လွန်ခဲ့သောနှစ် စစ်တပ်က အာဏာမသိမ်းမီက တိုးတက်မှု အမြင့်မားဆုံးဖြစ်ခဲ့သော မြန်မာအထည်ချုပ်လုပ်ငန်းများက ထုတ်လုပ်သည့် အဝတ်အထည်များကို ယခု အာဏာသိမ်းပြီးနောက်ပိုင်း ဝယ်၊ မဝယ် အနောက်နိုင်ငံ လက်လီ အရောင်းလုပ်ငန်းများအကြား သဘောထားကွဲလွဲမှု ပိုမိုကြီးထွားလာနေသည်။
မြန်မာရှိ စက်ရုံ ၂၅ ရုံမှ မိုးကာအင်္ကျီနှင့် အနွေးထည်များစသည့် အထည်များ ဝယ်ယူနေသည့် ဥရောပ လက်လီ အရောင်းလုပ်ငန်း Primark က အထည်ချုပ် အလုပ်သမားများ၏ လုံခြုံရေးနှင့် အခွင့်အရေးများကို အာမခံရန် ခက်ခဲသောကြောင့် မြန်မာမှ ထွက်ခွာမည်ဖြစ်ကြောင်း လွန်ခဲ့သောလက ကြေညာခဲ့သည်။ Aldi South Group, C&A နှင့် Tesco PLC အပါအဝင် အခြားဥရောပ ကုန်အမှတ်တံဆိပ်များ မြန်မာမှ ထွက်ခွာသွားပြီးနောက် အထက်ပါလုပ်ငန်းက ထိုသို့ကြေညာလိုက်ခြင်း ဖြစ်သည်။
H&M Hennes & Mauritz AB ၊ Zara ပိုင်ရှင် Inditex နှင့် Uniqlo ပိုင်ရှင် Fast Retailing ကုမ္ပဏီ စသည့် အခြား ကုန်အမှတ်တံဆိပ်များသည် မြန်မာတွင် ဆက်လက်လုပ်ကိုင်နေကြသည်။ မြန်မာနှင့် ဆက်လက် ကုန်သွယ်မည် သို့မဟုတ် ကုန်သွယ်မှု ရပ်ဆိုင်းမည်နှင့်ပတ်သက်ပြီး ဆန့်ကျင်ဘက် စဉ်းစားသုံးသပ်မှုများနှင့် အမြင်များ အမျိုးမျိုးဖြစ်နေကြောင်း၊ မြန်မာမှထွက်ခွာရန် အစီအစဉ်မရှိကြောင်း H&M ပြောခွင့်ရသူ အမျိုးသမီးက ပြောသည်။ မြန်မာမှ လူအများအပြားသည် အသက်မွေးဝမ်းကြောင်းအတွက် နိုင်ငံတကာ ကုမ္ပဏီများအပေါ် မှီခိုနေရသည်ကို ဤကုန်အမှတ်တံဆိပ်က အလေးထားစဉ်းစားကြောင်း ပြောခွင့်ရသူက ပြောသည်။
Inditex နှင့် Fast Retailing တို့က တစုံတရာ ဝေဖန်ပြောကြားခြင်း မရှိပေ။ မြန်မာမှ ကုန်ပေးသွင်းသူများနှင့် အနီးကပ်လုပ်ကိုင်နေကြောင်း၊ လူ့အခွင့်အရေးကာကွယ်ရန် ဆုံးဖြတ်ထားကြောင်း Inditex က ဇူလိုင်လတွင် ပြောကြားသည်။
အငြင်းပွားမှုများတွင် အဓိကအချက်မှာ ခက်ခဲသော ရွေးချယ်မှုဖြစ်သည်။ မြန်မာမှ လုပ်အားခနိမ့်ကျခြင်းကို အခွင့်ကောင်းယူခြင်း၊ နိုင်ငံမှ ဆင်းရဲသားများကို အကျိုးပြုသော အလုပ်အကိုင်များ ဆက်လက် ထိန်းသိမ်းထားရေးနှင့် စစ်အုပ်ချုပ်ရေးအောက်တွင် အခြေအနေ ဆိုးရွားလာသည်ဟု အချို့ အလုပ်သမားများနှင့် အလုပ်သမားအခွင့်အရေးသမားပြောကြားသည့် ချိုးဖောက်မှုများကို အကြောင်းပြကာ မြန်မာမှ ထွက်ခွာရေးအကြား ရွေးချယ်ရခြင်းဖြစ်သည်။
ထိုသို့ အငြင်းပွားမှုများတွင် အဓိကအချက်မှာ ခက်ခဲသော ရွေးချယ်မှုဖြစ်သည်။ မြန်မာမှ လုပ်အားခနိမ့်ကျခြင်းကို အခွင့်ကောင်းယူခြင်း၊ နိုင်ငံမှ ဆင်းရဲသားများကို အကျိုးပြုသော အလုပ်အကိုင်များ ဆက်လက် ထိန်းသိမ်းထားရေးနှင့် စစ်အုပ်ချုပ်ရေးအောက်တွင် အခြေအနေ ဆိုးရွားလာသည်ဟု အချို့ အလုပ်သမားများနှင့် အလုပ်သမားအခွင့်အရေးသမားပြောကြားသည့် ချိုးဖောက်မှုများကို အကြောင်းပြကာ မြန်မာမှ ထွက်ခွာရေးအကြား ရွေးချယ်ရခြင်းဖြစ်သည်။ ဥပမာတခုမှာ အနောက်နိုင်ငံ စီးပွားရေးလုပ်ငန်း ရာပေါင်းများစွာသည် ရုရှားက ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက် ရုရှားမှ လုပ်ငန်းများကို ရပ်ဆိုင်းခဲ့သည်။
လန်ဒန်အခြေစိုက် Ethical Trading Initiative က စက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတစောင်တွင် မြန်မာအထည်ချုပ်လုပ်သား ၃၁၂၀ ကို တွေ့ဆုံမေးမြန်းခဲ့ပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများတွင် အချိန်ပို အလွန်အမင်းလုပ်ရခြင်း၊ နှုတ်အားဖြင့်ဖြစ်စေ ရုပ်ပိုင်းအရဖြစ်စေ လိင်ပိုင်းအရဖြစ်စေ ထိပါးမှုများ ပါဝင်ကြောင်း သိရသည်။ ဒီမိုကရေစီ အင်စတီကျူးရှင်းများ အင်အားချိနဲ့စေရန် အားထုတ်မှုအဖြစ် အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များကို ဖမ်းဆီးခြင်း၊ အလုပ်သမား အဖွဲ့အစည်းများကို ခြိမ်းခြောက်ခြင်းတို့ကို စစ်ကောင်စီက ပြုလုပ်နေသောကြောင့် အလုပ်သမားများသည် နစ်နာမှုများကို ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိကြောင်း ကုမ္ပဏီများ၊ အလုပ်သမားသမဂ္ဂများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော အလုပ်သမားအခွင့်အရေး ဆောင်ရွက်သည့် အထက်ပါ အဖွဲ့ပြောသည်။
အသင့်ဝတ် ဖက်ရှင်လုပ်ငန်းများသည် ထုံးစံအားဖြင့် ကိုယ်တိုင် စက်ရုံထူထောင်လေ့မရှိဘဲ သီးခြားစက်ရုံများထံမှ အော်ဒါမှာယူလေ့ရှိသည်။ အများအားဖြင့် ထိုစက်ရုံ အလုပ်သမားများကို တနေ့လျှင် ဒေါ်လာအနည်းငယ်ဖြင့် ငှားရမ်းနိုင်သည့် အာရှဒေသတွင် တည်ရှိကြသည်။ မကြာသေးမီ နှစ်များအတွင်း ကုန်အမှတ်တံဆိပ်များသည် ၎င်းတို့ ကန်ထရိုက်ပေးထားသည့် စက်ရုံများတွင် ပိုမိုမြင့်မားသော လုပ်အားခပေးရေးနှင့် အလုပ်သမားစံနှုန်းများ လိုက်နာရေးအတွက် ဖိအားပေးလာသည်။ ဥပမာအားဖြင့် ၂၀၁၃ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရာနာပလာဇာစက်ရုံ အဆောက်အအုံ ပြိုကျပြီး အလုပ်သမား ၁၁၀၀ ကျော်သေဆုံးကာ ကုန်အမှတ်တံဆိပ်များ အရှက်ရစေပြီးနောက် ပိုမိုကျယ်ပြန့်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လာခဲ့ကြသည်။
မြန်မာတွင် အလုပ်သမားများသည် လုပ်အားခ အပြည့်အဝ မရကြဘဲ အလုပ်မှရပ်နားသောအခါ နစ်နာကြေးမရသည်မှာ စစ်အာဏာမသိမ်းမီကပင် ဖြစ်သည်။ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်တွင် မတည်ငြိမ်ဘဲ ဖိနှိပ်သော နိုင်ငံရေးပတ်ဝန်းကျင်ကြောင့် အခြေအနေမှာ ပိုမိုဆိုးရွားနေကြောင်း လူ့အခွင့်အရေး အဖွဲ့များက ပြောသည်။
မြန်မာတွင် အလုပ်သမားများသည် လုပ်အားခ အပြည့်အဝ မရကြဘဲ အလုပ်မှရပ်နားသောအခါ နစ်နာကြေးမရသည်မှာ စစ်အာဏာမသိမ်းမီကပင် ဖြစ်သည်။ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်တွင် မတည်ငြိမ်ဘဲ ဖိနှိပ်သော နိုင်ငံရေးပတ်ဝန်းကျင်ကြောင့် အခြေအနေမှာ ပိုမိုဆိုးရွားနေကြောင်း လူ့အခွင့်အရေး အဖွဲ့များက ပြောသည်။
စစ်အာဏာသိမ်းမှုကြောင့် တနိုင်ငံလုံးတွင် ဆန္ဒပြပွဲများ ဖြစ်ပွားပြီး စစ်ကောင်စီကလည်း သတ်ဖြတ်ချေမှုန်းသည်။ ထို့ကြောင့် လက်နက်ကိုင် တော်လှန်မှုများဖြစ်လာပြီး ပြည်တွင်းစစ်သည် ပိုမိုပြင်းထန်လာသည်။ စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် လူပေါင်း ၁၅,၀၀၀ ခန့်ကို ဖမ်းဆီးထားပြီး ၂,၃၀၀ ကျော်ကို သတ်ဖြတ်ထားကြောင်း မြန်မာလူ့အခွင့်အရေး အဖွဲ့အစည်းဖြစ်သည့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ သိရသည်။
နိုင်ငံတကာ အဝတ်အထည်ရောင်းချသော လုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံသူများကို အကြံပေးသည့် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက် အကူပြုဌာန (MCRB) မှ ဗြိတိန်နိုင်ငံသူ ဒါရိုက်တာ မစ္စ ဗစ်ကီဘိုးမင်းကို လူဝင်မှုကြီးကြပ်ရေး ဥပဒေ ချိုးဖောက်သည်ဟုဆိုကာ စက်တင်ဘာလတွင် ထောင် တနှစ် ချလိုက်သည်။ ဗြိတိန် နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံးက ဗြိတိန် သံအမတ်ဟောင်း မစ္စ ဗစ်ကီဘိုးမင်းကို အမှုပြီးပြတ်သည်အထိ ဆက်လက် ကူညီစောင့်ရှောက်မည်ဖြစ်ကြောင်း ပြောသည်။
လွန်ခဲ့သော လ ၂၀ အတွင်း နော်ဝေ ဆက်သွယ်ရေးလုပ်ငန်း Telenor ASA နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများဖြစ်ကြသော Total Energies SE နှင့် Chevron Corp အပါအဝင် စီးပွားရေးလုပ်ငန်း အများအပြား မြန်မာမှ ပြန်လည်ထွက်ခွာကြသည်။ ဘောင်းဘီတိုနှင့် အပြေးစီးဖိနပ်များ ရောင်းချသည့် Aldi South က ကြိုတင် ခန့်မှန်းရခက်သော စီးပွားရေးလုပ်ငန်း ပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေး အလေးထားရန် တာဝန်ထမ်းဆောင်မှု အခက်အခဲများရှိသည်ဟုဆိုကာ မြန်မာမှ ထွက်ခွာရန် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ဆုံးဖြတ်ခဲ့သည်။ ဥရောပ ကုန်အမှတ်တံဆိပ်တခုဖြစ်သော C&A ကလည်း နိုင်ငံရေးအခြေအနေကို ကိုးကားပြောဆိုသလို ဗြိတိန် လက်လီအရောင်းလုပ်ငန်း Tesco ကလည်း ကမ္ဘာ့အလုပ်သမား သမဂ္ဂများကပေးသော အကြံနှင့်အညီ မြန်မာမှ ထွက်ခွာကြောင်း ကြေညာခဲ့သည်။
လူထုအခြေပြု အဖွဲ့အစည်းအချို့နှင့် အလုပ်သမားအဖွဲ့အစည်းအချို့က အထည်အလိပ်လုပ်ငန်းများ မြန်မာတွင် ဆက်လက် လုပ်ကိုင်သင့်ကြောင်း ပြောသည်။ စစ်ကောင်စီကို အကျိုးပြုသည့် စွမ်းအင် လောင်စာနှင့် ဆက်သွယ်ရေး လုပ်ငန်းများကဲ့သို့ မဟုတ်ဘဲ အထည်အလိပ်လုပ်ငန်းများက မြန်မာတွင် အသုံးပြုသည့် ငွေအများအပြားသည် အလုပ်သမားများနှင့် ထုတ်လုပ်ရေး ကုန်ကျစရိတ်အတွက် သုံးခြင်းဖြစ်ကြောင်း ၎င်းတို့က ထောက်ပြကြသည်။
လူထုအခြေပြု အဖွဲ့အစည်းအချို့နှင့် အလုပ်သမားအဖွဲ့အစည်းအချို့က အထည်အလိပ်လုပ်ငန်းများ မြန်မာတွင် ဆက်လက် လုပ်ကိုင်သင့်ကြောင်း ပြောသည်။ စစ်ကောင်စီကို အကျိုးပြုသည့် စွမ်းအင် လောင်စာနှင့် ဆက်သွယ်ရေး လုပ်ငန်းများကဲ့သို့ မဟုတ်ဘဲ အထည်အလိပ်လုပ်ငန်းများက မြန်မာတွင် အသုံးပြုသည့် ငွေအများအပြားသည် အလုပ်သမားများနှင့် ထုတ်လုပ်ရေး ကုန်ကျစရိတ်အတွက် သုံးခြင်းဖြစ်ကြောင်း ၎င်းတို့က ထောက်ပြကြသည်။
“သူတို့က မဝယ်တော့ရင် အဆိုးဆုံး ထိခိုက်မှာက အထည်ချုပ်လုပ်ငန်းက အလုပ်သမားတွေဖြစ်တယ်” ဟု မြန်မာမှ အလုပ်သမားအခွင့်အရေး အဖွဲ့အစည်းတခုဖြစ်သည့် အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ အထွေထွေအတွင်းရေးမှူး ကိုရဲနိုင်ဝင်းက ပြောသည်။
ဥရောပမှ ဝယ်လက်များ ဆုတ်ခွာသွားပါက အလုပ်သမား ၃၂၀,၀၀၀ အလုပ်အကိုင်ဆုံးရှုံး သို့မဟုတ် ဝင်ငွေလျော့နည်းသွားမည်ဖြစ်ကြောင်း Ethical Trading Initiative ၏ အစီရင်ခံစာတွင် ခန့်မှန်းထားသည်။ သို့သော် ကုန်အမှတ်တံဆိပ်များ မြန်မာမှ ထွက်ခွာသင့်၊ မထွက်ခွာသင့်နှင့် ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပေးခြင်း မရှိပေ။
မြန်မာအပါအဝင် ကမ္ဘာတဝှမ်းမှ အလုပ်သမား သန်း ၅၀ ကို ကိုယ်စားပြုသည့် နိုင်ငံတကာ အလုပ်သမားသမဂ္ဂ ဖြစ်သော IndustriALL Global Union က H&M မြန်မာမှ ထွက်ခွာရန် တောင်းဆိုသည့် အိတ်ဖွင့်ပေးစာတွင် အလုပ်သမားသမဂ္ဂများကို အပြင်းအထန် ဖိနှိပ်သော နိုင်ငံတခု၌ ကုန်အမှတ်တံဆိပ်များသည် အလုပ်သမား အခွင့်အရေးနှင့် ပတ်သက်သည့် လုံလောက်သော လုံ့လစိုက်ထုတ်မှုကို ကျင့်သုံးနိုင်မည် မဟုတ်ကြောင်း ဖော်ပြထားသည်။ “မြန်မာမှာ စီးပွားရေးလုပ်ဖို့ တာဝန်သိတဲ့ နည်းလမ်းမရှိဘူး” ဟု ထိုအဖွဲ့၏ အထွေထွေ အတွင်းရေးမှူး အက်တလီ ဟွိုင်းက ပြောသည်။ IndustriALL သည် အခြား ကုန်အမှတ်တံဆိပ်များလည်း မြန်မာမှ ထွက်ခွာရန် တိုက်တွန်းခဲ့သည်။
မြန်မာ့စီးပွားရေးသည် ၂၀၁၉ ခုနှစ်ကထက် ၁၃ ရာခိုင်နှုန်း ကျုံ့သွားသော်လည်း အထည်ချုပ်လုပ်ငန်းများ နာလန်ထလာနေဖြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ စာရင်းများအရ သိရသည်။
စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ကုန်အမှတ်တံဆိပ်အချို့သည် မြန်မာမှ ဝယ်ယူမှု ရပ်ဆိုင်းခဲ့ကြသော်လည်း လအနည်းငယ်အကြာတွင် ပြန်လည်ဝယ်ယူကြသည်။ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်း ဥရောပသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စုနှင့် ဂျပန်သို့ အဝတ်အထည် တင်ပို့မှုသည် လွန်ခဲ့သောနှစ် အလားတူကာလကထက် ၂၉ ရာခိုင်နှုန်းတက်လာပြီး အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ်ကထက် ၁၂ ရာခိုင်နှုန်း ပိုမိုမြင့်မားလာသည်ဟု ကုလသမဂ္ဂ၏ ကုန်သွယ်ရေး စာရင်းအချက်အလက်များအရ သိရသည်။ မြန်မာ့စီးပွားရေးသည် ၂၀၁၉ ခုနှစ်ကထက် ၁၃ ရာခိုင်နှုန်း ကျုံ့သွားသော်လည်း အထည်ချုပ်လုပ်ငန်းများ နာလန်ထလာနေဖြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ စာရင်းများအရ သိရသည်။
၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တွင် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်းကြောင့် မြန်မာမှ ထုတ်လုပ်သည့် အဝတ်အထည်များ၏ ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်း ပိုမိုအားကောင်းလာကြောင်း ဇူလိုင်လက ထုတ်ပြန်သည့် အစီရင်ခံစာတခုတွင် ကမ္ဘာ့ဘဏ်က ဖော်ပြသည်။ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် အမေရိကန် ဒေါ်လာနှင့် နှိုင်းယှဉ်လျှင် တန်ဖိုး ၃ ပုံ ၁ ပုံကျဆင်းသွားသည့် အင်အားချည့်နဲ့သော မြန်မာကျပ်ငွေသည် ငွေကြေး ဖောင်းပွမှုကိုလည်း တချိန်တည်းတွင် ဖြစ်စေသည်။
ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်က မကြာသေးမီ၌ ကောက်ယူသည့်စစ်တမ်းတွင် ပါဝင်ဖြေဆိုခဲ့သော အထည်ချုပ်လုပ်သား ထက်ဝက်က ၎င်းတို့သည် ဝင်ငွေရလမ်းကင်းမဲ့သောကြောင့် အစားအသောက်လျှော့ချ စားသောက်ရကြောင်း ဖြေဆိုခဲ့သည်ဟု လွန်ခဲ့သောလက ထုတ်ပြန်သော ထိုစစ်တမ်းတွင် ဖော်ပြထားသည်။
မြန်မာမှ အကြီးဆုံးမြို့ဖြစ်သည့် ရန်ကုန်ရှိ စက်ရုံတရုံမှ လုပ်အားခ အပြည့်အဝ မရရှိသော အလုပ်သမားများ ပြီးခဲ့သည့်ဇွန်လတွင် ဆန္ဒပြသည်ဟု အသက် ၂၅ နှစ်အရွယ် အမည်မဖော်လိုသူ အထည်ချုပ် အလုပ်သမတဦးက ပြောသည်။ နာရီပိုင်းအတွင်း တုတ်များဝှေ့ယမ်းနေသည့် လူတအုပ်ရောက်လာပြီး ဆန္ဒပြအလုပ်သမားများကို ဆဲဆို ရိုက်နှက်သောကြောင့် အလုပ်သမားများ ထွက်ပြေးရသည်။ ထိုအလုပ်မှ သူနုတ်ထွက်လိုက်ပြီးနောက် ချက်ချင်းဆိုသလို အကြွေးနွံနစ်သွားကြောင်း အဆိုပါအလုပ်သမက ပြောသည်။
ထို့နောက် သူသည် စက်ရုံအမျိုးမျိုးတွင် အလုပ်ရသော်လည်း အလုပ်မရှိစဉ်က ချေးယူထားသည့် ငွေများအတွက် အတိုး ၂၀ ရာခိုင်နှုန်း ပေးရသောကြောင့် ဝင်ငွေကို ထိခိုက်စေကြောင်း ပြောသည်။ ယခုအခါ သူသည် သူ၏ကလေးကို ဈေးပေါသည့် နှို့မှုန့်များသာ တိုက်နေရသည်။ “အခုတော့ အရာရာအတွက် စိတ်ပူနေရတယ်” ဟု သူကပြောသည်။
ကိုးကား။ ။ The Wall Street Journal သတင်း Western brand divided over made in Myanmar after coup
You may also like these stories:
အော်ဒါမရသဖြင့် ရန်ကုန်က အထည်ချုပ်စက်ရုံတချို့ ရပ်နား
အခြေခံ လူတန်းစားများ “ထမင်း မဝတော့ပါ”
စစ်ကိုင်း၊ မကွေးမှတ်ပုံတင် ကိုင်ဆောင်သူများကို အလုပ်ထုတ်၊ အလုပ်မခန့်ခြင်းတို့ ပြုလုပ်နေ
နိုင်ငံတကာ ဖက်ရှင်ကုန်အမှတ်တံဆိပ်များ မြန်မာမှ ‘တာဝန်သိစွာ ထွက်ခွာရန်’ တိုက်တွန်းခံရ
ပျောက်ဆုံးသွားသော အလုပ်သမား အခွင့်အရေး