• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

စစ်အာဏာသိမ်းမှုက တရုတ် လျှပ်စစ်ဓါတ်အားလုပ်ငန်းများကိုပင် ခြိမ်းခြောက်နေ

by ဧရာဝတီ
11 May 2021
in စီးပွားရေး
A A
ရန်ကုန်တိုင်းအတွင်းရှိ လျှပ်စစ်မီး ဖြန့်ခွဲပေးရာ တနေရာ / ဧရာဝတီ

ရန်ကုန်တိုင်းအတွင်းရှိ လျှပ်စစ်မီး ဖြန့်ခွဲပေးရာ တနေရာ / ဧရာဝတီ

26.3k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီ ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က အမေရိကန် ဒေါ်လာ ၂.၅ ဘီလျံတန်သည့် သဘာဝဓါတ်ငွေ့ရည် LNG ဓါတ်အားပေးစီမံကိန်းတခုကို ခွင့်ပြုလိုက်ကြောင်း ကြေညာခဲ့သော်လည်း မြန်မာနိုင်ငံတွင် ဓါတ်အားပေးစက်ရုံတည်ဆောက်ရန် သဘောတူထားသော တရုတ်စွမ်းအင်ကုမ္ပဏီများသည် ၎င်းတို့၏ စီမံကိန်းတချို့ကို ဆိုင်းငံ့ထားလိုက်ရပြီး အချို့မှာ ဈေးကွက်မှထွက်ခွာရန်အထိ စဉ်းစားနေရကြောင်း သိရသည်။

ဂျပန်သတင်းဌာန Nikkei Asia ပါ သတင်းတပုဒ်က မြန်မာစစ်အာဏာသိမ်းမှုသည် အရေထူသည့် တရုတ်ရင်းနှီးမြှုပ်နှံသူများကိုပင် အနှောင့်အယှက်ဖြစ်စေသည့် သဘောသက်ရောက်နေကြောင်း ဆိုသည်။ တရုတ်အစိုးရကျောထောက်နောက်ခံပြု သဘာဝဓါတ်ငွေ့ရည်နှင့် ဆိုလာကုမ္ပဏီများက ရယူထားသော စီမံကိန်းများသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု မတိုင်မီကပင် အကောင်အထည်ဖေါ်ရန် ခက်ခဲနေကြောင်း အတွင်းလူများကို ကိုးကားပြီး သတင်းက ဆိုသည်။

RelatedPosts

ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

15 July 2025
1.3k
မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

14 July 2025
697
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
587

ဒုတိယ ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော MIC က ၎င်းတို့၏ သောကြာနေ့က သတင်းထုတ်ပြန်ချက်တွင် အသေးစိတ်များကို ဖေါ်ပြခြင်း မရှိပေ။ သို့သော် ထိုစီမံကိန်း၏ သဘောသဘာဝနှင့် ကုန်ကျစရိတ်ခန့်မှန်းခြေအရ ထို LNG စီမံကိန်းသည် ဧရာဝတီတိုင်းရှိ တရုတ်ကျောထောက်နောက်ခံပြု မီးလင်းဂျိုင် ဓါတ်အားပေးစီမံကိန်း ဖြစ်ဖွယ်ရှိသည်။

ဖြုတ်ချခံ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်ကလည်း ပြိုင်ဆိုင်မှုပြင်းထန်သည့် တင်ဒါနှစ်ခုဖြင့်တင်ဒါအောင်သော ကုမ္ပဏီများသည် တရုတ်ကုမ္ပဏီများဖြစ်သည်။ ထိုကုမ္ပဏီများအနက် ကုမ္ပဏီကြီး တခုသည် စစ်တပ်နှင့် တိုက်ရိုက်စီးပွားရေးလုပ်သည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများက သတ်မှတ်ခံရသည်။ ၂၀၁၉ ခုနှစ်က အရေးပေါ်တင်ဒါအရ သဘာဝဓါတ်ငွေ့ရည်နှင့် သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံ ကန်ထရိုက် ၅ ခုအနက် ၄ ခုကို တင်ဒါအောင်ထားသော ဟောင်ကောင်စတော့အိတ်ချိန်းစာရင်းဝင် VPower သည် စစ်တပ်ပိုင်မြေကို ငှားထားကြောင်း တွေ့ရသည်။

VPower နဲ့ မြန်မာစစ်တပ် အကျိုးစီးပွား

VPower သည် မြန်မာ့စီးပွားရေးအတိုင်ပင်ခံအုပ်စု – Myanmar Business Consultant Group (MBCG) မှတဆင့် စစ်တပ်ပိုင်လုပ်ငန်းစုကြီးဖြစ်သော ရန်ကုန်တိုင်း သံလျှင်မြို့နယ်မှ မြန်မာ့စီးပွားရေး ဦးပ်ိုင်လီမိတက် (MEHL) ၏ မြေကို ငှားရမ်းအသုံးပြုနေကြောင်း Nikkei Asia က ရရှိထားသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အစိုးရ၏ စာရွက်စာတမ်းများ၏ အဆိုအရ သိရသည်။ ထိုလုပ်ငန်းသည် ဒေါ်လာ ၂၉၇ သန်းတန် ၃၅၀ မဂ္ဂါဝပ်ထုတ်နိုင်သည့် သဘာဝဓါတ်ငွေ့ရည်သုံး ဓါတ်အားပေးစက်ရုံကို တည်ထောင်ထားသည်။ VPower နှင့် MBCG တို့သည် မြန်မာနိုင်ငံတွင် ပထမဆုံး ဓါတ်ငွေ့ဆိပ်ကမ်းနှင့် ဓါတ်ငွေ့ရည်မှ ဓါတ်ငွေ့ပြန်လည်ထုတ်လုပ်ရေး အဆောက်အအုံများကို တည်ဆောက်ရန် MCV Terminal အမည်ရှိ ဖက်စပ်လုပ်ငန်းကို လွန်ခဲ့သောနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က ထူထောင်ထားကြောင်း ထိုစာရွက်စာတမ်းများက ပြသနေသည်။ ထိုဆိပ်ကမ်းနှင့် စက်ရုံတို့မှာ လည်ပတ်နေပြီဖြစ်သည်။

VPower နှင့် စစ်ကောင်စီ၏ သဘောတူညီချက်တွင် အဓိကအခန်းမှ ပါဝင်သူမှာ အငြိမ်းစား ဒုဗိုလ်မှူးကြီး ခင်မောင်လတ်၏သား ထွန်းမင်းလတ်ဖြစ်သည်။ သူသည် Star Sapphire Group of Companies တွင် ပုဂ္ဂလိက ရှယ်ယာရှင်အဖြစ် စစ်တပ်၏ စီးပွားရေး အကျိုးစီးပွားနှင့်ပတ်သက်နေကြောင်း ၂၀၁၉ ခုနှစ် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး မစ်ရှင်၏ အစီရင်ခံစာတွင် ဖေါ်ပြခံရသူဖြစ်သည်။ စစ်တပ်၏ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကြောင့် မြန်မာနိုင်ငံအနောက်တောင်ပိုင်း ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာမွတ်ဆလင် ၇ သ်ိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရသည့် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများအပြီး ထိုလုပ်ငန်းသည် MEHL နှင့်မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့နှင့်အတူ စစ်တပ်သို့ အလှူငွေထည့်ခဲ့သည့် လုပ်ငန်း ၄၅ ခုအနက် တခုဖြစ်သည်။

မြန်မာကုမ္ပဏီ မှတ်ပုံတင်စာရင်းအရ ထွန်းမင်းလတ်သည် စစ်အာဏာသိမ်းပြီးနောက် MBCG မှ နုတ်ထွက်ခဲ့သော်လည်း MCV Terminal ၏ ဒါရိုက်တာတဦးအဖြစ် ဇန်နဝါရီလက ခန့်ထားကြောင်း သိရသည်။ စစ်တပ်နှင့်ပတ်သက်သည့် လုပ်ငန်းများကို လေ့လာနေသည့် Justice For Myanmar အဖွဲ့၏ အဆိုအရ ထိုစီမံကိန်းကို တည်ဆောက်၊ ပိုင်ဆိုင်၊ လွှဲပြောင်းစနစ် အရ ၅ နှစ်မှ နှစ် ၅၀ အထိ လုပ်ကိုင်ပြီးနောက် MEHL သို့ လွှဲပြောင်းပေးမည် ဖြစ်သည်။

MEHL နှင့် MEC တို့ကို မတ်လ ၂၅ ရက်နေ့တွင် အမေရိကန်အစိုးရက အရေးယူပိတ်ဆို့ခဲ့ပြီး မြန်မာစစ်ကောင်စီသည် စစ်အာဏာသိမ်းမှုနှင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် အကြမ်းဖက်မှုကြောင့် ထိုသို့အရေးယူခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ပြောသည်။

VPower သည် မြန်မာ-ဟောင်ကောင်ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းတွင် ဒါရိုက်တာရာထူး တနေရာ ရယူထားသည်။ VPower က စစ်တပ်နှင့် ဆက်ဆံနေသောကြောင့် တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုကို အားပေးရန် ကတိပြုထားသည့် ထိုအသင်းအတွက်လည်း မေးခွန်းထုတ်စရာဖြစ်နေသည်။ VPower, HKEX နှင့် မြန်မာ-ဟောင်ကောင်ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းတို့က တစုံတရာ မှတ်ချက်ပေးခြင်း မရှိသေးပေ။ ဟောင်ကောင်မီဒီယာတခုနှင့် ယခင်က တွေ့ဆုံမေးမြန်းရာတွင် VPower က MEHL သို့မဟုတ် MEC နှင့် ပတ်သက်ခြင်းမရှိကြောင်း ပြောသည်။ Justice For Myanmar ကမူ VPower သည် ရှယ်ယာရှင်များကို လိမ်လည်လှည့်စားကြောင်း စွပ်စွဲသည်။

မြန်မာနိုင်ငံ၏ကြီးထွားနေသော စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် ၂၀၁၉ ခုနှစ်တွင် အရေးပေါ်တင်ဒါများ ခေါ်ယူခဲ့သည်။ ထိုစီမံကိန်း ၅ ခုအနက် ၄ ခုကို VPower ဦးဆောင်သည့် လုပ်ငန်းစုဖြစ်သည့် တရုတ်အစိုးရပိုင် တရုတ်အမျိုးသား နည်းပညာသွင်းကုန်၊ ထုတ်ကုန် ကော်ပိုရေးရှင်း(CNTIC) တို့ကရသည်။ ဟောင်ကောင်စတော့အိတ်ချိန်းစာရင်းဝင် VPower ကို တရုတ်အစိုးရပိုင် CITIC နှင့် CRRC တို့က တစိတ်တပိုင်းအားဖြင့် ပိုင်ကြသည်။

ရန်ကုန်မှ လျှပ်စစ်စွမ်းအားပေးစက်ရုံ ၃ ခုသည် လွန်ခဲ့သောက စတင်လည်ပတ်နေပြီး VPower-CNTIC လုပ်ငန်းစုက အနောက်ဖက် ရခိုင်ကမ်းခြေတွင် လည်ပတ်ရန် ရည်ရွယ်ထားသည့် ကျောက်ဖြူမှ စတုတ္ထမြောက် ဓါတ်အားပေးစက်ရုံကို ဆိုင်ငံ့ထားကြောင်း စီးပွားရေးသတင်းအချက်အလက်များဖြန့်ချိသည့်လုပ်ငန်း FMR Research and Advisory အဆိုအရ သိရသည်။ ထိုစက်ရုံ ၄ ရုံသည် မြန်မာနိုင်ငံ လျှပ်စစ်ဓါအားလိုအပ်ချက်၏ ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိရှိသော လျှပ်စစ်ဓါတ်အား ၉၃၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးမည်ဖြစ်သည်။

VPower-CNTIC လုပ်ငန်းစုသည် ကျောက်ဖြူမှ ဓါတ်ငွေ့ရည်ဖြင့် ဓါတ်အားထုတ်မည့် စီမံကိန်းကို ဖျက်သိမ်းရန် ညှိနှိုင်းမှုများလုပ်နေကြောင်း မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည့် စွမ်းအင်သုတေသီတဦးပြောသည်။

ဆိုလာစီမံကိန်းတွေ အလားအလာ

မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားကဏ္ဍအတွက် ပိုမိုကြီးမားသော ပြဿနာများလည်း ရှိနေသေးသည်။ လွန်ခဲ့သောနှစ်က NLD အစိုးရလက်အောက်တွင် အငြင်းပွားဖွယ်ရာ ဆိုလာလျှပ်စစ်ထုတ်ခွင့်တင်ဒါအောင်မြင်သူများသည်လည်း အလားတူ ရပ်ဆိုင်းနိုင်သည့် အခြေအနေကို ရင်ဆိုင်နေရသည်။

စုစုပေါင်း စီမံကိန်း ၂၉ ခုအနက် ၂၈ ခုကို တရုတ်ကုမ္ပဏီများနှင့် လုပ်ငန်းစုများက ရရှိသော်လည်း အာဏာမသိမ်းမီ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ၆ ခုကိုသာ အတည်ပြုရသေးသောကြာင့် မူလစည်းကမ်းချက်အတိုင်း ရက်ပေါင်း ၁၈၀ အတွင်း လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန် မဖြစ်နိုင်ဘဲရှိသည်။

မည်သည့် ဓါတ်အားဝယ်ယူမှု သဘောတူညီချက်များ (PPAs) ကိုမျှ လူသိရှင်ကြားထုတ်ပြန်ရခြင်းမရှိသေးဘဲ ဆွေးနွေးညှိနှိုင်းမှုများ ရပ်ဆိုင်းသွားခဲ့ပုံရကြောင်း Frontier Myanmar Research မှ စွမ်းအင် သုတေသီ ကက်တီ ပက်တာဆန် ပြောသည်။ ထိုဆိုလာစီမံကိန်းများအတွက် အလားအလာမှာ ဆိုးရွားလှကြောင်းလည်း သူပြောသည်။ “ဒီကိစ္စတွေမှာ ပါဝင်ပတ်သက်နေတဲ့ လုပ်ငန်းတွေက စီမံကိန်းတွေကို ပယ်ဖျက်ဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေကြားရတာ အံ့သြစရာ မဟုတ်ဘူး” ဟုလည်း သူဆက်ပြောသည်။

မြန်မာန်ိုင်ငံရှိ စွမ်းအင်ကုမ္ပဏီများအတွက် ဝင်ငွေသည် အစိုးရနှင့် ချုပ်ဆိုထားသည့် PPAs များမှ လာသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် PPAs ကို စစ်တပ်ကလိုက်နာနိုင်မှုနှင့် ပတ်သက်ပြီး စိုးရိမ်နေသောကြောင့် စီမံကိန်များကို ဆက်လုပ်၊ မလုပ် မေးခွန်းထုတ်နေကြကြောင်းလည်း ရန်ကုန်အခြေစိုက် ထိုလုပ်ငန်းနှင့်ပတ်သက်သည့် လုပ်ငန်းအမှုဆောင်တဦးက ပြောသည်။

” နောက်ဆုံးတော့ သူတို့ရဲ့ စီးပွားရေးသုံးသပ်ချက်တွေဟာ နိုင်ငံရေး အန္တရာယ်အပေါ် အကဲဖြတ်ချက်နဲ့ ဘဏ်တွေက သူတို့ကို ငွေကြေး ဆက်လက်စိုက်ထုတ်ပေးမပေးအပေါ် မူတည်တယ်” ဟု ထိုအမှုဆောင်ပြောသည်။ အဓိက အချက်မှာ မည်သူအာဏာရနေသည်ဆိုသည့် အချက်မဟုတ်ဘဲ တည်ငြိမ်မှုသာဖြစ်ကြောင်းလည်း သူပြောသည်။ “PPA တွေကို လေးစားလိုက်နာနေသမျှ သူတို့ကလည်း စီမံကိန်းကို လုပ်လို့ရတယ်” ဟုလည်း သူပြောသည်။

လွန်ခဲ့သော နှစ်က တင်ဒါခေါ်ယူစဉ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း တရုတ်လုပ်ငန်းများကို အရှုံးပေးခဲ့ရသည့် ပြည်တွင်းဆိုလာထုတ်လုပ်ရေးလုပ်ငန်း Quasar Resources မှ ဦးလင်းထွန်းက အာဏာမသိမ်းမီ မူလက ရင်းနှီးမြှုပ်နှံမှုစည်းကမ်းချက်များကို အကောင်အထည်ဖေါ်ရန် ခက်ခဲကြောင်းပြောသည်။ ဥပမာဆိုရပါက ရက်ပေါင်း ၁၈၀ အတွင်း ဓါတ်အားထုတ်လုပ်ရမည်ဆိုသည့်အချက်သည့် လွန်စွာခက်ခဲကြောင်း လုပ်ငန်းရှင်အများအပြားကလည်း ပြောသည်။ ယခုအခါ စစ်အာဏာသိမ်းမှုကြောင့် တနိုင်ငံလုံးတွင် အုံကြွမှုများလည်း ဖြစ်ပေါ်နေသည်။ “ဒီစီမံကိန်းတွေကို ငွေထုတ်ချေးပြီး ချက်ခြင်း စတင်အကောင်အထည်ဖေါ်ရလောက်အောင် ဘယ်သူမှ မရူးသွပ်ဘူး” ဟု သူရှင်းပြသည်။

တရုတ်ကုမ္ပဏီများသည် အာဏာမသိမ်းမီက နည်းပညာတိုးတက်မှုကြောင့် ဆိုလာပြားများအတွက် ကုန်ကျစရိတ်နည်းမည်ဟု မျှော်လင့်ထားပြီး တင်ဒါအောင်မြင်ရန် လျှော့ဈေးဖြင့် အဆိုပြုခဲ့ကြောင်းလည်း သူပြောသည်။ “သူတို့အနေနဲ့ အစိုးရနဲ့ ပြန်ညှိရမှာပဲ။ အဲဒီလိုမဟုတ်ရင် အမြတ်မရသလောက်ဖြစ်နေတယ်” ဟုလည်း သူပြောသည်။

အန္တရာယ် အမြင့်မားဆုံးဖြစ်နေသောကြောင့် ရေရှည်တွင် ကြီးမားသော စွမ်းအင်လုပ်ငန်းများက မဖျက်သိမ်းလျှင်ပင် နှေးကွေးသွားမည်ဖြစ်ကြောင်း တိုကျိုအခြေစိုက် အတိုင်ပင်ခံလုပ်ငန်း SIPA Partners မှ ရိုမိန် ကေးလောက် ပြောသည်။

“စွမ်းအင်ကဏ္ဍအတွက် ဥပဒေလုပ်ထုံးလုပ်နည်း မူဘောင်က အာဏာမသိမ်းမီကကို ခက်ခဲနေတယ်။ အခုကျတော့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ယုံကြည်အောင် အာမခံချက်တွေ အရမ်းကို ပေးရတော့မယ်” ဟုလည်း သူပြောသည်။

အာဏာဖီဆန်ရေးနဲ့ မြန်မာ့လျှပ်စစ်မီး

စစ်ကောင်စီခန့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အရာရှိများသည် ဖေဖေါ်ဝါရီလအတွင်းက ဆိုလာဓါတ်အားထုတ်လုပ်သူများကို တွေ့ဆုံခဲ့ပြီး စီမံကိန်းများ ရပ်ဆိုင်းထားရန် ပြောခဲ့ကြောင်းနှင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုကြောင့် ဖြစ်နိုင်ကြောင်း အဆင့်မြင့် ကော်ပိုရိတ် အမှုဆောင် သတင်းရင်းမြစ် ၂ ခုကို Nikkei က ကိုးကားသည်။

လျှပ်စစ်ဝန်ကြီးဌာနမှ ဝန်ထမ်း ၈၀ ရာခိုင်နှုန်းကျော် လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်နေကြောင်း ရန်ကုန်အခြေစိုက် သတင်းဌာန Frontier Myanmar ကလည်း သတင်းဖေါ်ပြခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက် တနိုင်ငံလုံးတွင် မီး ၂ ကြိမ်ပြတ်သောကြောင့်လည်း မကြာမီကျရောက်လာတော့မည့် ဓါတ်အားမလုံလောက်မှုနှင့် ပတ်သက်ပြီး ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများ စိုးရိမ်လာသည်။

မကြာသေးမီက ဓါတ်အားပြတ်တောက်မှုများသည် အာဏာမသိမ်းမီက မကြာခဏဖြစ်တတ်သည့် နည်းပညာပိုင်းဆိုင်ရာ ပြဿနာများကြောင့်ဖြစ်သော်လည်း သပိတ်မှောက်မှုများကြောင့် လျှပ်စစ်ဝန်ကြီးဌာနသည် ဓါတ်အားခငွေများကို ကောက်ခံနိုင်သည့် စွမ်းရည်မရှိတော့ဘဲ ဝင်ငွေလျှော့ကျနေသည်။ ထိုသို့မကောက်ခံနိုင်သော ကြောင့် ဝန်ကြီးဌာနအတွက် လျှော့ကျသွားသည့် ဝင်ငွေမှာ ဒေါ်လာသန်း ရာပေါင်းများစွာရှိကြောင်း ရန်ကုန်ရှိ ထိုလုပ်ငန်းမှ လူတဦးက Nikkei သို့ပြောသည်။

ကိုဗစ်-၁၉ နှင့် လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုကြောင့် လျှပ်စစ်ဓါတ်အား ဝယ်လိုအား အကြီးအကျယ်ကျဆင်းနေသောကြောင့် လျှပ်စစ်ကိစ္စသည် လတ်တလော ပူပန်စရာ မလိုသေးပေ။ သို့သော် မကြာမီ မိုးရာသီရောက်တော့မည်ဖြစ်သောကြောင့် ဓါတ်အားလိုင်းများကို ပြုပြင်ရန် လိုသည်။ အလုပ်သမားများအလုပ်ပြန်မဆင်းလျှင် အခက်အခဲရှိသည်။

ကိုဗစ်-၁၉ နှင့် လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုကြောင့် ဓါတ်အားလိုအပ်ချက် ကျဆင်းသွားသောကြောင့် ကာလတိုအတွင်း အကြီးအကျယ် ဓါတ်အားပြတ်တောက်မှု မရှိနိုင်ကြောင်း သုတေသီများနှင့် ထိုလုပ်ငန်းမှ အတွင်းလူများပြောသည်။ သို့သော် နိုင်ငံရေးမတည်ငြိမ်မှုနှင့် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကြောင့် စစ်ကောင်စီသည် နိုင်ငံကို ရေရှည်စီမံရာတွင် ခက်ခဲမည်ဖြစ်ကြောင်း ပြောသည်။

“ဗိုလ်ချုပ်တွေက လောလောဆယ် နိုင်ငံရေးအခြေအနေကို အာရုံစိုက်နေရလို့ မြန်မာ့စွမ်းအင်ကဏ္ဍဖက်ကိုမလှည့်နိုင်သေးဘူး” ဟု စွမ်းအင်ကဏ္ဍမှ အမည်မဖော်လိုသူတဦးကို Nikkei က ကိုးကားရေးသည်။

ကိုးကား ။ ။ Nikkei Asia မှ Myanmar coup threatens Chinese power projects

You may also like these stories:

ဆိုလာပါဝါ စီမံကိန်းများမှ ပြန်ဆုတ်ရန် တရုတ်ကုမ္ပဏီများ စဉ်းစားနေ

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း MIC ဥက္ကဋ္ဌအသစ် ဖြစ်လာ

ဒေါ်လာ ၂.၅ ဘီလျံတန် ဓာတ်အားပေးစီမံကိန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှု ၁၅ ခု စစ်ကောင်စီ အတည်ပြု

Your Thoughts …
Tags: LNGV-powerခြိမ်းခြောက်နေစစ်အာဏာသိမ်းမှုဆိုလာစီမံကိန်းတရုတ်ရင်းနှီးမြှုပ်နှံမှုလျှပ်စစ်ဓါတ်အားလုပ်ငန်းများ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.5k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.3k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.3k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

Next Post
မတ်လအတွင်းက တန့်ဆည်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများ

တန့်ဆည်ကာကွယ်ရေးအဖွဲ့ ပစ်ခတ်မှု စစ်ကောင်စီတပ်သား ၃ဦးသေဆုံးဟုဆို

ရဲတိုက် ဝင်ဆင်ခဲ့တဲ့ ရှမ်းအင်္ကျီ   / GARUDA Entretainment Page

ရဲတိုက် ဝတ်ဆင်ခဲ့တဲ့ ရှမ်းအင်္ကျီအား လေလံတင် ရောင်းချ

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

5 days ago
5.7k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate