• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ဦးပိုင်အမြတ်ငွေ တပ်တွင်း ခွဲမပေးနိုင်သေး

by ဧရာဝတီ
17 May 2022
in စီးပွားရေး
A A
ဦးပိုင်အမြတ်ငွေ လျော့နည်းကျဆင်းသွားသောကြောင့် တပ်တွင်းနှင့် အငြိမ်းစားများအား ပုံမှန်အမြတ်ငွေ ထုတ်မပေးနိုင်ဆိုသည့်အပေါ် မယုံကြည်သူများ ရှိသည်

ဦးပိုင်အမြတ်ငွေ လျော့နည်းကျဆင်းသွားသောကြောင့် တပ်တွင်းနှင့် အငြိမ်းစားများအား ပုံမှန်အမြတ်ငွေ ထုတ်မပေးနိုင်ဆိုသည့်အပေါ် မယုံကြည်သူများ ရှိသည်

14.5k
VIEWS
Share on FacebookShare on Twitter

ဘဏ္ဍာနှစ် တနှစ်ကုန်တိုင်း အမြတ်ငွေခွဲဝေပေးကျဖြစ်သော ဦးပိုင်အမြတ်ငွေအား စစ်တပ်ကအာဏာသိမ်းပြီးနောက် မပေးနိုင်သည်မှာ ၇ လကျော်ကြာနေပြီဟု စစ်ကောင်စီလက်အောက် တွင် တာဝန်ထမ်းဆောင်နေသော အရာရှိစစ်သည်များထံမှ သိရသည်။

၂၀၂၀-၂၁ ဘဏ္ဍာနှစ်သည် စက်တင်ဘာလ ၃၀ ရက်နေ့တွင်ကုန်ဆုံးသွားခဲ့ပြီး အဆိုပါဘဏ္ဍာနှစ်အတွက် ဦးပိုင်အမြတ်ငွေအား ၂၀၂၁ ခုနှစ် နိုဝင်ဘာလဆန်းတွင် ပေးရမှာဖြစ်သော်လည်း ၂၀၂၂ ခုနှစ်မေလဆန်းအထိ သက်ဆိုင်ရာတာဝန်ရှိသူများက ခွဲမပေးသေးကြောင်း သိရသည်။

RelatedPosts

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

16 June 2025
2.7k
ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

16 June 2025
1.2k
တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

15 June 2025
1.3k

စစ်ကောင်စီ တပ်သားများသည် လွန်ခဲ့သော နှစ် ၂၀ ကျော်ကစ၍ အောက်ဆုံး တပ်သားမှ အရာရှိ အဆင့်ဆင့်အထိ မြန်မာစီးပွါးရေးဦးပိုင်တွင် ရှယ်ယာ ထည့်ကြရသည်။ ရာထူးအဆင့်အလိုက် ထည့်ဝင်ရသည့် ရှယ်ယာငွေပမာဏ ကွာခြားသလို ရရှိသည့် အမြတ် ငွေလည်း ကွာခြားကြသည်။ သို့သော် သတ်မှတ်ထားသော ရှယ်ယာထည့်ဝင်ငွေပမာဏအတိုင်း စစ်သားတိုင်းထည့်ရသည်။

အရာရှိအဆင့်တွင် ဗိုလ်ကြီးတယောက်သည် မြန်မာ့စီးပွါးရေးဦးပိုင်တွင် ကျပ်သိန်း ၃၀ ရှယ်ယာထည့်ရသည်။ အခြားအဆင့် စစ်သည်များအနေဖြင့် ကျပ်ငွေ ၁၅ သိန်း မဖြစ်မနေ ထည့်ကြရသည်။ ဦးပိုင်အတွက် ရှယ်ယာထည့်ဝင်ငွေအား ငွေကြေးတတ်နိုင်သူများအနေဖြင့် တလုံးတည်းထည့်ဝင်နိုင်သော်လည်း အချို့သော စစ်သည်များအနေဖြင့် ရရှိသောလစာထဲမှ လစဉ် ဖြတ်တောက်ပြီး ထည့်ဝင်ကြရသည်။

အစုရှယ်ယာထည့်ဝင်ထားသော စစ်သည်တိုင်းအတွက် မြန်မာစီးပွါးရေးဦးပိုင်မှ နှစ်စဉ်အမြတ်ငွေ ခွဲပေးခဲ့သည်။ ပုံမှန်အားဖြင့် နှစ်စဉ်အောက်တိုဘာလတွင် ခွဲဝေပေးလေ့ရှိပြီး မြို့ပြနှင့်ဝေးသော တပ်ရင်းတပ်ဖွဲ့များအနေဖြင့် ဒီဇင်ဘာလလယ်ပိုင်းလောက်မှသာ ဦးပိုင်မှပေးသော အမြတ်ငွေကို ရရှိကြသည်။

ရှယ်ယာထည့်ဝင်ထားသော ပမာဏပေါ်မူတည်၍ ရရှိသောအမြတ်ငွေပမာဏ ကွာခြားသွားသည်။ ထုတ်ပေးသော အမြတ်ငွေကလည်း တနှစ်နှင့်တနှစ် မတူညီပါ။ အနည်းဆုံးပမာဏအဖြစ် ရှယ်ယာ ကျပ်တသိန်း အပေါ် တနှစ် အမြတ်ငွေ ကျပ်သုံး သောင်းခန့် ရရှိကြသည်။ တပ်သားတယောက်အနေဖြင့် တနှစ် ဦးပိုင်အမြတ်ငွေ ကျပ်လေးသိန်းခွဲခန့် ရရှိကြသည်။

အောက်ဆိုဒ်များများ မရသည့်နေရာများတွင် တာဝန်ထမ်းဆောင်နေရသော အရာရှိစစ်သည်များအတွက် ဦးပိုင်မှ နှစ်စဉ် ရရှိသော အမြတ်ငွေသည် သူတို့အတွက် မက်လောက်စရာမဟုတ်သည်တိုင် အသက်ရှူတော့ချောင်ကြသည်။

သို့သော် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ထုတ်ကုန်ထဲက လူသုံးများသော ဘီယာနှင့်စီးကရက်များအား ပြည်သူအများစုက မသုံးတော့ပဲ သပိတ်မှောက်ခဲ့သည့်အတွက် ဦးပိုင်အမြတ်ငွေ လျော့နည်းသွားခဲ့ကြောင်း စီးပွားရေးအသိုင်းအဝိုင်းက ဆိုကြသည်။

ဦးပိုင်အမြတ်ငွေ လျော့နည်းကျဆင်းသွားသောကြောင့် တပ်တွင်းနှင့် အငြိမ်းစားများအား ပုံမှန်အမြတ်ငွေ ထုတ်မပေးနိုင်ဆိုသည့်အပေါ် မယုံကြည်သူများ ရှိသည်။

“ ဦးပိုင်က လုံးဝမမြတ်တော့တာ မဟုတ်ဘူး။ စစ်တပ်ထုတ်ကုန်တွေကို ပြည်သူတွေက သပိတ်မှောက်လို့ အမြတ်ငွေလျော့သွားပေမယ့် ရတဲ့အမြတ်တွေကိုလည်း စစ်သားတွေကိုမပေးပဲ တခြားနေရာ တွေမှာ သုံးလိုက်တာ” ဟု လက်ရှိစစ်တပ်တွင် တာဝန်ထမ်းဆောင်နေဆဲအရာရှိတဦးက ပြောသည်။

၂၀၂၂ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ပြည်သူ့ဘက်ကူးပြောင်းလာသော ဗိုလ်ကြီးရဲမင်းဦးက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဦးပိုင်အမြတ်ငွေများအား စစ်သည်များအား မပေးဘဲ ဗိုလ်ရှုသဘင်အခမ်းအနား၊ တပ်မတော်နေ့ အခမ်းအနား ပြုလုပ်ခြင်းနှင့် သင်္ကြန်ကာလ ပျော်ပွဲရွှင်ပွဲများ စသည်တို့တွင် အသုံးပြုလိုက်သည်ဟု ယူဆကြောင်း မြန်မာနောင်း သတင်းဌါနနှင့်အင်တာဗျူးတွင် ပြောကြားခဲ့သည်။

You may also like these stories:

ဦးပိုင် စီဒီအမ် လုပ်သွားပြီလား

လုံခြုံရေးစိုးရိမ်သောကြောင့် ဦးပိုင်ရုံးချုပ် နေပြည်တော်ပြောင်းမည်

တပ်ကို စွန့်ခွာချိန်တန်ပြီ သို့မဟုတ် CDM ဗိုလ်ကြီးတဦး၏ အိတ်ဖွင့်ပေးစာ

စစ်အုပ်စုနှင့် ပတ်သက်သော မြန်မာဘီယာ ရောင်းအား ပြိုလဲ

စစ်တပ်ထုတ်ကုန်တွေအပေါ် ပြည်သူတွေဒဏ်ခတ်မှု အရှိန်မြင့်လာ

Your Thoughts …
Tags: တပ်တွင်း ခွဲမပေးနိုင်သေးဘဏ္ဍာနှစ်မြန်မာစီးပွါးရေးဦးပိုင်သပိတ်မှောက်အစုရှယ်ယာဦးပိုင်အမြတ်ငွေ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

၆ လအတွင်း ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ကျော် ကျဆင်း

၆ လအတွင်း ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ကျော် ကျဆင်း

by ဧရာဝတီ
19 October 2023
2.6k

ယခုဘဏ္ဍာနှစ်၏ ကျန်ရှိသော ၆ လတာကာတွင် ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ (၁၆ဒသမ ၅) ဘီလီယံ၊ သွင်းကုန်ကို (၁၆) ဘီလီယံ ၊ စုစုပေါင်းကုန်သွယ်မှုပမာဏ (၃၂ဒသမ ၅)ဘီလီယံ အထိ ရရှိရန် လျာထားပြီး သွင်းကုန်ထက်...

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း စပြီလား (ရုပ်/သံ)

စစ်ကောင်စီကို သံဃာတော်တွေ သပိတ်မှောက် (ရုပ်/သံ)

by ယဉ်မွန်
25 June 2024
769

ရဟန်းသံဃာတွေနဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ အာဏာသိမ်း စစ်ကောင်စီကို ရဟန်းတို့ရဲ့ ဝိနည်းနဲ့အညီ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်လိုက်ပြီ ဖြစ်တယ်လို့ သပိတ်မှာပါဝင်တဲ့ ပြည်တွင်း၊ ပြည်ပ သံဃာတော်တွေက ဧရာဝတီကို မိန့်ပါတယ်။

တရုတ်ကို ကမ္ဘာ့အနှံ့ သပိတ်မှောက်ဖို့ ဆော်ဩ (ရုပ်/သံ)

တရုတ်ကို ကမ္ဘာ့အနှံ့ သပိတ်မှောက်ဖို့ ဆော်ဩ (ရုပ်/သံ)

by ဧရာဝတီ
9 December 2024
546

ကမ္ဘာ့အနှံ့မှာရှိတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ တရုတ်နိုင်ငံဆန့်ကျင်ရေးနဲ့ တရုတ်ပစ္စည်း ထုတ်ကုန်တွေကို အသုံးမပြုရေး ဆန္ဒထုတ်ဖော်ကြဖို့ အမေရိကန်ရောက် မြန်မာတွေက တောင်းဆိုလိုက်ပါတယ်။

စစ်အာဏာသိမ်းပြီး တလခန့်အကြာ ၂၀၂၁ ခုနှစ်၊ မတ်လက သီတဂူဆရာတော်နှင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

မြန်မာပြည်က သားသုံးသား အယူအဆ အရွေ့

by အုန်းညို
20 February 2023
8k

သားသုံးသားကတော့ ကျောင်းသား၊ စစ်သား၊ ဘုရားသားတို့ပဲ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သူ၏ မိသားစု 

အာဏာသိမ်းခေါင်းဆောင် မိသားစုစီးပွားရေးများကို သပိတ်မှောက်ရန် NUG တိုက်တွန်း

by ဧရာဝတီ
21 October 2021
10.7k

စစ်အာဏာသိမ်းခေါင်းဆောင် မိသားစုက စီမံသည့် စီးပွားရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခြင်းမပြုရန် NUG က ပြည်သူလူထုကို တိုက်တွန်းထားသည်။

ကြော်ငြာ နှင့် သတ်

ကြော်ငြာ နှင့် သတ်

by မောင်သစ်လွင် (လူထု)
7 June 2025
291

ကြော်ငြာမှာ သတင်းစာများ အတွက် အသက် သွေးကြော တခု ဖြစ်သည်။ ဤ “အကြော” ကို သိသော ဗြိတိသျှ အစိုးရက အမျိုးသား သတင်းစာများကို ကြော်ငြာ မပေးဘဲ “သတ်ရန်” ကြံသည်။

Next Post
၂၀၂၁ခု ဖေဖေါ်ဝါရီ ၁၆ရက်က ရန်ကုန်မြို့  ရန်ကင်းမြို့နယ် ဗဟိုဘဏ်ရှေ့တွင် ဆန္ဒပြနေသူများ  / ဧရာဝတီ

CDM ဝန်ထမ်းများ ပြည်ပထွက်ခွာခွင့်မရရေး စစ်ကောင်စီ ပိတ်ပင်ထား

၂၀၁၉ ခုနှစ်၊ မတ်လက ရန်ကုန်ရှိ ဧရာဝတီ သတင်းဌာနသို့ လာရောက်သော အမေရိကန် သံအမတ်ကြီး မစ္စတာ စကော့ မာစီရယ်  / ဧရာဝတီ

“ပြည်သူတွေက စစ်ကောင်စီနဲ့ ဆွေးနွေး အပေးအယူလုပ်ဖို့ စိတ်မဝင်စားဘူး”

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5.4k

Most Read

  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate