• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

တရုတ်သွင်းကုန်ပစ္စည်းများကို စစ်ဆေးရေး တင်းကျပ်

by ဧရာဝတီ
29 March 2023
in စီးပွားရေး
A A
တရုတ်-မြန်မာ နယ်စပ် မူဆယ်ကုန်သွယ်ရေးဇုန် (ဓာတ်ပုံ – ဧရာဝတီ)

တရုတ်-မြန်မာ နယ်စပ် မူဆယ်ကုန်သွယ်ရေးဇုန် (ဓာတ်ပုံ – ဧရာဝတီ)

4.6k
VIEWS
Share on FacebookShare on Twitter

မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှ တင်သွင်းလာသော တရုတ်သွင်း ကုန်ပစ္စည်းများကို ရေပူဂိတ်၊ ၁၆ မိုင်နှင့် ဝက်ဝံ ဂိတ်များတွင် စစ်ကောင်စီတပ်များက ယခုလမှစ၍ တင်းကျပ်စွာ စစ်ဆေးနေပြီး ကုန်စည်တချို့ကို သိမ်းဆည်းနေကြောင်း ကုန်သည်များထံမှ သိရသည်။

သွင်းကုန်လိုင်စင်ရများအနေဖြင့် ကုန်အမှတ်တံဆိပ်၊ အလေးချိန်၊ ပုံစံ အစရှိသည်ဖြင့် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကုန်စည်များကိုသာ သွင်းခွင့်ပြုပြီး ကုန်အမှတ်တံဆိပ်ကွဲလွဲခြင်း၊ အလေးချိန်ပိုနေခြင်း၊ လိုနေခြင်း စသဖြင် တွေ့ပါက ဒဏ်ရိုက်၊ ပစ္စည်းသိမ်းသည်အထိ လုပ်လာသဖြင့် ယခင်က သွင်းကုန် ကုန်ကားအစီးရေ ၂၀၀ ဝန်းကျင် ဝင်ရောက်ပါက ယခုအချိန်တွင် သွင်းကုန်ကား အစီးရေ ၃၀/၄၀ ဝန်းကျင်သာ ဝင်ရောက်နိုင်သည့် အခြေအနေထိ ဖြစ်နေကြောင်း မူဆယ်နယ်စပ်ကုန်သည်များက ပြောသည်။

RelatedPosts

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.2k
မြေရှား သဘောတူညီမှုတွင် ထရမ့်ထက် ဇယ်လန်စကီး ပိုအသာရ

မြေရှား သဘောတူညီမှုတွင် ထရမ့်ထက် ဇယ်လန်စကီး ပိုအသာရ

10 May 2025
2.4k
ပြည်တွင်း ဆန်ဈေး စစ်ကောင်စီ သတိပေး

ပြည်တွင်း ဆန်ဈေး စစ်ကောင်စီ သတိပေး

9 May 2025
791

မူဆယ် ဒေသခံတဦးက “အခုက စစ်ဆေးရေးဂိတ်တွေက တအားကို တင်းကျပ်နေတာ။ နည်းနည်းပါးပါး အပိုပါလာရင်လည်း မရဘူး။ တင်းတင်းကျပ်ကျပ် စစ်တယ်။ ဘာလို့စစ်လဲဆိုရင် လက်နက်ပစ္စည်းတွေ သယ်တယ်ဘာညာ တွေရောပေါ့။ နောက် သူတို့ (စကစ)က အရင်ကလို ကုန်သွယ်ရေးကို စစ်တပ်က ပြန်ကိုင်ပြီး စီးပွားရှာချင်တဲ့ပုံမျိုး သတင်းကြားတယ်။ ဘယ်လို ကုန်ပစ္စည်းရယ်လို မဟုတ်ဘူး ကုန်ပစ္စည်းတိုင်းကို စစ်နေတာ။ ရေပူရယ်၊ ၁၆ မိုင်ရယ်၊ ဝက်ဝံဂိတ်ရယ် အဲဒီနေရာတွေမှာ တအားစစ်တာ” ဟု ဧရာဝတီသို့ ပြောသည်။

စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်များသို့ရောက်လျှင် အပြစ်ရှာ၍ ဒဏ်ရိုက်ခြင်းများ ရှိသလို ပေးရ၊ ကြွေးရသည့် ပုံစံနှင့်ပေးရသည်များလည်း ရှိသောကြောင့် ကုန်သည်များမှာ အခက်အခဲများရှိလာပြီး ယခင်က တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ကုန်သွယ်မှုလုပ်သည့် ကုန်ကားတစီး၏ အသွား/အပြန် ကုန်ကျစရိတ်မှာ ကျပ်သိန်း ၁၀၀ ဝန်းကျင်ရှိရာမှ ယခုအခါ ကျပ်သိန်း ၃၀၀ နီးပါးထိရှိလာကြောင်း ၎င်းက ပြောသည်။

တရုတ်နိုင်ငံမှ အဓိက တင်သွင်းနေသော ကုန်ပစ္စည်းများမှာ အိမ်ဆောက်ပစ္စည်းများ၊ လယ်ယာသုံး စက်ကိရိယာ ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ၊ စားသောက်ကုန်များ၊ ပလပ်စတစ် ပစ္စည်းများ အစရှိသည်တို့ဖြစ်ပြီး ယင်းပစ္စည်းများကို ၁၀၅ မိုင်ဂိတ်က ပေးသွင်းသော်လည်း ရေပူဂိတ်၊ ၁၆ မိုင် ဂိတ်များ ရောက်လျှင် စစ်ဆေးတင်းကျပ်မှုများကြောင့် တချို့မှာ ဒဏ်ငွေ ကျပ် ၁၀ သိန်းထိ ပေးဆောင်ရသည်များထိ ရှိကြောင်း သိရသည်။

ထိုအခြေအနေများကြောင့် တချို့ ကုန်ကားများမှာ ကုန်မပါဘဲ ပြန်လာသည်များထိရှိပြီး သွင်းကုန်တင်သွင်းမှုမှာ ယခင်ထက် နည်းပါးလာကာ သွင်းကုန်ကားမှာ သိသိသာသာ လျော့ကျနေကြောင်း ကုန်သည်များက ပြောသည်။

မူဆယ်နယ်စပ်ကုန်သည်ကြီးတဦးက “ငွေကြေးမူဝါဒ ပြောင်းလဲလို့ ဆန်နဲ့ ဆန်ကွဲက တင်ပို့မှု လျော့ကျသွားတယ်။ ကျန်တဲ့ ဖရဲ၊ သခွား၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ရာဘာစတဲ့ ဟာတွေကတော့ တနေ့ကို ကျင်စန်းကျော့ကနေ အစီးရေ ၂၀၀/ ၂၅၀ လောက် တရုတ်ကို သွားတယ်။ တရုတ်ကလည်း ဆောက်လုပ်ရေးပစ္စည်း စက်မှုပစ္စည်းတွေ၊ ဆေးဝါးတွေ စတာ တွေ အစီးရေ ၃၀ နဲ့ ၄၀ လောက် ဝင်တယ်။ ပို့ကုန်က ရာကျော်ဝင်ပြီး သွင်းကုန်က ၃၀/ ၄၀ လောက်ပဲ ဝင်တယ်ဆို တော့ ဒါပဲလေ။ အတားအဆီးတွေ ကန့်သတ်ချက်တွေ များလို့ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယခင်က ပို့ကုန်ကား အစီးရေ ရာနှင့်ချီဝင်ပါက သွင်းကုန်ဘက်တွင်လည်းအစီးရေ ရာနှင့်ချီဝင်ရောက်မှုရှိကြောင်း ယခုအချိန်တွင် ပို့ကုန်၊ သွင်းကုန်သမားများအပေါ်တွင် ကန့်သတ်မှုများနှင့် မူဝါဒပြောင်းလဲမှုများကြောင့် လုပ်ရကိုင်ရ ကျပ်တည်းလာကြောင်း ၎င်းက ရှင်းပြသည်။

ဆက်လက်၍ အထက်ပါကုန်သည်က ပို့ကုန်ပိုင်းနှင့် ပတ်သက်၍လည်း တရုတ်-မြန်မာ မူဆယ်နယ်စပ် ကုန်သွယ် ရေးတွင် ယခု မတ်လ ၁ ရက်မှစတင်ပြီး စစ်ကောင်စီ၏ ပို့ကုန်မူဝါဒ ဖြစ်သည့် ပို့ကုန်ရငွေများ၏ ၆၅ ရာခိုင်နှုန်းကို သတ်မှတ်ထားသည့် ဒေါ်လာ/ယွမ်ဈေးဖြင့် လဲလှယ်ရမည် ဆိုသည့်အချက်ကြောင့် ဆန်နှင့် ဆန်ကွဲ တင်ပို့မှုမှာလည်း ယခင်ထက် လျော့နည်းနေပြီး လက်ရှိတွင် ဖရဲနှင့် သခွားတင်ပို့မှုသာ များပြားနေကြောင်း ပြောသည်။

တရုတ်-မြန်မာနယ်စပ်ရှိ ကုန်သွယ်ရေး ဂိတ်ပေါက် ၅ ခုဖြစ်သော မန့်ဝိန်းဂိတ်၊ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်၊ ပန်ဆိုင်း ဂိတ်နှင့် ကျင်စန်းကျော့ဂိတ်များ အားလုံးကို ဖွင့်လှစ်ထားပြီ ဖြစ်သော်လည်း တချို့ဂိတ်များက ကုန်ကားများ ကိုသာ ဝင်/ထွက်ခွင့်ပြုပြီး နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်များက လူဝင်/လူထွက် သာ ခွင့်ပြုပေးထားကြောင်း သိရသည်။

ထိုသို့ တင်းကျပ်ထားမှုများကြောင့် ကုန်သွယ်ရေးလုပ်ကိုင်ရာတွင် ယခင်ကထက် ငွေကုန်ကြေးကျ ပိုများလာခြင်း၊ ခက်ခဲလာခြင်းများကြောင့် လည်း သွင်းကုန်ပစ္စည်းများတွင် ဈေးနှုန်းများ မြင့်တက်လာခါ စားသုံးသူများအပေါ် ရိုက်ခတ်မှု ကြီးလာကြောင်း သိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပို့ကုန်၊ သွင်းကုန်နှင့် ပတ်သက်ပြီး ညွှန်ကြားချက်၊ အမိန့်များကို အမျိုးမျိုး ထုတ်ပြန်နေသောကြောင့် လုပ်ငန်းရှင်များအနေဖြင့် ကုန်သွယ်ရေးတွင် အခက်အခဲများ ရှိနေသလို ကုန်သွယ်မှု ပိုငွေ ပြလိုသော အကြောင်းပြချက်ဖြင့်လည်း စစ်ကောင်စီက တင်သွင်းခွင့်လိုင်စင်များကို လျှောက်ထားမှုများတွင် စား သောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ကုန်ပစ္စည်းအမျိုးအစားပေါင်း သောင်းနှင့်ချီ၍ ထည့်သွင်းထားသည်။

ထိုသို့ သွင်းကုန်ပစ္စည်းများကို စစ်ဆေးမှု တင်းကျပ်ထားသောကြောင့် ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် အခက်အခဲများ ရှိသလို ကုန်စည်သယ်ယူပို့ဆောင်ရာတွင်လည်း ကြန့်ကြာခြင်းများ ဖြစ်လာသည့်အပြင် လက်ရှိ အခြေအနေအရ လမ်းကြောင်းတလျှောက်တွင် ပေးရသည့် အခကြေးငွေများအပြင် သွင်းကုန်များကို စစ်ဆေးပြီး ငွေကြေးကောက်ခံခြင်း၊ ပစ္စည်းသိမ်းခြင်းများကြောင့်လည်း လုပ်ငန်းများ ရပ်နားရသည်အထိ ဖြစ်လာနေကြောင်း ကုန်သည်များထံက သိရသည်။

ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ်လ ၁၇ ရက်အထိ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမှ ကုန်သွယ်မှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၈၅၉ ဒသမ ၀၆၅ သန်း ကုန်သွယ်မှုပြုလုပ်ထားပြီး ယင်းအနက် သွင်းကုန်မှာ ကန်ဒေါ်လာ ၅၀၂ ဒသမ ၉၃၀ သန်း တင်သွင်းမှု ပြုလုပ်ထားကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။

You may also like these stories:

စစ်ကောင်စီမှာ နိုင်ငံခြားအရန်ငွေ ကျပ်လာပြန်ပြီ

တိုက်ပွဲကြောင့် ထိုင်း-မြန်မာနယ်စပ် အဓိက ကုန်သွယ်ရေးလမ်း ရပ်သွား

Your Thoughts …
Tags: စစ်ဆေးရေးတင်းကျပ်တရုတ်သွင်းကုန်နယ်စပ်ကုန်သွယ်ရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

by ဧရာဝတီ
1 December 2023
25k

လွန်ခဲ့သောလအတွင်း စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်း၏ ဗြောင်အကျဆုံးလိမ်ညာမှုများကို ဧရာဝတီသတင်းဌာနက အချက်အလက် စစ်ဆေးဖော်ထုတ်လိုက်သည်။

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.3k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.1k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.6k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

Next Post
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ

စစ်အာဏာရှင်လက်အောက် NLD ပါတီ ဒုတိယအကြိမ် ဖျက်သိမ်းခံရ

ထူးကြီးကျေးရွာတွင် လှူဒါန်းထားသော လက်ရက်ကန်းစင် / S&C

လက်ခတ်သံတွေ ပြန်ကြားရနိုင်ပါစေ

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate