ပြည်တွင်း မိုဘိုင်းလ် ငွေပေးချေခြင်းနှင့် ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းဖြစ်သည့် Wave money လုပ်ငန်းမှ တယ်လီနော ပိုင်ဆိုင်သော ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ ၁၀၄ သန်းခန့်ဖြင့် Yoma Strategic Holding (ရိုးမအုပ်စု) သို့ ရောင်းချသွားမည် ဖြစ်ကြောင်း ဂျပန်သတင်းဌာန တခုဖြစ်သည့် Nikkei Asia က ဖော်ပြထားသည်။
အာဏာသိမ်းပြီးနောက် မြန်မာပြည်တွင်းမှ လုပ်ငန်းများ ထွက်ခွာရန် လုပ်ဆောင်နေသော နော်ဝေးအခြေစိုက် တယ်လီ နောက ဆက်သွယ်ရေး လုပ်ငန်း တယ်လီနောမြန်မာအပြင် ယခုတွင် Wave Money ကိုပါ ၎င်း၏ မိတ်ဖက်ကုမ္ပဏီ ရိုးမ အုပ်စုထံသို့ ရောင်းချရန် စီစဉ်လာခြင်း ဖြစ်သည်။
တယ်လီနောမှ ရှယ်ယာ ၅၁ ရာခိုင်နှုန်းနှင့် ရိုးမအုပ်စု၏ ရှယ်ယာ ၄၉ ရာခိုင်နှုန်းတို့ဖြင့် ဖက်စပ်လုပ်ကိုင်လျက်ရှိသည့် Wave Money လုပ်ငန်းကို ယခုအခါတွင် စီးပွားရေးလုပ်ငန်းရှင် ဦးသိမ်းဝေ (ခ) Serge Pun ပိုင်ဆိုင်သော ရိုးမအုပ်စုက အပြည့်အဝ ပိုင်ဆိုင်လာတော့မည် ဖြစ်သည်။
ထိုလုပ်ငန်း ရောင်းချမှုကို မကြာမီရက်ပိုင်းအတွင်း အပြီးသတ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း Nikkei Asia သတင်း၏ အဆိုအရ သိရသည်။
Wave Money တွင် တရုတ်နိုင်ငံ အခြေစိုက် Alibaba Group မှ ပိုင်ဆိုင်သော Ant Financial Services Group ကလည်း အမေရိကန်ဒေါ်လာ ၇၃ ဒသမ ၅ သန်းအထိ ဝင်ရောက် ရင်းနှီးမြှုပ်နှံရန်လည်း စီစဉ်ခဲ့သေးသည်။
အဆိုပါ ငွေလွှဲလုပ်ငန်းကို တယ်လီနောနှင့် ရိုးမအုပ်စုတို့က ၂၀၁၆ ခုနှစ်တွင် ဖက်စပ်လုပ်ငန်းအဖြစ် စတင်ခဲ့ခြင်းဖြစ်ကာ ၂၀၁၈ ခုနှစ်အတွင်း ငွေလွှဲခဲ့သော ပမာဏသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ အထိရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်မူ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံအထိ မြင့်တက်ခဲ့သည်။
Wave Money ငွေလွှဲ ဝန်ဆောင်မှုလုပ်ငန်းသည် ပြည်တွင်း၌ တွင်ကျယ် အောင်မြင်သော မိုဘိုင်းလ်ဖုန်းငွေလွှဲ ဝန်ဆောင်မှု တခုဖြစ်ပြီး၊ စစ်တပ်က အာဏာသိမ်းလိုက်သည့် ၂၀၂၁ ဖေဖော်ဝါရီလ နောက်ပိုင်းတွင် နိုင်ငံရေး အခြေအနေနှင့် အင် တာနက်အသုံးပြုခွင့်ကို ကန့်သတ် ထိန်းချုပ်မှုများကြောင့် ထိုကာလများတွင် မိုဘိုင်းလ် ငွေလွှဲလုပ်ငန်းများ အသုံးပြုမှု ကျဆင်းခဲ့သည်။
ထို့အတူ တယ်လီနောကုမ္ပဏီအနေဖြင့် ၎င်း၏ ဆက်သွယ်ရေးလုပ်ငန်းကို လက်ဘနွန်အခြေစိုက် M1 ကုမ္ပဏီထံသို့ အမေ ရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချရန် ကြေညာခဲ့ပြီး လတ်တလောတွင် စစ်ကောင်စီဘက်က ရောင်းချခွင့် အတည်ပြု ချက်ပေးရန်အတွက် ညှိနှိုင်းလျက် ရှိသည်။
You may also like these stories :
ရေတပ်ဦးစီးချုပ် နှစ်ဦးကြားက တယ်လီနောမြန်မာ အရောင်းအဝယ်
တယ်လီနောမြန်မာကို ဝယ်ယူဖို့ စိတ်ဝင်စားနေတဲ့ Amara ကုမ္ပဏီ ဘာပြောလဲ
စီးပွားရေး လုပ်ငန်းကြီးများ မြန်မာကို ကျောခိုင်းမှု တိုးလာနေ
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကြား တယ်လီနော ပိတ်မိ
ပုဂ္ဂလိကဘဏ်တချို့ ကန့်သတ်ချက် ဖြေလျော့သယောင် ငွေအပ်နှံရန် ဆွဲဆောင်လာ