• English
Thursday, July 10, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မြန်မာနှစ်ဆန်း ရွှေနှင့် စက်သုံးဆီ လက်ကားဈေးကွက် မဖွင့်နိုင်သေး

by ဧရာဝတီ
18 April 2022
in စီးပွားရေး
A A
ရန်ကုန်ရှိ ဓာတ်ဆီဆိုင် တဆိုင် / ဧရာဝတီ

ရန်ကုန်ရှိ ဓာတ်ဆီဆိုင် တဆိုင် / ဧရာဝတီ

7.5k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီက နိုင်ငံခြားငွေလဲလှယ်နှုန်းကို တဒေါ်လာလျှင် ၁၈၅၀ ကျပ် သတ်မှတ်ပြီးနောက်ပိုင်း မြန်မာနှစ်ဆန်းထဲ ရောက်လာခဲ့သော်လည်း ရွှေနှင့် စက်သုံးဆီ လက်ကားဈေးကွက်များ မဖွင့်နိုင်သည်အထိ ဖြစ်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။

ပြီးခဲ့သည့် ဧပြီ ၃ ရက်က ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရသော ဝင်ငွေများကို မြန်မာကျပ်ငွေအဖြစ် တရက်အတွင်း သတ်မှတ်နှုန်းနှင့် လဲလှယ်ရောင်းချ ရမည်ဟု ဗဟိုဘဏ်က သတ်မှတ်ပြီးနောက် ထိုနှုန်းထားနှင့် အညီ စက်သုံးဆီ၊ ရွှေ အပါအဝင် ပြည်ပ ပို့ကုန်၊ သွင်းကုန် ဈေးနှုန်းများမှာ ယင်းနှုန်းထားနှင့် တွက်ချက် ‌ရောင်းဝယ်ရမည် ဖြစ်သည်။

RelatedPosts

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

9 July 2025
258
အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

8 July 2025
1.1k
ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

7 July 2025
2.2k

ပြည်တွင်း စက်သုံးဆီ တင်သွင်းရောင်းချနေသော ကုမ္ပဏီတခုမှ တာဝန်ရှိသူ တဦးက “အခု စက်သုံးဆီဈေးကွက်ကတော့ ဈေးတက် နေတာပေါ့။ အခုဆိုရင် လက်ကားနဲ့ လက်လီဈေးက ကွာဟချက်တွေ အရမ်းဖြစ်နေတယ်။ ပရီမီယမ် ဆိုရင် ၁ လီတာကို ၁၈၀ လောက် ကွာနေတတယ်။ လက်လီဆိုင်တွေမှာ ဈေးချ ရောင်းပေးရမယ်ဆိုတဲ့ အချက်က လက်ကားဈေးမှာ ချမရောင်းနိုင်တော့ ဈေးတွေကွာနေတာပေါ့။ ပြီးတော့ လက်ကားဈေးမှာဆိုရင် ရောင်းပေးမယ့်သူကို မရှိတာ။ ဘယ်သူ့မှလည်း ဈေးမဖွင့်ရဲတော့ဘူးပေါ့။ ဈေးမဖွင့်ရဲတော့ပဲနဲ့ အရောင်းပိတ်တဲ့ ပုံစံမျိုးတွေအထိ ဖြစ်လာတာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

ပြည်ပမှ မှာယူထားသော စက်သုံးဆီတင် သင်္ဘောများမှာလည်း ရောက်လာမည်ဟု ခိုင်မာသော ကတိကဝတ် မဖြစ်သေးသလို စစ်ကောင်စီက ရောင်းချပေးမည့် တဒေါ်လာ ၁၈၅၃ ကျပ် မှာလည်း ဈေးကွက်အတွင်း ထုတ်ပေးသည်ကို စောင့်ရမလား၊ မည်သို့ လုပ်ရမလည်း စသည့် ရေရာသည့် အခြေအနေ မရှိသဖြင့် ဈေးကွက်က မသေချာသည့် အတွက် တချို့က မဖွင့်ရဲသေးသည့် အခြေအနေ ဖြစ်သည်။

ဓာတ်ဆီ ၉၂ တလီတာ သင်္ကြန်တွင်း၌ တလီတာ ၁၇၉၀ ကျပ် အထိ ဖြစ်လာပြီး သင်္ကြန်ပြီး ဧပြီလ ၁၈ ရက်တွင် တလီတာ ၁၈၄၀ ကျပ်အထိ ပြန်လည်မြင့်တက်လာ/ ဧရာဝတီ

“နောက်ပိုင်း သင်္ဘောတွေ က မသေချာသေးလို့ ဈေးကွက်က မဖွင့်ရဲတာလည်း ပါတယ်။ ဈေးဖွင့်ပြီးရောင်းလိုက်ရင် နောက်လာမယ့် ဆီက ရမယ်၊ မရဘူးကလည်း မသေချာတဲ့ အခြေအနက ရှိတော့ ထိန်းတဲ့သဘောလည်း ရှိနေ သေးတယ်”ဟု လက်ရှိ အခြေအနေကို ရှင်းပြသည်။

ယခု စက်သုံးဆီလက်လီ ဈေးနှုန်းမှာ သင်္ကြန်မကျခင် ရက်ပိုင်းအလိုက အနိမ့်ဆုံးဆီ ဖြစ်သည့် ဓာတ်ဆီ ၉၂ တလီတာ ၁၇၄၀ ကျပ်နှင့် သင်္ကြန်တွင်း၌ တလီတာ ၁၇၉၀ ကျပ် အထိ ဖြစ်လာပြီး သင်္ကြန်ပြီး ဧပြီလ ၁၈ ရက်တွင် တလီတာ ၁၈၄၀ ကျပ်အထိ ပြန်လည်မြင့်တက်လာ ကြောင်း တက်ဆီယာဉ်မောင်းများ ထံက သိရသည်။

လက်ရှိတွင် စစ်ကောင်စီက နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းကို ၁၈၅၀ ကျပ် သတ်မှတ်ထားသော်လည်း ပြင်ပ ဒေါ်လာဈေးကွက်တွင် ဖြစ်နေသည့် ဈေးနှုန်းမှာ ၂၀၁၀ ကျပ် အထိရှိနေသည်။

ထို့ပြင် ဒေါ်လာသတ်မှတ်ချက်နှင့် တိုက်ရိုက်သက်ဆိုင်နေသော ဈေးကွက်တခု ဖြစ်သည့် ရွှေဈေးကွက်မှာလည်း ဧပြီလ ၁၈ ရက်တွင် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှာ ဈေးဖွင့်နိုင်ခြင်း မရှိသည်ကို တွေ့ရသည်။

များသောအားဖြင့် ပြင်ပ ရွှေဆိုင်များက ပြင်ပပေါက်ဈေးနှင့်သာ ဖွင့်လှစ်ရောင်းချမှုများ ရှိနေသည်/ ဧရာဝတီ

ရန်ကုန်မြို့တွင်းရှိ ရွှေဆိုင်ပိုင်ရှင် တဦးက “သူတို့ သတ်မှတ်တဲ့ ၁ ဒေါ်လာ ၁၈၅၃ နဲ့တွက်မယ်ဆိုရင် ကျပ် ၁၉ သိန်း ၅ သောင်းကျော်ပဲရှိရမှာဖြစ်တယ်။ သူတို့ပြောတဲ့ ဈေးနဲ့ ဆိုရင် အကုန်လုံးက ဝယ်နေကြမှာဗျ။ အခုနိုင်ငံရေးနဲ့ဆိုတော့ အခေါက်ရွှေက ဝယ်ကြတယ်။ ကမ္ဘာ့ရွှေဈေးကတော့ အခုမနက်ပိုင်းထိ ဈေးတက်နေတယ်။ တအောင်စ ၁၉၈၀ ဝန်းကျင် ရှိတော့ သင်္ကြန် မတိုင်ခင်ကနဲ့ ဆိုရင် ဒေါ်လာ ၂၀ လောက်တော့ တက်တယ်။ အခုကတော့ ပြင်ပ ဆိုင်တွေက ကျပ် ၂၀ သိန်း ၅ သောင်းနဲ့ ဖွင့်ပြီးရောင်း နေတာ။ ခုထိတော့ YGEA က ဈေးမဖွင့် နိုင်သေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။

YGEA က ဗဟိုဘဏ်သတ်မှတ်သည့် ဈေးဖြစ်သော ၁ ဒေါ်လာ ကျပ် ၁၈၅၀ နှုန်းနှင့် တွက်ချက်ပြီး အခေါက်ရွှေ တကျပ်သား လျှင် ကျပ် ၁၉ သိန်း ၅ သောင်းဝန်းကျင်နှင့် ဈေးကွက် သတ်မှတ်သော်လည်း ပြင်ပဈေးကွက်၏ အမှန်တကယ် ပေါက်ဈေးမှာ ကျပ် ၂၀ သိန်း ၅ သောင်း ဝန်းကျင်ရှိသောကြောင့် ကျပ် ၁ သိန်းခန့်ကွာဟ မှုဖြစ်ပေါ်နေပြီး ဈေးကွက်အတွင်း အဆင်မပြေဖြစ်နေကြောင်း ၎င်းက ပြောသည်။

ထို့ကြောင့် များသောအားဖြင့် ပြင်ပ ရွှေဆိုင်များက ပြင်ပပေါက်ဈေးနှင့်သာ ဖွင့်လှစ်ရောင်းချမှုများ ရှိနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။

ဆက်လက်၍ ၎င်းက “အပြင် မှောင်ခိုအထိ ဆင်းသွားနိုင်တယ်။ ဈေးကွက်က ဘယ်လို အခြေနေ ဆက်ရှိမလည်း ဆိုရင် အခုကတော့ သူတို့ ဓာတ်ဆီတောင် မထိန်းနိုင်တာ။ သူတို့ ပြောတဲ့ ဒေါ်လာဈေးနဲ့က သတ်မှတ်လို့ မရသေးဘူးလို့ ကျနော်ထင်တယ်။ ဘာလို့လဲဆိုရင် ဒေါ်လာကို ရောင်းပေးနိုင်ရင် အကြောင်းမဟုတ်ဘူး မရောင်းနိုင်ရင် အပြင်ဈေးနဲ့ပဲ တွက်ချက်ပြီး ဖွင့်နေရမှာပဲ”ဟု လက်ရှိအခြေအနေကို ရှင်းပြသည်။

You may also like these stories:

ဒေါ်လာငွေတွေ ၁ ရက်ပဲ သိမ်းထားလို့ ရတော့မယ့်နောက်

စစ်ကောင်စီက ရုပ်ရှင်ရုံများ ပြန်ဖွင့်ခိုင်းသော်လည်း ကြည့်ရှုသူ မရှိ

စက်သုံးဆီ တင်သွင်း ရောင်းချသူများကို သတ်မှတ်ဈေးအတိုင်း ရောင်းရန် ဖိအားပေးနေ

စစ်အုပ်စုနှင့် ပတ်သက်သော မြန်မာဘီယာ ရောင်းအား ပြိုလဲ

ဗဟိုဘဏ်ထုတ်ပြန်ချက် ပို့ကုန်သမားနှင့် အမေရိကန်ဒေါ်လာလက်ဝယ်ရှိသူများ ထိခိုက်နိုင်

Your Thoughts …
Tags: စက်သုံးဆီစစ်ကောင်စီနိုင်ငံခြားငွေလဲလှယ်နှုန်းမဖွင့်နိုင်ရွှေလက်ကားဈေးကွက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.3k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.6k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မင်းတပ်-မတူပီလမ်းမပေါ်တွင် သွားလာနေကြသည့် စစ်ကောင်စီ ယာဉ်တန်း / CDF

မတူပီမြို့နယ်အတွင်း တိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ နီးပါး ထွက်ပြေးနေရ

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ဦးဖြိုးမင်းသိန်း၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲထားမှု ဧပြီ ၂၆ ရက် အမိန့်ချမည်

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

5 days ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

3 days ago
3.4k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate