• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

FATF ၏ အမည်ပျက်စာရင်းကြောင့် ပြည်တွင်းဒေါ်လာဈေး ဂယက်ထ

by ဧရာဝတီ
22 October 2022
in စီးပွားရေး
A A
တဒေါ်လာ ၆၀၀၀ ထိ ဈေးခေါ်နေကြသည်

တဒေါ်လာ ၆၀၀၀ ထိ ဈေးခေါ်နေကြသည်

8.6k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းပြီးနောက် ပြည်တွင်း၌ အမေရိကန် ဒေါ်လာဈေး ဆွဲတင်မှုများ ပြုလုပ်လာကြောင်း ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုနှင့် စီးပွားရေး ကျဆင်းမှုများကြား ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုများအား ငွေကြေးထောက်ပံ့မှုတို့ကို တိုက်ဖျက်ရန် ပျက်ကွက်သည်ဆိုကာ FATF က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း ယမန်နေ့က ကြေညာခဲ့သည်။

RelatedPosts

UWSA ထိန်းချုပ် မြန်မာ့မြေရှားသတ္တုများ တရုတ်ဆီ တင်ပို့နေ

UWSA ထိန်းချုပ် မြန်မာ့မြေရှားသတ္တုများ တရုတ်ဆီ တင်ပို့နေ

13 June 2025
522
၂၀၂၅-၂၆ မြန်မာစီးပွားရေး ၂.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

၂၀၂၅-၂၆ မြန်မာစီးပွားရေး ၂.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

12 June 2025
341
မျှော်သာမျှော် ပေါ်မလာသည့် ရုရှားဧည့်သည်

မျှော်သာမျှော် ပေါ်မလာသည့် ရုရှားဧည့်သည်

12 June 2025
1.2k

ထိုသို့ ကြေညာပြီးနောက်ပိုင်း အောက်တိုဘာ ၂၁ ရက် ညနေ ၄ နာရီက ဒေါ်လာဈေး ၁ ဒေါ်လာလျှင် ၂၉၀၀ ကျပ် ဝန်းကျင်သာ ရှိခဲ့ရာမှ ယနေ့ (အောက်တိုဘာ ၂၂ ရက်) ၌ ၁ ဒေါ်လာလျှင် ၆၀၀၀ ကျပ်ထိ (ဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်) ဈေးခေါ်လာမှုများ ဈေးကွက်အတွင်း ဖြစ်ပေါ်နေကြောင်း ပြည်တွင်း ဒေါ်လာလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ဒေါ်လာရောင်းဝယ်ရေးသမား တဦးက “ညက FATF က မြန်မာကို အမည်ပျက်စာရင်း သွင်းလိုက်တယ် ဆိုတဲ့ ဂယက်ကြောင့် ဒေါ်လာဈေးကတော့ တက်သွားတယ်။ ၁ ဒေါ်လာ ကျပ် ၆၀၀၀ လောက်နဲ့ ဝိုင်းအော်နေကြတယ်။ ဒါပေမဲ့ အဲဒါက အော်ဈေးပဲ ရှိတယ်။ အခုက ပိတ်ရက်လည်း ပိတ်နေတော့ မသေချာပါဘူး။ နိုင်ငံရေးကြောင့် ဖွတဲ့သူ တွေက ဖွနေကြတာ။ လာမယ့် ဈေးဖွင့်မယ့် အင်္ဂါ၊ ဗုဒ္ဓဟူးလောက်တော့ နယ်စပ်ဈေး ဖွင့်တာတွေနဲ့ ဘာတွေနဲ့ဆိုမှ တက်လည်း ဘယ်လောက်ထိ တက်မလဲဆိုတာ သေချာသိရမယ်” ဟု ဧရာဝတီကို ပြောသည်။

လက်ရှိ ဈေးကွက် အခြေအနေမှာ တချို့က စိုးရိမ်စိတ်ကြောင့် ဝယ်မည့်သူ အနည်းငယ် ရှိနိုင်သော်လည်း ဈေးကွက် အနေအထားအရ ကြည့်လျှင် ယခင်ကလည်း ယခုကဲ့သို့ပုံစံတူ အဆမတန် မြင့်တက်ခဲ့သည်များ ရှိသောကြောင့် ဈေးကွက်ကို စောင့်ကြည့်ပြီးမှသာ အရောင်းအဝယ် ပြုလုပ်သင့်ကြောင်းလည်း ၎င်းက အကြံပြုသည်။

အမြင့်ဈေးနှင့် ဒေါ်လာကို ဈေးခေါ်သူများ ရှိသော်လည်း လက်ရှိ စီးပွားရေးကျပ်တည်းမှုကြောင့် ငွေကြေး လည်ပတ်နိုင်အားမှာ ဈေးကွက်အတွင်း ကျူံ့နေသဖြင့် ယခင်ကဲ့သို့ အရောင်းအဝယ် မဖြစ်ကြောင်း၊ နီးစပ်ရာသာ အရောင်းအဝယ် လုပ်ကြရကြောင်း ဒေါ်လာရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတချို့က ဆိုသည်။

အထက်ပါ လုပ်ငန်းရှင်က “အမှန်ပြောရင်တော့ အခု ဈေးကြီးက အရောင်းအဝယ် မလုပ်ရဲဘူး။ နိုင်ငံရေးအရ၊ စီးပွားရေးအရ ကစားချင်တဲ့သူတွေကတော့ လုပ်ရင်လုပ်လိမ့်မယ်။ အခုကတော့ ဈေးက အော်နေတာပေါ့။ တကယ်က အလုပ်မဖြစ်ပါဘူး” ဟု ပြောသည်။

FATF ၏ အမည်ပျက်စာရင်း အသွင်းခံရခြင်းကြောင့် ဒေသတွင်းနှင့် နိုင်ငံတကာ ကုန်သွယ်ရေးတွင် ငွေကြေးဝန်ဆောင်မှု ခက်ခဲကြန့်ကြာသွားမည်ဖြစ်ပြီး ပထမဆုံး ထိခိုက်မှု အနေဖြင့် ကျပ်ငွေတန်ဖိုးအပေါ် ယုံကြည်မှု ထပ်မံကျဆင်းလာကာ ဒေါ်လာဈေး မြင့်တက် လာခြင်း ဖြစ်သည်။

ပြည်တွင်းရှိ စီးပွားရေးပညာရှင်တဦးက “ပြီးခဲ့တဲ့ အစိုးရနှစ်ဆက်လုံးမှာ မကိုင်တွယ်တဲ့ အကျိုးဆက်နဲ့ အခု အာဏာသိမ်းလိုက်တဲ့ နိုင်ငံရေးအကျိုးဆက် နှစ်ခုပေါင်းပြီး အခုလို ဖြစ်သွားတာပဲ။ ငွေချေးနိုင်ဖို့ နည်းသွားမယ်။ နိုင်ငံတကာက စီးပွားရေးလုပ်ငန်းတွေ လာဖို့နည်းသွားမယ်။ အထောက်အပံ့တွေ နည်းသွားမယ်။ ဒီအချက်ကြောင့် ပြည်တွင်းမှာတော့ စိုးရိမ်မှုတွေ ရှိနိုင်တယ်” ဟု သုံးသပ်ပြောဆိုသည်။

FATF က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းလိုက်ခြင်းကြောင့် သွင်းကုန်နှင့် ပို့ကုန်လုပ်ငန်းများတွင် ငွေလွှဲ၊ ငွေသွင်း ပြုလုပ်ရာ၌ အနှောင့်အယှက် အတားအဆီးများ ဖြစ်လာနိုင်ပြီး ပြည်ပမှ အဓိကထား တင်သွင်းနေရသည့် ဆေးဝါး၊ လောင်စာ အပါအဝင် လူသုံးကုန်ပစ္စည်းများမှာ ဈေးတက်လာနိုင်သည့် အခြေအနေ ရှိကြောင်း စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်ထားသည်။

You may also like these stories:

ငွေကြေးခဝါချမှု အမည်ပျက်စာရင်းမဝင်ရေး စစ်ကောင်စီ ကြိုးပမ်းနေ

ကမ္ဘာ့ဘဏ္ဍာရေး ရာဇဝတ်မှု စောင့်ကြည့်ရေးအဖွဲ့က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းနိုင်

ရွှေနှင့် ဒေါ်လာဈေးကွက် စစ်ကောင်စီ ထိန်းနိုင်မလား

အမေရိကန်မှ ဒေါ်လာ တဘီလီယံဖြင့် ဒစ်ဂျစ်တယ်ငွေကြေး ထူထောင်ရန် NUG ကြိုးစားနေ

Your Thoughts …
Tags: FATFစစ်ကောင်စီစီးပွားရေးဒေါ်လာနိုင်ငံရေးအမည်ပျက်စာရင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.7k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.8k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.9k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အမည်ပျက်စာရင်းဝင်သွားခြင်းသည် ဗိုလ်ချုပ်များက ဗဟိုဘဏ်ကို မည်သို့ မှားယွင်းစွာ စီမံနေသည်ကို ထင်ဟပ်နေကြောင်း မြန်မာဘဏ္ဍာရေး သုတေသီ တဦးပြောသည်

အကြမ်းဖက်မှုနှင့် ရာဇဝတ်မှုခင်းကြောင့် မြန်မာကို ငွေကြေးခဝါချသူ အမည်ပျက်စာရင်းသွင်း

မြန်မာ့ ဆန်များ ပြည်ပတင်ပို့ရန် သင်္ဘော တင်နေစဉ်  / ဧရာဝတီ

ဘင်္ဂလားဒေ့ရှ် ဆန်တင်ပို့ခွင့် နိုင်ငံတော် အရန်ဆန် ရောင်းပေးသူများကိုသာ ပါမစ်ပေး

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.5k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

3 days ago
4.8k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

    shares
    Share 0 Tweet 0
  • အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate