ပြီးခဲ့သည့် သီတင်းပတ်အတွင်း စက်ရုံ အလုပ်ရုံနှင့် စီးပွားရေးလုပ်ငန်းများ စွမ်းအင်ထုတ်လုပ်မှုအတွက် အားထားနေရသော ဒီဇယ် လောင်စာဆီအား စစ်ကောင်စီက ကန့်သတ်လာပြီး စက်သုံးဆီဆိုင်များတွင်လည်း ဒီဇယ် အလွယ်တကူ ဝယ်ယူမရ ဖြစ်ခဲ့သည်။
အစိုးရ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေမှုကြောင့် စီးပွားရေးလုပ်ငန်းပိုင်ရှင်များသည် ဒီဇယ်သုံး ဂျန်နရေတာ မီးစက်များဖြင့် လျှပ်စစ်စွမ်းအင်ကို ထုတ်ယူသုံးစွဲနေကြရပြီး စက်သုံးဆီ ဝယ်ယူမှုကို မိမိလုပ်ငန်းအတွက် အမှန်တကယ် အသုံးပြုမည် ဖြစ်ကြောင်း ကတိပေးဝန်ခံချက် နှင့် ဝယ်ယူလိုသည့် ပမာဏတို့ကို စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ တင်ပြတောင်းခံ ရသည်။
အဆိုပါဦးစီးဌာန၏ ခွင့်ပြုချက်မရရှိထားသော စီးပွားရေးလုပ်ငန်းများကို စက်သုံးဆီဆိုင်များကလည်း စက်သုံးဆီ ရောင်းချခွင့် မရှိပေ။
ဧရာဝတီက စုံစမ်းဆက်သွယ်ရရှိသော လုပ်ငန်းရှင်များက ၎င်းတို့ ပုံမှန် တောင်းခံရရှိနေသော ဒီဇယ်ပမာဏထက် ပိုမိုနည်းပါးစွာ ဝယ်ခွင့်ရတော့ကြောင်း သို့မဟုတ် စက်သုံးဆီဆိုင်များတွင် လိုအပ်သလောက် မရောင်းပေးနိုင်တော့ကြောင်း ဆိုကြသည်။
ဧရာဝတီက စုံစမ်းဆက်သွယ်ရရှိသော လုပ်ငန်းရှင်များက ၎င်းတို့ ပုံမှန် တောင်းခံရရှိနေသော ဒီဇယ်ပမာဏထက် ပိုမိုနည်းပါးစွာ ဝယ်ခွင့်ရတော့ကြောင်း သို့မဟုတ် စက်သုံးဆီဆိုင်များတွင် လိုအပ်သလောက် မရောင်းပေးနိုင်တော့ကြောင်း ဆိုကြသည်။
လတ်တလောတွင် စက်သုံးဆီများသည် ပြည်ပမှ ပုံမှန်ဝင်ရောက်မှုရှိနေသလို ဈေးကွက် အရောင်း အဝယ်မှာလည်း ပုံမှန်လည်ပတ်နေသည့် အချိန်တွင် ယခုလို ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း စက်သုံးဆီတင်သွင်းရောင်းချနေသော ကုမ္ပဏီတချို့က ဧရာဝတီသို့ ပြောသည်။
“ အခုက လိုအပ်တဲ့ ဒေါ်လာကိုလည်း ၄၀ ရာခိုင်နှုန်းပဲ သူတို့ ထုတ်ရောင်းပေးနေတာလေ၊ အဲဒါကိုပါ ထပ်လျှော့ချင်လို့ ဈေးကွက်ထဲက ပစ္စည်းသုံးစွဲမှုကို လိုက်ထိန်းချုပ်တာလည်း ဖြစ်နိုင်တယ်” ဟု စက်သုံးဆီလုပ်ငန်းရှင်တဦးက ဆိုသည်။ လောင်စာဆီတင်သွင်းသူများသည် စစ်ကောင်စီက သတ်မှတ်ဈေးအတိုင်း တဒေါ်လာ ၂၁၀၀ ကျပ်ဈေးဖြင့် ဘဏ်မှ ဝယ်ယူမှုကိုလည်း ကန့်သတ်ခံထားရပြီး ကျန် ဝယ်ယူကုန်ကျငွေ ၆၀ ရာခိုင်နှုန်းကို ပြင်ပဈေးကွက်မှ ပေါက်ဈေးဖြင့် ရှာဝယ်ကြရခြင်းကို သူက ရည်ရွယ်သည်။
စီးပွား/ကူးသန်း ဝန်ကြီးဌာနစာရင်းအရ ပြီးခဲ့သည့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ လောင်စာဆီတန်ချိန် ၄.၁၂ သန်း တင်သွင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၆ ဘီလီယံ ဖိုးဖြစ်သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုအပြီး စက်သုံးဆီတင်သွင်းမှု လျော့ကျသွားခဲ့သည်။ ကမ္ဘာ့ဘဏ်၏ မြန်မာ့ လောင်စာကဏ္ဍ အစီရင်ခံစာအရမူ ၂၀၂၁ ဇန်နဝါရီမှ ဒီဇင်ဘာထိ စက်သုံးဆီ တင်သွင်းမှုမှာ ၂၀၂၀ ခုနှစ် ယင်းလများနှင့် နှိုင်းယှဉ်ပါက ၃၉ နှင့် ၁၅ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ကြောင်း သိရသည်။
သို့သော် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ဒီဇယ်ဆီတင်သွင်းမှု ရုတ်တရက် ထိုးတက်သွားပြီး “လျှပ်စစ်မီးပြတ်တောက်နေရသည်ကို ကာမိစေရန် ဂျန်နရေတာများ အသုံးပြုမှု မြင့်တက်လာခြင်းကြောင့်”ဟု အဆိုပါအစီရင်ခံစာက ဆိုသည်။ ယခုနှစ်သည်လည်း မနှစ်ကထက် လျော့နည်းသွားမည့် အခြေအနေ မရှိပေ။ ထို့ကြောင့် ယင်းအခြေအနေသည် စစ်ပွဲကို နိုင်ငံတနံတလျား တိုက်နေရပြီး ဝိုင်းဝန်းပိတ်ဆို့အရေးယူမှုနှင့် ကြုံနေရသော အာဏာသိမ်းစစ်ကောင်စီ၏ လက်ထဲရှိ နိုင်ငံခြားအရန်ငွေအပေါ် ဖိအား ပိုဖြစ်လာနေစေသည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ဒီဇယ်ဆီတင်သွင်းမှု ရုတ်တရက် ထိုးတက်သွားပြီး “လျှပ်စစ်မီးပြတ်တောက်နေရသည်ကို ကာမိစေရန် ဂျန်နရေတာများ အသုံးပြုမှု မြင့်တက်လာခြင်းကြောင့်”ဟု အဆိုပါအစီရင်ခံစာက ဆိုသည်။ ယခုနှစ်သည်လည်း မနှစ်ကထက် လျော့နည်းသွားမည့် အခြေအနေ မရှိပေ။
ဇူလိုင်လအစတွင် ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့အနေဖြင့် ပြည်တွင်းပြည်ပ ချေးငွေကို အတိုးနှင့် အရင်းပေါင်း အမေရိကန်ဒေါ်လာ သန်း ၇၀၀ ခန့် နှစ်စဉ်ပေးဆပ်နေရကြောင်းလည်း ပြောခဲ့ဖူးသည်။
ထို့ကြောင့် ကမ္ဘာ့ဘဏ်၏ ၂၀၂၂ ဇူလိုင်လထုတ် မြန်မာ့စီးပွားရေး နှစ်စဉ်စောင့်ကြည့် အစီရင်ခံစာထဲတွင် “လောင်စာဆီ အပါအဝင် သွင်းကုန်ပစ္စည်းများ ရရှိနိုင်မှုကို ကန့်သတ်ထားပြီးဖြစ်သော အမေရိကန် ဒေါ်လာ ပြတ်လပ်မှုကြောင့် လက်ကျန် ငွေပေးချေနိုင်မှု အခြေအနေမှာ စိုးရိမ်စရာ ကြီးထွားလာနေသည်”ဟု ရေးသားထားသည်။
မြန်မာနိုင်ငံ၏ ၂၀၂၁ ခုနှစ် နိုင်ငံခြားအရန်ငွေမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၇ ဘီလျံရှိခဲ့ကြောင်း သိရပြီး စစ်အာဏာသိမ်းအပြီး ယုံကြည်စိတ်ချနိုင်လောက်သော စာရင်းအချက်အလက်များ ရရှိရန် ခက်သည်။
ပို့ကုန်ရငွေပြန်လည် မပေးသွင်းသေးသော ပြည်တွင်းကုမ္ပဏီများကို ပြီးခဲ့သည့် မတ် ၂၄ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည်ပေးသွင်းရန် စစ်ကောင်စီဗဟိုဘဏ်က သတိပေးခြင်းကလည်း စစ်ကောင်စီလက်ထဲ နိုင်ငံခြားငွေခန်းလာခြင်းအား ရောင်ပြန်ဟပ်နေသည်။
ပို့ကုန်ရငွေပြန်လည် မပေးသွင်းသေးသော ပြည်တွင်းကုမ္ပဏီများကို ပြီးခဲ့သည့် မတ် ၂၄ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည်ပေးသွင်းရန် စစ်ကောင်စီဗဟိုဘဏ်က သတိပေးခြင်းကလည်း စစ်ကောင်စီလက်ထဲ နိုင်ငံခြားငွေခန်းလာခြင်းအား ရောင်ပြန်ဟပ်နေသည်။
စစ်ကောင်စီသည် စစ်အာဏာသိမ်းပြီးနောက် ကုမ္ပဏီများ၏ ပြည်ပပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်က သတ်မှတ်ထားသော ဒေါ်လာလဲလှယ်နှုန်းဖြင့် ပြည်တွင်းဘဏ်များမှ တဆင့် ၁ ရက် အတွင်း ပြန်လည်ရောင်းချခိုင်းဖြင့်လည်း ကန့်သတ်ထားသေးသည်။
စစ်ကောင်စီသည် အာဏာသိမ်းအပြီး နောက်ပိုင်းကြုံလာရသော နိုင်ငံခြားအရန်ငွေ အကျပ်အတည်း ဖိအားကို ကိုင်တွယ်ရာတွင် နိုင်ငံခြားငွေဖြင့် တင်သွင်းရသော သွင်းကုန်များကို ကန့်သတ်ထားသလို ပြည်တွင်း၌လည်း နိုင်ငံခြားငွေ သုံးစွဲမှုကို လျော့ကျအောင်လည်း နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်နေသည်ဟု စီးပွားရေးသုတေသီတဦးက ဧရာဝတီသို့ ပြောသည်။
“အခုအချိန်အထိ ဘဏ်စနစ်ကလည်း ပုံမှန်ပြန်မဖြစ်သေးဘူး။ လုပ်ငန်းလုပ်ပိုင်ခွင့်တွေ၊ ဈေးကွက် တွေ၊ ကုန်သွယ်ရေးတွေမှာလည်း ထိန်းချုပ်ကန့်သတ်မှုတွေနဲ့ပဲ ဒါတွေက သူတို့အကျပ်အတည်း ဖြစ်နေတာကို ပြတာပဲလေ” ဟု ၎င်းက ပြောဆိုသည်။
တချိန်တည်းတွင် ပြည်တွင်းပြည်ပရှိ စစ်အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားတက်ကြွသူများက စစ်ကောင်စီအတွက် အကြီးမားဆုံး ဝင်ငွေရရှိနေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကိုပါ အရေးယူပိတ်ဆို့ရန် ဖိအားပေးတောင်းဆိုနေသောကြောင့် စစ်ကောင်စီသည် ငွေကြေးလည်ပတ်ရေး ရုန်းကန်လာနေရသည်။
တချိန်တည်းတွင် ပြည်တွင်းပြည်ပရှိ စစ်အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားတက်ကြွသူများက စစ်ကောင်စီအတွက် အကြီးမားဆုံး ဝင်ငွေရရှိနေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကိုပါ အရေးယူပိတ်ဆို့ရန် ဖိအားပေးတောင်းဆိုနေသောကြောင့် စစ်ကောင်စီသည် ငွေကြေးလည်ပတ်ရေး ရုန်းကန်လာနေရသည်။
EU အရေးယူဒဏ်ခတ်ပိတ်ဆို့ခံရမှုကြောင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချသော ရွှေ သဘာဝဓာတ်ငွေ့ ကမ်းလွန်လုပ်ကွက်မှ MOGE အတွက် အကျိုးအမြတ်များသည် စစ်ကောင်စီထံသို့ စီးဆင်းခြင်းမရှိတော့ဘဲ သီးခြားစာရင်းအကောင့်တခုတွင် ထိန်းသိမ်းခံထားရပြီဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဝန်းကျင်အထိ ရှိနိုင်ကြောင်း လွန်ခဲ့သည့်အပတ်တွင် အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG) က ထုတ်ဖော်ပြောဆိုသည်။
MOGE ကို ရတနာ ကမ်းလွန် လုပ်ကွက်မှ အကျိုးအမြတ်ခွဲ ဝေပေးနေမှုများအား ချက်ချင်း ရပ်ဆိုင်းထားရန် NUG က ထိုင်းအစိုးရပိုင် ရေနံနှင့် စွမ်းအင်ကုမ္ပဏီ PTT Exploration & Production (PTTEP)ကုမ္ပဏီသို့ တရားဝင် တောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံအတွင်း လုပ်ငန်းလည်ပတ်နေသော ရတနာကမ်းလွန်လုပ်ကွက်စီမံကိန်း အပါအဝင် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု စီမံကိန်းများကို ရပ်ဆိုင်းသွားမည် မဟုတ်ကြောင်း PTTEP က ဆိုထားသည်။ မြန်မာနိုင်ငံ လျှပ်စစ်မီးပေးနေမှု၏ တဝက်နှင့် ထိုင်းနိုင်ငံ လျှပ်စစ်မီးပေးနေမှု၏ ၂၀ ရာခိုင်နှုန်းအတွက် PTTEP က ထုတ်လုပ်ပေးနေသည်။
သို့သော် ထိုင်းအစိုးရပိုင် ရေနံကုမ္ပဏီ PTTEP က မြန်မာနိုင်ငံ၌ သဘာဝဓာတ်ငွေ့တူးဖော်ရေးမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအထိ ပါဝင် ပေါင်းစပ်ပေးမည့် စီမံကိန်းသစ်တခုကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း ယခုနှစ်အစပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။
လတ်တလောတွင် မြန်မာ့စွမ်းအင် နှင့် ရေနံလုပ်ငန်းကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြန်လည် ထွက်ခွာသွားခြင်းနှင့် ရတနာလုပ်ကွက်အပါဝင် ကမ်းလွန်လုပ်ကွက်တချို့မှ သဘာဝဓာတ်ငွေ့ ထွက်ရှိမှုနှုန်းများ လျော့ကျလာနေသော်လည်း စစ်ကောင်စီအတွက် လစဉ် အမေရိကန်ဒေါ်လာ သန်း ၈၀ မှ သန်း ၁၀၀ အထိ ဝင်ငွေရရှိနေဆဲဖြစ်သည်။
MOGE သာ အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့စာရင်းအတွင်း ထည့်သွင်းခံရမည်ဆိုပါက စစ်ကောင်စီ အတွက် နိုင်ငံခြားငွေအဓိကရနေသော မြန်မာ့ကမ်းလွန်လုပ်ကွက်များတွင် အမေရိကန်ဒေါ်လာကို အခြေခံပြီး ငွေပေးချေမှုများ အကျပ်အတည်းဆိုက်မည်ဖြစ်သလို လုပ်ငန်းပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီများပါ ဘဏ္ဍာရေးဆိုင်ရာအခက်အခဲများ ဖြစ်လာမည်ဖြစ်သည်။
MOGE သာ အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့စာရင်းအတွင်း ထည့်သွင်းခံရမည်ဆိုပါက စစ်ကောင်စီ အတွက် နိုင်ငံခြားငွေအဓိကရနေသော မြန်မာ့ကမ်းလွန်လုပ်ကွက်များတွင် အမေရိကန်ဒေါ်လာကို အခြေခံပြီး ငွေပေးချေမှုများ အကျပ်အတည်းဆိုက်မည်ဖြစ်သလို လုပ်ငန်းပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီများပါ ဘဏ္ဍာရေးဆိုင်ရာအခက်အခဲများ ဖြစ်လာမည်ဖြစ်သည်။
စီးပွားရေးသုတေသီတဦးက “ တချို့ကမ်းလွန်လုပ်ကွက်တွေက ဓာတ်ငွေ့ထွက်ရှိမှု ကျနေတယ်ဆိုပေမဲ့ ဒီ ၄၊ ၅ နှစ်အတွင်းမှာတော့ စစ်ကောင်စီအတွက် ဝင်ငွေက လျော့မကျသွားနိုင်သေးပါဘူး။ ဆန်ရှင်လုပ် ခံရင်တော့ သူတို့အခက်အခဲ ပိုဖြစ်သွားလိမ့်မယ် ” ဟု ပြောဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း အမေရိကန်က စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းနေသော ကုမ္ပဏီ ၆ ခုနှင့် ခရိုနီ ၂ ဦးကို စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့သေးသည်။ MOGE မပါဝင်သေးပေ။
You may also like these stories:
ပြည်ပလုပ်ငန်းများ ထွက်ခွာသောကြောင့် သဘာဝဓာတ်ငွေ့ဝင်ငွေ ကျပ်တည်းလာ
MOGE ကို အကျိုးအမြတ် ခွဲဝေမပေးရန် PTTEP ကို NUG သတိပေး
ဇောက်ထိုးဆင်းနေဦးမည့် မြန်မာ့စီးပွားရေး
စင်ကာပူကုမ္ပဏီ Keppel Land က မြန်မာမှ ပြန်ထွက်