• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

by ဧရာဝတီ
1 December 2023
in စီးပွားရေး
A A
ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

နိုဝင်ဘာ ၆ ရက်က ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ပြီး မြန်မာ့စီးပွားရေးဘဏ်မှ ငွေများကို ရေတွက်နေစဉ် (ဓာတ်ပုံ- NUG)

4.1k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်နှင့် တိုင်းရင်းသားတပ်တို့ သိမ်းစဉ်က ပုဂ္ဂလိကဘဏ် ၅ ခုမှ ရရှိသည့် ငွေသား ကျပ် ၄၄ ဘီလီယံကျော်ကို လက်ခံသိမ်းဆည်းထားပြီး၊ ပြည်သူ့အပ်နှံငွေများ နစ်နာဆုံးရှုံးမှု မရှိစေရန် စီမံခန့်ခွဲသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ကြားကာလ ဗဟိုဘဏ်က ယမန်နေ့က ထုတ်ပြန်သည်။

NUG ကြားကာလ ဗဟိုဘဏ်က ထုတ်ပြန်ချက်တွင် ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်များဖြစ်သည့် ကမ္ဘောဇဘဏ် ဘဏ်ခွဲ (၂) မှ ကျပ် ၃ ၂ ဘီလီယံကျော်၊ မြန်မာ့ရှေ့ဆောင် ဘဏ် (MAB) မှ ကျပ် ၉ ဘီလီယံကျော်၊ ဧရာဝတီဘဏ် (AYA) မှ ၁ ဒသမ ၈ ဘီလီယံခန့်၊ Tun Commercial Bank မှ ကျပ် သိန်း ၂၈၆၀ ကျော်၊ ကမ္ဘာ့ရတနာဘဏ် (GTB) ကျပ်သိန်း ၃၂၀၀ နီးပါးဖြစ်ကြောင်း ငွေစက္ကူအမျိုးအစားအလိုက် အရေအတွက် အတိအကျဖြင့် ဖော်ပြထားသည်။

RelatedPosts

တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

19 May 2025
540
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
471
ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

17 May 2025
1.6k

NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “ဘဏ်တွေမှာ လက်ရှိ ရှိနေတဲ့ ငွေရေးကြေးရေးတစုံတရာကို ကျနော်တို့ ထိပါးခြင်းမရှိဘဲ ဘယ်ဘဏ်ဆို ဘယ်လောက်လဲဆိုတဲ့ဟာ ဒါတွေကို ကျနော်တို့က စာရင်းဇယားနဲ့ စနစ်တကျ သိမ်းထားတယ်။ ကျနော်တို့သိမ်းတဲ့ ဘဏ်တွေမှာ အပ်ထားတဲ့သူတွေအနေနဲ့ ဘာမှ စိုးရိမ်စရာ မရှိပါဘူး။ ဆိုပါစို့ ကောလင်း မှာအပ်ထားတဲ့ ပြည်သူတွေက ဘယ်သူတွေလဲ၊ ဒီလူတွေအတွက်တော့ တချိန်ချိန်ကျရင် သူ့လုပ်ထုံး လုပ်နည်းအတိုင်း ပြန်ပြီးပေးရမှာပေါ့” ဟု ဧရာဝတီကို ပြောသည်။

ကောလင်းခရိုင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ တင်ပြချက်အရ အချို့သော ပုဂ္ဂလိကဘဏ်များတွင် လုံခြုံရေးစည်းကျိုးပေါက်၍ ဘဏ်ငွေတိုက်ခန်းကို ဖောက်ထွင်းဝင်ရောက်ရန် ကြံစည်အားထုတ်ထားသည့် အထောက်အထားများ တွေ့ရှိရပြီး အချိန်မီ ကာကွယ်တားဆီးနိုင်ခဲ့သောကြောင့် ပြည်သူလူထု၏ အပ်နှံငွေများ ဆုံးရှုံးခဲ့ခြင်း မရှိကြောင်း ကြားကာလ ဗဟိုဘဏ်က ဆိုသည်။

ထို့ပြင် ကြားကာလ ဗဟိုဘဏ်အနေဖြင့် ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်များ၏ ငွေသားလက်ကျန် လက်ခံသိမ်းဆည်းထား ရှိမှုကို စာရင်းသွင်းမှတ်တမ်းတင်ထားရှိပြီး ပြည်သူလူထု၏ အပ်နှံငွေများ နစ်နာဆုံးရှုံးမှုမရှိစေရန် တာဝန်ခံ၍ ဥပဒေနှင့် အညီ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအဖြစ် သတ်မှတ်ကာ စနစ်တကျ စီမံခန့်ခွဲမည်ဟု ဆိုသည်။

“လောလောဆယ် အာမခံနိုင်တာကတော့ အကြမ်းဖက်စစ်အုပ်စုပြောနေသလို ကျနော်တို့ကပဲ ပိုက်ဆံမရှိလို့ ဘဏ်တွေ ရှိတဲ့ နေရာတွေ ရွေးသိမ်းတယ်ဆိုတာ မဟုတ်ပါဘူး။ မြို့သိမ်းတဲ့ကိစ္စကတော့ စစ်ရေးမဟာဗျုဟာအရ သိမ်းတာ ဖြစ်တယ်။ အဲဒီမှာရှိတဲ့ ပြည်သူပိုင်ပစ္စည်း တွေ၊ ဘဏ်တွေရော၊ နစ်နာဆုံးရှုံးမှုမရှိဘဲ တချိန်ချိန်မှာ ဥပဒေနဲ့အညီ လွှဲပြောင်း ပေးအပ် သွားမှာဖြစ်တယ်။ ကာယကံရှင် တွေအနေနဲ့ ဘာမှပြောတာမရှိပါဘူး။ အကြမ်းဖက် စစ်တပ်ကပဲ ဘဏ်တွေကငွေတွေကို PDF တွေ လုယူနေတယ်လို့ပဲ ပြောနေတာပါ” ဟု ဦးနေဘုန်းလတ်က ဆိုသည်။

နိုဝင်ဘာ ၆ ရက်က ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ပြီး မြန်မာ့စီးပွားရေးဘဏ်မှ ငွေများကို ရေတွက်နေစဉ် (ဓာတ်ပုံ- NUG)

လက်ရှိတွင် မြို့သိမ်းတိုက်ပွဲများကို နေရာအနှံ့၌ ဖော်ဆောင်လျက်ရှိပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စိုးမိုးထိန်း ချုပ်ထားသည့် ဒေသများတွင်မူ NUG ဝင်ရောက်စီမံခန့်ခွဲခြင်း မပြုသော်လည်း ဘဏ်များနှင့် ပတ်သက်၍ လုပ်ထုံးလုပ် နည်းများ၊ မည်သို့ ဆောင်ရွက်နေသည်ဆိုခြင်းကို ဝေမျှထားကြောင်း ၎င်းက ဆိုသည်။

“တိုင်းရင်းသားဒေသတွေမှာလည်း မြို့သိမ်းတိုက်ပွဲတွေရှိတော့ အဲဒီမှာ NUG က သွားပြီး စီမံခန့်ခွဲတာတော့ လုပ်လို့မရဘူး။ ဒါပေမယ့် ကျနော်တို့နဲ့ ပူးပေါင်းနေတဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေဘက်က အာမခံနိုင်တဲ့ အနေထားပါ။ ဘယ်တိုင်းရင်းသားအဖွဲ့ကမှ ဒီအပေါ်မှာ နာမည်ပျက်ခံပြီး မလုပ်ပါဘူး။ အဲဒီဒေသတွေမှာလည်း ပြည်သူလူထု နစ်နာဆုံးရှုံး မှုရှိအောင် မလုပ်ဘူးဆိုတာ အာမခံလို့ ရတယ်လို့ ပြောချင်ပါတယ်” ဟု ဦးနေဘုန်းလတ်က ဆိုသည်။

လက်ရှိတွင် NUG လက်အောက်ရှိ တပ်ဖွဲ့ဝင်များ ပူးပေါင်းဖော်ဆောင်နေသည့် မြို့သိမ်းတိုက်ပွဲများအနက် စစ်ကိုင်းတိုင်းရှိ ကောလင်း၊ ရွှေပြည်အေးနှင့် ခါမ်းပါတ်မြို့များကို သိမ်းဆည်းထားနိုင်ကာ၊ ကောလင်းမြို့တခုတည်းသာ လုပ်ငန်းဆောင်ရွက် မှုများ ပြီးစီး၍ သတင်းထုတ်ပြန်ပေးခြင်းဖြစ်ပြီး ကျန်မြို့များကိုလည်း ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း NUG ထံက သိရသည်။

နိုဝင်ဘာ ၂၉ ရက် မနက်က နေပြည်တော်၌ စစ်ကောင်စီအဖွဲ့ဝင်များပြုလုပ်သည့် အစည်းအဝေးတခုတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကောလာဟလသတင်းများကြောင့် ပုဂ္ဂလိကဘဏ်များမှ ငွေပြန်လည်ထုတ်ယူသူများ ရှိခဲ့ကြောင်း၊ PDF အမည်ခံများသည် ငွေရလွယ်သည့်ဘဏ်များကို အဓိကထား တိုက်ခိုက်လာကြသည်ကို တွေ့ရကြောင်း နှင့် ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်တခုအား PDF အမည်ခံများက ငွေများလုယူခဲ့ရာ ဘီလီယံ ၄၀ ကျော်ဆုံးရှုံးမှု ဖြစ်ခဲ့ကြောင်း ထည့်သွင်း ပြောဆိုသွားသည်။

စီးပွားရေးပညာရှင်တဦးက “NUG အနေနဲ့က ဒီလိုအခြေအနေမျိုး ဖြစ်လာနိုင်တာကို ကြိုတင် မှန်းဆထားပုံရတယ်၊ အဲဒါ ကြောင့် ကြားကာလ ဗဟိုဘဏ်ကို ဖွဲ့စည်းပြီး ငွေကြေးတွေ ဂယောက်ဂယက်မဖြစ်အောင် ဝင်ပြီး စီမံခန့်ခွဲတာပေါ့။ ပိုက်ဆံ တွေ မဆုံးရှုံးရအောင်လို့ သူတို့ဝင်ပြီး တာဝန်ခံတယ်၊ အချိန်တခုရောက်ရင် ပြန်ထုတ်ပေးမယ်ပေါ့။ ဒါပေမယ့် ပုဂ္ဂလိက ဘဏ်တွေဘက်ကတော့ NUG ဗဟိုဘဏ်ကို ဆက်သွယ်ရမှာ နည်းနည်းအကျပ်ရိုက်လိမ့်မယ်” ဟု ဧရာဝတီသို့ ပြောသည်။

NUG ဗဟိုဘဏ်အနေဖြင့်လည်း ၎င်းတို့ သိမ်းဆည်းရမိထားသော ဘဏ်အပ်ငွေများကို စာရင်းအတိအကျ ထုတ်ပြန်ထား သည့်တိုင် ပုဂ္ဂလိကဘဏ်များက မဆက်သွယ် မဖြေရှင်းဘဲ စာရင်းကွာဟချက်များ ဖြစ်ပေါ်လာပါက ပုဂ္ဂလိကဘဏ်များနှင့် အပ်နှံသူ (ပြည်သူ) တို့ကြား ပြဿနာ ဖြစ်ပွားလာနိုင်ကြောင်း ၎င်းက သတိပေးသည်။

ယခုလို ဘဏ်များအား သိမ်းဆည်းထားမှုနှင့် ပတ်သက်ပြီး ထွန်းကော်မာရှယ်ဘဏ်မှ တာဝန်ရှိသူတဦးကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာတွင် လတ်တလော၌ ထိုကိစ္စနှင့်ပတ်သက်၍ အစည်းအဝေးများ လုပ်ဆောင်နေဆဲဖြစ်ကာ ဆုံးဖြတ် ချက် တစုံတရာထွက်မလာသေးကြောင်း ဧရာဝတီသို့ ပြောသည်။

မြန်မာ့ ရှေ့ဆောင်ဘဏ် (MAB) ဘဏ်ကိုလည်း ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဆက်သွယ် ဖြေ ကြားခြင်း မရှိသေးပေ။

KBZ၊ AYA၊ ကမ္ဘာ့ရတနာဘဏ် (GTB) ဘဏ်တို့သည်လည်း ကောလင်းမြို့ရှိ ၎င်းတို့၏ဘဏ်ခွဲများမှ ငွေကြေးသိမ်းဆည်းခံ ထားရမှုနှင့်ပတ်သက်၍ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

NUG ၏ ကြားကာလ ဗဟိုဘဏ်သည် စစ်ကိုင်း၊ ကောလင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှလည်း ငွေသားလက်ကျန် ကျပ် ငွေသန်းပေါင်း ၉၅၂ ဒသမ ၃၄၃ သန်းကို လက်ခံသိမ်းဆည်းထားရှိမှု စာရင်းသွင်း မှတ်တမ်းတင်ထားရှိပြီး နိုင်ငံတော်ပိုင် ဘဏ္ဍာငွေများနှင့် ပြည်သူလူထု၏ အပ်နှံငွေများ နစ်နာဆုံးရှုံးမှု မရှိစေရန် စနစ်တကျ စီမံခန့်ခွဲနေကြောင်းလည်း ထုတ်ပြန် ထားသည်။

You may also like these stories:

ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ကျင်စန်းကျော့ဂိတ် တိုက်ခိုက်ခံရမှု ကျပ် ၃၀ ဘီလီယံကျော် ဆုံးရှုံး

ပုဂ္ဂလိကဘဏ်များ အကန့်အသတ်နှင့်သာ ငွေထုတ်ပေး

Your Thoughts …
Tags: NUGကောလင်းကြားကာလဗဟိုဘဏ်ပုဂ္ဂလိကဘဏ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
40.9k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
31.5k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

Next Post
နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate