအဆင့် ဒါရိုက်တာ Clancy Moore က ပြောသည်။

“မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ သတ္တုတူးဖော်ရေး၊ သဘာဝဓာတ်ငွေ့ သို့မဟုတ် ရေနံကုမ္ပဏီ မှန်သမျှဟာ မြန်မာစစ်တပ်ရဲ့ အုပ်ချုပ်မှုကို တရားဝင်ဖြစ်စေမယ့် အန္တရယ် ရှိပါတယ်” ဟု သူက ဆိုသည်။

“Woodside ၏ ဦးဆောင်မှုကို လိုက်ကြဖို့နဲ့ စစ်ဗိုလ်ချုပ်တွေအစား မြန်မာပြည်သူ တွေကို ရွေးချယ်ကြဖို့ အခြား ဓာတ်ငွေ့ နဲ့ သတ္တုတူးဖော်ရေး ကုမ္ပဏီ တွေကို ကျနော် တို့ တောင်းဆိုလိုက်ပါတယ်။”

နိုင်ငံစုံ ကုမ္ပဏီများဖြစ်သော Chevron ၊ Total နှင့် သြစတြေးလျ ကုမ္ပဏီများဖြစ်သော Myanmar Metals၊ Transcontinental Group၊ ROC နှင့် Tap Oil တို့ က မြန်မာနိုင်ငံတွင် ဆက်လက်လုပ်ကိုင်နေကြောင်း Clancy Moore က ပြောသည်။

ကိုးကား။ ။ The Guardian

You may also like these stories:

တိုယိုတာ စက်ရုံသစ်ဖွင့်ရန် အစီအစဉ် ဆိုင်းငံ့

ကမ္ဘာ့ဘဏ်က မြန်မာကို ပေးရန်ရှိသည်များ ဆိုင်းငံ့ထား

စစ်အာဏာသိမ်းမှုက စီးပွားရေးလုပ်ငန်းများအတွက် မိုင်းကွင်းတခုဖြစ်လာ

Your Thoughts …
Tags: Woodside ကုမ္ပဏီတပ်မတော်ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးဩစ‌တြေးလျ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.2k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

စွမ်းသေးရဲ့လား

စွမ်းသေးရဲ့လား

by မသီတာ(စမ်းချောင်း)
7 April 2025
3.1k

တပ်ထဲက တပ်မှူး၊ တပ်သား လူစွမ်းကောင်းတွေ လိုနေပါတယ်။

၂၀၂၀ နိုဝင်ဘာ လပြည့်ည အင်းလျားကန်ဘောင်ပေါ်တွင် အပန်းဖြေနေကြသူများ / ဧရာဝတီ

အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ

by ပေါ်ထွန်း
15 January 2022
53.1k

သူများနှင့် မတူသည်က သူသည် အိမ် ၂ လုံး ပိုင်ဆိုင်ထားသည်။

ဒီအချိန်က ဘုရားထီးသွားတင်နေရမယ့် အချိန်မဟုတ်ဘူး  (ရုပ်/သံ)

ဒီအချိန်က ဘုရားထီးသွားတင်နေရမယ့် အချိန်မဟုတ်ဘူး (ရုပ်/သံ)

by ဧရာဝတီ
12 April 2025
3k

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ၊ သား အောင်ပြည်စုံ၊ သမီး ခင်သိရီသက်မွန် တို့နဲ့အတူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာရှိတဲ့ “ရွှေဘုန်းပွင့်” စေတီတော်ကို ဧပြီလ ၁၁ ရက်နေ့က မိသားစုလိုက် ရွှေထီးတော်တင်အခမ်းအနားကျင်းပခဲ့ပါတယ်။

တပ်မတော် စစ်သမိုင်း ပြတိုက်တွင် တွေ့ ရသည့် စစ်ရာထူးခန့်ထားသည့် ဇယား

တပ်မတော် ထိပ်ပိုင်းရာထူး အပြောင်းအလဲ မျိုးဆက်သစ် အရာရှိများ နေရာပေးခံရ

by ထက်နိုင်ဇော်
8 May 2020
169.5k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၅ မှဖြစ်ပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး(မန္တလေး) မဖြစ်မီ စစ်ဦးစီး အရာရှိ ဗိုလ်မှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ တဦးဖြစ်သည်။

ထောင်အိပ်မက်တွေ အမြဲမက်နေသူ ပါမောက္ခ ရှောင်တာနဲလ်

ထောင်အိပ်မက်တွေ အမြဲမက်နေသူ ပါမောက္ခ ရှောင်တာနဲလ်

by Mazoe Ford
15 November 2023
2.8k

မြန်မာမှ ဆိုးရွားလှသော အခြေအနေကို ယူကရိန်းစစ်ကဲ့သို့ ပိုမိုအာရုံစိုက်ရန်ကိုလည်း ပါမောက္ခ ရှောင်တာနဲလ်က လိုလားသည်။

Next Post
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်အာဏာသိမ်းမှု ကျဆုံးရမည်ဟု မိန့်ခွန်းပြောကြားခဲ့စဉ်

အာဏာသိမ်း စစ်ကောင်စီက ဦးကျော်မိုးထွန်းကို တာဝန်မှ ထုတ်ပယ်

ဖေဖော်ဝါရီ ၁၁ ရက်နေ့က အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့တဲ့ အနုပညာရှင်များ  / ဧရာဝတီ

“ပြည်သူတွေကို ပစ်ခတ်တာ ရှုတ်ချတယ်”လို့ အနုပညာရှင်များ ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.3k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate