• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြဿနာနှင့် NUG ရင်ဆိုင်နေရ

by ဧရာဝတီ
28 July 2021
in စီးပွားရေး
A A
ရန်ကုန် ရွှေပြည်သာရှိ အထည်ချုပ်စက်ရုံတရုံကို ၂၀၂၀ မေလအတွင်း မြင်ရစဉ် / ဧရာဝတီ

ရန်ကုန် ရွှေပြည်သာရှိ အထည်ချုပ်စက်ရုံတရုံကို ၂၀၂၀ မေလအတွင်း မြင်ရစဉ် / ဧရာဝတီ

23.4k
VIEWS
Share on FacebookShare on Twitter

နိုဝင်ဘာလကကျင်းပသည့် အထွေထွေရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြင် ဖွဲ့စည်းထားသည့် စင်ပြိုင်အစိုးရဖြစ်သော အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)သည် နိုင်ငံခြား ကုမ္ပဏီများနှင့်ပတ်သက်ပြီး ပိုမိုလက်တွေ့ကျသော နည်းလမ်းကို ကျင့်သုံးနေရပြီး ရင်းနှီးမြှုပ်နှံမှု အသိုက်အဝန်းက မြန်မာပြည်တွင် စီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေကြသည်။

“စစ်တပ်က နည်းလမ်းမျိုးစုံသုံးပြီး ခြိမ်းခြောက်ငွေညှစ်နေတယ် ” ဟု NUG အစိုးရ၏ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတဝန်ကြီးဌာန ဝန်ကြီး တူးခေါင်က အတိအကျမသိရသော နေရာတခုမှ ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် Nikkei Asia သို့ပြောသည်။

စီးပွားရေးလုပ်ငန်းများအနေဖြင့် စစ်ကောင်စီသို့ မည်သည့်ငွေမျှ မပေးရန် NUG က ယခင်က တိုက်တွန်းခဲ့သည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
3.6k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
244
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

NUG ကို လွန်ခဲ့သော ဧပြီလက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ထိုအစိုးရတွင် နိုင်ငံတဝှမ်းမှ မြေအောက် သို့မဟုတ် ပြည်ပတွင် လှုပ်ရှားနေသည့် ရွေးကောက်ခံ နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် လူမှုအသိုက်အဝန်းခေါင်းဆောင်များ ပါဝင်သည်။

ဥရောပနှင့် အမေရိကန်ထံမှ ရုံးလုပ်ငန်းနှင့် စွမ်းရည်မြှင့်တင်ရေးအတွက် အကူအညီများရှိသော်လည်း NUG သည် တရားဝင်အသိအမှတ်ပြုမှု လိုအပ်နေဆဲဖြစ်သည်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ဖမ်းဆီးပြီး ရာထူးမှ ဖယ်ရှားခံရသည့် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ပြီးလျှင် အဆင့်အမြင်ဆုံးအရာရှိနှစ်ဦးမှာ ဒုတိယသမ္မတ ကချင်တိုင်းရင်းသား ဒူးဝါး လရှီလနှင့် ဝန်ကြီးချုပ် ကရင်တိုင်းရင်းသား မန်းဝင်းခိုင်သန်းဖြစ်သည်။ မန်းဝင်းခိုင်သန်းသည် ယခင်က လွှတ်တော်ဥက္ကဋ္ဌလည်း လုပ်ခဲ့ဖူးသည်။

NUG နိုင်ငံရေးသမားများသည် ဥရောပနှင့် အမေရိကန် သံအမတ်များနှင့် အရာရှိများနှင့် မကြာသေးမီက တွေ့ဆုံခဲ့သည်။ ရုံးလုပ်ငန်းနှင့် စွမ်းရည်မြှင့်တင်ရေးအတွက် အကူအညီများရှိသော်လည်း NUG သည် တရားဝင်အသိအမှတ်ပြုမှု လိုအပ်နေဆဲဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံများအသင်းကလည်း ဧပြီလက ကျင်းပသည့် ဂျကာတာအထူးထိပ်သီးဆွေးနွေးပွဲတွင် NUG ကို ဖိတ်ကြားခြင်းမပြုသော်လည်း အာဏာသိမ်း ခေါင်းဆောင်ကိုမူ ထိုအစည်းအဝေး တက်ရောက်စေခဲ့သည်။

လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှု၊ တိုင်းရင်းသား လက်နက်ကိုင်ခုခံမှုနှင့် အနောက်တိုင်းမှ အရေးယူပိတ်ဆို့မှုများတွင် တစုံတရာ ပြောရေးဆိုခွင့်ရသော်လည်း NUG သည် စစ်ကောင်စီက လွှမ်းမိုးရန် ကြိုးစားနေသည့် စီးပွားရေး အသိုက်အဝန်းအပေါ် သြဇာသက်ရောက်ရန်အတွက် ရုန်းကန်နေရဆဲဖြစ်သည်။ စစ်ကောင်စီသည်လည်း နိုင်ငံတော် ယန္တရားကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။

NUG က စီးပွားရေးလုပ်ငန်းများအပေါ် ပျော့ပြောင်းလာသော သဘောထားခြင်းသည် ထိုသို့သော အကန့်အသတ်များကို ကိုင်တွယ်ဖြေရှင်းရန်ဖြစ်သည်။ NUG သည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မတိုင်မီ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် ထိုနောက်ပိုင်း စစ်ကောင်စီနှင့် လုပ်ကိုင်သည့် စီးပွားရေး လုပ်ငန်းမျးာအကြား ခွဲခြားထားကြောင်း ကချင်တိုင်းရင်းသားနှင့် တသီးပုဂ္ဂလအဖြစ် အစိုးရတွင် ခန့်ထားခံရသော ဦးတူးခေါင်က Nikkei သို့ပြောပြီး စစ်ကောင်စီခေတ် ရင်းနှီးမြှုပ်နှံမှုများကို လက်ခံနိုင်ဖွယ် မရှိကြောင်းပြောသည်။

တရုတ်၊ စင်္ကာပူနှင့် ထိုင်းကဲ့သို့သော နိုင်ငံများထံမှ ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက် ၂၅ ခု လက်ခံရရှိထားကြောင်း စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြောသော်လည်း အသေးစိတ်အချက်အလက်များကို မပြောပေ။

“စစ်တပ်နဲ့ဆက်စပ်နေတဲ့ ကုမ္ပဏီတွေရဲ့ နာမည်ပျက်စာရင်းကို ကျနော်တို့ ထုတ်ပြန်ကြေညာမှာပါ” ဟု ၎င်းက ပြောသည်။ “ရင်းနှီးမြှုပ်နှံသူတွေကို ကျနော်ပေးချင်တဲ့ သတင်းစကားကတော့ စစ်ကောင်စီနဲ့ ဘာအလုပ်မှ မလုပ်ဖို့ဘဲ ” ဟုလည်း ဆိုသည်။

NUG ၏ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနသည် စစ်တပ်နှင့် ပတ်သက်နေသည့် လုပ်ငန်းများကိုကြေညာရန်အတွက် မေလ ၂၃ ရက်နေ့တွင် လူမှုကွန်ရက်ကို သုံးခဲ့သည်။ ထိုလုပ်ငန်းများတွင် မြန်မာနိုင်ငံမှ သဘာဝဓါတ်ငွေ့လုပ်ငန်းလုပ်ကွက်တခုကို လုပ်ကိုင်နေသည့် တောင်ကိုရီးယား သံမဏိလုပ်ငန်း Posco လည်း အပါအဝင်ဖြစ်သည်။ ထိုသို့သောလုပ်ငန်းများသည် အကြမ်းဖက်စစ်ကောင်စီ သက်ဆိုးရှည်စေရန် ဝင်ငွေပေးနေသော လုပ်ငန်းများဖြစ်ကြောင်း ထိုဝန်ကြီးဌာနက ဆိုသည်။

တချိန်တည်းတွင် စစ်ကောင်စီကလည်း ရင်းနှီးမြှုပ်နှံမှုသစ်များကို ဆွဲဆောင်ရန် ကြိုးစားနေသည်။ ဖေဖေါ်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းတွင် တရုတ်၊ စင်္ကာပူနှင့် ထိုင်းကဲ့သို့သော နိုင်ငံများထံမှ ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက် ၂၅ ခု လက်ခံရရှိထားကြောင်း စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြောသော်လည်း အသေးစိတ်အချက်အလက်များကို မပြောပေ။

ထိုရင်းနှီးမြှုပ်နှံမှုများအနက် အကြီးမားဆုံးမှာ မေလက အတည်ပြုခဲ့သည့် ဒေါ်လာ ၂.၅ သန်းတန် သဘာ၀ ဓါတ်ငွေ့ရည် စီမံကိန်းဖြစ်သည်။ ထိုစီမံကိန်းသည် နိုင်ငံအနောက်တောင်ပိုင်းမှ တရုတ်အစိုးရပိုင်ကုမ္ပဏီများနှင့် မြန်မာနိုင်ငံမှ Supreme Trading တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော မီးလင်းဂျိုင်လျှပ်စစ်ဓါတ်အား စီမံကိန်းဖြစ်သည်ဟု ယူဆရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ဆိုလာနေစွမ်းအားစက်ရုံ ၁၂ ခုတည်ဆောက်ရန် မေလ ၂၄ ရက်နေ့က တင်ဒါခေါ်ယူသည်။

ထိုကော်မရှင်သို့ လျှောက်လွှာများ မတင်သွင်းရန် NUG အစိုးရ ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်က ရင်းနှီးမြှုပ်နှံသူများကို ပြောကြားပြီး ရွေးကောက်ခံအစိုးရသည် အာဏာပြန်လည်ရရှိလျှင် ထိုအဖွဲ့က ထုတ်ပေးသည့် ခွင့်ပြုချက်များကို အသိအမှတ်ပြုမည် မဟုတ်ကြောင်း ကြေညာသည်။

အခွန်သပိတ်မှောက်ခြင်းနှင့် ပတ်သက်ပြီလည်း ဦးတူးခေါင်က ထိုကိစ္စသည် ကုမ္ပဏီ တခုချင်းနှင့်ဆိုင်ကြောင်း ပြောကြားပြီး “တယ်လီနောလို အရင်အစိုးရခေတ်က တနိုင်ငံလုံးမှာ အခြေခံ အဆောက်အအုံတွေ တည်ဆောက်ခဲ့တဲ့ သူတွေအတွက် ကျနော်တို့က သူတို့ဟာ ရေရှည်အတွက် အလုပ်လုပ်နေတယ်ဆိုတာကို နားလည်နိုင်တယ်။ သူတို့က စစ်ကောင်စီကို ငွေမပေးတော့ရင် ပြည်သူတွေ ထိခိုက်လား မထိခိုက်လား ဆိုတာကို ကျနော်တို့က ထည့်သွင်းစဉ်းစားရတယ်” ဟု သူပြောပြီး ဆက်သွယ်ရေးအတွက် ထိုဝန်ဆောင်မှု လုပ်ငန်းအပေါ် ကျယ်ပြန့်သော မှီခိုအားထားမှုကို သူထောက်ပြသည်။

ရင်းနှီးမြှုပ်နှံသူများသည် မြန်မာပြည်သူများအတွက် ငွေကို မြန်မာပြည်သူများ၏ အစိုးရဖြစ်သော NUG ထံသို့ လွှဲပြောင်းပေးရမည်ဟု ဒေါက်တာဆာဆာက ပြောသည်

“ဒါပေမယ့် စစ်ကောင်စီကို ငွေတွေ အမြောက်အမြားပေးနေတဲ့ သွင်းကုန်ထုတ်ကုန်ုလုပ်ငန်းတွေလို ကုမ္ပဏီတွေ ကတော့ သူတို့ရဲ့ဝန်ဆောင်မှုတွေကို ရပ်တန့်စေချင်တယ်” ဟုလည်း သူပြောသည်။

စင်ပြိုင်အစိုးရသည် ထိုင်းနိုင်ငံတွင် ငွေစာရင်းများဖွင့်ပြီးနောက် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည့် ထိုင်းလုပ်ငန်းများအနေဖြင့် ထိုငွေစာရင်းများသို့ အခွန်ဆောင်ရန်ပြောကြောင်း NUG ၏ လူသိအများဆုံး ဝန်ကြီးဖြစ်သော နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာ ဆာဆာက Nikkei သို့ပြောသည်။ အခြားသောနိုင်ငံများမှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူများသည်လည်း ၎င်းတို့နိုင်ငံများရှိ NUG ငွေစာရင်းများသို့ အခွန်ဆောင်ရန်ပြောသည်။ ရင်းနှီးမြှုပ်နှံသူများသည် မြန်မာပြည်သူများအတွက် ငွေကို မြန်မာပြည်သူများ၏ အစိုးရဖြစ်သော NUG ထံသို့ လွှဲပြောင်းပေးရမည်ဟု သူပြောသည်။

သို့သော် အခွန်ဆိုင်းငံ့ထားသော ကုမ္ပဏီများအတွက် စစ်ကောင်စီက မည်သို့ ပြင်းထန်စွာ တုံ့ပြန်မည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။ ထိုအစီအစဉ်များကို မည်သည့် ဗဟိုဘဏ်ကမျှလည်း သဘောကျမည် မဟုတ်ပေ။

တယ်လီနောသည် မြန်မာနိုင်ငံတွင် လွန်ခဲ့သော ၈ နှစ်က လုပ်ငန်းများ စတင်ခဲ့ပြီး ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ထုတ်သည် ညွှန်ကြားချက်အားလုံးကို ပြည်သူလူထုသို့ အမြဲ အသိပေးသည်။ သို့သော် တယ်လီနောက ထိုသို့လုပ်ဆောင်နိုင်ခြင်း မရှိတော့ကြောင်း ဖေဖေါ်ဝါရီလအလယ်က ထုတ်ပြန်သည်။ မြန်မာမှ လုံခြုံရေးနှင့် လူ့အခွင့်အရေးအခြေအနေ ဆိုးရွားလွန်းသောကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် အမေရိကန်ဒေါ်လာ ၇၈၃ သန်းကို ကုမ္ပဏီ၏ အမြတ်အစွန်းအတွက် ထည့်သွင်းတွက်ချက်တော့မည် မဟုတ်ကြောင်း နော်ဝေးမှ နိုင်ငံတကာလုပ်ငန်း တယ်လီနောက ယခုလအစောပိုင်းက ကြေညာသည်။ စစ်ကောင်စီက ပိုမိုကျယ်ပြန့်သော တားမြစ်ပိတ်ပင်မှုများလုပ်ပြီး ဘဏ်နှင့် စီးပွားရေးလုပ်ငန်းများကိုသာ အင်တာနက်တွင် အသုံးပြုခွင့်ပေးရန် ကြိုးစားသောအခါကလည်း တယ်လီနောက ၎င်းတို့ကို ခြွင်းချက်ထားကာ ဖွင့်ပေးရန် ပြောကြားခဲ့သည်။ နောက်ဆုံးတွင် တယ်လီနောမြန်မာအား ပြန်လည်ရောင်းချလိုက်တော့သည်။

တယ်လီနောသည် မြန်မာနိုင်ငံတွင်စစ်အာဏာသိမ်းပြီးနောက် ဖြစ်ရပ်များအတွက် လွန်စွာစိုးရိမ်နေကြောင်း ထုတ်ပြန်သည့် မြန်မာတာဝန်သိသော စီးပွားရေးလုပ်ငန်းများဌာန Myanmar Center for Responsible Business က ထုတ်ပြန်သည့် ကုမ္ပဏီ ၂၃၀ ကျော်တွင်ပါဝင်သည်။ ယခင်မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ဟောင်း ဗစ်ကီဘိုးမင်းက ဦးဆောင်သည့် ထိုသို့လက်မှတ်ရေးထိုး တောင်းဆိုသူများက လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ကန့်သတ်ထိန်းချုပ်မှုမရှိသော သတင်းလွတ်ခွင့်နှင့် တရားဥပဒေ စိုးမိုးရေးကို တောင်းဆိုသည်။

ဂျပန်အဖျော်ယမကာလုပ်ငန်း ကီရင်နှင့် စင်္ကာပူလုပ်ငန်းရှင် သူဌေးကြီး လမ်ကာလင်းတို့သည် စစ်တပ်အာဏာလုယူမှုအပြီး ရက်ပိုင်းအတွင်း စစ်တပ်နှင့်အဆက်အသွယ်ဖြတ်မည်ဟု ကြေညာသည်။

သို့သော် တရုတ်၊ စင်္ကာပူ၊ ထိုင်းနှင့်တောင်ကိုရီးယား ရင်းနှီးမြှုပ်နှံသူများအပါအဝင် ကုမ္ပဏီနှင့် သြဇာကြီးမားသည့် စီးပွားရေးအုပ်စုအများအပြားသည် နှုတ်ဆိတ်နေကြသည်။ ထိုသို့သောအချိန်တွင် ဟောင်ကောင် စတော့အိတ်ချိန်း စာရင်းဝင် VPower က စစ်တပ်ပိုင်မြေတွင် တည်ဆောက်ထားသည့် သန်လျှင်ရှိ ၎င်းတို့၏ ဓါတ်အားပေးစက်ရုံများကို စစ်တပ်ပိုင်လုပ်ငန်းစုဖြစ်သော မြန်မာ့စီးပွားရေး ဦးပိုင်သို့ လွှဲပြောင်းရန် စီစဉ်နေသည်ဟု Nikkei သတင်းထောက်များက ဖေါ်ပြသည်။

NUG ၏ တောင်းဆိုမှုများသည် လက်တွေ့မကျဟု အများအပြားကယူဆကြသည်။ တချိန်တည်းတွင် ဗိုလ်ချုပ်များကလည်း လူမှုအာဏာဖီဆန်ရေးလှုပ်ရှားကို မထောက်ခံရန်နှင့် လုပ်ငန်းများပြန်လည်စတင်ရန် စီးပွားရေးလုပ်ငန်းများကို အတင်းအကျပ် ဖိအားပေးမှု အရှိန်မြှင့်တင်နေသည်။

ဆူပါမားကက်နှင့် ဘဏ်ဝန်ထမ်းများကို စစ်အုပ်စုကဖမ်းဆီးပြီး အလုပ်ပြန်ဆင်းခိုင်းသည်။ စစ်ကောင်စီကို ဆန့်ကျင်သည့် ပုဂ္ဂလိက ဆေးရုံများနှင့် မီဒီယာကုမ္ပဏီများ လုပ်ငန်းလုပ်ခွင့်လိုင်စင် ရုတ်သိမ်းခံရပြီး ဝန်ထမ်းများ၏ လုံခြုံရေးသည် အဓိက ပြဿနာဖြစ်နေသည်။

“အကျပ်အတည်းက အရမ်းကြီးမားတယ်” ဟု အမည်မဖေါ်လိုသော ပြည်ပရင်းနှီးမြှုပ်နှံသူတဦးက Nikkei သို့ပြောသည်။ “အခွန်ပေးဆောင်တာကို ရပ်ဆိုင်းလိုက်ရင် အစိုးရဝင်ငွေ ကျသွားမယ်။ ဒါပေမယ့် ပြဿနာက အမှန်တကယ် ထိရောက်မှု ရှိ မရှိဆိုတာပဲ။ အဲဒီလို လုပ်လိုက်ရင် ဝန်ထမ်းတွေနဲ့ မိတ်ဖက်လုပ်ငန်းတွေအတွက် လက်မခံနိုင်လောက်တဲ့ လုံခြုံရေး အန္တရာယ်ရှိနေတယ်” ဟု သူပြောသည်။

NUG က မေတ္တာရပ်ခံထားသော်လည်း ပြင်သစ်မှ Total နှင့် နယ်သာလန်မှ Heineken ကဲ့သို့သော နိုင်ငံစုံလုပ်ငန်းများက အခွန်များကို ဆက်လက်ပေးဆောင်နေကြသည်။ ထိုသို့ပေးဆောင်ခြင်းမှာ ဝန်ထမ်းများကို အတင်းအကျပ် လုပ်အားခိုင်းစေခြင်းနှင့် ဖမ်းဆီးခံရမည့် အန္တရာယ်ကို ကာကွယ်ရန်နှင့် လျှပ်စစ်ဓါတ်အားဆက်လက်ရရှိစေရန်အတွက် ဖြစ်ကြောင်း Total အမှုဆောင်အရာရှိချုပ် ပက်ထရစ် ပိုယန်းက လွန်ခဲ့သောလက ပြောသည်။

အခွန်ပေးဆောင်တာကို ရပ်ဆိုင်းလိုက်ရင် အစိုးရဝင်ငွေ ကျသွားမယ်။ ဒါပေမယ့် ပြဿနာက အမှန်တကယ် ထိရောက်မှု ရှိ မရှိဆိုတာပဲ။ အဲဒီလို လုပ်လိုက်ရင် ဝန်ထမ်းတွေနဲ့ မိတ်ဖက်လုပ်ငန်းတွေ လုံခြုံရေး အန္တရာယ်ရှိနေတယ်

အဓိကကျသော ကုမ္မဏီများ လုပ်ငန်းများ ရပ်ဆိုင်းလိုက်ခြင်းနှင့်ပတ်သက်ပြီး ပြည်တွင်းဆန္ဒပြသူများနှင့် စီးပွားရေးသမားများက စိုးရိမ်ကြသည်။ အထည်ချုပ်လုပ်ငန်းများမှ ထိခိုက်လွယ်လူမှု အသိုက်အဝန်းများအတွက် အလုပ်အကိုင် အကြီးအကျယ်ဆုံးရှုံးမှု သို့မဟုတ် တယ်လီနော မြန်မာနိုင်ငံမှ ထွက်ခွာသွားပါက ဆက်သွယ်ရေး အခွင့်အရေး ဆုံးရှုံးမှုများ ဖြစ်လာမည်ဟုဆိုကြသည်။

ဆွီဒင်မှ H&M နှင့် ဗြိတိန်မှ Primark တို့ကဲ့သို့သော ကုန်အမှတ်တံဆိပ်များသည် မြန်မာနိုင်ငံသို့ အမှာစာများ ပြန်လည်ပေးပို့နေသော်လည်း အထည်ချုပ်လုပ်ငန်းသည် မရေမရာဖြစ်နေဆဲဖြစ်သည်။ အထည်ချုပ်လုပ်ငန်းများ မြန်မာမှထွက်ခွာခြင်းသည် သိန်းနှင့်ချီသော အလုပ်သမားများနှင့် ၎င်းတို့ကို မှီခိုသူများအား ထိခိုက်စေပြီး ထိုလုပ်ငန်းသည် စစ်ကောင်စီအတွက် တိုက်ရိုက်အထောက်အကူ အနည်းငယ်သာ ရသောလုပ်ငန်းဖြစ်ကြောင်း ယခုလအတွင်း ထုတ်ပြန်သည့် စာတမ်းတစောင်တွင် မြန်မာမှ ဥရောပ ကုန်သည်ကြီးများအသင်း (EuroCham Myanmar) က ပြောသည်။

“စီးပွားရေးအသိုက်အဝန်းအနေနဲ့ သြဇာကို သုံးနိုင်တဲ့ နည်းလမ်းတွေထဲက တခုကတော့ အန္တရာယ်များလွန်းနေရင် ပုဂ္ဂလိကပိုင်ဖြစ်ဖြစ် အများပိုင်ဖြစ်ဖြစ် NUG ကို ထိတွေ့ဆက်ဆံပြီး အခုလိုကြီးထွားနေတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းမှာ သူတို့ ဘယ်လိုလုပ်နေရတယ်ဆိုတာကို NUG က ပိုနားလည်လာအောင် လုပ်ဖို့ပဲ” ဟု မြန်မာအထူးပြု ဖွံ့ဖြိုးတိုးတက်ရေးဘောဂဗေဒ ပညာရှင် ဂျရက် ဘစ်ဆင်ဂျာက ပြောသည်။

“စီးပွားရေးလုပ်ငန်းတွေအနေနဲ့ လူတွေကို အလုပ်ပေးထားနိုင်ဖို့ အရေးကြီးတယ်ဆိုတာကို တနေ့ထက်တနေ့ ထင်ထင်ရှားရှားမြင်နေရပြီ။ မိသားစုတွေကို ထောက်ပံ့ဖို့နဲ့ စစ်ကောင်စီကို ဆက်လက်ဆန့်ကျင်ဖို့ရော အလုပ်သမားတွေ လုပ်နိုင်စေတဲ့အတွက် ဒါဟာ ရေရှည်မှာ NUG နဲ့လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုကို မထိခိုက်စေဘဲ အထောက်အကူပြုလိမ့်မယ်” ဟု ဘစ်ဆင်ဂျာက Nikkei သို့ပြောသည်။

ကိုးကား ။ ။ Nikkei Asia ရဲ့ Myanmar’s parallel government grapples with foreign investment dilemma

You may also like these stories:

တယ်လီနောမြန်မာက သုံးစွဲသူများ၏ အချက်အလက်များ လက်လွှဲရောင်းချမှု ကန့်ကွက်ခံနေရ

မြန်မာ့စီးပွားရေး အနုတ် ၁၈ ရာခိုင်နှုန်းထိ ကျနိုင်ဟု ကမ္ဘာ့ဘဏ်ဆို

စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့လျှပ်စစ်ကဏ္ဍ ဖရိုဖရဲဖြစ်

ကိုဗစ်၊ အာဏာသိမ်းမှု၊ ကုန်ဈေးနှုန်းတွေကြား အသက်ရှူကျပ်သူများ

Your Thoughts …
Tags: Nikkei AsiaNUGစီးပွားရေးလုပ်ငန်းများနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခွန်ပေး မပေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ပြည်သူများအား ကိုဗစ်ရောဂါပိုး ရှိမရှိ KIA မှ စစ်ဆေးမှုများ ပြုလုပ်ပေးနေစဉ်  / Kachin Net

KIA ဌာနချုပ် လိုင်ဇာတွင် လူထုအား ကိုဗစ်ရောဂါပိုး ရှိမရှိ ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးပေးမည်

သံတွဲမြို့ ရေကြီးနေသည့် အခြေအနေကို ဤကဲ့သို့ တွေ့ရသည်  / ကိုကျော်ဇေယျ

ရေဘေးသင့် သံတွဲဒေသအတွက် အရေးပေါ် အကူအညီများ လိုအပ်နေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved