အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ရက်ပိုင်းတွင် တနင်္သာရီတိုင်း ဒေသကြီးရှိ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆက်လက်ဆောင်ရွက်နေကြောင်း အစည်းအဝေးတခုတွင် ပြောကြားခဲ့သည်။ အောင်မြင်မှုရှိအောင်လည်း ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီးက ဆိုသေးသည်။
အမှန်တကယ်တွင် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ကူးစက်မှုမြင့်တက်နေသည့် ကာလမှာပင် ဆွေးနွေး ညှိနှိုင်းမှု မပြတ်လုပ်ဆောင်နိုင်ခဲ့သော အထူးစီးပွားရေးဇုန်စီမံကိန်းအသစ်များဖြစ်သည့် ကျောက်ဖြူ နှင့် ထားဝယ်အထူး စီးပွားရေးဇုန် တည်ဆောက်ရေးလုပ်ငန်းစဉ်များသည် အာဏာသိမ်းပြီးနောက် အလုံးစုံရပ်တန့်လုနီးပါး နှေးကွေးသွားသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ပြီး လုပ်ငန်းလည်ပတ်နေသော ရန်ကုန်မြို့ရှိ သီလဝါအထူးစီးပွားရေးဇုန်မှာပင် စက်ရုံ တချို့ ပိတ်သိမ်းပြီး ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသော ကုမ္ပဏီများက ၎င်းတို့၏ အစီအစဉ်များကို ဆိုင်းငံ့ထားသည်။
ကိုဗစ်ကာလအတွင်းမှာပင် အရပ်သားအစိုးရ သမ္မတ ဦးဝင်းမြင့်ထံ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်စီမံကိန်း(CMEC) များကို အရှိန်အဟုန်မပြတ်စေရန် ဆက်သွယ်တွန်းအားပေးခဲ့သော တရုတ်နိုင်ငံသည်ပင် ယခုတွင် အသံတိတ်နေသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ပြီး လုပ်ငန်းလည်ပတ်နေသော ရန်ကုန်မြို့ရှိ သီလဝါအထူးစီးပွားရေးဇုန်မှာပင် စက်ရုံ တချို့ ပိတ်သိမ်းပြီး ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသော ကုမ္ပဏီများက ၎င်းတို့၏ အစီအစဉ်များကို ဆိုင်းငံ့ထားသည်။
ပြီးခဲ့သည့် မတ်လအတွင်းတွင် တရုတ်နိုင်ငံ၏ ပိုးလမ်းမစီမံကိန်း (BRI) အောက်ရှိ မြန်မာနိုင်ငံတွင်း တည်ဆောက်မည့် စီမံကိန်းများအတွက် တရုတ်အစိုးရနှင့် ထိတွေ့ဆက်ဆံပြီး ညှိနှိုင်းမှု ပြုလုပ်ရသော CMEC ပူးတွဲ ကော်မတီမှ အရပ်သား အစိုးရအဖွဲ့ဝင်များ အားလုံးကို ဖြုတ်ချပြီး ၎င်းတို့ စိတ်ကြိုက်ဖြစ်သူများဖြင့် အစားထိုး ခန့်ထားပြီး သော်လည်း ယခုအချိန်အထိ အလုပ်မတွင်သေးပေ။
ဇွန်လအတွင်းတွင်လည်း အရပ်သားအစိုးရ ဒုတိယသမ္မတ တဦးဦးက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူရသော မြန်မာ အထူးစီးပွားရေး ဇုန်ဆိုင်ရာ ဥက္ကဋ္ဌ တာဝန်ကို အာဏာသိမ်းစစ်တပ်၏ ဒုတိယခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက စတင် တာဝန်ယူလာသည်။
ထို့နောက် သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီများကို ပြောင်းလဲဖွဲ့စည်းလိုက်ပြီး ယခင်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန တာဝန်ယူခဲ့ဖူးသော စစ်ဗိုလ်မှူးဟောင်း အရာရှိများကို အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီများ၏ ဥက္ကဋ္ဌများအဖြစ် ခန့်အပ်လိုက်သည်။

စစ်တိုက်ခိုက်ရေး အမိန့်ညွှန်ကြားမှုများကိုသာ ကျွမ်းကျင်သော ဒုတိယဗိုလ်ချုပ်မှူးကြီး လက်အောက်ရှိ အထူးစီးပွား ရေးစီမံခန့်ခွဲမှု ကော်မတီများ၏ အရည်အချင်းကို ထည့်သွင်း မစဉ်းစားလျှင်ပင် လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုများနှင့် အာဏာသိမ်းပြီး ၉ လကျော် အချိန်ထိ တရုတ်နိုင်ငံအပါအဝင် နိုင်ငံအများစုက တရားဝင် အသိအမှတ်ပြုမှု မရှိသေးခြင်းများက အထူးစီးပွားရေးဇုန်များ ဆက်လက်လုပ်ဆောင်နိုင် ရေး မည်သို့မျှ ရှေ့ဆက်တိုးရန် လွယ်ကူလိမ့်မည် မဟုတ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက တညီတညွတ်တည်း ပြောဆိုကြသည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်း နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က လက်ရှိအချိန်အထိ စစ်ကောင်စီ နှင့် တရားဝင် ဆွေးနွေးသည် ဆိုသော သတင်းထုတ်ပြန်မှုများကို ယခုအချိန်အထိ မတွေ့ရသေးပေ။
တရုတ်ဘက်က မတတ်ကြွတော့သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်
တရုတ်နိုင်ငံအတွက် မဟာဗျူဟာမြောက် စွမ်းအင်တင်သွင်းနိုင်မည့် ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်း နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က လက်ရှိအချိန်အထိ စစ်ကောင်စီ နှင့် တရားဝင် ဆွေးနွေးသည် ဆိုသော သတင်းထုတ်ပြန်မှုများကို ယခုအချိန်အထိ မတွေ့ရသေးပေ။
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းသည် ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ အဓိကအရေးပါသည့် စီမံကိန်း တခု ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့က စစ်ကောင်စီ၏ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နှင့် ပြည်တွင်းကုမ္ပဏီ ကျောက်ဖြူအထူးစီးပွားရေးဇုန်အများပိုင်ကုမ္ပဏီ တို့ကြား ကျောက်ဖြူရေနက်ဆိပ်ကမ်းတည်ဆောက်ရေး ဆွေးနွေးရာ တွင်လည်း တရုတ်နိုင်ငံဘက်က CITIC Myanmar Port Investment Limited ကုမ္ပဏီ ပါဝင်တာမျိုး မရှိခဲ့ပေ။
ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် တရုတ်နိုင်ငံ၏ ကုန်တွင်းပိတ်ပြည်နယ် ယူနန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါ သလို ရေနံတင်သွင်းမှုအတွက်လည်း မလက္ကာရေလက်ကြားကို ရှောင်လွဲကာ အိန္ဒိယသမုဒ္ဒရာမှ တိုက်ရိုက်ဝင်ရောက် တင်သွင်းနိုင်သည်အထိ တရုတ်နိုင်ငံအတွက် မဟာဗျူဟာမြောက်စီမံကိန်းဖြစ်သည်။
မြန်မာနိုင်ငံ၏ စီမံကိန်းကြီးများကို လေ့လာစောင့်ကြည့်နေသည့် စီးပွားရေးလေ့လာသုံးသပ်သူတဦးက “ ကျောက်ဖြူလို စီမံကိန်းက တရုတ်အတွက် အရေးပါတယ်ဆိုပင်မဲ့ ကျောက်ဖြူစီမံကိန်းနဲ့ ချိတ်ဆက်မယ့် မူဆယ်-မန္တလေး အမြန်ရထား လမ်းတို့၊ ရန်ကုန်မြို့သစ်စီမံကိန်းတို့လို စီမံကိန်း မစနိုင်သေးဘဲ သူ့တခုတည်းလုပ်နိုင်မယ်ဆိုရင်လည်း အကျိုးမရှိဘူးလေ” ဟု ပြောဆိုသည်။
ရခိုင်ပြည်နယ်က တည်ငြိမ်တယ်ဆိုပေမယ့် သူနဲ့ ဆက်စပ်တဲ့ ချင်းပြည်နယ်လိုမှာ မတည်ငြိမ်ဘူး၊ တခြား ဒီစီမံကိန်းနဲ့ ဆက်စပ်နေတဲ့ စီမံကိန်းတွေ အကောင်အထည်ဖော်မယ့် ပြည်နယ်နဲ့ တိုင်းတွေမှာလည်း ဆန္ဒပြမှုတွေ၊ ပစ်ခတ်မှု တွေကလည်းရှိနေသေးတယ်လေ။ ဒီလိုအခြေအနေမှာ တရုတ်ဘက်က ဘယ်လောက်အထိ Risk ယူပြီး လုပ်ရဲပါ့မလားပေါ့ ”
ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားသည့် စီမံကိန်းများဖြစ်သည့်အတွက် ရေတိုအတွက်အကျိုးအမြတ်မရနိုင်သည့်အတွက် ရင်းနှီးမြှုပ်နှံသူများသည် ဆုံးရှုံးနိုင်ချေအနည်းဆုံးရှိမည့် အနေအထားတွင်သာ ရင်းနှီး မြှုပ်နှံမှုပြုလုပ်လေ့ရှိခြင်းကြောင့် တရုတ်ရင်းနှီးမြှုပ်နှံသူများအနေဖြင့်လည်း ယခုလို နိုင်ငံရေးတည်ငြိမ်မှုမရှိသည့် အခြေအနေကြောင့် တွန့်ဆုတ်နေသည့် သဘောကြောင်း သူက ပြောသည်။
သူက ဆက်လက်၍ “ ရခိုင်ပြည်နယ်က တည်ငြိမ်တယ်ဆိုပေမယ့် သူနဲ့ ဆက်စပ်တဲ့ ချင်းပြည်နယ်လိုမှာ မတည်ငြိမ်ဘူး၊ တခြား ဒီစီမံကိန်းနဲ့ ဆက်စပ်နေတဲ့ စီမံကိန်းတွေ အကောင်အထည်ဖော်မယ့် ပြည်နယ်နဲ့ တိုင်းတွေမှာလည်း ဆန္ဒပြမှုတွေ၊ ပစ်ခတ်မှု တွေကလည်းရှိနေသေးတယ်လေ။ ဒီလိုအခြေအနေမှာ တရုတ်ဘက်က ဘယ်လောက်အထိ Risk ယူပြီး လုပ်ရဲပါ့ မလားပေါ့ ” ဟု သုံးသပ်ပြောဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင်မူ ရခိုင်ပြည်နယ်အတွင်း ရခိုင့်တပ်တော် AA နှင့် မြန်မာစစ်တပ် တို့ကြား ထိတွေ့တိုက်ပွဲတချို့ ပြန် လည်ဖြစ်ပွားလာလျက်ရှိနေသည်။
တရုတ်နိုင်ငံအနေဖြင့် ထိုအခြေအနေများရှိပါလျက်ဖြင့် စွန့်စားကာ စီမံကိန်းတည်ဆောက်ရေးလုပ်ဆောင်မည်ဆိုပါက ရင်းနှီးမြှုပ်နှံမှု နှင့် ချေးငွေများထုတ်ပေးရန် စစ်ကောင်စီကို အစိုးရတရပ်အနေဖြင့် အသိအမှတ်ပြုရမည် ဖြစ်သည်။

ထိုသို့ ပြုလုပ်မည်ဆိုပါကလည်း စစ်ကောင်စီကို ကမ္ဘာ့ နိုင်ငံရေးမျက်နှာစာတွင် အမြဲလိုလို အကာကွယ်ပေးနေသည့် တရုတ်နိုင်ငံအပေါ် မြန်မာပြည်သူလူထု၏ တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်မြင့်မားနေမှုကို နောက်ထပ်လောင်စာထပ် ဖြည့်ပေး လိုက်မည့် သဘော ရှိနေပြန်သည်။
စစ်အာဏာသိမ်းမှုပြီးနောက် ယိုယွင်းပျက်စီးသွားသော အုပ်ချုပ်ရေး နှင့် တရားဥပဒေစိုးမိုးမှုများကြောင့် မြန်မာနိုင်ငံတွင် လုပ်ငန်းလာရောက် လုပ်ကိုင်မည့် တရုတ်လုပ်ငန်းရှင်များ နှင့် လုပ်ငန်းကျွမ်းကျင်ပညာရှင်များအတွက်လည်း အချိန်မရွေး လုံခြုံရေး ခြိမ်းခြောက်ခံရနိုင်မှု ပြဿနာများလည်း ရင်ဆိုင်ရလာနိုင်သည်။
ထိုအခြေအနေများအပြင် ရခိုင်ပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှု အားနည်းသည့် ပြည်နယ်တခု ဖြစ်နေပြန်ခြင်းကလည်း တရုတ်ရင်းနှီးမြှုပ်နှံမှုများအတွက် စိန်ခေါ်မှု တခုဖြစ်နေပြန်သည်။
ယခုအချိန်တွင်သာ ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရ ပါတီက ဖွဲ့စည်းထားသော အစိုးရ တရပ်ကသာ တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်နေမည်ဆိုပါက ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းသည် စတင်နိုင်နေလောက်ပြီ ဖြစ်သည်။
ရန်ကုန်မြို့ရှိ စီးပွားရေးပညာရှင်တဦးက “ ကျောက်ဖြူက တရုတ်အတွက်ကို စီးပွားရေးအတွက်ထက်စာရင် ဗဟာဗျူဟာ သဘောပိုဆန်တယ်။ တရုတ်ရဲ့ ပင်လယ်ထွက်ပေါက်၊ တောင်တရုတ်ပင်လယ်ကိစ္စ၊ အင်ဒိုပစိဖိတ် မှာလည်း စိုးမိုးချင်တဲ့ အတွက် စစ်ရေးအရပဲ ပြောပြော၊ လုံခြုံရေးအရပဲ ပြောပြော သူ့အတွက် အရေးကြီးတယ်။ ဒါပေမဲ့ အမြန်ရထားလမ်းလို ကားလမ်းကိစ္စမျိုးကို မလုပ်နိုင်ပြန်ရင်လည်း ကျောက်ဖြူက အလကားပဲလေ” ဟု ပြောဆိုသည်။
လက်ရှိအခြေအနေများအရ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံရေးတည်ငြိမ်မှုကိုသာ အဓိကစောင့်ကြည့်နေသည့် သဘောဆောင် ပြီး တရားဝင်အစိုးရ တရပ် ပြန်လည် အတည်ဖြစ်သွားသည့် ကာလရောက်မှသာ စီမံကိန်းများကို အရှိန်ပြန်မြှင့်လာမည့် အခြေအနေရှိကြောင်း ၎င်းက သုံးသပ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အရပ်သား အစိုးရလက်ထက်တွင် တရုတ်နိုင်ငံ နှင့် ရေနက်ဆိပ်ကမ်းပိုင်ဆိုင်မှု ရှယ်ယာ အချိုးအစားများကို ပြောင်းလဲပြင်ဆင်နိုင်ခဲ့သလို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) ကလည်း တရုတ် ကုမ္ပဏီ CITIC Myanmar Port Investment Limited နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတို့ ဖက်စပ် ဖွဲ့စည်းထားသည့် Kyaukphyu Special Economic Zone Deep Seaport Co. Ltd မှတ်ပုံတင်ခြင်းကို အတည်ပြု ပေးခဲ့ပြီး မြေပြင် သဘောဝပတ်ဝန်းကျင်ထိခိုက်နိုင်မှု လေ့လာဆန်းစစ်ခြင်း (EIA)များကိုလည်း စတင်လုပ်ဆောင် နိုင်ပြီဖြစ် သည့် အတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းသည် အကောင်အထည်ပေါ်လာရန် အလွန်နီးကပ်ခဲ့သည်။
ယခုအချိန်တွင်သာ ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရ ပါတီက ဖွဲ့စည်းထားသော အစိုးရ တရပ်ကသာ တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်နေမည်ဆိုပါက ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းသည် စတင်နိုင်နေလောက်ပြီ ဖြစ်သည်။
လက်ရှိတွင်တော့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း ပြန်လည်စတင်နိုင်မည့် အချိန်သည် ခန့်မှန်းပြောရန် ခက်ခဲသော နိုင်ငံရေး အခြေအနေများအပေါ်တွင် မူတည်လျက်သာ ရှိနေသည်။
ဒီစီမံကိန်းက ကြီးတဲ့အတွက် ဂျပန်အစိုးရရော ထိုင်းအစိုးရနဲ့ရော အရင်တုန်းက သဘောတူထားနိုင်ခဲ့တဲ့ အခြေအနေရှိတာ ပေါ့။ အခုကတော့ ဒါတွေ ဆက်လုပ်ဖို့ မလုပ်ဖို့ ဆိုတာက ဘာမှကို သေချာမသိရတော့တဲ့ အခြေအနေဖြစ်သွားတော့ အကုန်ပြန်ချိတ်ဆက်ရမယ့် သဘောရှိတယ်”ဟု အမည်မဖော်လိုသည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ အဖွဲ့ဝင် တဦးက ပြောသည်။
မသေချာ မရေရာ ထားဝယ်အထူးစီးပွားရေးဇုန် အိမ်မက်
လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်ကတည်းက စစ်အစိုးရများ လက်ထက်တွင် အကောင်အထည်ဖော်ရန် ကြိုးစားခဲ့သည့် တနင်္သာရီတိုင်းတွင် တည်ဆောက်မည့် ထားဝယ်အထူးစီးပွားရေးဇုန် အိမ်မက်သည် ယခုတကြိမ် အာဏာသိမ်းစစ်ကောင်စီ လက်ထက်တွင်လည်း မသေချာမရေရာမှုများ တကျော့ပြန်ဖြစ်လာနေသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် ၂၀၀၈ ခုနှစ်တွင် ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန် ထိုင်းကုမ္ပဏီ အီတာလျံထိုင်းကုမ္ပဏီ ကို ၇၅ နှစ်အထိ လုပ်ကိုင်ခွင့်ပေးခဲ့သော်လည်း ဘဏ္ဍာရေးအခက်အခဲကြောင့် စီမံကိန်းကို ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် ကုမ္ပဏီဘက်က ခေတ္တရပ်နားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အစိုးရလက်ထက် ၂၀၁၅ ခုနှစ်ရောက်ချိန်တွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း၌ ဂျပန်နိုင်ငံ ပါဝင်လာခဲ့ပြီး ဂျပန်-ထိုင်း-မြန်မာ သုံးနိုင်ငံ ပူးပေါင်းလုပ်ဆောင်ရန် ပြန်ဖြစ်လာခဲ့သည်။ သုံးနိုင်ငံကြား ဆွေးနွေးမှုများ အချိန်ကြာမြင့်ခဲ့ပြီး ၂၀၂၀ ခုနှစ်ရောက်ချိန်မှာ စီမံကိန်းစတင်ရန် ဖြစ်လာခဲ့သည်။
ထိုင်းနိုင်ငံဘက်ကလည်း ၂ လမ်းသွားကားလမ်းအတွက် ချေးငွေ ဘတ် ၄ ဒသမ ၅ ဘီလျံ ထုတ်ချေးသွားမည်ဟု သဘောတူညီခဲ့ သည်။
နိုင်ငံရေးတည်ငြိမ်မှု အခြေအနေသည် အဓိက အခန်းကဏ္ဍတွင် ရှိနေသည့်အတွက် နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုရှိမှာသာ တခြားလုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်သည်။
သို့သော်လည်း အီတာလျံထိုင်းကုမ္ပဏီ၏ လုပ်ငန်းအကောင်အထည်ဖော်မှု နှောင့်နှေးမှုများကြောင့် မြန်မာအစိုးရက ကုမ္ပဏီ နှင့် ချုပ်ဆိုထားသော ထားဝယ်အထူးစီးပွားရေးဇုန်မှ ထိုင်းနယ်စပ်အထိ ဖောက်လုပ်မည့် ၂ လမ်းသွား ကားလမ်း အပါအဝင် ကနဦးအဆင့် စီမံကိန်း ၉ ခုအတွက် စီမံကိန်းလုပ်ငန်းဆောင်ရွက်ခွင့်စာချုပ်များ (Concession Agreement) ကို ရုပ်သိမ်းလိုက်ကြောင်း ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ကြေညာလိုက်သည်။
ထို့နောက် ဂျပန်နိုင်ငံအစိုးရ အနေဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းနှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းများအတွက် အစိုးရအချင်းချင်း (G to G) အဆင့်အထိ ပါဝင်လာခဲ့ပြီး ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်လာရေးအတွက် အရှိန်ပြန်မြင့်လာခဲ့သည်။
စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ထိုအခြေအနေများအားလုံးသည် ယခုတွင် ပြန်လည်ရပ်ဆိုင်းသွားသည်။

“ ဒီစီမံကိန်းက ကြီးတဲ့အတွက် ဂျပန်အစိုးရရော ထိုင်းအစိုးရနဲ့ရော အရင်တုန်းက သဘောတူထားနိုင်ခဲ့တဲ့ အခြေအနေရှိတာ ပေါ့။ အခုကတော့ ဒါတွေ ဆက်လုပ်ဖို့ မလုပ်ဖို့ ဆိုတာက ဘာမှကို သေချာမသိရတော့တဲ့ အခြေအနေဖြစ်သွားတော့ အကုန်ပြန်ချိတ်ဆက်ရမယ့် သဘောရှိတယ်”ဟု အမည်မဖော်လိုသည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ အဖွဲ့ဝင် တဦးက ပြောသည်။
လက်ရှိအချိန်တွင် ဂျပန်နိုင်ငံအနေဖြင့်လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း အတိုက်အခံပြုလုပ်နေသည့် နိုင်ငံတခုဖြစ်သလို ထိုင်းနိုင်ငံအနေဖြင့်လည်း ကိုဗစ်ကြောင့် စီးပွားရေးကျဆင်းမှု နှင့် ၎င်း၏ နိုင်ငံရေးမတည်ငြိမ်မှုများကို ထိန်းချုပ်နေရသည့်အတွက် ထားဝယ်အထူးစီးပွားရေးဇုန်၏ ရှေ့ရေး နှင့် ပတ်သက်ပြီး ပြောရန် ခက်ခဲကြောင်း သူက ဆိုသည်။
သူက ဆက်လက်၍ “ ဒီစီမံကိန်းမှာက တခြားနိုင်ငံတွေလည်း ပါနေတော့ ပြည်တွင်းပြည်ပ အသိအမှတ်ပြုတဲ့ အစိုးရတရပ် ပေါ်လာမှာပဲ ညှိနှိုင်းတာတွေ လုပ်ရကိုင်ရ ပြန်အဆင်ပြေမယ့် သဘောရှိတယ်။ ကိုယ်လုပ်ချင်ပေမဲ့လည်း မိတ်ဖက်အဖွဲ့ အစည်းတွေက လုပ်ဦးမှလေ”ဟု ပြောဆိုသည်။
ထားဝယ် အထူးစီးပွားရေးဇုန်သည် အိန္ဒိယနှင့် ပစိဖိတ်သမုဒ္ဒရာကို ဆက်သွယ်ပေးသည့် မဟာဗျူဟာမြောက် တည်နေရာ အနေအထားရှိကာ မဲခေါင်ဒေသနိုင်ငံများနှင့် ဂျပန်နိုင်ငံတို့ကြား အကောင်အထည်ဖော်နေသည့် အရှေ့အနောက် စီးပွားရေး စင်္ကြန် (East West Corridor) နှင့် တောင်ဘက်ခြမ်း စီးပွားရေးစင်္ကြန် (Southern Economic Corridor) တို့နှင့်လည်း ချိတ်ဆက်နိုင်မည့် အရေးပါသော စီမံကိန်းဖြစ်သလို ထိုစီမံကိန်းကို ရန်ကုန်ရှိ သီလဝါအထူးစီးပွားရေးဇုန်နှင့် မွန်ပြည်နယ်တွင် အသစ်တည်ဆောက်ရန် လျာထားသည့် အထူးစီးပွားရေးဇုန်နှင့် ချိတ်ဆက်ရန်အထိ ဂျပန်နိုင်ငံက ရည်ရွယ်ထားသည်။
သီလဝါအထူးစီးပွားရေးဇုန်၌ လုပ်ငန်း ယာယီရပ်ဆိုင်းထားသည့် စက်ရုံပေါင်း ၃၀ ခန့်အထိ ရှိလာခဲ့သည်။ ထိုပမာဏသည် သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားပြီး လုပ်ငန်းလည်ပတ်နေသော စက်ရုံစုစုပေါင်း ၏ ၃ ပုံ ၁ ပုံ ပမာဏဖြစ်သည်။
ထို့သို့ မဟာဗျူဟာ မြောက်သော စီမံကိန်းကို ကျောက်ဖြူရေနက်ဆိပ်ကမ်းကဲ့သို့ပင် တရုတ်နိုင်ငံဘက်က စိတ်ဝင်စားမှု ရှိ၍ စောင့်ကြည့်နေသည့်အတွက်ကြောင့် ထားဝယ်အထူးစီးပွားရေးဇုန်သည် ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံကြားက အားပြိုင်မှု တခုလည်း ဖြစ်နေပြန်သည်။
အထက်ပါ စီးပွားရေးလေ့လာသုံးသပ်သူ တဦးက “ ဂျပန်ကလည်း ဒီစီမံကိန်းကို သူလက်လွှတ်လိုက်မယ်ဆိုရင် တရုတ်က ဝင်လာမယ်ဆိုတာ သိနေတော့ စစ်အာဏာသိမ်းတာကို လက်မခံဘူးဆိုပေမဲ့ ဒီလိုစီမံကိန်းမျိုးကို လွယ်လွယ်နဲ့ လက်လွှတ်မယ့် ပုံမျိုးတော့ မရှိဘူး” ဟု ဆိုသည်။
သို့သော်လည်း နိုင်ငံရေးတည်ငြိမ်မှု အခြေအနေသည် အဓိက အခန်းကဏ္ဍတွင် ရှိနေသည့်အတွက် နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုရှိမှာသာ တခြားလုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထားဝယ်အထူးစီးပွားရေးဇုန်အတွက် စစ်ကောင်စီက စီမံခန့်ခွဲမှုကော်မတီအသစ်ကို ပြန်လည်ဖွဲ့စည်းထားပြီး ဖြစ်သော်လည်း မည်သို့ ရှေ့ဆက်လုပ်ဆောင်သွားမည်ကို ကော်မတီဝင်များထံသို့ အမိန့်ညွှန်ကြားမှူ တစုံတရာ မထုတ်ပြန်ရသေး ကြောင်း သိရသည်။
စီမံခန့်ခွဲမှုကော်မတီဝင် အဟောင်းတဦးက “ အခုအခြေအနေက အရင်တုန်းက လုပ်ထားခဲ့တဲ့ စီမံကိန်းရဲ့ အခြေ အနေတွေကို ထိန်းထားလို့ ရအောင်ပဲ လုပ်နိုင်မယ့် သဘောမျိုးပဲရှိတယ်။ ဘာမှ သေချာလုပ်လို့ မရတော့ဘူး” ဟု ပြောဆိုသည်။
ရုန်းကန်နေရသည့် သီလဝါအထူးစီးပွားရေးဇုန်
မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံး နှင့် ပထမဆုံး စီးပွားရေးဇုန်ဖြစ်သည့် သီလဝါအထူးစီးပွားရေးဇုန်သည်လည်း ကိုဗစ်ရိုက်ခတ်မှုအပြင် အာဏာသိမ်းမှု အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်မှုများကြောင့် အကျပ်ရိုက်လာနေပြီ ဖြစ်သည်။
သီလဝါ အထူးစီးပွားရေးဇုန်သည် မြန်မာနိုင်ငံက ဒီမိုကရေစီအပြောင်းအလဲများကြောင့် ဖြစ်ပေါ်လာခဲ့သော အသီးအပွင့် တခုဆိုလျှင်ပင် မမှားနိုင်ပေ။ ထိုအသီးအပွင့်သည်ပင်လျှင် စစ်တပ် အာဏာသိမ်းမှုကြောင့် ပြန်လည် ပျက်စီးတော့မည်ကို စိုးရိမ် နေရသည့် အခြေအနေရှိသည်။
မြန်မာနိုင်ငံတွင် စီးပွားရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ စတင်ချိန်သော ၂၀၁၀ ခုနှစ်နောက်ပိုင်း၌ မြန်မာ–ဂျပန် အစိုးရ နှင့် ပုဂ္ဂလိက ကုမ္ပဏီ ပူးပေါင်းတည်ဆောက်ထားသည့် ပထမဦးဆုံး အထူးစီးပွားရေးဇုန် ဖြစ်ပြီး ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် လုပ်ငန်း စတင်လည်ပတ်နိုင်ခဲ့ကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများအပြားကို မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ဖိတ် ခေါ်နိုင်ခဲ့သည်။
၅ နှစ်ကျော်အတွင်း ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်း ၁၂၀ ကျော်အထိ လာရောက်ရင်းနှီးမြှုပ်နှံခဲ့ပြီး ဇုန် ဘီ ကိုပါ ထပ်မံတိုး ချဲ့နေရသည့်အထိ အောင်မြင်နေခဲ့သည်။ ရင်းနှီးမြှုပ်နှံကြသည့် ကုမ္ပဏီအများစုမှာ ဂျပန်နိုင်ငံက ဖြစ်သည်။
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ကြောင့် စီးပွားရေးကျဆင်းမှု နှင့် အာဏာသိမ်းပြီးနောက် ဈေးကွက် ဝယ်လိုအားကျဆင်းခြင်း၊ ကုန်ကြမ်း ရရှိမှု အခက်အခဲရှိခြင်းနှင့် နိုင်ငံ ရေး အပြောင်းအလဲများ၏ နောက်ဆက်တွဲ ဖြစ်သော ဘဏ်လုပ်ငန်း အကျပ်အတည်းများကြောင့် ငွေကြေးလည်ပတ် စီးဆင်းမှု အခက်အခဲများဖြစ်ပေါ်လာ၍ သီလဝါအထူးစီးပွားရေးဇုန်၌ လုပ်ငန်း ယာယီရပ်ဆိုင်းထားသည့် စက်ရုံပေါင်း ၃၀ ခန့်အထိ ရှိလာခဲ့သည်။
ထိုပမာဏသည် သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားပြီး လုပ်ငန်းလည်ပတ်နေသော စက်ရုံစုစုပေါင်း ၏ ၃ ပုံ ၁ ပုံ ပမာဏဖြစ်သည်။
လတ်တလောတွင် ရင်းနှီးမြှုပ်နှံထားပြီးသား ကုမ္ပဏီများအနေဖြင့် ချက်ချင်းပြန်ရုတ်ပြီး ထွက်သွားရန် အလွယ်တကူ မဖြစ်နိုင်သေးသော်လည်း ရင်းနှီးမြှုပ်နှံမှု အသစ်ဝင်ရောက်ရန်အတွက်မူ ယခင်လို မဖြစ်နိုင်တော့။
ထို့အပြင် အာဏာသိမ်းမှုဖြစ်ပွားလိုက်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားပြီးဖြစ်သော ဂျပန်နိုင်ငံ၏ ထိပ်တန်း ကားအမှတ်တံဆိပ်ကုမ္ပဏီ တိုယိုတာက ၎င်းတို့၏ စက်ရုံတည်ဆောက်မှုကို ယာယီရပ်ဆိုင်းလိုက်သလို ဂျပန်ကုမ္ပဏီများ ဖြစ် သော Marubeni ၊ Sumitomo ကော်ပိုရေးရှင်းနှင့် Mitsui & Co တို့က အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံသွား မည့် သဘာဝဓာတ်ငွေ့ရည် (LNG) မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် စီမံကိန်းသည်လည်း မသေချာမရေရာတော့သည့် အခြေအနေဖြစ်သွားသည်။
သီလဝါ အထူးစီးပွားရေးစီမံခန့်ခွဲမှုကော်မတီဝင်ဟောင်းတဦး က “ သီလဝါမှာက ကိုဗစ်ကာလကတည်းက လေကြောင်းလိုင်းတွေ ပိတ်ထားလို့ ရင်းနှီးမြှုပ်နှံမှု အဝင်က တော်တော်လျော့နေတဲ့ အနေအထားမှာ ရှိတယ်။ အခုလို နိုင်ငံရေး အခြေ အနေ မတည်ငြိမ်မှုဖြစ်လာတော့ အသစ်လာမယ့် ကုမ္ပဏီတွေကတော်တော် စဉ်းစားနေတဲ့ သဘောရှိတယ် ” ဟု ပြောသည်။
လတ်တလောတွင် ရင်းနှီးမြှုပ်နှံထားပြီးသား ကုမ္ပဏီများအနေဖြင့် ချက်ချင်းပြန်ရုတ်ပြီး ထွက်သွားရန် အလွယ်တကူ မဖြစ်နိုင်သေးသော်လည်း ရင်းနှီးမြှုပ်နှံမှု အသစ်ဝင်ရောက်ရန်အတွက်မူ ယခင်လို မဖြစ်နိုင်တော့ကြောင်း ၎င်းက ဆိုသည်။
ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ချေးငွေဖြင့် သီလဝါအထူးစီးပွားရေးဇုန်အတွက် ရည်ရွယ်တည်ဆောက်နေသည့် ရန်ကုန်တိုင်း သန်လျင်မြစ်ကူးတံတား တည်ဆောက်ရေးလုပ်ငန်းသည်လည်း လက်ရှိအချိန်တွင် ယာယီရပ်တန့်နေသည့် သဘောရှိသည်။
ရန်ကုန်မြို့ရှိ စီးပွားရေးပညာရှင်တဦးက “သီလဝါလည်း တော်တော်လေး ရုန်းကန်နေရတဲ့ အခြေအနေရှိတယ်။ တိုယိုတာတို့ ဘာတို့ ဝင်လာဖို့လုပ်ထားပြီး အာဏာသိမ်းမှုဖြစ်တော့ ဒါတွေ ရပ်သွားတယ်။ ဒီအခြေအနေတွေက ကျနော်တို့အတွက် minus (အနုတ်လက္ခဏာ) တွေပဲပေါ့” ဟု ပြောဆိုသည်။
စီးပွားရေးစီမံကိန်းကြီးများသည် နိုင်ငံရေးအခြေအနေ တည်ငြိမ်မှု၊ မတည်ငြိမ်မှုပေါ်တွင်သာ အားလုံး မူတည်လျက်ရှိပြီး နိုင်ငံရေးတည်ငြိမ်မှုမရှိပါက ထိုစီမံကိန်းများသည်လည်း အောင်မြင်နိုင်ရန် ဘယ်လိုမှ မလွယ်ကူနိုင်ကြောင်း ၎င်းက ဆို သည်။
စစ်ကောင်စီ လက်ထက်တွင် အောင်မြင်နေပြီးသား သီလဝါအထူး စီးပွားရေးဇုန်၏ ရှေ့အနာဂတ်သည်ပင် မသေချာမှုဖြစ် ပေါ်လာနေသည့်အတွက် အကောင်အထည်မပေါ်လာသေးသည့် တခြားသော အထူးစီးပွားရေးဇုန်အသစ် နှစ်ခုဆိုလျှင် မည်သို့မျှ စိတ်ကူးယဉ် မရတော့ပေ။
You may also like these stories:
စီးပွားရေးမျှော်လင့်ချက်များ အားလုံး စစ်ကောင်စီ ဖျက်ဆီး
တရုတ်စီမံကိန်းကြောင့် လယ်သမားများ မြေယာမဲ့ကိန်းဆိုက်
တယ်လီနောမြန်မာကို ဝယ်ယူဖို့ စိတ်ဝင်စားနေတဲ့ Amara ကုမ္ပဏီ ဘာပြောလဲ
မြန်မာ့ခရီးသွားလုပ်ငန်း အသက်သွင်းရန် စစ်ကောင်စီ ကြိုးပမ်း