• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ဒေါ်လာဈေးလှုပ်ခတ်လာ၍ အခြေခံကုန်ဈေးနှုန်း တက်ရိပ်ပြ

by ဧရာဝတီ
26 June 2023
in စီးပွားရေး
A A
ရန်ကုန်တိုင်းရှိ မြို့နယ် ၁၁ မြို့နယ်တွင် စားအုန်းဆီလှည့်လည်ရောင်းချပေးနေသည်ကို တန်းစီဝယ်ယူနေကြစဉ် / MEODA

ရန်ကုန်တိုင်းရှိ မြို့နယ် ၁၁ မြို့နယ်တွင် စားအုန်းဆီလှည့်လည်ရောင်းချပေးနေသည်ကို တန်းစီဝယ်ယူနေကြစဉ် / MEODA

4.4k
VIEWS
Share on FacebookShare on Twitter

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေ ရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ပြီးနောက် လှုပ်ခတ်လာသော ဒေါ်လာဈေးနှင့်အတူ အခြေခံကုန်ဈေးနှုန်း တချို့လည်း တက်ရိပ်ပြလာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။

အမေရိကန်ဒေါ်လာဖြင့် တင်သွင်းရသော စားအုန်းဆီဈေးနှုန်းသည် ၁ ပိဿာလျှင် ကျပ် ၇၈၀၀ (လက်ကားဈေး) သို့ မြင့် တက်လာလျက်ရှိပြီး ယခင်သီတင်းပတ်ကထက် ကျပ် ၈၀၀ မှ ၁၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်လာခြင်း ဖြစ် ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးကွက်အတွင်းမှ သိရသည်။

RelatedPosts

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
223
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
486
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
191

လက်လီဈေးကွက်တွင် ယခင် ၇ ထောင်ကျော်သာဈေးရှိခဲ့သည့် စားအုန်းဆီ ၁ ပိဿာသည် ကျပ် ၉၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိသည်။

စားအုန်းဆီ အရောင်းအဝယ်လုပ်နေသူတဦးက “နိုင်ငံရေးအခြေအနေကြောင့်ရော၊ ဒေါ်လာဈေးတွေ ထပ်တက်လာတော့ ဒီဘက်ကလည်း လိုက်တက်ကုန်တာ” ဟု ပြောသည်။

ထို့ပြင် ထိုင်းနိုင်ငံဘက်မှာ မှောင်ခိုဝင်ရောက်နေသော စားအုန်းဆီတချို့မှာလည်း အဖမ်းအဆီးများ၍ ဈေးကွက်အတွင်း ဝင်ရောက်မှု နည်းပါးလာခြင်းကလည်း စားအုန်းဆီဈေးနှုန်း ပြန်လည်မြင့်တက်လာရသည့် အချက်တချက်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ စားအုန်းဆီရည်ညွှန်း လက်ကား သတ်မှတ်ဈေးမှာလည်း ၁ ပိဿာ ၄၀၁၀ ကျပ်အဖြစ် သတ်မှတ်ထားသည့် အတွက် ယခင်တပတ်ကထက် ငွေကျပ် ၁၅၀ ဈေးတက်လာခြင်းဖြစ်သည်။

ထို့ပြင် ရွှေဘိုပေါ်ဆန်း ၁ အိတ်သည် ကျပ် ၈၅၀၀၀ ကျပ်ဝန်းကျင် မှ ကျပ် ၁၁၂၀၀၀ ကျပ်အထိ ရှိလာပြီး ဆန်ချော (ဧရာဝတီ ပေါ်ဆန်းအုပ်စုဝင်ဆန်) ၁ အိတ်သည်လည်း ၉၀၀၀၀ ကျပ်မှ ၉၇၀၀၀ ကျပ် အထိမြင့်တက်လာပြီး ယခင် တပတ်က ဈေးနှုန်းများထက် ငွေကျပ် ၂၀၀၀ ခန့်အထိ ဈေးနှုန်းတက်လာလျက်ရှိသည်။

ထို့သို့ အခြေခံကုန်ဈေးနှုန်းတချို့ဈေးနှုန်းအနည်းငယ်ပြန်လည်မြင့်တက်လာရှိသော်လည်း စက်သုံးဆီ ဈေးနှုန်းများသည် မြင့်တက်မှု မရှိသေးပေ။ အောက်တိန်း 92 ၁ လီတာလျှင် ကျပ် ၁၉၄၅ ကျပ်၊ အောက်တိန်း 95 ၁ လီတာလျှင် ကျပ် ၂၀၅၀ ၊ ဒီဇယ် ၁ လီတာလျှင် ကျပ် ၁၉၂၀ ကျပ်နှင့် ပရီမီယံဒီဇယ် ၁ လီတာ သည် ကျပ် ၂၀၀၀ သာ ပေါက်ဈေးရှိသည်။

စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချနေသည့် ကုမ္ပဏီမှ တာဝန်ရှိသူတဦးက “ပြီးခဲ့တဲ့ အပတ်ကမှ ကြေညာချက်ထွက်ထား တာဆိုတော့ စက်သုံးဆီဈေးကွက်ကတော့ ပုံမှန်အတိုင်းပဲ ရှိသေးတယ်။ နောက် အချိန်တခုကြာလာရင်တော့ သက်ရောက် မှုတွေကတော့ ရောက်လာနိုင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

လတ်တလောတွင် နိုင်ငံပိုင်ဘဏ် ၂ ခုကို အရေးယူပိတ်ဆို့မှု မလုပ်ခင်က တင်သွင်းထားသော စက်သုံးဆီများ ဝင်ရောက် ထားပြီးဖြစ်၍ စက်သုံးဆီဈေးကွက်အပေါ်ကို ယခု ချက်ချင်းသက်ရောက်မှု မရှိသေးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

သို့သော်လည်း နိုင်ငံပိုင်ဘဏ်၂ ကို အရေးယူပိတ်ဆို့လိုက်ပြီးနောက် ပြည်တွင်း ရွှေဈေးနှုန်းနှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းသည် ယခုရက်ပိုင်းအတွင်း ဆက်တိုက်မြင့်တက်လာလျက်ရှိပြီး ၁ ဒေါ်လာကို ကျပ် ၃၂၀၀ ကျော်အထိ မြင့် တက်လျက်ရှိပြီး ရွှေ ၁ ကျပ်သားသည်လည်း ကျပ် ၃၂ သိန်းကျော်အထိ ဈေးနှုန်းများမြင့်တက်လာလျက်ရှိသည်။

You may also like these stories:

ဘဏ်နှစ်ခု ဒဏ်ခတ်ခံရမှုဟာ စစ်ကောင်စီရဲ့ အသည်းနှလုံးကို ထိတာပဲ

နိုင်ငံပိုင်ဘဏ်၂ ခု အမေရိကန်ပိတ်ဆို့အရေးယူမှု စစ်ကောင်စီကို အကျပ်ရိုက်စေ

ဒေါ်လာဈေးတက်နေချိန် အရောင်းအဝယ်သမားအချို့ စစ်ကောင်စီ ဖမ်းဆီး

ဘဏ်နှစ်ခု ဒဏ်ခတ်ခံရမည့်သတင်းကြောင့် ဒေါ်လာဈေး ၃၀၀၀ ကျော်ထိ မြင့်တက်

Your Thoughts …
Tags: ကုန်ဈေးနှုန်းစားအုန်းဆီဒေါ်လာဈေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.7k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
20.9k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

by ခင်မမ
12 January 2024
16.7k

စစ်မတိုက်တတ်၍ စစ်ရှုံးနေသော၊ ဘာမဆိုလုပ်ရဲသော သာဝတယောက် ၂၀၂၄ နှစ်ဆန်းတွင် စစ်သံမပေးရဲ၊ လေသံ မမာရဲတော့ပေ။

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

by ဇေယျ (အညာ)
10 August 2023
15.8k

ယခုလည်း မြန်မာစစ်ခေါင်းဆောင်က အကြီးဆုံးဘုရားဆိုသည်ကို ငွေကြေးသန်းပေါင်းများစွာ အကုန်အကျခံ၍ တည်ပြီးချိန်တွင် မြန်မာငွေက နောက်တဆင့်တိုး၍ ဖောင်းပွနေ၏။

မင်းအောင်လှိုင် မျက်ဖြူဆိုက်နေပြီ (ရုပ်/သံ)

မင်းအောင်လှိုင် မျက်ဖြူဆိုက်နေပြီ (ရုပ်/သံ)

by ဧရာဝတီ
1 June 2024
12.6k

မေလ နောက်ဆုံးပတ်က စတင်ပြီး မြန်မာငွေကျပ်တန်ဖိုးတွေ တရှိန်ထိုးကျဆင်းလာပြီးတဲ့နောက် ဈေးကွက်ထဲမှာ ဒေါ်လာဈေးအပါအဝင် နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းထားတွေဟာ တဖြည်းဖြည်း မြင့်တက်လာခဲ့ပါတယ်။

စစ်ကောင်စီ ဆန်‌စျေးသတ်မှတ်၊ စျေးပိုရောင်းသူ အရေးယူမည်ဟုဆို

စစ်ကောင်စီ ဆန်‌စျေးသတ်မှတ်၊ စျေးပိုရောင်းသူ အရေးယူမည်ဟုဆို

by ဧရာဝတီ
28 August 2023
12.1k

ပြည်တွင်း ဆန်ဈေးကို စစ်ကောင်စီ သတ်မှတ်ထားသည့် ဈေးနှင့်သာ ရောင်းချရမည် ဖြစ်ကြောင်း၊ ယင်းသတ်မှတ် ဈေးထက် ပို၍ ရောင်းချပါက အရေးယူသွားမည်

Next Post
မြန်မာစစ်အာဏာသိမ်းမှုကို တရုတ်အစိုးရထောက်ခံမှုအား အာဏာသိမ်းမှုဆန့်ကျင်သူများက ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ရှုတ်ချဆန္ဒပြပွဲ ကျင်းပစဉ် / ဧရာဝတီ

တရုတ်-အမေရိကန် စစ်အေးတိုက်ပွဲသစ် ကြားခံ မြန်မာဖြစ်တော့မလား

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့ / CJ

ဗန်းမောက်မြို့တွင်း စားနပ်ရိက္ခာသွင်းခွင့် PDF ပိတ်၊ မြို့ခံများ အခက်ကြုံ

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.5k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

4 days ago
3.2k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate