• English
Friday, June 20, 2025
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

တရုတ်လော့ဒေါင်းကြောင့် ဝယ်လက် မရှိ၍ ဖရဲ ဈေးကျ

by ဧရာဝတီ
3 November 2022
in စီးပွားရေး
A A
ပြည်တွင်းထွက် ဖရဲများ  / ဧရာဝတီ

ပြည်တွင်းထွက် ဖရဲများ / ဧရာဝတီ

6.1k
VIEWS
Share on FacebookShare on Twitter

မြန်မာ့ဖရဲ စတင်ပေါ်သည့် အချိန်မှာပင် တရုတ်နိုင်ငံအတွင်း ကိုဗစ်ရောဂါ ကူးစက်မှုများကြောင့် နယ်စပ် ဝမ်တိန် ဖရဲကွင်းကို အသွားလာကန့်သတ်ခြင်း (Lockdown) ချထားသလို၊ ဝယ်လက်များမရှိတော့သဖြင့် ဖရဲဈေးနှုန်း ကျဆင်းနေကြောင်း နယ်စပ်ကုန်သည်များထံက သိရသည်။

ရွှေလီ- ဝမ်တိန် လော့ဒေါင်းကြောင့် တရုတ်ဘက်မှ ဝယ်လက်များ ဆင်းလာခြင်း မရှိတော့၍ ၁ တန်လျှင် တရုတ် ယွမ် ၂၀၀၀ အထက်ရရှိခဲ့သည့် မြန်မာ့မိုးဖရဲမှာ ယခု ၁၈၀၀ ယွမ်သာ ရရှိနေပြီး သယ်ယူပို့ဆောင်သည့် ကုန်ကျစရိတ်၊ စိုက်ပျိုးစရိတ်များနှင့် နှိုင်းယှဉ်လျှင် ယင်းဈေးမှာ အကျကြမ်းနေသည့် အခြေအနေ ဖြစ်နေကြောင်း ကုန်သည်များထံက သိရသည်။

RelatedPosts

ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

19 June 2025
1.5k
တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

15 June 2025
1.4k
မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

15 June 2025
1.4k

မူဆယ်နယ်စပ် သစ်သီးကုန်သည်တဦးက “ကုန်သွယ်မှုကို မပိတ်တော့ ကုန်ပစ္စည်းတင်တဲ့ ကားက တနေ့ကို ၁၀၀ လောက် အဝင်/အထွက် နှစ်ဖက် ရှိတယ်။ ဒါပေမယ့် လော့ဒေါင်းရှိတော့ အခု ဖရဲကားတွေ ရောက်လာတယ်။ ခြံဝင်း ထဲ ဝင်ရောင်းလို့ မရဘူး။ အဲဒီတော့ အပြင်မှာ ပုံပြီး ရောင်းရတယ်။ ဒီအချိန် လာဝယ်နေကျ တရုတ်ဝယ်လက်က လည်း ဝင်လို့ မရတော့ ဘယ်သူမှ မလာကြသေးဘူး။ အဲဒီရဲ့ အကျိုးဆက်က အရောင်းအဝယ်မှာ အများကြီး ထိခိုက် နေတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်သည် မူဆယ်နယ်စပ်သို့ မန္တလေးနှင့် ရှမ်းပြည်ဘက်ရှိ ကျောက်မဲ၊ သီပေါတို့ဘက်မှ ဖရဲသီးများ ဝင်ရောက်သည့် ကာလဖြစ်ပြီး ဖရဲသီးများကို ပြင်ပတွင် ပုံ၍ ရောင်းချနေရသည့်အတွက် အရည်အသွေးကျကာ တချို့ အသီးများမှာ အပျက်စီးများလည်း ရှိကြောင်း ၎င်းက ပြောသည်။

ဆက်လက်၍ ၎င်းက “တရုတ်မှာလည်း ဖရဲသီးတွေ လက်ကျန်ပေါ်တာရှိသေးတော့ မြန်မာ့ဖရဲ ဈေးကျတာလည်း ပါတာပေါ့။ ဒါပေမယ့် ဈေးကောင်းမကောင်း ဆိုတာက တရုတ်ပြည်မကသူတွေ လာဝယ်မှ ဖြစ်မှာ ဒါကြောင့် အခုက သူတို့ လာမလား မလာဘူးလား ဆိုတာ သေချာ မပြောနိုင်သလို ပြီးခဲ့တဲ့နှစ်က တရုတ်တွေကလည်း နေ့တိုင်း ကိုဗစ် အစစ်ခံရ နှာခေါင်းအထိုးခံရတော့ မခံနိုင်လို့ ပြန်ပြေးတဲ့သူလည်း ရှိတော့ ဒီနှစ်အခြေအနေနဲ့ ပြောရခက်နေတယ်” ဟု သုံးသပ်ပြောဆိုသည်။

ယခုလို ရှမ်းဖရဲများပေါ်ချိန်၌ ပုံမှန်အားဖြင့် တရုတ်ပြည်မကြီးမှ ကုန်သည်များက လာရောက် ဝယ်ယူလေ့ ရှိနေကျဖြစ် သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် ယခုအချိန်တွင် ဝယ်လက်များ မရှိ ဖြစ်နေကြောင်း၊ ယင်းအခြေအနေများ ကြောင့်လည်း တောင်သူများအနေဖြင့် တရုတ်နိုင်ငံ၏ အခြေအနေနှင့် နယ်စပ်ဈေးကွက်ကို စောင့်ကြည့်၍ တင်ပို့သင့် ကြောင်း နယ်စပ်ကုန်သည်များက ပြောသည်။

ယခုလို တရုတ် ငွေကြေးဈေးကောင်းသည့်အချိန်မှာပင် မြန်မာ့ မိုးဖရဲမှာ စိုက်ပျိုးစရိတ်နှင့် သယ်ယူပို့ဆောင်စရိတ်များ ယခင်ထက် ၃ ဆနီးပါး ပို၍ ကုန်ကျထားသောကြောင့် ၁ တန်လျှင်၂၀၀၀ ယွမ်အထက် ဈေးရမှသာ အဆင်ပြေနိုင် ကြောင်း ကုန်သည်များက ပြောသည်။

ရန်ကုန်မြို့မှ ဖရဲ၊ သခွား ကုန်သည်တဦးက “ကျနော်ကတော့ အခု ပြည်တွင်းဈေးကွက်ဖြစ်တဲ့ ရန်ကုန်၊ မော်လမြိုင်နဲ့ ပဲခူးဈေးကွက်တွေကိုတော့ ဝင်ရောင်းဖို့ လုပ်နေတယ်။ တရုတ်ပြည်က လော့ဒေါင်း ရှိနေတယ်။ ရှေ့ရက်က နှစ်ရက် လောက် ပြန်ဖွင့်ပြီးတော့ အခု ကိုဗစ်ပိုး လူနာတွေ့တော့ မဖွင့်သေးဘူး။ အဲဒီတော့ ဈေးကွက်က မရှိသေးဘူး။ အခုက တော့ သိတဲ့အတိုင်းပဲ ဖရဲဈေးကွက်ကတော့ ပျက်နေတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိ ရန်ကုန်ဈေးကွက်တွင် ဖရဲသီး အလုံး ၁ ထောင်ဆန့် ကားတစီးလျှင် မြန်မာကျပ်ငွေ ၂၅ သိန်းနှုန်းနှင့် ဝယ်ယူ လျက်ရှိနေသော်လည်း ယခုနှစ် ဖရဲစိုက်ပျိုးမှုမှာ ယိုးဒယား ဖရဲ ၁ ဧက လျှင် ကျပ် ၃၅ သိန်းနှင့် ၄၀ ကြား ရှိသော ကြောင့် တောင်သူများ တွက်ချေ မကိုက်၍ အရှုံးပေါ်နိုင်ကြောင်း ၎င်းက ရှင်းပြသည်။

ဆက်လက်၍ ၎င်းက “အခုက ဈေးကွက်ကို ဘယ်သူမှ မခန့်မှန်းရဲဘူး။ အခုဆိုရင် အကျကြမ်းနေတယ်ဗျ။ စိုက်ပျိုးတဲ့ နေရာမှာလည်း အစစ အရာရာ ဈေးတက်တော့ အရင်နှစ်တွေထက် စိုက်စရိတ်က ၃ ဆလောက်ပိုတယ်။ အခုပေါ် တော့လည်း ဈေးကမရဘူး။ ပြည်တွင်းမှာလည်း ကျတယ်။ တရုတ်မှာလဲ အခု ၁ ကီလိုမှ ၁ ယွမ်ဆိုတော့ ဘယ်လိုမှ မကိုက်ဘူး။ ဒါတောင်ဒီနှစ်က ဖရဲစိုက်ဧက အရင်၂၀၁၉ ခုနှစ်နဲ့ ယှဉ်ရင်၂၀ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းလောက် နည်းတယ်” ဟု လက်ရှိ အခြေအနေကို ပြောပြာသည်။

ယင်းအခြေအနေများကြောင့် တောင်သူများအနေနှင့် ကုန်ကျစရိတ်များပြားခြင်း၊ နိုင်ငံရေး မကောင်းသဖြင့် သယ်ယူ ပို့ဆောင်ရေး ခက်ခဲခြင်း၊ ဂိတ်ကြေးများ ယခင်ထက်ပိုပေးရခြင်းတို့ကြောင့်လည်း အခက်အခဲများ ရှိနေကြောင်း သိရ သည်။

မုံရွာမြို့ရှိ ဖရဲစိုက်တောင်သူ တဦးက “ကျနော်တို့တောင် အများကြီး မစိုက်တော့ဘူး။ ကျနော်တို့ ဒေသကတော့ ရက်နှစ်ဆယ်လောက် ပေါ်ဖို့ လိုသေးတယ်။ အခု တရုတ်ဈေးကွက်က ဘာမှန်းမသိတော့ ပြည်တွင်းဈေးကွက်ဖြစ်တဲ့ ရန်ကုန်၊ မန္တလေး ဈေးကွက်ကို သွားရောင်းဖို့ လုပ်နေတယ်။ တရုတ်ဈေးကွက် ပို့ပြီးလို့ ဟိုရောက်မှ အဆင်မပြေရင် ရှုံးမှာ အဲဒီတော့ အခြေအနေ ကြည့်ရမယ်။ စိုက်ပျိုးစရိတ်နဲ့ အခုရတဲ့ ဈေးက ဘယ်လိုမှ အဆင်မပြေဘူးဗျ။ ဒါကြောင့် အရင်းလေး ပြန်ရရပေါ့ ပြည်တွင်းမှာ ရောင်းဖို့တော့ လုပ်ထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့်၂၀၂၀ ပြည့်နှစ် ကိုဗစ်ကပ်ရောဂါ ဖြစ်ပြီးနောက်ပိုင်းတွင် တရုတ်နိုင်ငံ၏ ကျန်းမာရေး၊ ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များကြောင့် တရုတ်နယ်စပ် ကုန်သွယ်ရေးမှာ ပိတ်လိုက်၊ ဖွင့်လိုက်နှင့် မရေရာမှုများ ရှိခဲ့သလို ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဈေးကွက် ပို၍ ပျက်ခဲ့သဖြင့် မြန်မာ့ဖရဲစိုက်တောင်သူများမှာ ဖရဲတင်ပို့ချိန်တွင် ဆုံးရှုံးမှု များခဲ့ရသည်။

You may also like these stories:

တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေး ထိခိုက်လာ

ဖားကန့်တွင် စက်သုံးဆီ သယ်ယူခွင့်ပိတ်ထား၍ ဆီပြတ်လပ်မှုဖြစ်

Your Thoughts …
Tags: တရုတ်လော့ဒေါင်းဖရဲဈေးကွက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

No Content Available
Next Post
အာဏာသိမ်းမှုနှင့် အကြမ်းဖက် သတ်ဖြတ်မှုများအတွက် တာဝန်အရှိဆုံးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်

ထိပ်ပိုင်းအကျဉ်းချခံတချို့ကို စစ်ကောင်စီ ဘာကြောင့် ပြန်လွှတ်ပေးလဲ

လက်နက်နဲ့ အင်အားတစုတစည်းထဲ မရှိရင် တန်ပြန်စစ်က ဝေးနေဦးမယ် (ရုပ်/သံ)

လက်နက်နဲ့ အင်အားတစုတစည်းထဲ မရှိရင် တန်ပြန်စစ်က ဝေးနေဦးမယ် (ရုပ်/သံ)

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

6 days ago
5.8k
မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

2 years ago
94.4k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • ဝေဖန်သံတွေညံနေတဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေ

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate