• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ဦးပိုင်နှင့် MEC ကို ဥရောပသမဂ္ဂ အရေးယူပိတ်ဆို့တော့မည်

by ဧရာဝတီ
16 April 2021
in စီးပွားရေး
A A
နေပြည်တော်တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က စစ်အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားသူများကို အကြမ်းဖက်နှိမ်နင်းအပြီး တွေ့ရသော စစ်သားများ/ဧရာဝတီ

နေပြည်တော်တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က စစ်အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားသူများကို အကြမ်းဖက်နှိမ်နင်းအပြီး တွေ့ရသော စစ်သားများ/ဧရာဝတီ

27.7k
VIEWS
Share on FacebookShare on Twitter

ဖေဖေဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုနှင့်ပတ်သက်သည့် လူပုဂ္ဂိုလ် ၁၀ ဦးကို အရေးယူပြီး စစ်တပ်နှင့်ပတ်သက်သည့် လုပ်ငန်း ၂ ခုကို အရေးယူရန် ဥရောပသမဂ္ဂက သဘောတူလိုက်ကြောင်း Reuters သတင်းတပုဒ်က ဆိုသည်။

ထိုအရေးယူမှုသည် လာမည့်အပတ်အတွင်း စတင်သက်ရောက်မည်ဖြစ်ကြောင်းနှင့် စစ်ကောင်စီအတွက် ဝင်ငွေရှာပေးသည့် လုပ်ငန်းနှစ်ခု ဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(MEHL)နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း( MEC)
တို့အား ပစ်မှတ်ထားကြောင်း သိရသည်။ ထိုသို့ အရေးယူရန် မတ်လ ၈ ရက်နေ့က စတင်ပြင်ဆင်ခြင်းဖြစ်ကြောင်း Reuters သတင်းဌာနက ဆိုသည်။

RelatedPosts

ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

17 July 2025
859
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

17 July 2025
3.8k
ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

15 July 2025
4.7k

EU သည် မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှု ပိတ်ပင်ထားပြီး စစ်ဖက်ထိပ်တန်းအရာရှိ ၁၁ ဦးကို လွန်ခဲ့သောလက အရေးယူထားသော်လည်း ကုမ္ပဏီနှစ်ခုကို ပစ်မှတ်ထားရန် ဆုံးဖြတ်ချက်သည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ရွေးကောက်ခံအစိုးရကို ဖြုတ်ချသည့် အာဏာသိမ်းမှု နောက်ပိုင်း EU ၏ အထူးခြားဆုံး တုံ့ပြန်မှုဖြစ်သည်။

ထိုသဘောတူညီချက်ကို ဥရောပ ၂၇ နိုင်ငံ သံအမတ်များ သဘောတူကြောင်း သတင်းက ဆိုသည်။

မြန်မာစစ်တပ်ပိုင် MEHL နှင့် MEC တို့ကို ဥရောပရင်းနှီးမြှုပ်နှံသူများနှင့် ဘဏ်များအနေဖြင့် မပတ်သက်စေရန် ပိတ်ပင်မည်ဖြစ်ကြောင်း သိရသည်။ အသေးစိတ်များကို လတ်တလော မသိရသေးပေ။

ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူပြီးနောက် ယခုအရေးယူမှုသစ်များကို EU က ချမှတ်ခြင်းဖြစ်သည်။ စစ်ကောင်စီအကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အခြားသူ ၁၀ ဦးကို မတ်လ ၂၂ ရက်နေ့က အရေးယူခဲ့သည်။

တနင်္လာနေ့တွင် ကျင်းပမည့် ပုံမှန်အစည်းအဝေးတွင် ဥရောပသမဂ္ဂနိုင်ငံခြားရေး ဝန်ကြီးများသည် သေနင်္ဂဗျူဟာနှင့် ပတ်သက်ပြီး ဆွေးနွေးမည်ဖြစ်သည်။

မြန်မာစစ်တပ်ပိုင် လုပ်ငန်းစုနှစ်ခုသည် ကျောက်မျက်တူးဖေါ်ခြင်း၊ ကုန်ထုတ်လုပ်ခြင်း၊ အစားအသောက်နှင့် အဖျော်ယမကာ၊ ဟိုတယ်၊ ဆက်သွယ်ရေးမှ ဘဏ်လုပ်ငန်းအထိ စီးပွားရေးတခုလုံးတွင် လုပ်ကိုင်ကြသည်။ ၎င်းတို့သည် မြန်မာနိုင်ငံမှ ထိပ်တန်းလုပ်ငန်းများဖြစ်ပြီး မြန်မာ့စီးပွားရေး တံခါးဖွင့်လာသောအခါ ပြည်ပကုမ္ပဏီများနှင့်လည်း ပူးပေါင်းဆောင်ရွက်ကြသည်။

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က ထိုလုပ်ငန်းနှစ်ခုနှင့် လက်အောက်ခံလုပ်ငန်းများကိုအရေးယူရန် ၂၀၁၉ ခုနှစ်က အကြံပြုခဲ့ပြီး ထိုလုပ်ငန်းများသည် လူ့အခွင့်အရေးချိုးဖေါက်မှုများကို ငွေကြေးထောက်ပံ့ရန် အပိုဝင်ငွေပေးသော လုပ်ငန်းများဖြစ်ကြောင်းပြောသည်။

တချိန်တည်းတွင် တောင်ကိုရီးယား ကုမ္ပဏီ POSCO Coated & Color Steel Co Ltd (POSCO C&C) က MEHL နှင့် ဖက်စပ်လုပ်ငန်းကို အဆုံးသတ်တော့မည်ဖြစ်ကြောင်း သောကြာနေ့တွင် ကြေညာသည်။

ထိုဖက်စပ်လုပ်ငန်းကို မည်သို့အဆုံးသတ်မည်နှင့် ပတ်သက်သည့် အသေးစိတ်များကို POSCO C&C က အသေးစိတ်ပြောကြားခြင်း မပြုသေးဘဲ ဆက်စပ်ကိစ္စများကို ထပ်မံကြေညာမည်ဟုသာ ဖေါ်ပြထားသည်။ သို့သော် ထိုလုပ်ငန်းသည် ဖက်စပ်လုပ်ငန်းရပ်ဆိုင်းသော်လည်း မြန်မာနိုင်ငံမှ ထွက်ခွာခြင်းမဟုတ်ကြောင်း POSCO C&C ပြောခွင့်ရသူက Reuters သတင်းဌာနသို့ ပြောသည်။

POSCO C&C သည် ထိုဖက်စပ်လုပ်ငန်းကို မည်သို့အဆုံးသတ်ရမည်ကို လေ့လာနေကြောင်း ယခင်ကပင် ဖေါ်ပြပြီးဖြစ်သည်။ POSCO သည် မြန်မာနိုင်ငံမှ သံမဏိလုပ်ငန်းမှ လွန်ခဲ့သောနှစ်က ဒေါ်လာ ၁.၇၇ သန်း အမြတ်အစွန်းရခဲ့သည်။

ဖေဖေဝါရီလ ၁ ရက်နေ့ အာဏာသိမ်း စစ်ကောင်စီက ဆန္ဒပြသူများကို ရက်စက်စွာ နှိမ်နင်းဖြိုခွဲခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော နိုင်ငံခြားကုမ္ပဏီများအပေါ် ဖိအားများတိုးလာနေသည်။

စစ်အာဏာသိမ်းတပ်များက လူ ၇၁၅ ဦးကို ပစ်သတ်ပြီးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ အဆိုအရ သိရသည်။

ဧပြီလ ၁၃ ရက်နေ့က အမေရိကန် ထိပ်တန်း ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီ S&P Dow Jones Indices က MEC နှင့် စီးပွားရေးအရ ပတ်သက်နေသော အိန္ဒိယနိုင်ငံမှ Adani အုပ်စုအား ၎င်း၏ စာရင်းမှ ဖြုတ်ပယ်ပစ်ခဲ့သည်။

Adani အုပ်စုက ၎င်း၏ ရန်ကုန်ရှိ ဆိပ်ကမ်း အတွက် “မြေငှားရမ်းခ” စစ်တပ်ပိုင် MEC သို့ အမေရိကန်ဒေါ်လာ သန်း၃၀ ပေးနေရကြောင်း ဩစတြေးလျ ABC သတင်းဌာနက ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ပေါက်ကြားလာသည့် စာရွက်စာတမ်းများကို ကိုးကား၍ ဖော်ထုတ်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာစစ်တပ်ပိုင် MEHL နှင့် MEC တို့ကို ပိတ်ဆို့အရေးယူခဲ့ပြီး အမေရိကန် စီးပွားရေးလုပ်ငန်းများနှင့် ဘဏ်များအနေဖြင့် မပတ်သက်စေရန် သတိပေးထားသည်။

ကိုးကား။ ။ Reuters

You may also like these stories:

စီးပွားရေးပြိုကွဲနေချိန် ကျောက်မျက်ရောင်းရာမှ စစ်ကောင်စီ ဒေါ်လာသန်းချီရ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းရန် ဦးကျော်မိုးထွန်း တိုက်တွန်း

အိန္ဒိယ Adani အုပ်စုက ဆိပ်ကမ်းငှားခ စစ်တပ်သို့ ဒေါ်လာ သန်း၃၀ ပေး

မြန်မာစစ်တပ်နှင့် အဆက်ဖြတ်ရန် တောင်ကိုးရီးယား POSCO ဖိအားပေးခံနေရ

Your Thoughts …
Tags: AdaniEUMECMEHLPOSCO C&CS&P Dow Jones Indiceစစ်အာဏာသိမ်းမြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းဥရောပသမဂ္ဂ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.2k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

by ဧရာဝတီ
6 October 2023
26.1k

မင်းအောင်လှိုင်သည် စစ်သားအားလုံးကို သူ့သား အောင်ပြည်စုံပိုင်သည့် အောင်မြင့်မိုမင်း အာမခံကုမ္ပဏီတွင် အသက်အာမခံ မထားမနေရ လုပ်ထားသည်။

Authentic ကြောင့် စစ်ခေါင်းဆောင်မိသားစု ပိုချမ်းသာလာ

Authentic ကြောင့် စစ်ခေါင်းဆောင်မိသားစု ပိုချမ်းသာလာ

by ဧရာဝတီ
25 February 2024
24.9k

လက်ရှိအချိန်တွင် စစ်လက်နက်ပစ္စည်းထုတ် ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ) များနှင့် ပတ်သက်သော လုပ်ငန်းများ အား အဓိက လုပ်ပိုင်ခွင့်ရ ကုမ္ပဏီမှာ စစ်ခေါင်းဆောင်၏သား ကိုအောင်ပြည့်စုံ ပိုင်ဆိုင်သည့် Authentic Group of Company ဖြစ်သည်ဟု...

မင်းအောင်လှိုင် မိသားစု၏ အာဏာသိမ်း စီးပွားရေး

မင်းအောင်လှိုင် မိသားစု၏ အာဏာသိမ်း စီးပွားရေး

by ဒေးဗစ်အောင်
10 February 2024
19.7k

ဒုက္ခရောက်နေသည့် ပြည်သူ သန်းပေါင်းများစွာကို အားလုံးက အာရုံစိုက်နေစဉ် မင်းအောင်လှိုင်နှင့် သား သမီး နှစ်ဦးသည် ပိုင်ဆိုင်မှုများကို သိမ်းကြုံးစုဆောင်းနေသည်။

စစ်ခေါင်းဆောင်နေရာ တည်မြဲရေး လူယုံများကို ရာထူးတိုးပေး

မင်းအောင်လှိုင်ရာထူး ဘယ်သူဆက်ခံမလဲ

by စွယ်တော်
12 September 2024
17.4k

၂၀၂၄ ခုနှစ်အတွင်း စစ်ဆင်ရေးအထူးအဖွဲ့မှူး ရာထူး ဒု ဗိုလ်ချုပ်ကြီးအဆင့်ရှိသူများတွင် DSA အပတ်စဉ် ၃၈ အထိ ပါဝင်လာခဲ့သည်။

သရေစည်သူဘွဲ့ ရ စစ်ခေါင်းဆောင် လူယုံ ဒုဗိုလ်ချုပ်ကြီးညိုစော

သရေစည်သူဘွဲ့ ရ စစ်ခေါင်းဆောင် လူယုံ ဒုဗိုလ်ချုပ်ကြီးညိုစော

by ဧရာဝတီ
5 January 2024
14.6k

ဒုဗိုလ်ချုပ်ကြီးညိုစောကို စစ်ကောင်စီဥက္ကဌ၏အကြံပေးနှင့် ဘတ်ဂျက်ကော်မတီဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီး နောက်ပိုင်း ရရှိလာသည့် လုပ်ပိုင်ခွင့်အာဏာများကို ကြည့်၍ တိုင်းပြည်၏စီးပွားရေးတခုလုံးအား ၎င်းက စီမံခန့်ခွဲတော့မည်ဟု ကုန်သည်ကြီးအချို့က ခန့်မှန်းတွက်ချက်ပြောဆိုကြသည်

Next Post
အမျိုးသား ညီညွှတ်ရေး အစိုးရအဖွဲ့တွင် ပါဝင်ကြသူများ

စစ်ကောင်စီဖြုတ်ချရေးနှင့် ဖယ်ဒရယ်ရေး “အမျိုးသား ညီညွတ်ရေး အစိုးရ” ရည်မှန်း

CRPH မှ ဖွဲ့စည်းလိုက်သည့် အစိုးရအဖွဲ့ဝင်များ ကျမ်းသစ္စာကျိန်ဆိုနေစဉ်

ပြည်သူ့ကာကွယ်ရေး တပ်မတော် အမြန် ဖွဲ့စည်းမည်

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
3.8k
အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

1 day ago
3.6k

Most Read

  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ထိုင်းက အမေရိကန် ကုန်စည် ၉၀ ရာခိုင်နှုန်း အခွန် ကင်းလွတ်ခွင့် ပေးမယ်တဲ့

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate