• English
Saturday, July 12, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ဒေါ်လာ ၂.၅ ဘီလျံတန် ဓာတ်အားပေးစီမံကိန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှု ၁၅ ခု စစ်ကောင်စီ အတည်ပြု

by ဧရာဝတီ
11 May 2021
in စီးပွားရေး
A A
ဧရာဝတီတိုင်းရှိ တရုတ်ကျောထောက်နောက်ခံပြု မီးလင်းဂျိုင် ဓါတ်အားပေးစီမံကိန်း သရုပ်ဖော်ပုံ

ဧရာဝတီတိုင်းရှိ တရုတ်ကျောထောက်နောက်ခံပြု မီးလင်းဂျိုင် ဓါတ်အားပေးစီမံကိန်း သရုပ်ဖော်ပုံ

23.7k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီက ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သည် ဒေါ်လာ ၂.၅ ဘီလျံတန်သည့် သဘာဝဓါတ်ငွေ့ရည် LNG ဓါတ်အားပေးစီမံကိန်းအပါအဝင် စီမံကိန်း ၁၅ ခုကို ခွင့်ပြုချက် ပေးလိုက်သောကြောင့် ထိုစီမံကိန်းသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုအပြီး အကြီးမားဆုံး တခုတည်းသော ရင်းနှီးမြှုပ်နှံမှုဖြစ်လာသည်။

ဒုတိယ ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော MIC က ၎င်းတို့၏ သတင်းထုတ်ပြန်ချက်တွင် အသေးစိတ်များကို ဖေါ်ပြခြင်း မရှိပေ။ သို့သော် ထိုစီမံကိန်း၏ သဘောသဘာဝနှင့် ကုန်ကျစရိတ်ခန့်မှန်းခြေအရ သောကြာနေ့က ခွင့်ပြုလိုက်သည့် ထို LNG စီမံကိန်းသည် ဧရာဝတီတိုင်းရှိ တရုတ်ကျောထောက်နောက်ခံပြု မီးလင်းဂျိုင် ဓါတ်အားပေးစီမံကိန်း ဖြစ်ဖွယ်ရှိသည်။

RelatedPosts

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

9 July 2025
573
အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

8 July 2025
1.3k
ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

7 July 2025
2.7k

၂၀၂၀ ခုနှစ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဘေ့ဂျင်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရတို့သည် နှစ်နိုင်ငံအကြား ရပ်ဝန်းနှင့် လမ်းအစီအစဉ် (BRI) သဘောတူညီချက်များ အကောင်အထည်ဖေါ်မှု အရှိန်မြှင့်တင်ရေး ရည်ရွယ်ချက် စာချွန်လွှာတစောင်ကို လက်မှတ်ရေးထိုးခဲ့သည်။

အာဏာသိမ်းလိုက်သည့်အချိန်က မီးလင်းဂျိုင် စီမံကိန်းသည် ခွင့်ပြုချက်စောင့်ဆိုင်းနေသည့် LNG စီမံကိန်း ၂ ခုအနက် တခုဖြစ်သည်။ အခြားစီမံကိန်းတခု၏ ခန့်မှန်းခြေ ကုန်ကျစရိတ်မှာ ဒေါ်လာ ၂ ဘီလျံဖြစ်သည်။

မဂ္ဂါဝပ် ၁၃၉၀ ထုတ်လုပ်မည့် မီးလင်းဂျိုင် စီမံကိန်းကို ယူနန်ပြည်နယ် စွမ်းအင်ရင်းနှီးမြှုပ်နှံမှု အုပ်စု ကုမ္ပဏီလိမိတက် (Yunnan Provincial Energy Investment Group Co. Ltd) , UREC, Zhefu Holding Group Co. Ltd. နှင် Supreme Group တို့က ပူးတွဲအကောင်အထည်ဖေါ်မည့် စီမံကိန်း ဖြစ်သည်။ ထိုစီမံကိန်းကို ၂၀၂၃ ခုနှစ်တွင် ပြီးစီးမည်ဟု မျှော်လင့်ရပြီး ထုတ်လုပ်ရရှိသည့် ဓါတ်အား ၃၅ ရာခိုင်နှုန်းကို ဧရာဝတီတိုင်းအတွင်း ဖြန့်ဖြူးကာ ကျန်ဓာတ်အားများကို ရန်ကုန်တိုင်းသို့ မဟာဓာတ်အားလိုင်းမှတဆင့် ပို့လွှတ်မည်ဖြစ်သည်။

သောကြာနေ့က အတည်ပြုခဲ့သော စီမံကိန်းသည် မီးလင်းဂျိုင် LNG စီမံကိန်းဖြစ်ပုံရကြောင်း ထိုကိစ္စနှင့်နီးစပ်သော အရာရှိများက ပြောသော်လည်း အသေးစိတ်များကို ထပ်မံပြောကြားခြင်း မရှိပေ။

၎င်းတို့၏ ဖက်စပ်လုပ်ငန်းသည် မီးလင်းဂျိုင် စီမံကိန်းအတွက် ခွင့်ပြုချက်ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း Supreme Group မှ ဒုတိယ အမှုဆောင်ဒါရိုက်တာ ဦးထူးထူးအောင်က ဧရာဝတီ သတင်းဌာနသို့ပြောသည်။ သို့သော် ၎င်းတို့ကုမ္ပဏီသည် MIC ထံမှ မည်သည့်အကြောင်းကြားစာမျှ မရသေးကြောင်း သူပြောသည်။

ထိုစီမံကိန်းအကောင်အထည်ဖေါ်ခြင်းသည် အာဏာသိမ်းမှုကြောင့် နှောင့်နှေးသွားနိုင်ခြင်း ရှိမရှိ ဧရာဝတီက မေးမြန်းသောအခါ ဦးထူးထူးအောင်က “ကျနော်တို့က ပြည်တွင်းကုမ္ပဏီတခုဖြစ်လို့ ဒီလ်ိုစကားမျိုးတွေ ပြောလို့မရပါဘူး။ ဒါက အဓိက ပြည်ပရင်းနှီးမြှုပ်နှံသူတွေအပေါ်မှာ မူတည်တယ်” ဟု ဖြေသည်။

နောက်ဆုံးအတည်ပြုလိုက်သည့် LNG စီမံကိန်းများမှ ဓာတ်အား ရာနှုန်းပြည့်ကို ပြည်တွင်းတွင်သာ အသုံးပြုမည် ဖြစ်ကြောင်း MIC ကပြောပြီး ၂၀၃၀ ခုနှစ်တွင် မဟာဓာတ်အားလိုင်းမှ တနိုင်ငံလုံးကို ဓာတ်အားပေးရေး ရည်မှန်ချက်ကို ထောက်ခံနိုင်မည်ဟု မျှော်လင့်ကြောင်းပြောသည်။

သို့ရာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် ဓါတ်အားဝယ်ယူမှုသဘောတူညီချက်များ (PPAs) ကို စစ်တပ်က လိုက်နာနိုင်မှုနှင့် ပတ်သက်ပြီး စိုးရိမ်နေသလို အကယ်၍ ယခုအခါ တန်ဖိုးကျနေသည့် မြန်မာကျပ်ငွေဖြင့်သာ ပေးချေပါကလည်း ငွေတန်ဖိုး မတည်ငြိမ်မှုက ခေါင်းခဲစရာ ဖြစ်လာနိုင်သည်။

မွေးမြူရေး၊ ကုန်ထုတ်လုပ်ရေးနှင့် အခြားကဏ္ဍများအတွက် စီမံကိန်းများနှင့် လက်ရှိစီမံကိန်း နှစ်ခုမှ ငွေရင်းမြှင့်တင်ခြင်းကိုလည်း ခွင့်ပြုခဲ့ကြောင်း MIC က ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Approves 15 Investments, Including US$2.5-Billion Power Project ကို ဆီလျော်အောင် ဘာသာပြန်သည်။)

You may also like these stories:

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း MIC ဥက္ကဋ္ဌအသစ် ဖြစ်လာ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု CMP လုပ်ငန်းတချို့ မြန်မာမှ ပြန်ထွက်ရန် စီစဉ်နေ

စစ်အာဏာသိမ်းမှုကြောင့် ကုမ္ပဏီ ၁၃ ရာခိုင်နှုန်း ပိတ်သိမ်းဟု စစ်တမ်းက ဆို

Your Thoughts …
Tags: LNGMIC ဥက္ကဋ္ဌစစ်ကောင်စီ အတည်ပြုစီမံကိန်းဒုတိယ ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းရင်းနှီးမြှုပ်နှံမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တရုတ်လက်နက်ကိုင်အဖွဲ့ မြန်မာမှာ အခြေချတော့မလား

တရုတ်လက်နက်ကိုင်အဖွဲ့ မြန်မာမှာ အခြေချတော့မလား

by ဧရာဝတီ
15 November 2024
22.3k

အာဏာသိမ်းစစ်တပ်အနေဖြင့် တရုတ်စီမံကိန်းများနှင့် ကုမ္ပဏီများအား အပြည့်အဝ လုံခြုံရေး မပေးနိုင်တော့သည့်အခြေအနေနှင့်ပတ်သက်ပြီး တရုတ်အစိုးရဘက်က မကြာခဏသတိပေးပြောကြားမှုရှိနေသည့်အပြင် ယခုနှစ် ဩဂုတ်လအတွင်း မြန်မာနိုင်ငံသို့လာရောက်ခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်းနှင့် စီမံကိန်းဘေးကင်းလုံခြုံမှုအား လက်တွေ့ကျကျ ကာကွယ်ပေးရန် စစ်ခေါင်းဆောင်အား ပြောခဲ့သည်။

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

လူသတ်ကောင် မြန်မာစစ်တပ် ကျဆုံးမှာကို တရုတ် မလိုလား

လူသတ်ကောင် မြန်မာစစ်တပ် ကျဆုံးမှာကို တရုတ် မလိုလား

by ဧရာဝတီ
21 December 2023
18.5k

နိုဝင်ဘာလရောက်သောအခါ တရုတ်သည် ထိုပဋိပက္ခတွင် ဘက်ပြောင်းလိုက်ပြီး စစ်ကောင်စီအတွက် ရက်များသည် ရေတွက်၍ ရနိုင်တော့မည်ဆိုသည့် ခန့်မှန်းချက်များ ဖြစ်လာသည်။

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

by ဧရာဝတီ
4 May 2024
12.4k

လူကြီးပိုင်းတွေကို လိမ်တာများတယ်။ လူကြီးပိုင်းတွေက အသက်ကြီးလာတော့ ရင်းနှီးမြှုပ်နှံမှုကို ပိုစိတ်ဝင်စားတယ်။ အသက်ကြီးသွားတော့ အလုပ်တွေဘာတွေမရှိတော့ဘူးလေ။ ရင်းနှီးမြှုပ်နှံမှုကရတဲ့ အမြတ်နဲ့ ထိုင်စားဖို့ပဲ ရှိကြတော့ အဲဒီလိုမျိုး မြူဆွယ်တာပေါ့။

အာဏာသိမ်းပြီး ၃ နှစ်ကြာသောအခါ အချိန်သည် စစ်တပ်ဘက်တွင် မရှိတော့

အာဏာသိမ်းပြီး ၃ နှစ်ကြာသောအခါ အချိန်သည် စစ်တပ်ဘက်တွင် မရှိတော့

by Zachary Abuza
18 January 2024
11.5k

စီးပွားရေးသည် ဆက်လက်ကျဆင်းနေပြီး စစ်မြေပြင်ဆုံးရှုံးမှု မြင့်မားလာသောကြောင့် စစ်ကောင်စီသည် ဓားစာခံရှာနေသည်။

တကောင်း နီကယ်စက်ရုံကို PDF သိမ်းတဲ့အခါ

တကောင်း နီကယ်စက်ရုံကို PDF သိမ်းတဲ့အခါ

by ဇေယျ (အညာ)
1 August 2024
11k

တကောင်းအနီးရှိ ကြာညှပ်ရွာ အပါအဝင် တချို့စခန်းများ ဆုတ်ခွာသွားကြသည်။ PDF တပ်ဖွဲ့များက အားကောင်းမောင်းသန် ဖြစ်လာသည်။

Next Post
ရန်ကုန်တိုင်းအတွင်းရှိ လျှပ်စစ်မီး ဖြန့်ခွဲပေးရာ တနေရာ / ဧရာဝတီ

စစ်အာဏာသိမ်းမှုက တရုတ် လျှပ်စစ်ဓါတ်အားလုပ်ငန်းများကိုပင် ခြိမ်းခြောက်နေ

မတ်လအတွင်းက တန့်ဆည်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများ

တန့်ဆည်ကာကွယ်ရေးအဖွဲ့ ပစ်ခတ်မှု စစ်ကောင်စီတပ်သား ၃ဦးသေဆုံးဟုဆို

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

2 days ago
4.2k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

5 days ago
3.6k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate