စီးပွားရေး

မြန်မာတွင် ဆက်လက်ရပ်တည်ရေး ထိပ်တန်းဦးစားပေး ဟု Kirin CEO ပြော

မြန်မာနိုင်ငံတွင် ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာများကို ရင်ဆိုင်နေရသော်လည်း ဂျပန်ယမကာလုပ်ငန်း Kirin Holdings က မြန်မာတွင် ဘီယာလုပ်ငန်း ဆက်လက် လုပ်ကိုင်လိုကြောင်း ကုမ္ပဏီအမှုဆောင်အရာရှိချုပ်က ပြောသည်။

“အကောင်းဆုံးကတော့ ကျနော်တို့လုပ်ငန်း ဆက်လက်လည်ပတ်ဖို့ပဲ” ဟု Kirin ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် မစ္စတာ ရိုရှီနိုရီ အီဆိုဇာကီက ဂျပန်သတင်းဌာန Nikkei Asia သို့ ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ “ကီရင်ထွက်သွားရင် မြန်မာပြည်သူတွေ စိတ်ပျက်ကြမယ်လို့ ကျနော်ထင်တယ်” ဟု သူက ပြောသည်။

မြန်မာနိုင်ငံတွင် ဆက်လက် လုပ်ကိုင်ပါက လူ့အခွင့်အရေး မြှင့်တင်ပေးနိုင်ပြီး မြန်မာမှ ထွက်သွားပါက လူ့အခွင့်အရေး မလေးစားသည့် အခြားလုပ်ငန်းတခု အစားထိုးဝင်လာနိုင်သည်ဟု Kirin ဘက်က ပြောသည်။

၎င်းတို့ ယခုရင်ဆိုင်နေသည့်အမှုသည် ၎င်းတို့ချည်းသက်သက် ဖြေရှင်းနိုင်သည့် ပြဿနာမဟုတ်ဟု မစ္စတာ အီဆိုဇာကီက ဝန်ခံသည်။

ထိုဂျပန် ကုမ္ပဏီသည် ဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းခဲ့သော စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက် (MEHL) နှင့် ဖက်စပ်လုပ်ငန်းကို အဆုံးသတ်လိုသည်။

ဦးပိုင်လီမိတက်နှင့် မအောင်မြင်သော ညှိနှိုင်းမှုများအပြီး ဒီဇင်ဘာလ အစောပိုင်းက Kirin သည် ထိုအမှုကို စင်ကာပူရှိ နိုင်ငံတကာ တရားရုံးသို့ တင်လိုက်သည်။

အလားအလာရှိသော ဖက်စပ်လုပ်ငန်း လုပ်ကိုင်မည့်သူ အများအပြားအနက် အကောင်းဆုံးသူ တဦးကိုလည်း တွေ့ထားပြီးဖြစ်ကြောင်း မစ္စတာ အီဆိုဇာကီက ပြောသည်။

Kirin သည် ဦးပိုင် လီမိတက်နှင့် ဖက်စပ်လုပ်ငန်းကို ဖျက်သိမ်းပြီး မြန်မာတွင် ဖက်စပ်လုပ်ငန်းသစ် ထူထောင်ကာ စီးပွားရေး ဆက်လုပ်လိုသည်။ အလားအလာရှိသော ဖက်စပ်လုပ်ငန်း လုပ်ကိုင်မည့်သူ အများအပြားအနက် အကောင်းဆုံးသူ တဦးကိုလည်း တွေ့ထားပြီးဖြစ်ကြောင်း မစ္စတာ အီဆိုဇာကီက ပြောသည်။ “အဲဒီ ကုမ္ပဏီက စစ်တပ်နဲ့ မပတ်သက်တဲ့ လွတ်လပ်တဲ့ ပြည်တွင်း လုပ်ငန်းတခုပါ” ဟု သူကပြောသည်။

Kirin ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် မစ္စတာ ရိုရှီနိုရီ အီဆိုဇာကီ / Tetsuya Kitayama/Nikkei Asia

သို့သော် နှစ်ဘက်လုံးက အကျိုးအမြတ်များသည့် ဘီယာလုပ်ငန်းမှ ၎င်းတို့၏ အကျိုးစီးပွားကို ဆက်လက် ထိန်းသိမ်းထားလိုသည်။ Kirin က ထိုဖက်စပ်လုပ်ငန်း အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ပြီး ကျန်ရှယ်ယာများကို ဦးပိုင် လီမိတက်က ပိုင်သည်။

Kirin သည် ပြည်ပဈေးကွက်များ တိုးချဲ့ရေးအတွက် ၂၀၁၅ ခုနှစ်တွင် ထိုရှယ်ယာများကို ဝယ်ယူခဲ့သည်။

မြန်မာမှ အကျိုးစီးပွားများ အလွယ်တကူ စွန့်လွှတ်ရခြင်းကို ခွင့်မပြုဟု အီဆိုဇာကီက ပြောသည်။ စစ်အာဏာမသိမ်းမီက မြန်မာဈေးကွက်သည် Kirin ၏ အကျိုးအမြတ် အများဆုံးရပြီး ဘီယာမှရသည့် အမြတ်၏ ၉ ရာခိုင်နှုန်း ရှိသည်။

မြန်မာမှ အကျိုးစီးပွားများ အလွယ်တကူ စွန့်လွှတ်ရခြင်းကို ခွင့်မပြုဟု အီဆိုဇာကီက ပြောသည်။ စစ်အာဏာမသိမ်းမီက မြန်မာဈေးကွက်သည် Kirin ၏ အကျိုးအမြတ် အများဆုံးရပြီး ဘီယာမှရသည့် အမြတ်၏ ၉ ရာခိုင်နှုန်း ရှိသည်။

Kirin သည် တာဝန်သိသော ကော်ပိုရိတ်လုပ်ငန်းဖြစ်ပြီး လူ့အခွင့်အရေး လေးစားသည်ဟု အီဆိုဇာကီက ပြောသည်။ Kirin သည် စီမံခန့်ခွဲမှု ပုံစံသစ်ကို တင်သွင်းခဲ့ပြီး ထိုပုံစံသည် ကုန်အမှတ်တံဆိပ်ကို အလေးထားပြီး အလုပ်သမားများအား တန်ဖိုးထားသည်ဟု ထို ကုမ္ပဏီက ပြောသည်။

နိုဝင်ဘာလလယ်တွင် ဦးပိုင် လီမိတက်က ရန်ကုန်ရှိ တရားရုံးတရုံးတွင် ထိုပြဿနာတက်နေသော ဖက်စပ်လုပ်ငန်း ဖျက်သိမ်းရေး လျှောက်ထားခဲ့သည်။

“ယေဘုယျအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မျှတဘက်မလိုက်တဲ့ တရားစီရင်မှုရဖို့ဆိုတာ သံသယဖြစ်ဖို့ ကောင်းတယ်” ဟု မစ္စတာ အီဆိုဇာကီက ပြောသည်။

“ယေဘုယျအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မျှတဘက်မလိုက်တဲ့ တရားစီရင်မှုရဖို့ဆိုတာ သံသယဖြစ်ဖို့ ကောင်းတယ်” ဟု မစ္စတာ အီဆိုဇာကီက ပြောသည်။

Kirin သည် ဒီဇင်ဘာလတွင် နိုင်ငံတကာ တရားစီရင်မှု လျှောက်ထားသော်လည်း ထိုကိစ္စသည် ရှည်ကြာသည့် ကိစ္စဖြစ်ပြီး ၁၈ လကျော် ကြာနိုင်ကြောင်း ပြောသည်။ သို့သော် ရင်းနှီးမြှုပ်နှံသူများ၏ ဖိအားလျှော့ချရန် ဖြစ်နိုင်လျှင် လာမည့် ဇွန်လတွင် အပြီးဖြေရှင်းလိုသည်ဟုလည်း ပြောသည်။

“ဆုံးဖြတ်ချက်ချဖို့ အချိန်လိုလိမ့်မယ်” ဟု မစ္စတာ အီဆိုဇာကီက ပြောသည်။ “အနည်းဆုံး တနှစ်ခွဲ ဒါမှမဟုတ် နှစ်နှစ်လောက် ကြာမယ်လို့ ယူဆရတယ်” ဟု သူကပြောသည်။

၂၀၁၃ ခုနှစ်တွင် ဂျပန်အစိုးရနှင့် မြန်မာအစိုးရတို့သည် ရင်းနှီးမြှုပ်နှံသူ အကျိုးစီးပွားများ ကာကွယ်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။

ထိုအမှုသည် နှစ်နိုင်ငံဥပဒေ ပြဿနာဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် ဂျပန်အစိုးရနှင့် မြန်မာအစိုးရတို့သည် ရင်းနှီးမြှုပ်နှံသူ အကျိုးစီးပွားများ ကာကွယ်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။ အခြေအနေပေါ် မူတည်ပြီး Kirin က ဂျပန်အစိုးရ ကြားဝင်ဆောင်ရွက်ခြင်းကို တောင်းခံပြီး နိုင်ငံတကာ သဘောတူညီချက်ကို လိုက်နာအောင် လုပ်နိုင်သည်။

Kirin ၏ မြန်မာမှ အနာဂတ်သည် တရားရုံးများနှင့် အစိုးရများအပေါ် မူတည်နေကြောင်းနှင့် ၎င်းတို့သည် မြန်မာနိုင်ငံတွင် ဆက်လက်လုပ်ကိုင်လိုကြောင်း မစ္စတာ အီဆိုဇာကီက ပြောသည်။

“မြန်မာမှာ စီးပွားရေး ဆက်လုပ်ဖို့က ကျနော်တို့ရဲ့ ထိပ်တန်းဦးစားပေးအဖြစ် ဆက်လက် တည်ရှိနေတယ်” ဟု သူက ပြောသည်။

ကိုးကား။ ။ Nikkei Asia ပါ Kirin CEO: top priority is to continue brewing in Myanmar

You may also like these stories:

ကီရင်က ဦးပိုင်နှင့် လမ်းခွဲရန် စင်ကာပူ တရားရုံးမှာ အမှုပြန်ဖွင့်

ကုမ္ပဏီ ဖျက်သိမ်းရန် ဦးပိုင် လုပ်ဆောင်မှု သဘောတူချက်များ ချိုးဖောက်ဟု ဂျပန် ကီရင် တုံ့ပြန်

မြန်မာဘီယာထုတ်သည့် ဂျပန်-မြန်မာ ဖက်စပ်ကုမ္ပဏီ ဖျက်သိမ်းတော့မည်

Loading