• English
Saturday, June 21, 2025
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ဒေါ်လာဈေးနှင့်အတူ စားကုန် ဆေးဝါးဈေးမြင့်လာ၍ ပြည်သူတို့ အခက်ကြုံ

by ဧရာဝတီ
30 May 2024
in စီးပွားရေး
A A
ဒေါ်လာဈေးနှင့်အတူ စားကုန် ဆေးဝါးဈေးမြင့်လာ၍ ပြည်သူတို့ အခက်ကြုံ

ရန်ကုန်မြို့ရှိ ဈေးဆိုင်တချို့ (ဓာတ်ပုံ- ဧရာဝတီ)

1.1k
VIEWS
Share on FacebookShare on Twitter

ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာရာ ယခုအခါ အမေရိကန် တဒေါ်လာ ၅၀၀၀ နီးပါးထိ ဖြစ်လာသဖြင့် အခြေခံ စားသောက်ကုန်များမှ ဆေးဝါးအထိ ဈေးနှုန်းများ လိုက်ပါမြင့်တက်လာရာ ပြည်သူများ အခက်ကြုံနေကြောင်း သိရ သည်။

အာဏာမသိမ်းမီက ၁၃၀၀ ကျပ်ကျော်သာရှိသည့် အမေရိကန်ဒေါ်လာသည် ယနေ့ ၅၀၀၀ကျပ် နီးပါး ဖြစ်လာသလို ထိုင်း ဘတ်ဈေးမှာလည်း တဘတ်လျှင် ၁၃၀ ကျပ်၊ တရုတ်ယွမ်က တယွမ် ၆၃၀ ကျပ်ကျော်ထိ စံချိန်တင် ဈေးများမြင့် လာခဲ့သည်။

RelatedPosts

အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

20 June 2025
359
ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

19 June 2025
2k
တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

15 June 2025
1.5k

ရန်ကုန်၊ ရွှေပြည်သာမြို့နယ်နေ အိမ်ရှင်မတဦးက “ဈေးတွေကတော့ အကုန်တက်နေတာ။ အခု ဆန်ကြမ်း တပြည်ဆို ဒီမှာ ၄၈၀၀ လောက်ရှိတယ်။ ပေါ်ဆန်း၊ ဧရာဝတီ၊ ကျားပျံပေါ့။ အဲဒါဆို တပြည်ကို ၅၆၀၀ ရှိတယ်။ ပရီမီယာကော်ဖီမစ် တထုပ်ကို ၄၀၀ ဖြစ်နေပြီ။ ကျန်တာတော့ မပြောနဲ့တော့ ကိုယ်တွေက ချွေတာစားလို့ ရသေးတယ်။ တချို့တွေဆို ထမင်းငတ်တာတို့ လျှော့စားရတာတို့ ဖြစ်နေပြီ” ဟု လက်ရှိကုန်ဈေးနှုန်းအခြေအနေအား ဧရာဝတီကို ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာမသိမ်းခင်က ရွှေဘိုပေါ်ဆန်း ဆန်တပြည်လျှင် ၂၄၀၀ ကျပ်သာရှိခဲ့ရာမှ ယခုအာဏာ သိမ်းပြီး ၃ နှစ်ကျော်အကြာတွင် တပြည်လျှင် ၈၀၀၀ ကျော်၊ ဆန်ကြမ်း မနောသုခ တပြည်လျှင် ၉၀၀ ကျပ်မှ ယခု ၄၀၀၀ ကျော်အထိ မြင့်တက်လာပြီး စားဆီ ၁ ပိဿာလျှင် ၂၃၀၀ ကျပ်ရှိရာမှ ယခုအခါ ၈၀၀၀ ကျပ် ကျော်အထိ မြင့် တက်လာခဲ့သည်။

လက်ကားဆန်ဈေးနှုန်းမှာ ပြီးခဲ့သော ဧပြီလကုန် ပိုင်းက ရွှေဘိုပေါ်ဆန်း ၁ အိတ်လျှင် ငွေကျပ် ၁၆၀၀၀၀ ကျော်ရှိရာမှ ယခု ၁၇၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့သလို ဆန် ကြမ်း ၁ အိတ်လျှင် ၈၈၀၀၀ မှ ယခု ၉၀၀၀၀ ကျော်ရှိလာပြီး၊ လက်လီဈေးကွက်တွင် မြို့နယ် အကွာအဝေးအပေါ် မူ တည်၍ ဆန်တအိတ် ငွေကျပ် ၄၀၀၀ မှ ၁၀၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းများမြင့်တက်လာကြောင်း ကုန်သည်များထံက သိရသည်။

ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်ရှိ ကုန်သည်တဦးက “ဆန်ဈေးက ရှေ့လတွေကတော့ တက်တယ်။ ဘာလို့လဲဆိုတော့ လ ကုန်ရက် နီးတာရယ်။ မုန်တိုင်းရယ်ကြောင့် ကုန်စည်ဒိုင်ကို အဝင်နည်းပြီး အရောင်းအဝယ်ပါးလို့ ဖြစ်တယ်။ လက်လီ ဈေးကွက်မှာတော့ ရှေ့က တက်ထားတဲ့ အတက်ဈေးက ရှိနေတာပေါ့” ဟု ပြောသည်။

အလားတူ ထိုင်းနိုင်ငံဘက်မှ တင်သွင်းသည့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများမှာလည်း မြဝတီ နယ်စပ်လမ်း ဆက်သွယ်ရေး ပြတ်တောက်မှုများရှိနေသဖြင့် သယ်ယူပို့ဆောင်စရိတ်များမြင့်တက်ပြီး ဈေးတက်မှုများလည်း ရှိနေ သည်။

အင်းစိန်မြို့နယ်ရှိ အိမ်ရှင်မတဦးက “ဆီက ပုဇွန် ၂ ကောင် ယိုးဒယားစားဆီ သုံးတာ။ မြဝတီမှာ စစ်ဖြစ်တော့ ၅ လီတာ ဗူးက ၃ သောင်း ၂ ထောင်ကျော်ဖြစ်သွားပြီ။ အရင်က ၂၇၅၀၀ ကျပ်ပဲရှိတာ။ နောက်ပြီးတော့ အခု တယောက်ကို တဗူး ပဲ ရောင်းပေးတော့တယ်။ အဲဒီဆီတွေကို ဈေးကွက်ထဲ ရောင်းရင် သိမ်းမယ်ဘာညာလည်း ကြားတယ်။ အဲဒီလို ဖြစ် လိုက်သေးတယ်။ ဈေးတက်တာ အဲဒါကြောင့်လည်းပါတာပေါ့။ ထိုင်းကော်ဖီ တထုပ် ၅၀၀ ကျပ်၊ အခုက လက်ဖက်ရည် တခွက် ၂၀၀၀ ကျပ်၊ နံပြားတချပ် ၅၀၀၊ အီကြာကွေးတချောင်း ၅၀၀” ဟု ဧရာဝတီသို့ ပြောသည်။

အခြေခံစားသောက် စားသောက်ကုန်ဈေးနှုန်းမြင့်တက်လာခြင်းအပြင် ကုန်စိမ်း၊ သစ်သီးဝလံဈေးမှာလည်း နယ်မြေ မတည်ငြိမ်မှုကြောင့်နှင့် သယ်ယူပို့ဆောင်ရေးစရိတ်များမြင့်တက်သောကြောင့် ဈေးတက်လာကြောင်း သစ်သီးဝလံ ကုန်စည်ဒိုင်များမှ သိရသည်။

အလားတူ ဆေးဝါးဈေးကွက်တွင်လည်း အမေရိကန်ဒေါ်လာဈေးမြင့်တက်မှုကြောင့် ဆေးဈေးနှုန်းများ မြင့်တက်နေ သလို အိမ်သုံးဆေးဝါးတချို့၊ နာတာရှည်ရောဂါအတွက် သုံးစွဲရသည့်ဆေးဝါးများနှင့် ကလေးအားဆေးများမှာ ပြတ် လပ်မှုများရှိပြီး၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနှင့် ပတ်သက်သော ဆေးများမှာ ဆရာဝန်ညွှန်ကြားသည့် ဆေးအမျိုး အစား ဝယ်မရသဖြင့် အာနိသင်တူ၊ ကုမ္ပဏီမတူသည့် ဆေးများကို သုံးစွဲနေရကြောင်း သိရသည်။

ရန်ကုန်မြို့တွင် နေထိုင်သူတဦးက “တနေ့က Air-X ကို ရပ်ကွက်ဆိုင်မှာ သွားဝယ်တာ တကတ် ၃၅၀၀ တဲ့၊ အရင်က တကတ် ၃၀၀ ပဲ ရှိတာလေ။ ဝယ်နေကျ ဒိုင်မှာ သွားမေးတော့ ပစ္စည်းပြတ်နေတယ်တဲ့။ အစားက လျှော့စားရသေး တယ်။ ဆေးက လျှော့သောက်လို့ မရဘူး။ အရှင်လတ်လတ် ငရဲကျသလိုပါပဲ” ဟု လက်ရှိ ကုန်ဈေးနှုန်းအခြေအနေကို ပြောပြသည်။

ဆန်၊ ဆီ၊ ဆေးဝါးသာမက သားငါးဈေးမှာလည်း ယခင်က ကြက်သား (စီပီ) ၁ ပိဿာ ၈ ထောင်ခန့်ရှိရာမှ ယခု ၁ သောင်းခွဲ၊ ဝက်သား ၁၀ သား ၁၀၀၀ ကျပ်ပေးရပါက ယခုအချိန်တွင် ၂၀၀၀ ကျပ်အထိ ထက်ဝက်ခန့် ဈေးတက်လာ ကြောင်း၊ ကြက်ဥတလုံးမှာ ယခင်လတွင် ၃၀၀ ရှိရာမှ လက်ရှိတွင် ၄၀၀၊ ဘဲဥမှာ ၄၀၀ ကျပ်မှ ၅၀၀ အထိ ဈေးတက် လာခဲ့ပြီး ကျပ်ထိတက်လာကြောင်း သိရသည်။

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ မကြာသေးခင်က ထုတ်ပြန်လိုက်သည့်အစီရင်ခံစာတွင် မြန်မာနိုင်ငံ အခြေ အနေမှာ လွန်စွာဆိုးရွားနေပြီး ဖြေဆိုသူများ၏ ၄၉ ဒသမ ၇ ရာခိုင်နှုန်းသည် တနေ့လျှင် ၇၆ ဆင့် (အမေရိကန် ဒေါ်လာ ၀ ဒသမ ၇၆) အောက် ဝင်ငွေဖြင့် နေထိုင်လျက်ရှိသလို၊ ထိုအရေအတွက်သည် ၂၀၁၇ ခုနှစ်ကထက် နှစ်ဆ မြင့်လာ ကြောင်းနှင့် အာဏာသိမ်းပြီးနောက် မြို့နေလူလတ်တန်းစား ၅၀ ရာခိုင်နှုန်း ပြိုလဲသွားကြောင်း ဖော်ပြသည်။

ထို့ပြင် ၂၀၂၃ ခုနှစ် နှစ်လယ်တွင် ငွေကြေးဖောင်းပွမှု ၂၉ ရာခိုင်နှုန်းရှိသည်ဟု ကမာ္ဘ့ဘဏ်က ဖော်ပြထားသလို စစ်တပ် အာဏာသိမ်းပြီးနောက် အစားအသောက် ဈေးနှုန်းများ သုံးဆတိုးလာပြီး ဆန်ဈေးသည် နှစ်ဆ တက်သွားဟု ဖော်ပြ ထားသည်။

You may also like these stories:

နယ်စပ်ကုန်သွယ်ရေး ကော့သောင်း-ရနောင်းမှ ပိုမိုလုပ်ဆောင်လာ

ကမောက်ကမဖြစ်နေတဲ့ သီးနှံဈေးကွက်

ရခိုင်၌ စက်သုံးဆီ၊ ဆေးဝါးနှင့် စားသောက်ကုန်များ ပြတ်လပ်

Your Thoughts …
Tags: ကုန်ဈေးနှုန်းဆေးဝါးဈေးအခြေခံစားသောက်ကုန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.7k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
20.8k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

by ခင်မမ
12 January 2024
16.7k

စစ်မတိုက်တတ်၍ စစ်ရှုံးနေသော၊ ဘာမဆိုလုပ်ရဲသော သာဝတယောက် ၂၀၂၄ နှစ်ဆန်းတွင် စစ်သံမပေးရဲ၊ လေသံ မမာရဲတော့ပေ။

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

by ဇေယျ (အညာ)
10 August 2023
15.8k

ယခုလည်း မြန်မာစစ်ခေါင်းဆောင်က အကြီးဆုံးဘုရားဆိုသည်ကို ငွေကြေးသန်းပေါင်းများစွာ အကုန်အကျခံ၍ တည်ပြီးချိန်တွင် မြန်မာငွေက နောက်တဆင့်တိုး၍ ဖောင်းပွနေ၏။

စစ်ကောင်စီ ဆန်‌စျေးသတ်မှတ်၊ စျေးပိုရောင်းသူ အရေးယူမည်ဟုဆို

စစ်ကောင်စီ ဆန်‌စျေးသတ်မှတ်၊ စျေးပိုရောင်းသူ အရေးယူမည်ဟုဆို

by ဧရာဝတီ
28 August 2023
12.1k

ပြည်တွင်း ဆန်ဈေးကို စစ်ကောင်စီ သတ်မှတ်ထားသည့် ဈေးနှင့်သာ ရောင်းချရမည် ဖြစ်ကြောင်း၊ ယင်းသတ်မှတ် ဈေးထက် ပို၍ ရောင်းချပါက အရေးယူသွားမည်

အကျပ်အတည်းများကြားက ဗလောင်းဗလဲ စစ်ကောင်စီ

အကျပ်အတည်းများကြားက ဗလောင်းဗလဲ စစ်ကောင်စီ

by ဝေမင်းထွန်း
26 August 2023
11.2k

မြန်မာစစ်တပ်တွင် မူမရှိချေ။ ၎င်းတို့တွင် အကျိုးစီးပွားသာရှိကြ၏။ ၎င်းတို့ အာဏာခိုင်မြဲရေးကိုသာ ရှေးရှုကြ၏။

Next Post
ကုန်ချင်း တိုက်ရိုက်ဖလှယ်သည့် စနစ် စစ်ကောင်စီ ပြန်ကျင့်သုံးမည်

ကုန်ချင်း တိုက်ရိုက်ဖလှယ်သည့် စနစ် စစ်ကောင်စီ ပြန်ကျင့်သုံးမည်

SSPP တပ်တွေ ပြန်ပို့တဲ့ကိစ္စ TNLA ရှင်းလင်း (ရုပ်/သံ)

SSPP တပ်တွေ ပြန်ပို့တဲ့ကိစ္စ TNLA ရှင်းလင်း (ရုပ်/သံ)

No Result
View All Result

Recommended

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

1 week ago
26.8k
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

5 days ago
4.5k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် ချောင်ပိတ်မိနေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate