• English
Saturday, July 19, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

စက်သုံးဆီ ပြတ်လပ်လာ၍ အကန့်အသတ်ဖြင့်သာ ဝယ်ယူခွင့်ရနေ

by ဧရာဝတီ
10 April 2023
in စီးပွားရေး
A A
ရန်ကုန်အပါအဝင် နယ်မြို့များတွင် ပရီမီယံဒီဇယ်နှင့် အောက်တိန်းစက်သုံးဆီ ပြတ်လာနေပြီး အကန့်အသတ်နှင့် ဝယ်နေရ / ဧရာဝတီ

ရန်ကုန်အပါအဝင် နယ်မြို့များတွင် ပရီမီယံဒီဇယ်နှင့် အောက်တိန်းစက်သုံးဆီ ပြတ်လာနေပြီး အကန့်အသတ်နှင့် ဝယ်နေရ / ဧရာဝတီ

4.7k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့အပါအဝင် နယ်မြို့များရှိ ဆီဆိုင်များတွင် ပရီမီယံဒီဇယ်အပါအဝင် အောက်တိန်း 92 ၊ 95 စက်သုံးဆီများ ပြတ်လပ်လာနေပြီး လိုသလောက် ဝယ်ယူခွင့် မရတော့ဘဲ အကန့်အသတ်ဖြင့် ရရှိနေကြောင်း စက်သုံးဆီဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် မတ်လအတွင်း စစ်ကောင်စီက ဒီဇယ်ဝယ်ယူခွင့်ကို ကန့်သတ်လိုက်ပြီးနောက် စက်သုံးဆီ ဆိုင်များတွင် ဒီဇယ်ကို ကျပ် ၃ သောင်း မှ ၅ သောင်းဖိုးဝန်းကျင်သာ ဝယ်ယူခွင့်ရရှိနေရာမှ ယခုရက် ပိုင်းတွင် အောက်တိန်း 92၊ 95 တို့ကိုလည်း ထိုကဲ့သို့ အကန့်အသတ်ဖြင့်သာ ဝယ်ယူလာနေရကြောင်း ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်နေ အငှားယာဉ်မောင်း ကိုမင်းက ဧရာဝတီသို့ ပြောသည်။

RelatedPosts

ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

17 July 2025
754
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

17 July 2025
3.4k
ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

15 July 2025
4.5k

၎င်းက“ 92 ရတဲ့ဆိုင်ဆိုရင် 95 မရဘူး။ 95 ရတယ်ဆိုရင် 92 မရပြန်ဘူး။ ပြီးတော့ လိုသလောက်လည်း မရပြန်ဘူး။ တချို့ဆိုင်တွေဆို ၃ သောင်းဖိုးပဲ ရောင်းပေးတော့တယ်။ တချို့ဆိုင်တွေကျတော့ ၇ သောင်း ဖိုးအထိ ရောင်းပေးတယ်။ တဆိုင်နဲ့ တဆိုင် မတူဘူး ” ဟု ဆိုသည်။

ယင်းအခြေအနေများမှာ ပြည်တွင်းစက်သုံးဆီကုမ္ပဏီများဖြစ်သည့် Denko၊ 360 Degree Petro၊ Yangon Petrol (YP)၊ မြတ်မေတ္တာမွန် (MMTM) ၊ ရွှေဗျိုင်းဖြူ နှင့် 2000 အစရှိသော စက်သုံးဆီဆိုင် များတွင် ဖြစ်ပေါ်နေပြီး Max Energy နှင့် BOC ကဲ့သို့သော စက်သုံးဆီဆိုင်ကြီးများတွင်မူ စက်သုံးဆီများကို လိုသလောက် ဝယ်ယူရရှိနေသေးကြောင်း သိရသည်။

ဘုရားဖူးအငှားယာဉ်လုပ်ငန်းလုပ်ကိုင်နေသော ကိုဝေကြီးက “ ပရီမီယံဒီဇယ်ကတော့ လိုသလောက် မရတော့တာ တော်တော် ကြာနေပြီ။ အခုက ရိုးရိုး ဒီဇယ်ကိုတောင် ၃ သောင်းဖိုးတို့ ၅ သောင်းဖိုးတို့ ဖြစ်လာနေတာ။ ကျနော်တို့လည်း အော်ဒါလိုက်နေရတဲ့အခါကျတော့ ရောင်းတဲ့ဆိုင်ကို ပြေးထည့် နေရတယ်။ ဒီဆိုင်မရှိရင် ရှိတဲ့ဆိုင်ကို လိုက်ထည့်တယ်” ဟု ပြောသည်။

လတ်တလောတွင် စက်သုံးဆီဆိုင်များ၌ စက်သုံးဆီများကို အကန့်အသတ်ဖြင့် ဝယ်ယူရရှိနေသော်လည်း ယမန်နှစ် ကကဲ့သို့ ဆီဆိုင်များအားလုံး အကန့်အသတ်ဖြင့်သာ ရောင်းချပြီး အချိန်ကြာမြင့်စွာ တန်းစီ၍ ခက်ခက်ခဲခဲ ဝယ်ယူခဲ့ရသည့် အခြေအနေမျိုးထိ မရောက်ရှိသေးကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် မတ်လအတွင်းက စက်ရုံ၊ အလုပ်ရုံနှင့် စီးပွားရေးလုပ်ငန်းများ စွမ်းအင်ထုတ်လုပ်မှုအတွက် အားထားနေရသော ဒီဇယ် လောင်စာဆီအား စစ်ကောင်စီက ကန့်သတ်လာပြီးနောက် စက်သုံးဆီဆိုင် များတွင် ဒီဇယ်အလွယ်တကူ ဝယ်ယူခွင့် မရတော့သလို အကန့်အသတ်များ ရှိလာခဲ့ခြင်းဖြစ်သည်။

ထို့နောက် စစ်ကောင်စီက ဒီဇယ်ဝယ်ယူခွင့် ခွင့်ပြုချက်ချထားပေးခြင်းမရှိသော စီးပွားရေးလုပ်ငန်းများကို စက်သုံးဆီ ဆိုင်များက စက်သုံးဆီ ရောင်းချခွင့်မရှိတော့သလို ပုံမှန်ဝယ်ယူခွင့်ရရှိနေသော လုပ်ငန်းရှင်များကိုလည်း ၎င်းတို့ ပုံမှန်ရရှိနေသော ဒီဇယ်ခွဲတမ်းပမာဏထက် ပိုမိုနည်းပါးစွာ ဝယ်ယူခွင့်ရနေကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက် တစတစ ပိုမိုဆိုးဝါးလာသော လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေမှုကြောင့် စီးပွားရေးလုပ်ငန်းရှင်များသည် ဒီဇယ်သုံး ဂျင်နရေတာ မီးစက်များဖြင့် လျှပ်စစ်စွမ်းအင်ကို ထုတ်ယူသုံးစွဲနေရပြီး ဈေးကွက်အတွင်း၌ ဒီဇယ်ဝယ်လိုအားလည်း မြင့်တက်လာလျက်ရှိသည်။

စက် သုံးဆီတင်သွင်းဖြန့်ဖြူးနေသည့် ကုမ္ပဏီမှ သတင်းရင်းမြစ်တဦးက “ စက်သုံးဆီသွင်းတာကတော့ ပုံမှန်ပဲ။ Tank(သိုလှောင်ကန်)တွေလည်း ဆီတွေရှိတယ်။ ဒါပေမယ့် ပြန်ဖြန့် ဖြူးခွင့်တွေ၊ ရောင်းချခွင့်တွေကို ထိန်းချုပ်လိုက်တဲ့ အခါမှာ ဒီလိုပြဿနာတွေ ကြုံလာတာ။ အရောင်းအဝယ်ကို Control လုပ်လိုက်တော့ တဖက်မှာ Supply နဲ့ Demand မမျှတာ ဖြစ်ကုန်တယ် ” ဟု ပြောသည်။

စစ်ကောင်စီက စက်သုံးဆီ ဝယ်ယူသူများကို ကန့်သတ်ထားသလို ရောင်းချသူများဘက်ကိုလည်း ယခင်ကလို မည်သူကို မဆို လွတ်လပ်စွာ ရောင်းချခွင့် မပြုဘဲ ၎င်းတို့၏ ခွင့်ပြုချက်ပါသူများကိုသာ ရောင်းချခွင့် ပေးထားကြောင်း ၎င်းက ဆိုသည်။

ကမာ္ဘ့ဘဏ်၏ ၂၀၂၂ ခုနှစ် ဇူလိုင်လထုတ် မြန်မာ့စီးပွားရေး နှစ်စဉ်စောင့်ကြည့်အစီရင်ခံစာတွင် လောင်စာဆီ အပါအဝင် သွင်းကုန် တင်သွင်းမှုများကို ကန့်သတ်ထားပြီး ဖြစ်သော်လည်း စစ်ကောင်စီထံတွင် နိုင်ငံခြားအရန်ငွေ ပြတ်လပ်မှုမှာ ပိုမိုကြီးမားလာနေကြောင်း ဆိုထားသည်။

ထို့ကြောင့် ယခုလို အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် စွမ်းအင်အတွက် နိုင်ငံခြားငွေဖြင့် ပေးချေရသည့် ဒီဇယ်ဆီတင်သွင်းမှု ရုတ်တရက် ထိုးတက်လာမှုနှင့်အတူ တဖက်တွင်လည်း ပိုမိုခန်းခြောက်လာနေသော နိုင်ငံခြား အရန် ငွေ ကို ထိန်းထားနိုင်ရန် စက်သုံးဆီဈေးကွက်ကို ပို၍ စိစစ်ထိန်းချုပ်လာနေခြင်းဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

လတ်တလော ပြည်တွင်းစက်သုံးဆီဈေးကွက်အတွင်း ဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းသို့ ဧရာဝတီသတင်းဌာနမှ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပါ။

လတ်တလော စက်သုံးဆီဈေးနှုန်းများမှာ ပရီမီယံဒီဇယ် တလီတာလျှင် ကျပ် ၂၂၃၀ ၊ ဒီဇယ် တလီတာလျှင် ကျပ် ၂၁၅၀ ၊ အောက်တိန်း 92 တလီတာလျှင် ၂၂၅၀ နှင့် အောက်တိန်း 95 တလီတာလျှင် ကျပ် ၂၃၁၅ ရှိနေသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာသော စီးပွားရေးကျဆင်းမှု နှင့် အတူ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာခြင်း ကြောင့် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာလဲလှယ်နှုန်းကို ကျပ် ၂၁၀၀ သတ်မှတ်လိုက် ပြီးနောက် စက်သုံးဆီဈေးနှုန်းများ သည်လည်း တလီတာလျှင် ကျပ် ၂၀၀၀ ဝန်းကျင်ထိ မြင့်တက်လျှက် ရှိသည်။

You may also like these stories:

စစ်ကောင်စီမှာ နိုင်ငံခြားအရန်ငွေ ကျပ်လာပြန်ပြီ

ပြည်ပလုပ်ငန်းများ ထွက်ခွာသောကြောင့် သဘာဝဓာတ်ငွေ့ဝင်ငွေ ကျပ်တည်းလာ

စက်သုံးဆီ ပြတ်လပ်မှု ၃ ရက်ထက် ပိုကြာပါက စက်ရုံများ ရပ်တန့်နိုင်

စက်သုံးဆီများ ထုတ်ရောင်းရန် လုပ်ငန်းရှင်များကို စစ်ကောင်စီ ခြိမ်းခြောက်ဖိအားပေး

Your Thoughts …
Tags: ကန့်သတ်စက်သုံးဆီနိုင်ငံခြားအရန်ငွေပြတ်လပ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.3k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

by ဧရာဝတီ
19 September 2023
14.3k

လာဘ်စားမှုကြောင့် နေပြည်တော်လူဖမ်းပွဲ နောက်ဆက်တွဲ အနေ ဖြင့် စီးပွား/ကူးသန်း ဒုဝန်ကြီး ဦးညွန့် အောင် အပါအဝင် အခြားသော ဝန်ကြီးဌာနအရာရှိတချို့လည်း ထပ်မံ ဖမ်းဆီးစစ် ဆေးမေးမြန်းခံရလျက်ရှိကြောင်း

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

by Justin Higginbottom
13 September 2023
13.9k

ဧရာဝတီသတင်းဌာနမှ ဂျပ်စတင် ဟစ်ဂင်ဘော့တွမ်နှင့် ဒေါက်တာ တာနဲလ် တွေ့ဆုံမေးမြန်းခန်းဖြစ်သည်။

ယမ်းနှင့် စက်သုံးဆီ ပြင်ပရောင်းချမှု ဗိုလ်ချုပ်နှစ်ဦး စစ်ဆေးခံနေရ

ယမ်းနှင့် စက်သုံးဆီ ပြင်ပရောင်းချမှု ဗိုလ်ချုပ်နှစ်ဦး စစ်ဆေးခံနေရ

by ဧရာဝတီ
9 May 2024
13k

စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စစ်လက်နက်ပစ္စည်း ညွန်ကြားရေးမှူးရုံးမှ ညွန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းလွင်နှင့် တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ် ဇော်လွင်ဦးတို့နှစ်ဦး ဖမ်းဆီးစစ်ဆေးခံနေရကြောင်း ဧရာဝတီ သတင်းရင်းမြစ်များထံမှ သိရသည်။

စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

by အောင်ခမ်း
8 December 2023
12.1k

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ကဲ့သို့သော မြို့ကြီးများတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စက်သုံးဆီပြတ်တောက်မှု အကြီးအကျယ်ဖြစ်ပေါ်ကာ ဆီဆိုင်များတွင် တန်းစီစောင့်ဆိုင်းဝယ်ယူရသည့် အခြေအနေများ ရှိခဲ့ကြသည်။

စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

by ဧရာဝတီ
7 December 2023
11k

တရက်အတွင်း အမေရိကန် ၁ ဒေါ်လာ လျှင် ၃,၅၆၀ ကျပ်အထိ ဈေးနှုန်းများ မြင့်တက်ခဲ့သည်။

Next Post
ကိုကိုးကျွန်းပေါ်တွင် တရုတ်ဆောက်လုပ်ရေးလုပ်ငန်း ဂြိုဟ်တုဓာတ်ပုံများကို အိန္ဒိယအစိုးရအရာရှိများက ဖော်ပြနေကြသည် / Nmukherjee6/Twitter

ကိုကိုးကျွန်းရှိ သူလျှိုစခန်းအရေး အိန္ဒိယက မြန်မာနှင့် ထိပ်တိုက်တွေ့

ချင်းပြည်နယ်၊ ဖလမ်း၊ ဝေဘူလမြို့ပေါ် စာသင်ကျောင်းအား လေကြောင်းတိုက်ခိုက်ခံရပြီး မြင်ကွင်း/Cung Ngai

ဗားရ်စခန်း အသိမ်းခံရပြီးနောက် ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သား ၈ဦးသေဆုံး

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

2 days ago
3.4k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

3 days ago
3.4k

Most Read

  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate