ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်မှုသည် အရှေ့တောင်အာရှမှ ဝေးကောင်းဝေးနိုင်သော်လည်း ထိုဒေသသည် ကျူးကျော်မှုမှ ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ပြဿနာများနှင့် ကင်းလွတ်နိုင်ခြင်း မရှိပေ။
အပေါ်ယံအားဖြင့်ကြည့်ပါက ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံလုံးသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့နှင့် စီးပွားရေးဆက်ဆံမှု မရှိသလောက်ပင် ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် ရုရှားသည် အာဆီယံ၏ စုစုပေါင်းကုန်စည်ကုန်သွယ်မှု၏ ၀ ဒသမ ၅၃ ရာခိုင်နှုန်းသာရှိပြီး ယူကရိန်းက ၀ ဒသမ ၁ ရာခိုင်နှုန်းသာရှိကြောင်း အာဆီယံအချက်အလက် ဝက်ဘ်ဆိုက်ဖြစ်သော ASEANstats ၏ စာရင်းများအရ သိရသည်။
ရင်းနှီးမြှုပ်နှံမှုအရ ကြည့်မည်ဆိုလျှင် စီးပွားရေးဆက်စပ်မှုသည် ပိုမိုနည်းပါးသေးသည်။ ရုရှားသည် အာဆီယံသို့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ ၀ ဒသမ ၀၄၆ ရာခိုင်နှုန်းသာရှိပြီး ယူကရိန်းက ဝ ဒသမ ၀၀၃ ရာခိုင်နှုန်းသာ ရှိသည်။
သို့သော် အချက်အလက်များကို ပိုမိုနက်ရှိုင်းစွာ လေ့လာသောအခါ စီးပွားရေးဆက်ဆံမှုများသည် ထိုထက် ပိုမိုခိုင်မာသည်။
အာဆီယံသည် ၎င်းတို့တင်သွင်းသည့် ဓာတ်မြေသြဇာများ၏ တန်ဖိုးအရ ၉ ဒသမ ၇၄ ရာခိုင်နှုန်းကို ရုရှားမှတင်သွင်းပြီး ရုရှားသည် တရုတ်နှင့် ကနေဒါပြီးလျှင် အရှေ့တောင်အာရှအတွက် တတိယအကြီးမားဆုံး ဓာတ်မြေသြဇာရင်းမြစ် ဖြစ်နေသည်။
ဥပမာအားဖြင့်ဆိုရပါက ဓာတ်မြေသြဇာဖြစ်သည်။ အာဆီယံသည် ၎င်းတို့တင်သွင်းသည့် ဓာတ်မြေသြဇာများ၏ တန်ဖိုးအရ ၉ ဒသမ ၇၄ ရာခိုင်နှုန်းကို ရုရှားမှတင်သွင်းပြီး ရုရှားသည် တရုတ်နှင့် ကနေဒါပြီးလျှင် အရှေ့တောင်အာရှအတွက် တတိယအကြီးမားဆုံး ဓာတ်မြေသြဇာရင်းမြစ် ဖြစ်နေသည်။ အရှေ့တောင်အာရှ နိုင်ငံအများအပြားမှ စီးပွားရေးများတွင် စိုက်ပျိုးရေးသည် အဓိက ဖြစ်နေသေးသောကြောင့် ဓာတ်မြေသြဇာ ရရှိမှုတွင် မည်သည့် အဟန့်အတားမဆိုသည် အထွက်နှုန်းကို လျော့ကျစေသည်။
တနိုင်ငံချင်းအရဆိုရပါက ဗီယက်နမ်၏ ရုရှားနှင့် အီလက်ထရောနစ်ပစ္စည်းများ ကုန်သွယ်ရေးသည် ထူးခြားသည်။ ဗီယက်နမ်သည် ၂၀၂၀ ပြည့်နှစ်တွင် စမတ်ဖုန်းများအပါအဝင် လျှပ်စစ်စက်ပစ္စည်းကိရိယာ ၁ ဒသမ ၅ ဘီလီယံဖိုး ရုရှားသို့ တင်ပို့သည်။
အမေရိကန်က ရုရှားကို ပစ်မှတ်ထားသည့် ပြည်ပ တိုက်ရိုက်ထုတ်ကုန် စည်းမျဉ်း ချမှတ်လိုက်ပါက ထိုကုန်သွယ်ရေးသည် ပျောက်ကွယ်သွားမည်ဖြစ်သည်။ အလားတူ စည်းမျဉ်းကို တရုတ်မှ ဟွာဝေးအတွက် အသုံးပြုပြီး အမေရိကန်နည်းပညာသုံးသော ပစ္စည်းများ တင်ပို့မှုအပေါ် ကန့်သတ်သည်။
အာဆီယံ၏ တင်သွင်းမှုအရဆိုပါက ယူကရိန်းသည် အာဆီယံ၏ ဂျုံ၊ အုတ်ဂျုံနှင့် အခြား နှံစားသီးနှံအများစုကို တင်သွင်းပြီး ၂၀၂၀ ပြည့်နှစ် စုစုပေါင်း ကုန်သွယ်မှုတန်ဖိုး၏ ၉ ဒသမ ၂၁ ရာခိုင်နှုန်းရှိသည်။ ရုရှားထံမှလည်း နောက်ထပ် ၃ ဒသမ ၉၉ ရာခိုင်နှုန်း တင်သွင်းသည်။ နှစ်နိုင်ငံပေါင်းလိုက်ပါက ထိုစစ်ဖြစ်နေသော နိုင်ငံနှစ်ခုတို့သည် ဂျုံထုတ်ကုန်များကို ပိုမိုစားသုံးလာကြသော အာဆီယံဒေသအတွက် နှံစားသီးနှံတင်ပို့သည့် တတိယအကြီးမားဆုံးသော နိုင်ငံများဖြစ်နေသည်။

ရုရှားနှင့် ယူကရိန်းမှ ထိုသို့သော ထုတ်ကုန်တင်ပို့မှု ပြတ်တောက်သွားခြင်းသည် ကမ္ဘာတဝှမ်းတွင် ငွေကြေး ဖောင်းပွမှု ဖိအားကို ဖြစ်စေမည်ဟု စီးပွားရေးပညာရှင်များက ပြောသည်။ ထိုအချက်သည် ယခုပင် ငွေကြေး ဖောင်းပွမှုမြင့်မားပြီး ဖြစ်နေသော အရှေ့တောင်အာရှအနေဖြင့် ရှောင်ရှားမရသည့် အချက်ဖြစ်နေသည်။
“စိုက်ပျိုးရေးပို့ကုန် အများစုကို ပင်လယ်နက်ဆိပ်ကမ်းများမှ ပို့ဆောင်နေပြီး ထိုနေရာသည် ပဋိပက္ခ၏ ဗဟိုချက်ဖြစ်နေသည်” ဟု Capital Economics က ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ထုတ်ပြန်သော မှတ်တမ်းတစောင်တွင် ဖော်ပြထားသည်။
“ဆိပ်ကမ်းပြဿနာအပြင် မြေပြင်တွင် တိုက်ပွဲများ ဖြစ်ပွားပြီးသောအခါ ယူကရိန်းမှ သီးနှံများ ပျက်စီးသွားမည့် အန္တရာယ်လည်း ရှိနေသည်။ ထိုအန္တရာယ်များ၏ အတိုင်းအတာနှင့် ကျယ်ပြန့်မှုကြောင့် မိမိတို့သည် စိုက်ပျိုးရေး ထုတ်ကုန်များအတွက် ကာလတို လတ်တလောဈေးနှုန်း ခန့်မှန်းမှုကို ၂၅ ရာခိုင်နှုန်း မြှင့်တင်လိုက်သည်” ဟုလည်း ထိုမှတ်တမ်းက ဖော်ပြသည်။
ငွေကြေးဖောင်းပွမှု ဖိအား နောက်ထပ်ရင်းမြစ်တခုမှာ ကမ္ဘာ့စွမ်းအင်ဈေးကွက်မှ လာသည်။ ပဋိပက္ခသည် လောင်စာပေးပို့မှုကို ပြတ်တောက်စေနိုင်သည် ဆိုသည့် စိုးရိမ်မှုကြောင့် ရေနံနှင့်ဓာတ်ငွေ့ ဈေးနှုန်းများသည် ရုရှား၏ စစ်ဆင်ရေးများ မစတင်မီကပင် တက်နေသည်။
ငွေကြေးဖောင်းပွမှု ဖိအား နောက်ထပ်ရင်းမြစ်တခုမှာ ကမ္ဘာ့စွမ်းအင်ဈေးကွက်မှ လာသည်။ ပဋိပက္ခသည် လောင်စာပေးပို့မှုကို ပြတ်တောက်စေနိုင်သည် ဆိုသည့် စိုးရိမ်မှုကြောင့် ရေနံနှင့်ဓာတ်ငွေ့ ဈေးနှုန်းများသည် ရုရှား၏ စစ်ဆင်ရေးများ မစတင်မီကပင် တက်နေသည်။
“ကမ္ဘာ့ရေနံဈေးက အမြင့်မှာ ရှိနေတာနဲ့အတူ ရေနံဈေးနှုန်းနဲ့ ငွေကြေးဖောင်းပွမှု ခန့်မှန်းချက်တွေကို ပြန်လည်ချိန်ညှိဖို့ လိုလာတယ်” ဟု Oxford Economics မှ အိန္ဒိယနှင့်တောင်အာရှ စီးပွားရေးအကြီးအကဲ ပရီယန်ကာ ကီရှိုးက ပြောသည်။ ပိုမိုမြင့်မားသည့် ရေနံဈေးနှုန်း၏ ရိုက်ခတ်မှုတွင် အာဆီယံဒေသတွင်းတွင် ကွဲပြားနေမည် ဖြစ်ကြောင်းနှင့် ပိုမိုမြင့်မားသည့် ငွေကြေးဖောင်းပွမှုနှုန်းသည် အိမ်ထောင်စုများ အသုံးစရိတ်နှင့် တိုးတက်မှုကိုလည်း ထိခိုက်စေကြောင်း သူကပြောသည်။

နိုင်ငံရေးမျက်နှာစာတွင် အာဆီယံသည် ဗဟိုကျမှု မန္တာန်ကို ရွတ်ပြီး မဟာအင်အားကြီး ဇာတ်လမ်းမှ ခပ်ကင်းကင်းနေနေသော်လည်း ရုရှားသည် အဖွဲ့ဝင် ၁၀ နိုင်ငံပါသော အာဆီယံကို စည်းရုံးသိမ်းသွင်းခြင်း ရှောင်ရှားမည် မဟုတ်ပေ။
ကိုဗစ်နိုင်တင်းကပ်ရောဂါ အစောပိုင်းရက်များက မော်စကိုသည် ဗီယက်နမ်နှင့် ဖိလစ်ပိုင်ကဲ့သို့သော နိုင်ငံများသို့ Sputnik V ကာကွယ်ဆေးများပေးကာ ကာကွယ်ဆေး သံတမန်ရေးကို ဆောင်ရွက်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ရုရှားနှင့် အာဆီယံတို့သည် ၎င်းတို့၏ ပထမဆုံး ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ကြသည်။ ထိုစစ်ရေးလေ့ကျင့်မှုတွင် အာဆီယံအဖွဲ့ဝင် ၇ နိုင်ငံမှ စစ်သင်္ဘောများ ပါဝင်သည်။
လက်နက်သည် ရုရှားက အာဆီယံကို အဓိကအကျိုးပြုသော ပစ္စည်းဖြစ်နေသည်။ မော်စကိုသည် ၁၉၉၉ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်အတွင်း အရှေ့တောင်အာရှသို့ လက်နက်အများဆုံး ရောင်းချသောနိုင်ငံဖြစ်ပြီး ဒေသတခုလုံး၏ လက်နက်တင်သွင်းမှု ၂၆ ရာခိုင်နှုန်းကို ရောင်းချပေးနေသည်ဟု စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသနဌာနက ဖော်ပြသည်။
သို့သော် ရုရှားလက်နက်ရောင်းချမှုသည် မကြာသေးမီကမူ တုံ့ဆိုင်းသွားသည်။ မော်စကိုမှ လက်နက်ဝယ်ယူသော နိုင်ငံသည် အမေရိကန်ပြည်ထောင်စု၏ အရေးယူပိတ်ဆို့မှု ခံရနိုင်သည့် အခြေအနေကြောင့် ဖြစ်နိုင်သည်။
ရုရှားနှင့် အဆင့်အမျိုးမျိုးရှိသော စီးပွားရေးနှင့် နိုင်ငံရေး အဆက်အသွယ်များသည် မြင့်မားလာသော တင်းမာမှုများကို တုံ့ပြန်ရာတွင် မြန်မာအကျပ်အတည်းနှင့် ပတ်သက်ပြီး သဘောထားကွဲသလို ထပ်မံကွဲနိုင်သည်။
ဥပမာအားဖြင့် ဆိုရပါက အင်ဒိုနီးရှားနိုင်ငံသည် ရုရှားထံမှ Su-35 များ ဝယ်ယူမည့် အစီအစဉ်ကို ၂၀၁၈ ခုနှစ်တွင် ဖျက်သိမ်းလိုက်ပြီး ဖေဖော်ဝါရီလ ရောက်သောအခါ ထိုလေယာဉ်များအစား ပြင်သစ်လုပ် Rafale ဂျက်လေယာဉ်များ ဝယ်ယူခဲ့သည်။ အမေရိကန် ကာကွယ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု အေဂျင်စီကလည်း အင်ဒိုနီးရှားကို F-15 ဂျက်လေယာဉ်များ ဝယ်ယူခွင့် ပေးခဲ့သည်။
ရုရှားနှင့် အဆင့်အမျိုးမျိုးရှိသော စီးပွားရေးနှင့် နိုင်ငံရေး အဆက်အသွယ်များသည် မြင့်မားလာသော တင်းမာမှုများကို တုံ့ပြန်ရာတွင် မြန်မာအကျပ်အတည်းနှင့် ပတ်သက်ပြီး သဘောထားကွဲသလို ထပ်မံကွဲနိုင်သည်။

ယူကရိန်းကို တိုက်ခိုက်ရန် ရုရှားသမ္မတ ပူတင်၏ အမိန့်နှင့်ပတ်သက်ပြီး အရှေ့တောင်အာရှ အစိုးရများသည် အချို့က ဗြောင်ရှုတ်ချပြီး အချို့က ဗြောင်ချီးကျူးကာ သဘောထားကွဲနေသည်။
ရုရှားကို ရှုတ်ချရာတွင် စင်ကာပူက ပြတ်သားသည်။ သမ္မတ ပူတင်က ယူကရိန်းကို တိုက်ခိုက်ရန် စတင်အမိန့်ပေးသည့် ကြာသပတေးနေ့က ထုတ်ပြန်သော ကြေညာချက်တစောင်တွင် စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနက အလေးအနက် စိုးရိမ်ကြောင်းနှင့် အချုပ်အခြာ အာဏာပိုင်နိုင်ငံတနိုင်ငံကို မည်သည့်အကြောင်းကြောင့်မဆို တဘက်သတ် တိုက်ခိုက် ခြင်းကို ရှုတ်ချကြောင်း ပြောသည်။ နောက်ပိုင်းတွင် ရုရှအား ဘဏ္ဍာရေးအရ အရေးယူပိတ်ဆို့မှုများ ပြုလုပ်မည်ဖြစ်ကြောင်းလည်း ကြေညာသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူကလည်း ထိုနေ့တွင်ပင် တိုက်ခိုက်မှု အကြောင်းပြောပြီး လက်နက်ကိုင်ပဋိပက္ခ မြင့်မားလာသည်ကို စိုးရိမ်ကြောင်းနှင့် ရုရှားအမည်ကို ထုတ်မပြောသော်လည်း နိုင်ငံတနိုင်ငံ၏ ပိုင်နက်နယ်မြေနှင့် အချုပ်အခြာကို ထိပါးသည့် မည်သည့် ချိုးဖောက်မှုများကိုမဆို ရှုတ်ချကြောင်း ပြောသည်။ သမ္မတ ဂျိုကိုဝီဒိုဒိုက “စစ်ကိုရပ်၊ စစ်က လူသားတွေကို နစ်နာစေပြီး ကမ္ဘာကို အန္တရာယ် ကျရောက်စေတယ်” ဟု တွစ်တာလူမှုကွန်ရက်တွင် ရေးသားသည်။
တချိန်တည်းတွင် ဖိလစ်ပိုင် ခေတ္တသမ္မတ၏ ပြောခွင့်ရသူ ကာလို နိုဂရေးစ်၏ ရိုးရှင်းသော ကြေညာချက်တွင် “ယူကရိန်းမှ ဖိလစ်ပိုင်နိုင်ငံသားများ ဘေးကင်းရေးသည် သမ္မတ ဒူတာတေး၏ အဓိက ဦးစားပေးဖြစ်သည်” ဟုသာ ဖော်ပြသည်။
ဖိလစ်ပိုင်အစိုးရက နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ယူကရိန်းတွင်နေထိုင်သော ဖိလစ်ပိုင်နိုင်ငံသားများကို ပြန်လည်ခေါ်ယူရန် လုပ်ဆောင်နေသည်ဟုလည်း ဆိုသည်။ သမ္မတ ဒူတာတေးက ရုရှားသမ္မတ ပူတင်သည် သူ၏ အကြိုက်ဆုံး သူရဲကောင်းဖြစ်ကြောင်း ယခင်က ပြောဖူးသည်။

မလေးရှားကလည်း ဖိလစ်ပိုင်၏ ကြေညာချက်ကို သံယောင်လိုက်ပြီး ဝန်ကြီးချုပ် အစ္စမေးလ် ဆက်ဘရီ ယာကော့က “ယူကရိန်းမှ ဖြစ်ရပ်များအတွက် အစိုးရအနေဖြင့် ဝမ်းနည်းရသည်။ အစိုးရ၏ ဦးစားပေးမှာ ယူကရိန်းမှ မလေးနိုင်ငံသားများ ဘေးကင်းလုံခြုံရေးဖြစ်သည်။ ရုရှားနှင့် ယူကရိန်းအကြား အကောင်းဆုံးနှင့် ငြိမ်းချမ်းသောအခြေအနေကို အမြန်ဆုံးရောက်ရန် မျှော်လင့်ပြီး လက်ရှိ အကျပ်အတည်းလည်း ပြေလည်သွားမည်” ဟု ပြောသည်။
စင်ကာပူနှင့်လုံးဝ ဆန့်ကျင်ဘက်မှာ မြန်မာနိုင်ငံဖြစ်သည်။ ရုရှားစစ်ဆင်ရေးများ မစတင်မီ တရက်အလိုက Nikkei Asia သို့ပြောသော မှတ်ချက်တခုတွင် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက “ရုရှားသည် အချုပ်အခြာအာဏာ ပိုမိုခိုင်မာအောင် လုပ်နေသည်” ဟုပြောပြီး ရုရှားက ၎င်းတို့သည် ချိန်ခွင်လျှာညီသည့် ငြိမ်းချမ်းရေး နယ်ပယ်တွင် သြဇာကြီးကြောင်း ကမ္ဘာကို ပြသလိုက်သည်ဟု ဆက်ပြောသည်။
အာဆီယံအတွက် နောက်ထပ်စိုးရိမ်စရာ ရင်းမြစ်တခုမှာ ကမ္ဘာက ယူကရိန်းကို အာရုံစိုက်နေချိန်တွင် တရုတ်က တောင်တရုတ်ပင်လယ်တွင် လှုပ်ရှားမှု တိုးလာမည့်အရေး ဖြစ်သည်။ ထိုသို့သော စိုးရိမ်ပူပန်မှုမျိုးကို အမေရိကန် ပစိဖိတ်လေတပ် တပ်မှူး ဗိုလ်ချုပ်ကြီး ကက်နက် ဝယ်စ်ဘက်ချ်က ဖေဖော်ဝါရီလလယ်က စင်ကာပူတွင် ကျင်းပသည့် လေကြောင်း ပြပွဲတခုတွင် ပြောသည်။
အာဆီယံအတွက် နောက်ထပ်စိုးရိမ်စရာ ရင်းမြစ်တခုမှာ ကမ္ဘာက ယူကရိန်းကို အာရုံစိုက်နေချိန်တွင် တရုတ်က တောင်တရုတ်ပင်လယ်တွင် လှုပ်ရှားမှု တိုးလာမည့်အရေး ဖြစ်သည်။ ထိုသို့သော စိုးရိမ်ပူပန်မှုမျိုးကို အမေရိကန် ပစိဖိတ်လေတပ် တပ်မှူး ဗိုလ်ချုပ်ကြီး ကက်နက် ဝယ်စ်ဘက်ချ်က ဖေဖော်ဝါရီလလယ်က စင်ကာပူတွင် ကျင်းပသည့် လေကြောင်း ပြပွဲတခုတွင် ပြောသည်။
“ယူကရိန်း အခြေအနေအပေါ် သူတို့အမြတ်ထုတ်မှာကို ကျနော် စိုးရိမ်စိတ် ဖြစ်တယ်” ဟု AFP သို့ သူကပြောသည်။ “ရန်လိုတဲ့ကိစ္စမျိုးတွေ လုပ်လာပြီး ကမ္ဘာက ဘယ်လိုတုံ့ပြန်မလဲ ကြည့်မယ်ဆိုရင် အံ့သြစရာမဟုတ်ဘူး” ဟုလည်း သူပြောသည်။
ထိုသို့သော စိုးရိမ်ပူပန်မှုနှင့် ပတ်သက်ပြီး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူကို မေးသောအခါ “ကျနော်တို့ ဒေသတွင်း လုံခြုံရေးတည်ငြိမ်မှု ထိန်းသိမ်းရေး ကမ္ဘာပေါ်က နိုင်ငံတွေနဲ့ပတ်သက်ပြီး တူညီတဲ့ ကတိကဝတ်နဲ့ မျှော်လင့်ချက်တွေ ကျနော်တို့မှာ ရှိသင့်တယ်” ဟု ပြောသည်။
(Nikkei Asian ပါ ASEAN faces fallout from Russian invasion of Ukraine ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
ယူကရိန်း-ရုရှား စစ်ပွဲဆိုင်ရာ စစ်ကောင်စီ အရေးပေါ်စည်းဝေး
ရှရှားကျူးကျော်စစ် ဂယက် မြန်မာတွင် စက်သုံးဆီ ဈေးမြင့်တက်
မြန်မာ စစ်အာဏာသိမ်း တနှစ်ကြာသည်ထိ အာဆီယံ အစွမ်းအစမဲ့နေ
အာဏာသိမ်းအလွန် မြန်မာစစ်ပွဲ ‘ဝ’ ကနဦး အနိုင်ရနေ