• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

အဝေးပြေးကုန်စည်ပို့ဆောင်ရေး ရပ်ဆိုင်းမည့် အခြေအနေနှင့် ရင်ဆိုင်နေရ

by ဧရာဝတီ
11 October 2021
in စီးပွားရေး
A A
ရှမ်းပြည်မြောက်ပိုင်း မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်း အနီးတွေ့ရသည့် အဝေးပြေး ကုန်တင်ကားများ / ဧရာဝတီ

ရှမ်းပြည်မြောက်ပိုင်း မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်း အနီးတွေ့ရသည့် အဝေးပြေး ကုန်တင်ကားများ / ဧရာဝတီ

9k
VIEWS
Share on FacebookShare on Twitter

စက်သုံးဆီဈေးမြင့်တက်မှုများကြောင့် ပြည်တွင်း၌ အဝေးပြေးသယ်ယူပို့ဆောင်ရေး လုပ်ငန်း တဝက်ခန့်မှာ ရပ်နားနေရပြီး ကျန်လုပ်ငန်းတစ်ဝက်မှာလည်း ယခုလကုန်ပိုင်းတွင် ထပ်မံရပ်နား ရမည့် အခြေအနေများနှင့်လည်း ရင်ဆိုင်နေရကြောင်း လုပ်ငန်းရှင်များထံက သိရသည်။

တရုတ်နယ်စပ်ဂိတ်များ ပိတ်ထားသဖြင့် ကုန်စည်များ သယ်ယူပို့ ဆောင် မှု လျော့ကျခြင်း၊ နိုင်ငံခြားငွေဈေးမြင့်တက်မှုကြောင့် ပြည်ပတင်သွင်းသည့် စက်သုံးဆီဈေးအပါအဝင် ကားနှင့် ပတ်သက်သောဆက်စပ်ပစ္စည်းများ မြင့်တက်ခြင်း၊ ကုန်စည်သယ်ယူ ပို့ဆောင်ရာ တွင်လည်း အဖမ်းအဆီးနှင့် အစစ်အဆေးများကာ ပေးကမ်းရသည့် ကုန်ကျစရိတ်ရှိလာခြင်းတို့ကြောင့် လုပ်ငန်းတဝက်မှာ လက်ရှိတွင် ရပ်နားထား ခြင်း ဖြစ်သည်။

RelatedPosts

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

9 July 2025
592
အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

8 July 2025
1.3k
ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

7 July 2025
2.7k

မြန်မာနိုင်ငံ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးကျင်သိန်းက “အခုကတော့ ကျနော်တို့ တဝက်လောက် ရပ်နားနေပြီ။ ကျနော်တို့မှာ ဝင်ငွေ၊ ထွက်ငွေ မျှတအောင် လုပ်နေရတဲ့အခါမှာ အများကြီး အခက်အခဲ ရှိပါတယ်။ အခုက စက်သုံးဆီဈေးတွေ မြင့်တယ်။ ခွဲတမ်းကလည်း ဒီလလယ်လောက်ဆိုရင် ကုန်သလောက်ဖြစ်နေပြီဆိုတော့ အကျိုးဆက်ကတော့ ကျနော်တို့ ကားတွေ ရပ်သင့်ရင်လည်း ရပ်ရမှာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက “လမ်းမှာလည်း အစစ်အဆေးအမေးအမြန်းတွေက များလာတယ်။ ပေးကမ်းရတာတွေ များလာတယ်။ နောက်တခု ဘာတိုးလာလဲဆိုတော့ ကားတွေ စက်သုံးဆီခွဲတမ်းနဲ့ရဖို့ တန်းစီရတဲ့ အလုပ်တခုပါ ထပ်တိုးလာတယ်။ ရတော့ ဆီဂါလံ ၂၀ လောက်ပဲ ရတာဆိုတော့ အဆင်မပြေဘူးပေါ့နော်။ စက်သုံးဆီ ရောင်းမယ့် ဆိုင်တွေက အခုနည်းသွားကြတယ်။ ဒီအပေါ်မှာတော့ ကျနော်တို့ ဆက်ဆွဲကြည့်မယ်။ အရမ်းကြီးနစ်နာတယ်ဆိုရင် တခုခုတော့ စဉ်းစားကြရမယ်”ဟု လက်ရှိ ကုန်ကားသမားများ ရင်ဆိုင်နေရသည့် အခြေအနေကို ရှင်းပြသည်။

အမေရိဒေါ်လာဈေးမြင့်တက်ပြီး ကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် ယာဉ်နှင့်ပတ်သက်သော စက်သုံးဆီ၊ အင်ဂျင်ဝိုင်၊ ကားတာယာ၊ ကားစပ်ဆက်အပို ပစ္စည်းများက ဈေးနူန်းများ ကြီးမြင့်နေသဖြင့် လမ်းခရီး တွင် ကားပျက်ခြင်းမရှိမှသာ အသွားအပြန် ကီလို ၁၃၀၀ ကျော်က ကျပ် ၁ သိန်းခန့်သာ ကျန်ရှိသည့် အခြေအနေဖြစ်နေသဖြင့် သယ်ယူပို့ဆောင်ရေးတွင် ခက်ခဲလာကြောင်း ၎င်းက ပြောသည်။

ရန်ကုန်မြို့တွင် ခွဲတမ်းနှင့် စက်သုံးဆီရောင်းချပေးသည့် ဆိုင်ပေါင်း ၉၄ ဆိုင်ရှိသည်ဟု စစ်ကောင်စီက ကြေညာထား သော် လည်း အဝေးပြေးကုန်ကားများစု ဖြတ်သန်းရသည့် ရန်ကုန်-မန္တလေး လမ်းမပေါ်တွင် ရောင်းချပေးသည့် ဆိုင်နည်းပါးကြောင်း သိရသည်။

ထို့ပြင် နေပြည်တော်နှင့် အနီးတဝိုက်တွင်လည်း လက်ရှိအချိန်၌ အစစ်အဆေးကြမ်းခြင်း၊ အရင်ထက် ပေးကမ်းရသည်များ ပိုလာခြင်းနှင့် ကုန်စည်တင်ဆောင်ရာတွင်လည်း နယ်မှ ရန်ကုန်အဝင်ဈေးများသာ ဆီဈေးကြောင့် အပြောင်းအလဲရှိပြီး ရန်ကုန်မှ နယ်သို့ ပို့သည့် ကုန်စည်များက ကားခ ပြောင်းအလဲ မရှိသဖြင့် တွက်ချေမကိုက်ဖြစ်နေကြောင်း လုပ်ငန်းရှင်များက ပြောသည်။

အဆိုပါ အခြေအနေများကြောင့် ကုန်ကားများ ရပ်နားသွားမည့် အနေအထား ဖြစ်နေပြီး လက်ရှိတွင် အဝေးပြေး ကုန်ကားပြေးဆွဲမှုများ အနေနှင့် မဖြစ်မနေ ရောင်းချရမည့် ကုန်စည်များဖြစ်သော မီးဖိုချောင်သုံး ကုန်ပစ္စည်းများ၊ ဒေသထွက်ကုန် ပစ္စည်း များ၊ လူသုံးကုန်၊ အခြေခံစားကုန်များကိုသာ ပြေးဆွဲပေးနေရကြောင်း သိရသည်။

ရှမ်းပြည်တောင်ပိုင်းကို ကုန်ကားပြေးဆွဲနေသည့် လုပ်ငန်းရှင် တဦးက “ကျနော်တို့ ခက်ခက်ခဲခဲနဲ့ ကုန်ကားတွေ ပြေးဆွဲနေရ ပေမယ့် အရမ်းကြီးဆိုးလာမယ်ဆိုရင်တော့ ကားတွေ ရပ်သွားမယ့် အခြေအနေ ရှိတယ်။ အခုဘာလို့ မရပ်လည်း ဆိုရင် ကျနော်ကားတွေက ရန်ကုန်-မန္တလေး-မူဆယ် လမ်းပေါ်မှာ ရှိတယ်။ အခုအဲ့လမ်းကြောင်းက မသွားရတော့ တခြားလမ်းကြောင်း မှာ ဝင်ဆွဲရတယ်။ ဒါကြောင့် အခုကတော့ ကားတွေက ကိုက်သည်ဖြစ်စေ မကိုက်သည် ဖြစ်စေ သွားနေတာပေါ့”ဟု ပြောသည်။

စီးပွားရေးလုပ်ငန်းများသည် လက်ရှိတွင် အားလုံးက မကောင်းသည့် အခြေအနေဖြစ်သောကြောင့် ယခုလိုသာ ဆက်သွားမည်ဆိုလျှင် ရပ်တန့်သွားမည့် အခြေအနေရှိကြောင်း ၎င်းက ပြောသည်။

ရန်ကုန်- မြဝတီလမ်းပိုင်းတွင် ကုန်ကားပြေးဆွဲနေသည့် ယာဉ်ပိုင်ရှင်တဦးက “စက်သုံးဆီဈေးတက်တယ်။ ကားခတွေကို ကျနော်တို့က လိုက်တက် လို့ မရသေးဘူး၊ ကျနော်တို့က စာချုပ်တွေနဲ့ သွားနေရတာဖြစ်တဲ့အတွက် စက်သုံးဆီဈေး ဆက်တက်နေရင်တော့ ကားခဈေးနည်းနည်းတက်မယ်လို့ စဉ်းစားထားတယ်”ဟု ပြောသည်။

ရန်ကုန်-မြဝတီကို ပြေးဆွဲနေသော ပုံမှန်ဈေးမှာ ကုန်တန်ချိန် ၃၀ တင်ဆောင်လျှင် ကျပ် ၉ သိန်းခွဲနူန်း ဖြစ်ပြီး ယခုရက်အတွင်းမှာတော့ ကုန်ကားခဈေးနူန်းများလည်း နည်းနည်းတက်ရန် စဉ်းစားထားကြောင်း ၎င်းက ရှင်းပြသည်။

ယခုနှစ်တွင် နယ်စပ်ဂိတ်များပိတ်ခြင်း နိုင်ငံရေးမတည်ငြိမ်ခြင်းနှင့် ကုန်စည်ရှားပါးမှုများကြောင့်လည်း ကုန်စည်သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူများ၊ ယာဉ်မောင်းများ၊ ယာဉ်လုပ်သားများအပြင် တောင်သူအများစုမှာ ဒုက္ခရောက်သည့် အခြေအနေများရှိခဲ့သည်။

You may also like these stories:

ကပ်ဘေးဒုက္ခဆီသို့ မြန်မာ့စစ်တပ် ခင်းသောလမ်း

အမေရိကန် ၁ ဒေါ်လာ ကျပ် ၂၇၀၀ ရောက်ပြီ

BGF ထိန်းချုပ် နယ်စပ်ကုန်သွယ်ရေးလှေဂိတ်များ ထိုင်းဘက်က ပြန်ဖွင့်ရန်စီစဉ်

Your Thoughts …
Tags: ကုန်စည်ပို့ဆောင်ရေးစက်သုံးဆီအမေရိကန်ဒေါ်လာအဝေးပြေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

by ဧရာဝတီ
11 September 2023
23.8k

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ညွှန်ချုပ်အဖြစ် ပြောင်းရွှေ့ကြောင်း ထုတ်ပြန်ပြီးနောက် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ) မှ ဗိုလ်မှူးကြီး အောင်ဇော်လင်းမှာ စ သုံးလုံး...

စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

by ဧရာဝတီ
19 September 2023
14.3k

လာဘ်စားမှုကြောင့် နေပြည်တော်လူဖမ်းပွဲ နောက်ဆက်တွဲ အနေ ဖြင့် စီးပွား/ကူးသန်း ဒုဝန်ကြီး ဦးညွန့် အောင် အပါအဝင် အခြားသော ဝန်ကြီးဌာနအရာရှိတချို့လည်း ထပ်မံ ဖမ်းဆီးစစ် ဆေးမေးမြန်းခံရလျက်ရှိကြောင်း

ယမ်းနှင့် စက်သုံးဆီ ပြင်ပရောင်းချမှု ဗိုလ်ချုပ်နှစ်ဦး စစ်ဆေးခံနေရ

ယမ်းနှင့် စက်သုံးဆီ ပြင်ပရောင်းချမှု ဗိုလ်ချုပ်နှစ်ဦး စစ်ဆေးခံနေရ

by ဧရာဝတီ
9 May 2024
12.9k

စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စစ်လက်နက်ပစ္စည်း ညွန်ကြားရေးမှူးရုံးမှ ညွန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းလွင်နှင့် တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ် ဇော်လွင်ဦးတို့နှစ်ဦး ဖမ်းဆီးစစ်ဆေးခံနေရကြောင်း ဧရာဝတီ သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

by ဧရာဝတီ
7 December 2023
11k

တရက်အတွင်း အမေရိကန် ၁ ဒေါ်လာ လျှင် ၃,၅၆၀ ကျပ်အထိ ဈေးနှုန်းများ မြင့်တက်ခဲ့သည်။

အမေရိကန်ဒေါ်လာနှင့် ရွှေဈေး တဟုန်ထိုးတက်

အမေရိကန်ဒေါ်လာနှင့် ရွှေဈေး တဟုန်ထိုးတက်

by ဧရာဝတီ
16 August 2023
10k

စစ်ကောင်စီကမူ ရွှေနှင့် ငွေကြေး မြင့်တက်နေမှုနဲ့ပတ်သက်၍ ဖမ်းဆီးခြင်းများ ရှိနေပြီး သြဂုတ်လ ၁၄ ရက်က ရွှေနှင့် ဒေါ်လာငွေကြေး လုပ်ကိုင်သူ လုပ်ငန်းရှင် ၂ ဦးကို ခေါ်ယူစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း

ပိုင်ရှင် ဖမ်းဝရမ်းထုတ်ခံရပြီးနောက် သူဌေးကျွန်းဟိုတယ် အကန့်အသတ်မရှိ ပိတ်

ပိုင်ရှင် ဖမ်းဝရမ်းထုတ်ခံရပြီးနောက် သူဌေးကျွန်းဟိုတယ် အကန့်အသတ်မရှိ ပိတ်

by ဧရာဝတီ
6 February 2024
8.7k

လက်ရှိတွင် သံသယရှိသူများ၏ နေအိမ်များကို ဝင်ရောက်စစ်ဆေးပြီး တရာခံများကို ရှာဖွေကာ၊ ပိုင်ဆိုင်မှုများဖြစ်သည့် ဇိမ်ခံကားများ၊ အသုံးအဆောင်ပစ္စည်းများ၊ လက်ဝတ်ရတနာများ အပါအဝင် လက်နက်များကိုပါ သက်သေအဖြစ် သိမ်းဆည်းခဲ့ကြောင်း

Next Post
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  / ဧရာဝတီ

ကျန်းမာရေးကြောင့် အမှုများတပတ်ခြားစစ်ရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုမှု ငြင်းပယ်ခံရ

သတင်းသမားတွေ ငြိမ်းချမ်းရေး နိုဗယ်ဆု ရတဲ့အပေါ် မြန်မာသတင်းစာဆရာများ အမြင်

သတင်းသမားတွေ ငြိမ်းချမ်းရေး နိုဗယ်ဆု ရတဲ့အပေါ် မြန်မာသတင်းစာဆရာများ အမြင်

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

1 week ago
10.9k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate