• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ပြင်သစ် Total ကုမ္ပဏီ ဓာတ်ငွေ့ဆက်ထုတ်ပြီး အခွန် ဆက်ဆောင်မည်

by ဧရာဝတီ
8 April 2021
in စီးပွားရေး
A A
အခွန်နှင့် တူညီသော ပမာဏအတိုင်း လူ့အခွင့်အရေး အဖွဲ့အစည်းများသို့ Total က လှူဒါန်းသွားမည်ဟု Total က ထပ်‌ပြောသည် 

အခွန်နှင့် တူညီသော ပမာဏအတိုင်း လူ့အခွင့်အရေး အဖွဲ့အစည်းများသို့ Total က လှူဒါန်းသွားမည်ဟု Total က ထပ်‌ပြောသည် 

13.4k
VIEWS
Share on FacebookShare on Twitter

ပြင်သစ် ‌အဓိက ရေနံကုမ္ပဏီကြီးတခုဖြစ်သည့် Total SE အ‌နေဖြင့် ၎င်း၏ အလုပ်သမားများကို အဓမ္မအလုပ်ခိုင်းစေခြင်းမှ ကာကွယ်ရန်နှင့် လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုကို ထိန်းသိမ်းထားနိုင်ရန် မြန်မာနိုင်ငံတွင် ဓာတ်ငွေ့များ ဆက်လက်ထုတ်လုပ်၍ စစ်အစိုးရသို့ အခွန်များ ဆက်လက် ပေးနေရဦးမည် ဖြစ်ကြောင်း အမှုဆောင် အရာရှိချုပ် Patrick Pouyanne က Le Journal du Dimanche သတင်းစာမှ ဆောင်းပါးတခုတွင် ရေးသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းခဲ့သော စစ်တပ်သို့ ရန်ပုံငွေ ထောက်ပံ့ခြင်း မပြုရန် တောင်းဆိုကြသည့် အချိန်တွင် Total က အ‌နောက်ဘက်ကမ်းလွန်တွင် ဓာတ်ငွေ့ တိုးချဲ့ထုတ်ဖော်ခြင်းနှင့် တွင်းများ တူးဖော်ရေး လှုပ်ရှားမှုကိုလည်း ရပ်ဆိုင်းခဲ့သည်ဟု Patricစk Pouyanne က ပြောသည်။ အခွန်နှင့် တူညီသော ပမာဏအတိုင်း လူ့အခွင့်အရေး အဖွဲ့အစည်းများသို့ Total က လှူဒါန်းသွားမည်ဟု သူက ထပ်‌ပြောသည်။

RelatedPosts

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
384
အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

20 June 2025
838
ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

19 June 2025
2.7k

နိုင်ငံရေးအခြေအနေများကို ဆန့်ကျင်ဆန္ဒ ပြသည့်အနေဖြင့် ဓာတ်ငွေ့ထုတ်လုပ်မှုကို ရပ်တန့်လိုက်ခြင်းက အလုပ်သမားများအတွက် “ဆိုးရွားသော အခြေအနေ” တခု ကိုဖြစ်စေလိမ့်မည်ဟု အမှုဆောင် အရာရှိချုပ်က သူ၏ ဆောင်းပါးတွင် ဧပြီလ ၄ ရက်နေ့က ရေးသည်။

Total က ထိုဆုံးဖြတ်ချက် ချမှတ်ရခြင်းသည် ” ကျနော်တို့က ကျနော်တို့ရဲ့ အမြတ်အစွန်းကို ဆက်လက် ထိန်းသိမ်းချင်လို့၊ စစ်အစိုးရကို အခွန်ဆက်လက်ပေးချင်လို့ မဟုတ်ပါဘူး။ ကျနော်တို့ အတွက် အလုပ်လုပ်နေတဲ့ အလုပ်သမားတွေ၊ မန်နေဂျာတွေရဲ့ ဘေးကင်းလုံခြုံမှုကို အာမခံချက် ပေးနိုင်ဖို့၊ သူတို့တွေ ထောင်ချခံရခြင်း သို့မဟုတ် အဓမ္မ အလုပ်စေခိုင်းခံရခြင်း ကနေ ကာကွယ်ပေးဖို့ နဲ့ လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် ပြည်သူ သန်း ပေါင်းများစွာရဲ့ လူနေမှု ဘဝတွေ ထပ်ပြီး ဆိုးရွားမသွားအောင် ရှောင်ရှားဖို့ ဖြစ်ပါတယ်” ဟု Patrick Pouyanne ကပြော သည်။

Total က မြန်မာနိုင်ငံတွင် ၁၉၉၂ ခုနှစ် ကတည်းက ရှိနေခဲ့ပြီး လူ ၂၅၀ ခန့်ကို အလုပ်ပေးထားသည်။ ထုတ်လုပ် ရေး ကန်ထရိုက်စာချုပ်ဖြင့် Total က လုပ်ကိုင်နေသည့် ရတနာ ကမ်းလွန် သဘာဝ ဓာတ်ငွေ့တွင်းက လူဦးရေ ၅ သန်းခန့် နေထိုင်သော ရန်ကုန်မြို့တော်၏ တဝက်ခန့်ကို လျှပ်စစ်ဓာတ်အား ပေးထားပြီး ဓာတ်ငွေ့ အများစု တင်ပို့ရာ နေရာဖြစ်သော ထိုင်းနိုင်ငံ အနောက်ပိုင်းကို ဓာတ် ငွေ့ ထောက်ပံ့ ပေးနေသည်။

ပြီးခဲ့သည့် ဆယ်စုနှစ် ၃ ခုအတွင်း မြန်မာနိုင်ငံက Royal Dutch Shell Plc ၊ Total ၊ Woodside Petroleum Ltd ၊ China Petroleum Corp ၊ Reliance Industries Ltd နှင့် Eni SpA တို့အပါအဝင် ကုမ္ပဏီကြီးများသို့ ကမ်းလွန် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ကွက် ၃၈ ခု ချထားပေးခဲ့ ကြောင်း မြန်မာနိုင်ငံ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြချက်အရ သိရသည်။

ဘဏ်စနစ်က အလုပ်မလုပ်တော့သဖြင့် ဖေဖော်ဝါရီလ စစ်အာဏာ သိမ်းချိန်မှ စ၍ Total က စစ်အစိုးရသို့ အခွန်တိုက်ရိုက် မပေးခဲ့ရကြောင်း Patrick Pouyanne က ပြောသည်။ သို့သော်လည်း ဘဏ်စနစ် ပြန်လည် တည်ထောင်ပြီးသည့် အချိန်ရောက်လျှင် ကုမ္ပဏီ အနေဖြင့် အဆိုပါ အခွန်ကို ဖြတ်တောက်လိုပါက ဓာတ် ငွေ့ ထုတ်လုပ်မှုကို ရပ်ဆိုင်းရမည် ဖြစ်သည်။

ဓာတ်ငွေ့သည် နိုင်ငံအနောက်ပိုင်းတွင် နေထိုင်သည့် သူတို့၏ ပြည်သူများအတွက် အရေးပါသည့် စွမ်းအင်အရင်းအမြစ်တခု ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက Total သို့ ပြောကြားခဲ့သည်ဟု သူကဆိုသည်။ ဓာတ်ငွေ့ တင်ပို့ရောင်းချမှုမှ အခွန်အများစုသည် ထိုင်းနိုင်ငံမှ ရေနံကုမ္ပဏီဖြစ်သည့် PTT Pcl ထံမှ လာခြင်းဖြစ်သည်ဟု သူက ထပ်ပြောသည်။

Total က မြန်မာနိုင်ငံသို့ ပေးရန်ရှိသည့် လစဉ် အခွန် အမေရိကန်ဒေါ်လာ ၄ သန်းကို ရှောင်ရှားရန် စဉ်းစားခဲ့သေးသော်လည်း ထိုသို့ပြုလုပ်ခြင်းက ပြည်တွင်း မန်နေဂျာများကို ထောင်ကျစေလိမ့်မည်ဟု Patrick Pouyanne က ပြောသည်။

Electricite de France SA က ဦးဆောင်သည့် အဖွဲ့တခုက လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်စရာများကို အကြောင်းပြ၍ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် စီမံကိန်းတခု အကောင်အထည် ဖော်ရေးကို ပြီးခဲ့သည့် လက ဆိုင်းငံ့ခဲ့သည်။ အဆိုပါစီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှုအတွက် အပြီးသတ် ဆုံးဖြတ်ချက် မချမှတ်ရသေးပါ။

ကိုးကား။ ။ Bloomberg

You may also like these stories:

မြန်မာစစ်တပ်နှင့် အဆက်ဖြတ်ရန် တောင်ကိုးရီးယား POSCO ဖိအားပေးခံနေရ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းရန် ဦးကျော်မိုးထွန်း တိုက်တွန်း

အိန္ဒိယ Adani အုပ်စုက ဆိပ်ကမ်းငှားခ စစ်တပ်သို့ ဒေါ်လာ သန်း၃၀ ပေး

ရဲတံခွန် ဂတ်စ်ထုတ်လုပ်ရေး မလေးရှား Petronas ရပ်ဆိုင်း

Your Thoughts …
Tags: ပြင်သစ် Total ကုမ္ပဏီလူ့အခွင့်အရေးအာဏာသိမ်း စစ်တပ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

by ဥသြ
30 October 2024
16k

မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ကိုယ်စားပြုတယ်ဆိုတာ ဝတ်စုံလှလှလေးဝတ်ပြီး စင်မြင့်ပေါ်မှာ လမ်းလျှောက်ပြတာထက် အများကြီး ပိုပါတယ်။

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

by ခင်နဒီ
7 February 2024
10.1k

မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

မြန်မာစစ်ကောင်စီနှင့် ထရမ့် ထိတွေ့ဆက်ဆံမည်‌လော

မြန်မာစစ်ကောင်စီနှင့် ထရမ့် ထိတွေ့ဆက်ဆံမည်‌လော

by Bertil Lintner
15 March 2025
6k

မေးစရာရှိသည်မှာ သမ္မတ ထရမ့်သည် ခြေတလှမ်းတိုးပြီး စစ်ကောင်စီနှင့် စတင် “ထိတွေ့ဆက်ဆံမည်လား” ဆိုသည့် မေးခွန်း ဖြစ်သည်။

NUG ကိုယ်တွင်းက နတ်ဆိုး

NUG ကိုယ်တွင်းက နတ်ဆိုး

by David Scott Mathieson
7 March 2024
5.8k

NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန (MOHAI) ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနမှတဆင့် လွန်စွာ စိုးရိမ်စရာကောင်းသည့် ကြေညာချက်တစောင်ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

by ငြိမ်းငြိမ်း
25 October 2024
5.7k

ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက သူ့မိခင်၏ ကျန်းမားရေးနှင့် ဘာမှမသိရဘဲ ချုပ်နှောင်ထားခံရခြင်းတို့အတွက် သူ၏ စိုးရိမ်ပူပန်မှုများကို ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။

မြန်မာပြည်တွင်းစစ် မည်သို့ အဆုံးသတ်မည်နည်း

by Koh Ewe
7 November 2024
5.6k

နိဂုံးသည် မနီးကပ်သေးသော်လည် ရှင်းလင်းထင်ရှားသည်ဟု ၂၀၂၁ ခုနှစ်တွင် မြန်မာ စစ်အာဏာသိမ်းမှုဖြင့် အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် မြန်မာ့ပြည်တွင်းစစ်ကို အနီးကပ်လေ့လာနေသူများက ပြောသည်။

Next Post
သရုပ်ဆောင် ပိုင်တံခွန်  / Paing Takhon’s Facebook

စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ ပိုင်တံခွန် ကျန်းမာရေး ဆိုးရွားနေ

၂၀၁၉ ခုနှစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် နေရိန်ဒြာမိုဒီ တွေ့ဆုံစဉ်

အိန္ဒိယရဲ့ မြန်မာအပေါ်ရပ်တည်ချက် ဒီမိုကရေစီရေးအတွက်တဲ့လား

No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

7 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.5k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate