• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

တယ်လီနော မြန်မာကို လက်ဘနွန်အခြေစိုက် M1 လုပ်ငန်းစုသို့ ရောင်းချ

by ဧရာဝတီ
8 July 2021
in စီးပွားရေး
A A
ရန်ကုန်မြို့ရှိ တယ်လီနော မြန်မာ အရောင်းပြခန်းတခု / ဧရာဝတီ

ရန်ကုန်မြို့ရှိ တယ်လီနော မြန်မာ အရောင်းပြခန်းတခု / ဧရာဝတီ

16.4k
VIEWS
Share on FacebookShare on Twitter

နော်ဝေအခြေစိုက် တယ်လီနော ဆက်သွယ်ရေး လုပ်ငန်းစုကြီးက လက်ရှိ မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံထားသည့် တယ်လီနော မြန်မာကုမ္ပဏီကို လက်ဘနွန်အခြေစိုက် M1 ဆက်သွယ်ရေးကုမ္ပဏီကြီးသို့ ရောင်းချလိုက်ကြောင်း တယ်လီနောအုပ်စုက ယနေ့တွင် ထုတ်ပြန်လိုက်သည်။

တယ်လီနောမြန်မာကို အမေရိကန်ဒေါ်လာ သန်း ၁၀၅ သန်းဖြင့် ရောင်းချလိုက်ခြင်းဖြစ်ပြီး ယင်းအနက် ၅၅ သန်းကို နောက် ၅ နှစ်မှ ပေးချေနိုင်ရန် ရွှေ့ဆိုင်းပေးထားသည်။

RelatedPosts

ငလျင်ကြောင့် ကာလရှည် စီးပွားရေးဒဏ်ရာ ရနိုင်သည်

ငလျင်ကြောင့် ကာလရှည် စီးပွားရေးဒဏ်ရာ ရနိုင်သည်

24 May 2025
112
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

20 May 2025
2.9k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
2.8k

M1 လုပ်ငန်းစု သည် လုပ်ငန်းပိုင်ရှင်အသစ်အနေဖြင့် တယ်လီနောမြန်မာ၏ အစုရှယ်ယာ ၁၀၀% ကို ရယူသွားမည် ဖြစ်ပြီးတယ်လီနောမြန်မာ၏ Spectrum၊ လိုင်စင်များ၊ စာချုပ်များ၊ လုပ်ငန်းစီမံအုပ်ချုပ်မှုများ၊ ဝန်ထမ်းများနှင့် သုံးစွဲသူများ ကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားမည်ဖြစ်သည်။

ထိုသို့ ရောင်းချသော်လည်း တယ်လီနော မြန်မာ၏လုပ်ငန်းလည်ပတ်မှုများနှင့် ဝန်ဆောင်မှုများမှာ ဆက်လက် လည်ပတ်နေမည် ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ချက်များနှင့် အဖွဲ့အစည်းတွင် ချက်ချင်းပြောင်းလဲသွားမည်မဟုတ်ကြောင်း၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှု အားလုံးသည်လက်ရှိအခြေအနေများအတိုင်းတည်ရှိနေမည်ဖြစ်ပြီးတယ်လီနောမြန်မာနှင့်ချုပ်ဆိုထားသည့် စာချုပ်များအားလုံးသည်ပကတိအတိုင်းရှိမည်ဖြစ်ကြောင်း တယ်လီနောက ဆိုသည်။

အဆိုပါ ပိုင်ဆိုင်မှုအသစ်သို့လွှဲပြောင်းခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ ခွင့်ပြုချက်များရရှိမှုအပေါ် မူတည်ကြောင်းလည်း တယ်လီနောက ဆိုထားသေးသည်။

M1 လုပ်ငန်းစု သည် ဆက်သွယ်ရေးလုပ်ငန်းတွင် အတွေ့အကြုံများ စွာရှိသောအပြည်ပြည်ဆိုင်ရာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစုတစ်ခု ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

M1 လုပ်ငန်းစုသည် လက်ဘနွန်ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ် မီကာတီနှင့် ညီအကိုများ ပိုင်ဆိုင်သော လုပ်ငန်းဖြစ်ပြီး မိုဘိုင်းလ် နှင့် ဂြိုလ်တုဆက်သွယ်ရေးစနစ်များ တီထွင်ထုတ်လုပ်သော ဆက်သွယ်ရေးနည်းပညာကုမ္ပဏီဖြစ်သည်။

အနောက်အာဖရိက နှင့် အရှေ့အလယ်ပိုင်းနိုင်ငံ ပေါင်း ၁၀ နိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်လျက်ရှိပြီး သုံးစွဲသူပေါင်း ၅ သန်းကျော်အထိရှိပြီး လန်ဒန် နှင့် ဒူဘိုင်းစတော့အိတ်ချိန်းတို့၏ စာရင်းဝင်ကုမ္ပဏီလည်းဖြစ်သည်။

တယ်လီနော ဆက်သွယ်ရေး အုပ်စုသည် ၂၀၁၃ခုနှစ် ဦးသိန်းစိန် အစိုးရလက်ထက် လုပ်ကိုင်ခွင့် လိုင်စင် ရရှိပြီးနောက် ၂၀၁၄ ခု ဖေဖေါ်ဝါရီမှာ မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်လည်ပတ်ခဲ့သည်။

လက်ရှိအချိန်တွင် ပြည်တွင်းဆက်သွယ်ရေးဈေးကွက်တွင် ဂျပန်ကုမ္ပဏီများ နှင့် ဝန်ကြီးဌာနတို့ကြား ပူးပေါင်းလုပ်ဆောင်နေသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT၊ ကာတာ အခြေစိုက် အော်ရီဒူး နှင့် ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနပိုင်ကုမ္ပဏီ၊ မြန်မာစစ်တပ်ပိုင်ကုမ္ပဏီ နှင့် ပြည်တွင်းအများပိုင်ကုမ္ပဏီတို့ ပူးပေါင်းပိုင်ဆိုင်ထားသည့် Mytel တို့ကလည်း မိုဘိုင်းလ်ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးလျက်ရှိသည်။

M1 Group သည် မြန်မာ့စစ်တပ် နှင့် နီးစပ်သည့် ကုမ္ပဏီတခုဖြစ်ပြီး ၎င်းသည် မြန်မာစစ်တပ်က ရှယ်ယာပါဝင်သော ဆက်သွယ်ရေးအော်ပရေတာ Mytel အတွက် မိုဘိုင်းလ်ဖုန်းတာဝါတိုင်များ တည်ဆောက်ပေးနေသော Irrawaddy Green Towers ကုမ္ပဏီ၏ အဓိကရှယ်ယာရှင်လည်းဖြစ်ကြောင်း Burma Campaign UK ၏ The Dirty List စာရင်းတွင် ဖော်ပြထားသည်။

You may also like these stories:

ဆက်သွယ်ရေးလုပ်ငန်း အမှုဆောင်အရာရှိများ နိုင်ငံမှ ထွက်ခွင့် စစ်ကောင်စီ ပိတ်ပင်

တယ်လီနောမြန်မာကို ရောင်းချရန် ပြင်ဆင်နေဟု ဆို

တယ်လီနော မြန်မာ၏ အနာဂတ် ဘာလဲ ဘယ်လဲ

Your Thoughts …
Tags: M 1တယ်လီနောလက်ဘနွန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အစ္စရေး- ဟားမတ်စ် စစ်ပွဲအကြောင်း သိကောင်းစရာ

အစ္စရေး- ဟားမတ်စ် စစ်ပွဲအကြောင်း သိကောင်းစရာ

by ဧရာဝတီ
17 October 2023
5.3k

အရပ်သား အများအပြား သေဆုံးသည့် ယခုလောက် ကြီးမားသော အကြမ်းဖက် တိုက်ခိုက်မှုမျိုးကိုလည်း အစ္စရေး မကြုံဖူးပေ။

အစ္စရေးအကျပ်အတည်းတွင် ဝင်မပတ်သက်ရန် အီရန်ကို အမေရိကန် သတိပေး

အစ္စရေးအကျပ်အတည်းတွင် ဝင်မပတ်သက်ရန် အီရန်ကို အမေရိကန် သတိပေး

by ဧရာဝတီ
10 October 2023
3.7k

အီရန်အတွက် မည်သည့် သတင်းစကား ပေးပို့လိုသနည်းဟု မေးသောအခါ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ချားလ် ကျူ ဘရောင်းက "ဝင် မပတ်သက်နဲ့" ဟု ပြောသည်။

သမ္မတ ရိုင်စီ သေဆုံးပြီးနောက် အီရန်မှာ ဘာတွေ ဖြစ်နိုင်သလဲ

သမ္မတ ရိုင်စီ သေဆုံးပြီးနောက် အီရန်မှာ ဘာတွေ ဖြစ်နိုင်သလဲ

by ဧရာဝတီ
22 May 2024
1.3k

အီရန် သမ္မတ အီဗရာဟင် ရိုင်စီနှင့် နိုင်ငံခြားရေးဝန်ကြီး ဟိုစိန် အေမာ အက်ဗဒိုလာဟီရန်တို့ မေလ ၁၉ ရက်နေ့က ရဟတ်ယာဉ် ပျက်ကျသေဆုံးသွားသည်။

အစ္စရေး၏ ဂါဇာစစ် အပစ်အခတ်ရပ်စဲရေး ဘာကြောင့် မဖြစ်နိုင်သနည်း

အစ္စရေး၏ ဂါဇာစစ် အပစ်အခတ်ရပ်စဲရေး ဘာကြောင့် မဖြစ်နိုင်သနည်း

by Ellen Ioanes
2 November 2024
1.1k

ယခင် အစ္စရေးပဋိပက္ခများနှင့်မတူဘဲ စစ်ပွဲအဆုံးသတ်မည့် အခြေအနေကို မြင်ကွင်းတွင် မတွေ့ရပေဘဲ သံတမန်နည်းဖြင့် အဆုံးသတ်ရန် မည်သို့မှ မဖြစ်နိုင်ပေ။

ရန်ကုန်မြို့လယ်ရှိ တယ်လီနောမြန်မာ အရောင်းပြခန်း  / ဧရာဝတီ

တယ်လီနောကို စစ်အုပ်စုနှင့်နီးစပ်သည့် ခရိုနီကုမ္ပဏီများ ဝယ်ယူရန် ကြိုးပမ်းနေ

by ဧရာဝတီ
10 November 2021
17.9k

စစ်ကောင်စီအနေဖြင့် နိုင်ငံ၏ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများကို ပြည်ပကုမ္ပဏီများက ပိုင်ဆိုင်ထားမှုကို မလိုလားခြင်း၊ စစ်အုပ်စုနှင့် နီးကပ်ပတ်သက်သည့် ၉၆၉ မဘသ အပါအဝင် မွတ်ဆလင် ဆန့်ကျင်ရေး အုပ်စုများက ထိုသို့ အရေးပါသော လုပ်ငန်းကို မွတ်ဆလင်...

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က တူရကီနိုင်ငံ၊ အစ္စတန်ဘူရောက် အီရန် အမျိုးသမီး နာဆီဘီ ဆမ်ဆာအီက သူမ၏ ဆံပင်ကိုဖြတ်ကာ အစ္စတန်ဘူရှိ ကောင်စစ်ဝန်ရုံးရှေ့တွင် ဆန္ဒပြစဉ်  / AFP

အီရန် အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှု တကမ္ဘာလုံး ကျယ်ပြန့်လာ

by ဧရာဝတီ
3 October 2022
5k

ထောက်လှမ်းရေးဌာနများက ဆန္ဒပြပွဲများသည် ပြည်ပမှ ထောက်လှမ်းရေးများနှင့် အကြမ်းဖက်သမားများကြောင့် ဖြစ်ပေါ်ကြောင်း အပြစ်တင်ကြသည်။

Next Post
၂၀၁၆ ခုနှစ် ကချင်ပြည်နယ်တွင် ပြုလုပ်သော တိုင်းရင်းသားညီလာခံသို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် တက်ရောက်လာစဉ် / ဧရာဝတီ 

ရက္ခိုင့်တပ်တော်၊ မြန်မာ့စစ်အာဏာသိမ်းမှု နှင့် ရက္ခိုင်ပြည်နိုင်ငံရေး

ကိုဝေယံအောင်  / Pageant by Wai Yan Page

“တော်လှန်ရေး လုပ်နေသူတွေက Personal Attack လုပ်ဖို့ အားမနေကြပါဘူး”

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

3 days ago
3.8k
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

13 hours ago
3k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate