မြန်မာ့စီးပွားရေးသည် လွန်ခဲ့သော ၁၂ လအတွင်း ၁၈ ရာခိုင်နှုန်း ကျုံ့သွားပြီးနောက် ယခုနှစ် စက်တင်ဘာလ ၃၀ ရက်အထိကာလအတွင်း ၁ ရာခိုင်နှုန်းသာ တိုးတက်လာနိုင်ပြီး အရှိန်မြင့်မားလာသည့် ပဋိပက္ခနှင့် ကိုဗစ်နိုင်တင်းပြန်လည်ခေါင်းထောင်ရန် ခြိမ်းခြောက်မှုများကြောင့် အခြေအနေဆိုးရွားနေဆဲဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဖေါ်ပြသည်။
ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သည့် မြန်မာ့စီးပွားရေးအစီရင်ခံစာတွင်ပါဝင်သော ထိုခန့်မှန်းချက်သည် ဆင်းရဲနွမ်းပါးမှုနှင့် အလုပ်လက်မဲ့နှုန်း သိသိသာသာမြင့်မားစေပြီး လျှပ်စစ်၊ သယ်ယူပို့ဆောင်ရေးနှင့် ဒစ်ဂျစ်တယ် ဆက်သွယ်ရေးစသည့်အဓိက ကဏ္ဍများတွင် ဆိုးရွားစွာ ချည့်နဲ့သွားမှုများဖြစ်စေသည့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့စစ်အာဏာသိမ်းမှုအပြီး တနှစ်နီးပါးအကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
လူပေါင်း ၁၅၀၀ နီးပါးသတ်ဖြတ်ခံရပြီး ၁၁၇၄၀ ဦးကို ဖမ်းဆီးခံရကာ လူပေါင်း ၃၄၀၀၀၀ မှာလည်း အစိုးရဆန့်ကျင်သူများကို အမြစ်ဖြတ် သုတ်သင်ရန်ပြုလုပ်သည့် စစ်ကောင်စီတပ်များ၏ စစ်ဆင်ရေးများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။
ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်နှင့်အလားတူစွာပင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကလည် အောက်တိုဘာလက ခန့်မှန်းချက်တွင် မြန်မာနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုသည် ၂၀၂၁ ဘာဏ္ဍာရေးနှစ်တွင် ၁၇.၉ ရာခိုင်နှုန်း ကျုံ့သွားပြီး ယခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ ကာလတွင်းနောက်ထပ် ၀.၁ ရာခိုင်နှုန်း ကျဆင်းမည်ဟု ခန့်မှန်းသည်။
ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်နှင့်အလားတူစွာပင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကလည် အောက်တိုဘာလက ခန့်မှန်းချက်တွင် မြန်မာနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုသည် ၂၀၂၁ ဘာဏ္ဍာရေးနှစ်တွင် ၁၇.၉ ရာခိုင်နှုန်း ကျုံ့သွားပြီး ယခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ ကာလတွင်းနောက်ထပ် ၀.၁ ရာခိုင်နှုန်း ကျဆင်းမည်ဟု ခန့်မှန်းသည်။
စက်တင်ဘာလတွင် စစ်ကောင်စီသည် မြန်မာ့ဘဏ္ဍာရေးနှစ်ကို ဧပြီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်သို့ ပြောင်းလဲသတ်မှတ်လိုက်သော်လည်း နိုင်ငံတကာအဖွဲ့အစည်းများသည် ရှေ့နောက်ကိုက်ညီရေးအတွက် ခန့်မှန်းတွက်ချက်မှုများကို အောက်တိုဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့ ဘဏ္ဍာရေးနှစ် သတ်မှတ်ချက်အတိုင်း ဆက်လက်ပြုလုပ်နေကြသည်။
စီးပွားရေး၏ အချို့အစိတ်အပိုင်းများတွင် တည်ငြိမ်လာမည့်သဘော ကမ္ဘာ့ဘဏ်၏ ပဏာမခန့်မှန်းချက်က ဆိုသော်လည်း အစီရင်ခံစာက ထိုခန့်မှန်းချက်သည် လွန်စွာအားနည်းနေသည့် စီးပွားရေးနှင့် ကိုက်ညီပြီး ကိုဗစ်နိုင်တင်းနှင့် စစ်အာဏာသိမ်းမှုမရှိလျှင် ဖြစ်ရမည့်ပမာဏထက် ၃၀ ရာခိုင်နှုန်း ပိုမိုသေးငယ်နေကြောင်း အလေးထားဖေါ်ပြသည်။ နှစ်စဉ်ငွေကြေးဖေါင်းပွမှုမှာ ၂၀၂၁ ခုနှစ်က ၆ ရာခိုင်နှုန်းရှိရာမှ ယခုနှစ်တွင် ၉ ရာခိုင်နှုန်း သို့ တက်လာမည်ဖြစ်ကြောင်းလည်း ထိုအစီအရင်ခံစာက ခန့်မှန်းသည်။
ပိုမိုထူးခြားသည်မှာ ထိုခန့်မှန်းချက်သည် စီးပွားရေးအပေါ် ပဋိပက္ခ၏ ရိုက်ခတ်မှုသည် ယခုနှစ်အတွင်း ပိုမိုမြင့်မားလာခြင်း မရှိဟူသော ယူဆချက်ကို အခြေခံတွက်ချက်ခြင်းဖြစ်သည်။ တဖြည်းဖြည်းတိုးတက်လာမည် ဖြစ်သော်လည်း လာမည့်နှစ်အတွင်း စီးပွားရေးတွင် ခိုင်မာသော တိုးတက်မှု မရှိခြင်းသည် ၂၀၂၀ ခုနှစ်အစောပိုင်းတွင် ကပ်ရောဂါ စတင်ချိန်နောက်ပိုင်း အပြင်းအထန် ထိခိုက်နေသော အသက်မွေးဝမ်းကြောင်းများကို အကြီးအကျယ် ထိခိုက်စေမည်ဖြစ်ကြောင်း သတိပေးထားသည်။
ယခုခန့်မှန်းချက်သစ်သည် ယခင်နှစ်ကလောက် ဆိုးရွားခြင်းမရှိသော်လည်း စီးပွားရေးပတ်ဝန်းကျင်သည် မကြာမီ ပုံမှန်ဖြစ်တော့မည်ဆိုသည့် စစ်ကောင်စီ၏ ခန့်မှန်းချက်နှင့် ဆန့်ကျင်နေသည်။
ကမ္ဘာ့ဘဏ်ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများက ခန့်မှန်းထားသည့် စီးပွားရေး အန္တရာယ်သည် အလွန်အကျွံချဲ့ကားထားကြောင်းနှင့် စီးပွားရေး ကျုံ့သွားသည်မှာ မှန်သော်လည်း ၁၈ ရာခိုင်နှုန်းအထိ မကျုံ့ကြောင်း ဒီဇင်ဘာလက တွေ့ဆုံမေးမြန်းမှုတခုတွင် စစ်ကောင်စီခန့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးအောင်နိုင်ဦးက Nikkei Asia သို့ပြောသည်။
ကမ္ဘာ့ဘဏ်ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများက ခန့်မှန်းထားသည့် စီးပွားရေး အန္တရာယ်သည် အလွန်အကျွံချဲ့ကားထားကြောင်းနှင့် စီးပွားရေး ကျုံ့သွားသည်မှာ မှန်သော်လည်း ၁၈ ရာခိုင်နှုန်းအထိ မကျုံ့ကြောင်း ဒီဇင်ဘာလက တွေ့ဆုံမေးမြန်းမှုတခုတွင် စစ်ကောင်စီခန့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးအောင်နိုင်ဦးက Nikkei Asia သို့ပြောသည်။
စီးပွားရေးကျုံ့သည့်အခြေအနေမှာ ၈ မှ ၉ ရာခိုင်နှုန်းသာ ရှိကြောင်း သူပြောသည်။
တည်ငြိမ်မှုပြန်လည်ရရှိလာခြင်းကို အဓိကအချက်အဖြစ် ကိုးကားပြီး ယခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းသည် အပေါင်းလက္ခဏာဆောင်လာမည်ဖြစ်ကြောင်း သူ၏ ဝန်ကြီးဌာနက ခန့်မှန်းသည်။
အလုံးစုံသော စီးပွားရေး ဆောင်ရွက်ချက်များသည် ကြီးမားသော ရောင်းလိုအားနှင့် ဝယ်လိုအား အားနည်းချက်များကြောင့် ဆက်လက်ထိခိုက်နေမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် အစီရင်ခံစာက မှတ်ချက်ချသည်။ ကုမ္ပဏီများသည် အရောင်းနှင့် အမြတ်အစွန်းတွင် သိသိသာသာလျှော့ကျခြင်း၊ ငွေကြေးစီးဆင်းမှု မလုံလောက်ခြင်း၊ ဘဏ်လုပ်ငန်းနှင့် အင်တာနက် ဝန်ဆောင်မှုများပြည့်ပြည့်စုံစုံ မရခြင်းများကို ဆက်လက်ကြုံတွေ့ရမည်ဖြစ်ကြောင်းလည်း ဖေါ်ပြထားသည်။
အထက်ပါ အစီရင်ခံစာအတွက် ကမ္ဘာ့ဘဏ်က ကောက်ယူသည့် ကုမ္ပဏီ စစ်တမ်းအရ အောက်တိုဘာလအတွင်းက ကုမ္ပဏီများ၏ ထက်ဝက်သည် သယ်ယူပို့ဆောင်ရေး ပြတ်တောက်မှုနှင့် ကျပ်ငွေတန်ဖိုး အကြီးအကျယ်ကျဆင်းခြင်းကြောင့် ကုန်ကျစရိတ်တိုးလာပြီး သွင်းအားစုများနှင့် ကုန်ကြမ်း ပြတ်တောက်မှုများ ရင်ဆိုင်ရကြောင်း သိရသည်။ တချိန်တည်းတွင် လယ်သမားများသည် အဓိကသွင်းအားစုများ ဈေးနှုန်းမြင့်တက်ခြင်း၊ ချေးငွေရယူရန် အကန့်အသတ်ရှိခြင်းနှင့် ဖြစ်ပွားနေသော သယ်ယူပို့ဆောင်ရေး အကန့်အသတ်များကို ဆက်လက်ရင်ဆိုင်နေရသည်။
တိုးတက်မှုဘက်တွင် မြန်မာတွင် ထုတ်ပြန်ကြေညာသည့် ကိုဗစ်နိုင်တင်း ဖြစ်ပွားမှုနှုန်းသည် ဇန်နဝါရီလ အစောပိုင်းတွင် ကျဆင်းလာပြီး အိုမီခရွန်မျိုးကွဲကူးစက်မှု အနည်းငယ်သာရှိကာ လှုပ်ရှားသွားလာမှု အညွှန်းကိန်း၊ ကုန်ထုတ်လုပ်ရေးလှုပ်ရှားမှုများနှင့် ပို့ကုန်များတွင် နာလန်ထမှု အချို့ကို ပြသနေသည်။ သို့သော် ပဋိပက္ခ အညွှန်းကိန်းများအရ လုံခြုံရေးအခြေအနေသည် နိုင်ငံအစိတ်အပိုင်းအများအပြားတွင် တစတစယိုယွင်းနေပြီး စီးပွားရေးလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး၊ ယုံကြည်မှုနှင့် ရင်းနှီးမြှုပ်နှံရန် ဆန္ဒတို့ကို ထိခိုက်စေမည်ဖြစ်ကြောင်း အထက်ပါအစီရင်ခံစာက မှတ်ချက်ချသည်။
ဝင်ငွေနှင့် တနှစ်တာကာလလုံး စီးပွားရေးနယ်ပယ်အားလုံးတွင် အလုပ်အကိုင် အကြီးအကျယ် ကျဆင်းခြင်းတို့ ပေါင်းစပ်လိုက်သောအခါ ရရှိသောအညွှန်းကိန်းများအားလုံးက ပြည်တွင်းဝယ်လိုအားသည် ဆက်လက် အားနည်းနေမည်ဖြစ်ကြောင်းလည်း အထက်ပါအစီရင်ခံစာက ဖေါ်ပြသည်။
စက်တင်ဘာလအတွင်း ငွေလဲနှုန်း သိသိသာသာ တန်ဖိုးကျဆင်းခြင်းသည် တင်သွင်းရသည့်လောင်စာဈေးနှုန်းကို မြင့်မားစေပြီး သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များ တက်သွားစေသည်။ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုများ ဆက်လက်ရှိနေပြီး အင်တာနက် ပြတ်တောက်မှုကြောင့် ကုမ္ပဏီများနှင့် မိသားစုများသည် သတင်းအချက်အလက်ရရှိမှုနှင့် ဈေးကွက်အဆက်အသွယ် ပြတ်တောက်မှုများကို ဖြစ်စေသည်
ပြဿနာများကို ပိုမိုဆိုးရွားစေသည်မှာ ရောင်းလိုအားဘက်မှ အကန့်အသတ်များသည် မကြာသေးမီလများအတွင်း ပိုမိုဆိုးရွားလာသည်။ ငွေဖေါ်နိုင်မှု၊ ကြွေးမြီနှင့် နိုင်ငံခြားငွေများသည်လည်း ဆက်လက်ပြင်းထန်စွာ ကျပ်တည်းနေမည်ဖြစ်ကြောင်း အစီရင်ခံစာကဖေါ်ပြသည်။ စက်တင်ဘာလအတွင်း ငွေလဲနှုန်း သိသိသာသာ တန်ဖိုးကျဆင်းခြင်းသည် တင်သွင်းရသည့်လောင်စာဈေးနှုန်းကို မြင့်မားစေပြီး သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များ တက်သွားစေသည်။ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုများ ဆက်လက်ရှိနေပြီး အင်တာနက် ပြတ်တောက်မှုကြောင့် ကုမ္ပဏီများနှင့် မိသားစုများသည် သတင်းအချက်အလက်ရရှိမှုနှင့် ဈေးကွက်အဆက်အသွယ် ပြတ်တောက်မှုများကို ဖြစ်စေသည်ဟုလည်း အစီရင်ခံစာကဖေါ်ပြသည်။
ထိပ်တန်း နိုင်ငံခြားငွေရှာပေးသည့် ဓါတ်ငွေ့ထုတ်လုပ်မှုသည် ၂၀၂၀ ခုနှစ်ကုန်က အခြေအနေနှင့် နှိုင်းယှဉ်ပါက ၂၀၂၁ ခုနှစ်တွင် ကျယ်ကျယ်ပြန့်ပြန့် နာလန်ထလာသော်လည်း ဓါတ်ငွေ့တင်ပို့မှုဝင်ငွေသည် ၁၄ ရာခိုင်နှုန်းကျဆင်းကာ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်က ဒေါ်လာ ၃.၅ ဘီလီယံရှိရာမှ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၃ ဘီလီယံသာရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
ထို့အပြင် မကြာသေးမီက ကြေညာခဲ့သည့် ပြင်သစ်စွမ်းအင်လုပ်ငန်းကြီး TotalEnergies မြန်မာမှ ထွက်ခွာမည့် အစီအစဉ်သည် မြန်မာ့ဓါတ်ငွေ့ထုတ်လုပ်မှု၊ ပို့ကုန်ဝင်ငွေနှင့် အများပြည်သူအတွက် သုံးစွဲငွေကို ရေရှည်တွင် ထိခိုက်စေနိုင်သည်။ သို့သော်ထို ထိခိုက်မှုများ၏ အတိုင်းအတာကို ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း အစီရင်ခံစာကဖေါ်ပြသည်။ သို့သော် ထိုအစီရင်ခံစာတွင် မြန်မာမှ ထွက်ခွာရန် တချိန်တည်းတွင် ကြေညာခဲ့သည့် Total ၏ ဖက်စပ်လုပ်ငန်း Chevron အကြောင်းကို ဖေါ်ပြထားခြင်းမရှိပေ။
လွန်ခဲ့သော တနှစ်က အာဏာသိမ်းပြီးနောက် စုစုပေါင်းအားဖြင့် နိုင်ငံခြား ကုမ္ပဏီအနည်းဆုံး ၂၂ ခုသည် မြန်မာမှ ဆုတ်ခွာကြပြီး နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု ထပ်မံကျဆင်းခြင်းကိုလည်း မျှော်လင့်ရသည်ဟု အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ ပြည်ပ ကုမ္ပဏီများထွက်ခွာကြခြင်းသည် အလုပ်အကိုင်အရေအတွက်ကို လျှော့ကျစေပြီး အလုပ်အကိုင်ဖန်တီးမှုကိုလည်း ထိခိုက်စေကာ ပြည်ပကျွမ်းကျင်မှုနှင့် နည်းပညာရရှိမှုကို အကန့်အသတ်ဖြစ်စေသည်ဟုလည်း အစီရင်ခံစာက သတိပေးသည်။
တချိန်တည်းတွင် သယံဇာတ တူးဖေါ်ရေးလုပ်ငန်းများသည် အရှိန်ရလာသည်ကိုတွေ့ရပြီး စည်းမဲ့ကမ်းမဲ့ လုပ်ကိုင်မှုများကြောင့် ရေလမ်းကြောင်းများနှင့် ပတ်ဝန်းကျင် ဂေဟစနစ်များ ထိခိုက်ခြင်းအပါအဝင် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ပူပန်မှုများပိုမိုမြင့်မားစေသည်ဟု အစီရင်ခံစာက ဖေါ်ပြသည်။ လွန်ခဲ့သော ၁၀ လအတွင်း ကချင်ပြည်နယ်တွင် ရွှေနှင့်မြေရှားသတ္တုတူးဖေါ်သည့်လုပ်ငန်းများ သိသိသာသာတိုးလာပြီး ထိုလုပ်ငန်းအများအပြားမှာ တရားမဝင် သို့မဟုတ် စည်းမဲ့ကမ်းမဲ့ လုပ်ငန်းများဖြစ်ကြောင်းလည်း အစီရင်ခံစာကထောက်ပြသည်။
စစ်ကောင်စီသည် သစ်ခုတ်ခြင်း၊ ကျောက်စိမ်းတူးနှင့် အလားတူ သယံဇာတတူးဖေါ်ခြင်းတို့ကို တိုးချဲ့ပြီး သယံဇာတထုတ်ယူခြင်းကို မှီခိုသည့် ယခင်အလေ့အထအတိုင်း ပြန်လုပ်မည်ကို ကျွမ်းကျင်သူများ စိုးရိမ်နေကြသည်။
စစ်ကောင်စီသည် သစ်ခုတ်ခြင်း၊ ကျောက်စိမ်းတူးနှင့် အလားတူ သယံဇာတတူးဖေါ်ခြင်းတို့ကို တိုးချဲ့ပြီး သယံဇာတထုတ်ယူခြင်းကို မှီခိုသည့် ယခင်အလေ့အထအတိုင်း ပြန်လုပ်မည်ကို ကျွမ်းကျင်သူများ စိုးရိမ်နေကြသည်။
အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ထွန်းမှုများသည် ရေရှည်တွင် မြန်မာ၏ ဖွံ့ဖြိုးတိုးတက်မှု အလားအလာကို အကန့်အသတ်ဖြစ်စေမည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ဝါရင့် စီးပွားရေး ပညာရှင် ကင် အက်ဒဝပ် ပြောသည်။
“အညွှန်းကိန်းအများစုက ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု သိသိသာသာ ကျဆင်းကြောင်း ပြသနေတယ်” ဟု သူပြောပြီး ဝယ်လိုအား ဆက်လက်နည်းနေသောကြောင့် ယခင်က အကျိုးအမြတ်ရနိုင်သည့် လုပ်ငန်းများသည် ယခုအခါ အကျိုးအမြတ်မရနိုင်တော့သည့် လုပ်ငန်းများဖြစ်သွားကြောင်းလည်း သူပြောသည်။ “ပညာသင်ရမယ့် အချိန်တွေ ဆုံးရှုံးသွားတာ၊ အလုပ်လက်မဲ့နဲ့ နေရပ်စွန့်ခွာမှု တိုးလာတာတွေက ရေရှည်မှာ လူသားအရင်းအမြစ်၊ ကျွမ်းကျင်မှု၊ ထုတ်လုပ်မှုစွမ်းရည်တွေကို သိသိသာသာ ကျဆင်းစေလိမ့်မယ်” ဟုလည်း သူပြောသည်။
လွန်ခဲ့သောနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံစစ်အာဏာသိမ်းမှု နှစ်ပတ်လည်ကာလနီးကပ်လာချိန်တွင် နိုင်ငံ၏ လူမှုနှင့်နိုင်ငံရေးရှုခင်းသည် သိသိသာသာ ပြောင်းလဲသွားသည်။ ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲများသည် နိုင်ငံအစိတ်အပိုင်အများအပြားတွင် ဖြစ်နေပြီး စီးပွားရေး စုတ်ပြတ်သတ်နေကာ နိုင်ငံလူဦးရေထက်ဝက်သည် မကြာမီ ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်ရောက်တော့မည်ဖြစ်ကြောင်း ကုလသမဂ္ဂက သတိပေးထားသည်။
ကိုးကား။ ။ Nikkei Asia မှ Myanmar’s ‘critically weak economy’ to grow 1% in 2022: World Bank
You may also like these stories :
ရေနံလုပ်ငန်းများ ထွက်ခွာမှု MOGE ကို ပိတ်ဆို့မှု ဖြစ်လာမလား
ဦးပိုင် စီဒီအမ် လုပ်သွားပြီလား
စက်သုံးဆီဈေး အတက်ကြမ်းသဖြင့် သယ်ယူပို့ဆောင်ရေး စရိတ်များ မြင့်လာ
နယ်စပ်ကို ပိတ်ထားသော်လည်း မြေရှားသတ္တုကို တရုတ်က တံခါးဖွင့်ပေးထား
ဇောက်ထိုးကျနေသည့် မြန်မာ့စီးပွားရေး