• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းရန် ဦးကျော်မိုးထွန်း တိုက်တွန်း

by ဧရာဝတီ
7 April 2021
in စီးပွားရေး
A A
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်း / CNN

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်း / CNN

9.7k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသော နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ရွေးကောက်ခံအစိုးရကို ပြန်လည်ပေါ်ပေါက်လာသည်အထိ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ချက်ခြင်းရပ်ဆိုင်းထားသင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်းပြောသည်။

စစ်ကောင်စီ၏ အမိန့်များကို လွန်ခဲ့သော တလကအာခံခဲ့ပြီး စစ်အာဏာသိမ်းခြင်းကို ကုလသမဂ္ဂ အထွေထွေညီလာခံတွင် လုံးဝရှုတ်ချခဲ့သော မြန်မာသံအမတ်က ဂျပန်သတင်းဌာန Nikkei Asia ကို လွန်ခဲ့သည့်အပတ်က ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

RelatedPosts

တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

17 June 2025
1.3k
ဒီမိုကရက် အုပ်ချုပ်သောမြို့များတွင် ပြည်နှင်ဒဏ်ပေးခြင်း တိုးချဲ့ရန် ထရမ့် ညွှန်ကြား

ဒီမိုကရက် အုပ်ချုပ်သောမြို့များတွင် ပြည်နှင်ဒဏ်ပေးခြင်း တိုးချဲ့ရန် ထရမ့် ညွှန်ကြား

16 June 2025
636
၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

16 June 2025
645

“အချိန်ဟာ မြန်မာပြည်သူတွေအတွက် အရမ်းကိုအရေးကြီးတယ်။ ကျနော်တို့အနေနဲ့ အပြစ်မဲ့တဲ့ အရပ်သားတွေရဲ့ အသက်ကိုကယ်ဖို့လိုတယ်။ ဒါကြောင့်မို့လို့ အကြမ်းဖက်မှုတွေကို ရပ်ပြီး မြန်မာပြည်သူတွေကို ကာကွယ်ဖို့ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ တတ်နိုင်သမျှ အပြင်းထန်ဆုံး အစီအမံကို လုပ်ဖို့ ကျနော်တို့ ဆက်လက်တိုက်တွန်း နေရတာဖြစ်တယ်” ဟု သူပြောသည်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာရှင်စနစ်၏ သားကောင်ဘဝကျရောက်ပြီးနောက် မြန်မာနိုင်ငံ၏အကျပ်အတည်းသည် ပိုမိုပြင်းထန်လာသည်။ ကလေးများအပါအဝင် အရပ်သားများကို စစ်ကောင်စီ၏ မကြာသေးမီကသတ်ဖြတ်မှုများသည် နိုင်ငံတကာ အသိုက်အဝန်းထံမှဝေဖန်ရှုတ်ချမှုများနှင့် အရေးယူပိတ်ဆို့မှုသစ်များကို နောက်တကျော့ ဖြစ်ပေါ်စေခဲ့သည်။

Nikkei သတင်းတွင် ဦးကျော်မိုးထွန်းက နိုင်ငံတကာအသ်ိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများကို စစ်တပ်က ကျူးလွန်နေသည့် လူသားမျိုးနွယ်အပေါ် ကျူးလန်နေသည့် ရာဇဝတ်မှုများမှ အကာအကွယ် ချက်ခြင်း ပေးရန် မေတ္တာရပ်ခံသည်။

ထိုသို့အကာအကွယ်ပေးရာတွင် လူသားချင်းစာနာမှုအကူအညီများ၊ နိုင်ငံအတွင်းလေကြောင်း မပျံသန်းရဇုန်များ ထူတောင်ခြင်း၊ စစ်ကောင်စီသို့ ငွေကြေးစီးဆင်းမှုကို ဖြတ်တောက်ခြင်းနှင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဆိုင်းငံ့ခြင်းများပါဝင်ပြီး ထိုအချက်များကို မတ်လ ၂၉ ရက်နေ့က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံ ပေးပို့သောစာတွင် ဖေါ်ပြထားကြောင်းလည်း သိရသည်။

ကျယ်ပြန့်သော စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများသည် မြန်မာပြည်သူများ၏ ဘဝသာယာစိုပြေမှုကိုလည်း ထိခိုက်စေနိုင်သည်ဆိုသည့် နိုင်ငံတကာလေ့လာသူများ၏ ပူပန်မှုများနှင့်ပတ်သက်ပြီး ပြောကြားရာတွင် ဦးကျော်မိုးထွန်းက မြေပြင်အခြေအနေ၏ အရေးပေါ်လိုအပ်ချက်နှင့် လေးနက်ပြင်းထန်မှုကို ထောက်ပြသည်။

“နောက်ဆက်တွဲသက်ရောက်မှုဆိုကတော့ ရှိမှာပဲ။ ဒါကြောင့် ကျနော်တို့တောင်းဆိုတာက အဲဒါကို အနည်းဆုံး ဖြစ်အောင်လုပ်ဖို့ပဲ” ဟု သူပြောသည်။ “ဒါပေမယ့် တချိန်တည်းမှာပဲ ကျနော်တို့ ရင်ဆိုင်နေရတဲ့ အခြေအနေကို ကြည့်လိုက်ရင် ပြည်သူတွေက ပစ်သတ်ခံနေရတယ်။ အငြင်းပွားဖွယ်ရာ ဖမ်းဆီးခံနေရတယ်။ရိုက်နှက်ကန်ကျောက်ခံနေရတယ်” ဟု သူပြောသည်။

နှိုင်းယှဉ် စဉ်းစားရမည့်အချက်မှာ စီးပွားရေးထိခိုက်မှုနှင့် အသက်များကို ကယ်ဆယ်ရန် လိုအပ်ခြင်းဖြစ်ကြောင်း သူပြောပြီး စီးပွားရေးထိခိုက်မှုကို နောက်ပိုင်းတွင် ဖြေရှင်းနိုင်ကြောင်း သူပြောသည်။

ဆန့်ကျင်ကန့်ကွက်မှုများနှင့် စစ်ကောင်စီ ခေါင်းဆောင်ပိုင်း၏ သွေးချောင်းစီးသော ဖြိုခွဲမှုများအကြား မြန်မာ့စီးပွားရေးသည် ဆုတ်ပြတ်သပ်ပြီး ဖြစ်နေကြောင်းသူပြောသည်။

ဂျပန်အစိုးရအပါအဝင် နိုင်ငံတကာ အသိုက်အဝန်း၏ ထောက်ခံမှုများကို ကျေးဇူတင်ကြောင်း မြန်မာအထူးသံတမန်ကပြောကြားပြီး နှစ်နိုင်ငံအကြား ရှည်လျှားလှသည့် ဆက်ဆံရေးနှင့် ရင်းနှီးကျွမ်းဝင်မှု သမိုင်းကို ထောက်ပြသည်။

သို့သော် တချိန်တည်းတွင် ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံ၏ မိတ်ဆွေဟောင်းများထံမှ ပိုမိုပြင်းထန်သော အရေးယူမှုများကို မျှော်လင့်နေသည်။

“ဂျပန်ဟာ မြန်မာနိုင်ငံမှာ ထိပ်တန်းရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတခုဖြစ်တာကြောင့် ဒါကို ပြန်လည်သုံးသပ်ပြီး နိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိတဲ့အချိန်အထိ စီးပွားရေးအချိတ်အဆက်တွေကို ဆိုင်းငံ့ထားပေးပါ။ ပြီးတော့ ဘဏ်လုပ်ငန်းကဏ္ဍကလည်း ဒီလိုလုပ်ဖို့လိုတယ်။ စစ်ကောင်စီဆီကို ဘဏ္ဍာရေးစီးဆင်းမှုတွေကို ကြည့်ကြပါ။ ဒါကို ဖြတ်တောက်ဖို့ လိုတယ်” ဟုလည်း သူပြောသည်။

မြန်မာနိုင်ငံ အကျပ်အတည်းနှင့်ပတ်သက်သည့် ဝါရှင်တန်၏ အခန်းကဏ္ဍကိုလည်း ဦးကျော်မိုးထွန်းက အလေးထားပြောကြားပြီး မကြာသေးမီက မြန်မာနှင့် ကုန်သွယ်ရေး ထိတွေ့မှုအားလုံး ဆိုင်းငံ့လိုက်ခြင်း အပါအဝင် လက်ရှိအချိန်အထိ ချမှတ်ပြီးဖြစ်သော အရေးယူပိတ်ဆို့မှုများကို ချီးကျူးပြောဆိုသည်။

မြန်မာနိုင်ငံနှင့် အမေရိကန်၏ ကုန်သွယ်ရေးစီးဆင်းမှုသည် နှိုင်းယှဉ်ချက်အားဖြင့် အကန့်အသတ်ဖြင့်သာ ရှိသည်။ သို့သော် အမေရိကန်ပြည်ထောင်စုက ချမှတ်သည့် မည်သည့်အရေးယူဆောင်ရွက်မှုမဆိုသည် အခြားနိုင်ငံများ လိုက်လံလုပ်ဆောင်ရမည့် ခိုင်မာသော ဥပမာဖြစ်သောကြောင့် ဝါရှင်တန်၏ တုံ့ပြန်မှုများသည် အရေးကြီးကြောင်း ဦးကျော်မိုးထွန်းပြောသည်။

ဘေ့ဂျင်းသည် မြန်မာစစ်ကောင်စီ ဘက်လိုက်သည်ဆိုသည့် မြန်မာပြည်သူများ၏ အမြင်ရှိကြောင်း ဦးကျော်မိုးထွန်းက တရုတ်နိုင်ငံနှင့် ပတ်သက်ပြီးထောက်ပြသည်။

“ဒါကြောင့်မို့လို့ အခုအချိန်ဟာ ဘေ့ဂျင်းအနေနဲ့ စစ်ကောင်စီဘက်ကမလ်ိုက်ဘဲ ပြည်သူဘက်က လိုက်တယ်ဆိုတာကို ပြသဖို့ အကောင်းဆုံးအချိန်ဖြစ်တယ်လို့ ကျနော်ထင်တယ်” ဟု သူပြောသည်။

ထိုရည်မှန်းချက်အောင်မြင်ရန်အတွက် ဘေ့ဂျင်းသည် စစ်အာဏာသိမ်းမှုနှင့် စစ်ကောင်စီက ကျူးလွန်သည့် အကြမ်းဖက်မှုများကို ရှုတ်ချကာ စစ်ကောင်စီကို အသိအမှတ်မပြုဘဲ စစ်ကောင်စီနှင့် စစ်ရေးအရ၊ စီးပွားရေးအရ၊ သံတမန်ရေးအရ ဆက်ဆံရေး ရပ်ဆိုင်းရမည်ဖြစ်ကြောင်း သူပြောသည်။

မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နေသာ ASEAN ၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး ဦးကျော်မိုးထွန်းက ” ASEAN ရဲ့အခန်းကဏ္ဍကို ကျနော်တို့က လေးစားတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ အခုလို ခက်ခဲတဲ့အချိန်မှာ ASEAN က ဘယ်လောက်ပဲ ကူညီနိုင်မယ်ဆိုတာနဲ့ပတ်သက်ပြီး ကျနော်တို့ လက်တွေ့ကျကျ နားလည်ရမယ်” ဟု ပြောသည်။

အင်အားကြီးနှစ်နိုင်ငံအကြားတွင် နက်ရှိုင်းသော တင်းမာမှုများရှိနေသော်လည်း အမေရိကန်နှင့်တရုတ်သည် ASEAN ၏ ထောက်ခံမှုဖြင့် ပူးပေါင်းအားထုတ်နိုင်မည်ဟု မျှော်လင့်ကြောင်း သူပြောသည်။

စစ်အာဏာသိမ်းမှုကို စစ်အာဏာသိမ်းမှုဟု မခေါ်သည့် လုံခြုံရေးကောင်စီ၏ ကြေညာချက်နှင့်ပတ်သက်ပြီး ကျေနပ်မှု ရှိမရှိမေးသောအခါ ဦးကျော်မိုးထွန်းက ထိုကဲ့သို့သော စကားလုံးများသည် အဖွဲ့ဝင်နိုင်ငံအားလုံး သဘောတူရန်လိုသည့် ထုတ်ပြန်ကြေညာချက်များတွင် ပါဝင်ရန် ခက်ခဲသည်ကို သူနားလည်ကြောင်း ပြောသည်။

ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံတွင် သမိုင်းဝင်မိန့်ခွန်းပြောကြားရာတွင် ဦးကျော်မိုးထွန်းက အခြားအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်ကောင်စီကို ဆန့်ကျင်ရန်နှင့် မြန်မာပြည်သူများကိုကာကွယ်ရန် မည်သည့်နည်းလမ်းကိုမဆို သုံးရန် ဦးကျော်မိုးထွန်း တောင်းဆိုပြီး စစ်အာဏာသိမ်းမှု ကျဆုံးရမည်ဖြစ်ကြောင်းပြောသည်။

မြန်မာနိုင်ငံအကျပ်အတည်းအပေါ် အများဆုံးသက်ရောက်မှုရှိရန် ထိုအခွင့်အလမ်းကို အသုံးချရမည်ဟု ထင်သောကြောင့် ဦးကျော်မိုးထွန်းသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ္စတင်း ရှရနာ ဘာဂနာနှင့် ဆက်သွယ်ပြီး သူမ၏ပြောဆိုချက်သည် အတတ်နိုင်ဆုံး ပြင်းထန်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ထိုနေ့တွင် ဘာဂနာက ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် စစ်ကောင်စီကို တရားဝင်မှု၊ အသိအမှတ်ပြုမှု မပေးရန် နိုင်ငံများကို တိုက်တွန်းပြီး ထိုစစ်အာဏာသိမ်းမှုသည် နိုင်ငံ၏ ဖွဲ့စည်းပုံကို အတိအလင်း ချိုးဖေါက်ကြောင်းပြောသည်။

သူ၏ ကုလသမဂ္ဂ ရာထူးမှ နုတ်ထွက်ရန် ဦးကျော်မိုးထွန်းကို စစ်ကောင်စီကပြောသော်လည်း ဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရာထူးတွင်သာ ဆက်လက်ရှိနေသည်။

“ကျနော့်ကို ရွေးကောက်ခံအစိုးရက ခန့်အပ်ထားတာဖြစ်တယ်။ ဒါကြောင့် ကျနော့်ကို ဖြုတ်ချနိုင်တဲ့ တခုတည်းသော နည်းလမ်းက ရွေးကောက်ခံအစိုးရက ဖြုတ်ချတာပဲဖြစ်တယ်” ဟု Nikkei သို့ သူပြောသည်။ ကုလသမဂ္ဂအိမ်ရှင်နိုင်ငံအဖြစ် အမေရိကန် နိုင်ငံနှင့် ထိုနိုင်ငံရှိ မြန်မာအသိုင်းအဝိုင်း၏ ထောက်ခံမှုကြောင့် သူ၏လုံခြုံရေးကို သူစိတ်မပူကြောင်းပြောသည်။

ကိုးကား။ ။ Nikkei Asia

You may also like these stories:

ဂျပန်အစိုးရ ငွေစိုက်ထုတ်သည့် ဟိုတယ်က စစ်တပ်သို့ မြေငှားခပေးနေသောအခါ

အိန္ဒိယ Adani အုပ်စုက ဆိပ်ကမ်းငှားခ စစ်တပ်သို့ ဒေါ်လာ သန်း၃၀ ပေး

မြန်မာ့စီးပွားရေး ၁၀ ရာခိုင်နှုန်းကျမည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း

သယံဇာတမှ ရငွေများ စစ်ကောင်စီထံ မရောက်ရေး CRPH ကြိုးပမ်း

Your Thoughts …
Tags: FDINikkei Asiaကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရပ်ဆိုင်းရန် တိုက်တွန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီ ဘဏ္ဍာရေးနှင့် စိတ်ဓာတ်ကျဆင်းခြင်းကို တရုတ်အကူအညီလည်း မကယ်နိုင်

စစ်ကောင်စီ ဘဏ္ဍာရေးနှင့် စိတ်ဓာတ်ကျဆင်းခြင်းကို တရုတ်အကူအညီလည်း မကယ်နိုင်

by Zachary Abuza
16 December 2024
9.6k

စစ်ကောင်စီအတွက် ဘဏ္ဍာရေးကျပ်တည်းနေပြီး နိုင်ငံခြားငွေ အမြဲတမ်း မလုံမလောက်ဖြစ်နေသည်။

အာဏာသိမ်းပြီး ၃ နှစ်အကြာ စစ်ကောင်စီ အလားအလာ

အာဏာသိမ်းပြီး ၃ နှစ်အကြာ စစ်ကောင်စီ အလားအလာ

by Aidan Jones နှင့် Khu Sam
3 February 2024
6.8k

အာဏာသိမ်းပြီး သုံးနှစ်ကြာသောအခါ မြန်မာစစ်ကောင်စီနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် ဘောင်ကျဉ်းလာပြီ ဖြစ်သည်။

တရုတ်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဆုံးရှုံးရန် စစ်ကောင်စီ အပြင်းအထန် ကြိုးစားနေ

တရုတ်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဆုံးရှုံးရန် စစ်ကောင်စီ အပြင်းအထန် ကြိုးစားနေ

by ဧရာဝတီ
4 April 2024
6.3k

ကျောက်ဖြူဆိပ်ကမ်းသည် ရခိုင်ကမ်းခြေမှ တရုတ်နိုင်ငံတောင်ပိုင်းကို ဆက်သွယ်ထားသော ၉၇၃ ကီလိုမီတာ ရှည်သည့် တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ စတင်သော နေရာလည်းဖြစ်သည်။

ထပ်ပြီး ရက်စက်ကြမ်းကြုတ်ဖို့ စစ်ကောင်စီ ကြံနေသည်

ထပ်ပြီး ရက်စက်ကြမ်းကြုတ်ဖို့ စစ်ကောင်စီ ကြံနေသည်

by Zachary Abuza
29 June 2024
4.8k

ပဋိပက္ခနောက်တဆင့်တွင် စစ်ကောင်စီသည် အနေအထားကောင်းရန် မည်သည်တို့ လုပ်နေသည်ကို လေ့လာရန်လည်း အရေးကြီးသည်။

ဖယ်ဒရယ်ယူနစ်များ နိုင်ငံရေးဘောဂစနစ်သစ် အစားထိုး တည်ဆောက်ရန် လိုသည်

ဖယ်ဒရယ်ယူနစ်များ နိုင်ငံရေးဘောဂစနစ်သစ် အစားထိုး တည်ဆောက်ရန် လိုသည်

by ခင်ဦး
22 December 2023
4.5k

ဒီစစ်တပ်ထိန်းချုပ်တဲ့ နိုင်ငံရေးဘောဂစနစ်ကြောင့် နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု ရရှိနိုင်တဲ့ အလားအလာ (economic potential) ကို အပြည့်အဝ မရရှိခဲ့ပါဘူး။

မြန်မာ့ဓာတ်ငွေ့သိုက်များ ကုန်ခန်းတော့မည်

မြန်မာ့ဓာတ်ငွေ့သိုက်များ ကုန်ခန်းတော့မည်

by Guillaume de Langre
2 August 2024
4.5k

ပြည်နယ်များကို လုပ်ပိုင်ခွင့်ပေးပြီး ဘုံအကျိုးစီးပွားမှ ပေါင်းစည်းခြင်းကို အားပေးကာ စွမ်းအင်သည် ဖက်ဒရယ်စနစ် တည်ဆောက်သည့် မဏ္ဍိုင်များအနက် တခုဖြစ်သင့်သည်။

Next Post
စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့နယ်

ပင်လယ်ဘူးမြို့ ဒေသခံများ မြို့လုံးကျွတ်နီးပါး နေရပ်စွန့်ခွာ တိမ်းရှောင်

မြန်မာစစ်တပ်နှင့် အဆက်အသွယ်ဖြတ်ရန် POSCO ကို တောင်းဆိုထားသော ဆိုင်းပုတ် / Justice for Myanmar

မြန်မာစစ်တပ်နှင့် အဆက်ဖြတ်ရန် တောင်ကိုးရီးယား POSCO ဖိအားပေးခံနေရ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

3 days ago
5.6k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • ဒီမိုကရက် အုပ်ချုပ်သောမြို့များတွင် ပြည်နှင်ဒဏ်ပေးခြင်း တိုးချဲ့ရန် ထရမ့် ညွှန်ကြား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate