• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

အခြေခံကုန်ပစ္စည်း ဈေးနှုန်းများ ထိုးတက်လာနေ

by ဧရာဝတီ
1 October 2021
in စီးပွားရေး
A A
၂၀၂၁ ဇန်နဝါရီလအတွင်းက တွေ့ရသည့် တာမွေမြို့နယ်ရှိ ယုဇနပလာဇာ  / ဧရာဝတီ

၂၀၂၁ ဇန်နဝါရီလအတွင်းက တွေ့ရသည့် တာမွေမြို့နယ်ရှိ ယုဇနပလာဇာ / ဧရာဝတီ

10.2k
VIEWS
Share on FacebookShare on Twitter

အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်မှုနှုန်း စံချိန်တင် မြင့်တက်လာမှုများကြောင့် ပြည်တွင်းမှ ထုတ် လုပ်သော ကုန်ပစ္စည်းများနှင့် ပြည်ပမှတင်သွင်းရသော အခြေခံကုန်ပစ္စည်းများ ဈေးနှုန်း မြင့်တက်လျက် ရှိသည်။

မြန်မာ့စီးပွားရေး ကျဆင်းခြင်း၊ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေခြင်း၊ ကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းလာပြီး အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ကျပ် ၂၅၀၀ ကျော်အထိ မြင့်တက်လာခြင်း စသည်တို့ကြောင့် ပြည်ပမှ တင်သွင်းနေရသော စက်သုံးဆီ၊ အိမ်သုံးမီးဖိုချောင်သုံးဂတ်စ် အပါအဝင် အခြေခံစားသောက်ကုန် ဈေးနှုန်းများသည် ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင် နှုန်းကျော်အထိ မြင့်တက်လာကြောင်း ဈေးကွက်ဈေးနှုန်းများအရ သိရသည်။

RelatedPosts

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
844
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.7k
တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.7k

“စားသောက်ဆိုင်တွေကတော့ အော်နေကြပြီ။ ပုံမှန်အိမ်သုံးတွေကလည်း အခုဆို မီးသွေးပြန်ပြောင်း သုံးနေကြပြီ။ ဂတ်စ် ဝယ်လိုအားလည်း တော်တော်ကို ကျသွားတယ်” ဟု လက်ရှိ မီးဖိုချောင်သုံး ဂတ်စ် ဈေးကွက်အခြေအနေကို ရန်ကုန်မြို့၊ လသာမြို့နယ်ရှိ Golden Star ဂတ်စ်ဆိုင်မှ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။

နိုင်ငံခြားငွေ လဲလှယ်နှုန်း မြင့်တက်မှုကြောင့် ယခင်က ၁ ကီလိုဂရမ်လျှင် ကျပ် ၁၇၀၀ မှ ၁၈၀၀ ဝန်းကျင် ရှိသော မီး ဖိုချောင်သုံး ဂတ်စ်ဈေးနှုန်းသည် ယခုအခါ ၁ ကီလိုဂရမ်လျှင် ကျပ် ၂၂၀၀ ကျော်အထိ ဈေးနှုန်း မြင့်တက်လာသည်ဟု ၎င်းက ဆိုသည်။

ထို့အတူ စက်သုံးဆီ ဈေးနှုန်းများသည်လည်း ယခင်က ၁ လီတာလျှင် ကျပ် ၇၀၀ ဝန်းကျင်သာ ရှိခဲ့ရာမှ ယခုအခါ ၁ လီတာလျှင် ကျပ် ၁၅၀၀ ကျော်အထိ မြင့်တက်လာလျက် ရှိသည်။

၂၀၂၁ ဇန်နဝါရီလအတွင်းက တွေ့ရသည့် တာမွေမြို့နယ်ရှိ ယုဇနပလာဇာ (ဓာတ်ပုံ/ဧရာဝတီ)

“ဒေါ်လာဈေး၊ ဘတ်ဈေးက တက်တယ်။ စက်သုံးဆီ ဈေးတက်တော့ တန်ဆာခဈေးက လိုက်တက်တော့ သွင်းရတဲ့ ကုန်ပစ္စည်းတန်ဖိုးက အများကြီး တက်သွားပြီ။ ဒါပေမဲ့ ဈေးကွက်ထဲမှာက ဈေးတက်သွားတော့ ဝယ်လိုအားက မရှိပြန်ဘူး။ တွက်ချေမကိုက်တော့ ကုန်သည်တွေလည်း အရမ်းမလုပ်ကြဘူး” ဟု ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းများ တင်သွင်းနေသော ကုန်သည်တဦးက ပြောသည်။

လတ်တလောတွင် ပြည်တွင်းကျပ်ငွေတန်ဖိုး ကျဆင်းပြီး ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ပြည်သူလူထု ကလည်း အမှန်တကယ် လိုအပ်သော အခြေခံစားသောက်ကုန်နှင့် နေ့စဉ်သုံး ကုန်ပစ္စည်းများကိုသာ ဝယ်ယူသုံးစွဲနေကြ သည်။
ထို့ကြောင့် နေ့စဉ် လူနေမှုဘဝအတွက် မရှိမဖြစ် မလိုအပ်သော လူသုံးကုန်နှင့် စားသောက်ကုန်များ တင်သွင်းနေသူ တချို့က ၎င်းတို့၏ လုပ်ငန်းများကို ရပ်ဆိုင်းခြင်း သို့မဟုတ် လျှော့ချခြင်းများ လုပ်ဆောင်လျက် ရှိကြောင်းလည်း ကုန်သည်တဦးက ပြောပြသည်။

ရန်ကုန်မြို့မှ အိမ်ရှင်မ တဦးက “အခုက ဈေးတက်တာက အများကြီး သိသာပြီး တက်တာမဟုတ်ပေမယ့် ပစ္စည်းအစုံ ကို ဈေးလိုက်တက်နေတဲ့ အခြေအနေ ဖြစ်တာပေါ့။ ဆီက ၃၀၀/၄၀၀ တက်၊ ဆန်က ၄၀၀/၅၀၀ တက်ဆိုတော့ တပတ်စာ အတွက် ဒီကုန်ပစ္စည်း အရေအတွက်လောက်ပဲကို ကုန်ကျစရိတ်ကျတော့ အများကြီး ပိုတက်သွားတာပေါ့” ဟု ပြောသည်။

၂၀၁၉ အောက်တိုဘာလအတွင်းက တွေ့ရသည့် ရန်ကုန်မြို့ ၃၈ လမ်းဈေး (ဓာတ်ပုံ/ဧရာဝတီ)

ပြည်တွင်းမှ ထုတ်လုပ်သော ကုန်ပစ္စည်းများသည်လည်း ဒေါ်လာဈေး မြင့်တက်မှုကြောင့် ပြည်ပမှ တင်သွင်းရသော ကုန်ကြမ်းနှင့် သွင်းအားစု ဈေးနှုန်းများမြင့်တက်ခြင်း၊ စက်သုံးဆီ ဈေးနှုန်းမြင့်တက်ခြင်းကြောင့် သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်ကာ ဆန်၊ ဆီ၊ နို့ဆီ၊ ကော်ဖီ အပါအဝင် အခြေခံစား သောက်ကုန်တချို့၏ လက်လီဈေးကွက်တွင် ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း အတွင်းရေးမှူး ဦးအောင်မြင့်က “တခြား ကုန်ပစ္စည်းတွေလည်း ဈေးက တက်နေတော့ ဆန်ဈေးကလည်း အထိုက်အလျောက် လိုက်တက်လာတာတော့ ရှိတယ်။ ဒါပေမဲ့ ဈေးကွက် လှုပ်ခတ်လောက်တဲ့ အထိတော့ ဈေးမတက်ပါဘူး” ဟု ပြောသည်။

ပြည်တွင်း၌ ပုံမှန်စားသုံးနေသော ဆန်အမျိုးအစားအပေါ် မူတည်ပြီး ဆန် ၁ အိတ်လျှင် ကျပ် ၄၀၀၀ မှ ၅၀၀၀ ဝန်းကျင် အထိ ဈေးနှုန်းမြင့်တက်သွားကြောင်း စားသုံးသူများနှင့် ဆန်ကုန်သည်များထံမှ သိရသည်။

“ပဲက ကျတော့ ငွေဈေးတက်တာနဲ့ လိုက်တက်တယ်။ ဆန်ကျတော့ ပြည်တွင်းလည်း စားသုံးမှုရှိတော့ ဒေါ်လာတို့ဘာတို့ လိုက်တက်တိုင်း တက်လို့ အဆင်မပြေဘူး” ဟု ဦးအောင်မြင့်က ဆိုသည်။

သို့သော် ဆန်စပါး ထုတ်လုပ်သည့် တောင်သူများဘက်တွင် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်သုံးဆီ အပါအဝင် အဓိက သွင်းအားစုများ ဈေးနှုန်းမြင့်တက်ခြင်း၊ စိုက်ပျိုးစရိတ် ချေးငွေများ မရှိသည့် အခက်အခဲများကြောင့် ထွက် လာသော ဆန်စပါးပေါ် တွက်ချေကိုက်သည့် ဈေးနှုန်းတခု ရမှသာ တောင်သူများအတွက် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ ထို့အတွက် စပါးအခြေခံဈေးနှုန်း သတ်မှတ်ခြင်းကို အသင်းအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။

တရုတ်ဈေးကွက် ပိတ်ထားသလို ပြည်တွင်းဈေးကွက်တွင်လည်း ဝယ်လိုအား ကျဆင်းလျက် ရှိခြင်းကြောင့် ပြည်တွင်း ကြက်သွန်နီ ဈေးနှုန်းသည် ၁ ပိသာလျှင် ကျပ် ၂၀၀ မှ ၅၀၀ (အမျိုးအစားအလိုက်) ဝန်းကျင်ဖြင့်သာ ပေါက်ဈေးရှိတော့ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုချောင် သီးနှံစိုက်ပျိုး ထုတ်လုပ်တင် ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်က ဆိုသည်။

“လက်လီကတော့ သတင်းတခုခု ထွက်တာနဲ့ ဈေးတင် ရောင်းကြတာပေါ့။ သူတို့လည်း ဝယ်ပြီးရင် အလျော့တွက်တွေ ရှိတာကိုး။ ဒါပေမဲ့ တချို့လူတွေကျတော့ အရမ်း အများကြီး တင်ကြတယ်” ဟု ၎င်းက ပြောဆိုသည်။

၂၀၂၀ စက်တင်ဘာလအတွင်းက တွေ့ရသည့် လှည်းတန်းဈေး (ဓာတ်ပုံ/ဧရာဝတီ)

တဖက်တွင်လည်း စက်သုံးဆီဈေး မြင့်တက်မှုကြောင့် သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်ကာ ရန်ကုန်မှ နယ်ဘက်များသို့ ပြန်လည် ဖြန့်ဖြူးရသော အခြေခံစားသောက်ကုန် တချို့မှာ ဈေးနှုန်းများ မြင့်တက်လျက် ရှိသည်။

ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် အပါအဝင် ပြည်နယ်နှင့် တိုင်းတချို့တွင် စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် ယင်းဒေသများရှိ ပြန်လည် ဖြန့်ဖြူးရောင်းချသော စက်သုံးဆီဆိုင်အချို့မှာ တွက်ချေမကိုက်သဖြင့် လုပ်ငန်းများ ယာယီ ရပ်နားထားကြကြောင်း သိရသည်။

ကိုဗစ်-၁၉ ရိုက်ခတ်မှုအပြင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော စီးပွားရေး ကျဆင်းမှုများကြောင့် အလုပ်လက်မဲ့နှုန်း မြင့်တက်ကာ အိမ်ထောင်စုများ၏ ဝင်ငွေနှင့် သုံးစွဲနိုင်အား ကျဆင်းလျက်ရှိသလို စီးပွားရေး လုပ်ငန်းများဘက်တွင်လည်း ဘဏ်လုပ်ငန်း အကျပ်အတည်းကြောင့် လုပ်ငန်းလည်ပတ်ငွေများ ပုံမှန်မစီးဆင်းနိုင်ခြင်း၊ အမေရိကန်ဒေါ်လာဈေး စံချိန်တင်မြင့်တက်ခြင်း၊ ဈေးကွက်ဝယ်လိုအား ကျဆင်းခြင်းနှင့် ကုန်ကြမ်းဈေးနှုန်းများ၊ ထုတ်လုပ်မှု ကုန်ကျစရိတ်များ မြင့်တက်လာခြင်း ပြဿနာများကို အကြီးအကျယ် ရင်ဆိုင်နေကြရသည်။

အမေရိကန်ဒေါ်လာ ဈေးမြင့်တက်မှုကြောင့် စက်သုံးဆီ ဈေးနှုန်းမြင့်တက်မှုသည် ယခုစက်တင်ဘာ လလယ်ခန့်မှသာ စတင် ဖြစ်ပွားလာခြင်းကြောင့် လက်ရှိတွင် ကုန်ပစ္စည်းဈေးနှုန်းများ အနည်းငယ် မြင့်တက်နေခြင်း ဖြစ်သော်လည်း တွက်ချေမကိုက်၍ ထုတ်လုပ်မှု လျှော့ချခြင်းနှင့် ပြည်ပမှ တင်သွင်းမှု လျှော့ချလိုက်ခြင်းတို့ကြောင့် ပစ္စည်းပြတ်လပ်မှု ဖြစ် ပေါ်လာမည့် ကုန်ပစ္စည်းတချို့၏ ဈေးနှုန်းများသည် လာမည့် သီတင်းပတ်များမှ စတင်ကာ ယခုထက် ဈေးနှုန်းများ ထပ်မံ မြင့်တက်လာနိုင်ဖွယ် ရှိကြောင်း ကုန်သည်များနှင့် လုပ်ငန်းရှင်များက ခန့်မှန်းထားသည်။

You may also like these stories:

ကျပ်ငွေ တန်ဖိုး ဆက်တိုက်ကျ စက်သုံးဆီဈေးနှုန်း နှစ်ဆကျော် မြင့်လာ

အမေရိကန် ၁ ဒေါ်လာ ကျပ် ၂၇၀၀ ရောက်ပြီ

BGF ထိန်းချုပ် နယ်စပ်ကုန်သွယ်ရေးလှေဂိတ်များ ထိုင်းဘက်က ပြန်ဖွင့်ရန်စီစဉ်

ယူကရိန်းမှ လက်နက်အဝယ်တော် (သို့မဟုတ်) ဦးအောင်လှိုင်ဦး

Your Thoughts …
Tags: ကုန်ဈေးနှုန်းစက်သုံးဆီဒေါ်လာမြန်မာကျပ်ငွေ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.7k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

by ဧရာဝတီ
11 September 2023
23.8k

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ညွှန်ချုပ်အဖြစ် ပြောင်းရွှေ့ကြောင်း ထုတ်ပြန်ပြီးနောက် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ) မှ ဗိုလ်မှူးကြီး အောင်ဇော်လင်းမှာ စ သုံးလုံး...

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
20.8k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

by ခင်မမ
12 January 2024
16.7k

စစ်မတိုက်တတ်၍ စစ်ရှုံးနေသော၊ ဘာမဆိုလုပ်ရဲသော သာဝတယောက် ၂၀၂၄ နှစ်ဆန်းတွင် စစ်သံမပေးရဲ၊ လေသံ မမာရဲတော့ပေ။

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

by ဇေယျ (အညာ)
10 August 2023
15.8k

ယခုလည်း မြန်မာစစ်ခေါင်းဆောင်က အကြီးဆုံးဘုရားဆိုသည်ကို ငွေကြေးသန်းပေါင်းများစွာ အကုန်အကျခံ၍ တည်ပြီးချိန်တွင် မြန်မာငွေက နောက်တဆင့်တိုး၍ ဖောင်းပွနေ၏။

စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

by ဧရာဝတီ
19 September 2023
14.2k

လာဘ်စားမှုကြောင့် နေပြည်တော်လူဖမ်းပွဲ နောက်ဆက်တွဲ အနေ ဖြင့် စီးပွား/ကူးသန်း ဒုဝန်ကြီး ဦးညွန့် အောင် အပါအဝင် အခြားသော ဝန်ကြီးဌာနအရာရှိတချို့လည်း ထပ်မံ ဖမ်းဆီးစစ် ဆေးမေးမြန်းခံရလျက်ရှိကြောင်း

Next Post
ဖေဖော်ဝါရီလ ဆန္ဒပြပွဲများအတွင်း တွေ့ရသော ရှောင်တာနဲလ် လွတ်မြောက်ရေး တောင်းဆိုသော ပိုစတာတခု / ဧရာဝတီ 

စစ်ကောင်စီက ရှောင်တန်းနဲလ်ကို ရှေ့နေနှင့်တွေ့ခွင့်မပေး

ဖေဖော်ဝါရီလ ဆန္ဒပြပွဲများအတွင်း ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး တောင်းဆိုခဲ့ကြသည် / ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည်အပေါ် အရင်ထက် ယခုစစ်အုပ်စုက ပိုငြိုး

No Result
View All Result

Recommended

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
7.3k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate