• English
Saturday, July 19, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

ပလပ်စတစ်တွေကို ဇီဝပလပ်စတစ် အဖြစ် တပတ်အတွင်း ပြောင်းလဲနိုင်မည့် နည်းလမ်းထိုင်းနိုင်ငံ ရှာဖွေတွေ့ရှိ

by သက်နိုင်ဦး (UCSL)
26 June 2017
in IT
A A
ပလပ်စတစ်တွေကို  ဇီဝပလပ်စတစ် အဖြစ် တပတ်အတွင်း ပြောင်းလဲနိုင်မည့် နည်းလမ်းထိုင်းနိုင်ငံ ရှာဖွေတွေ့ရှိ
3k
VIEWS
Share on FacebookShare on Twitter

မြေဆီလွှာအတွက် အဓိကဒုက္ခပေးနိုင်တဲ့ ပလပ်စတစ်တွေကို ဖြိုခွဲဖျက်ဆီးနိုင်မယ့် နည်းလမ်းကို ထိုင်းနိုင်ငံက ရှာဖွေေတွေ့ရှိပြီလို့ သိရပါတယ်။ အခြား ဖွံ့ဖြိုးပြီး နိုင်ငံတွေလိုပဲ၊ ထိုင်းနိုင်ငံမှာလည်း ဘေးကျပ်နံကျပ် ဖြစ်နေတာ တခုက စွမ်းအင် လိုအပ်ချက် ဖြည့်ဆည်းဖို့နဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို နှောင့်နှေးမှု မဖြစ်စေဘဲ လိုအပ်ချက် ပြည့်မြောက်အောင် ဆောင်ရွက်နိုင်ဖို့ပဲ ဖြစ်ပါတယ်။မြေဆီလွှာအတွက် အဓိကဒုက္ခပေးနိုင်တဲ့ ပလပ်စတစ်တွေကို ဖြိုခွဲဖျက်ဆီးနိုင်မယ့် နည်းလမ်းကို ထိုင်းနိုင်ငံက ရှာဖွေေတွေ့ရှိပြီလို့ သိရပါတယ်။ အခြား ဖွံ့ဖြိုးပြီး နိုင်ငံတွေလိုပဲ၊ ထိုင်းနိုင်ငံမှာလည်း ဘေးကျပ်နံကျပ် ဖြစ်နေတာ တခုက စွမ်းအင် လိုအပ်ချက် ဖြည့်ဆည်းဖို့နဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို နှောင့်နှေးမှု မဖြစ်စေဘဲ လိုအပ်ချက် ပြည့်မြောက်အောင် ဆောင်ရွက်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

ဒီအကြပ်အတည်းကိုဖြေရှင်းနိုင်ဖို့ ထိုင်းနိုင်ငံရဲ့ Eastern Economic Corrider (EEC) အနေနဲ့ သဘာ၀ အခြေပြု ဖြေရှင်းနည်းတခုကို ရှာဖွေခဲ့တာပါ။ အထူးသဖြင့် စိုက်ပျုးရေးကိုလည်း အထောက်အကူ ဖြစ်စေမယ့် စွန့်ပစ် ပစ္စည်းတွေကနေ စီးပွားရေးဖွံ့ဖြိုးလာခြင်းမျိုးပါ။ ဒီလို အသစ်ဖန်တီးမှုထက် Recycle ပုံစံစွန့်ပစ် ပစ္စည်းတွေကို ပြန်လည် သန့်စင် အသုံးပြုစနစ်ကို အခြား နိုင်ငံတွေလိုပဲ စတင် ခဲ့တာတွေ့ရပါတယ်။

RelatedPosts

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
793
Microsoft က AI မှာ ရင်းနှီးမြှုပ်နှံမှု ကြီးနေလို့ ဆိုပြီး ဝန်ထမ်း ၉၀၀၀ ခန့် လျှော့မယ်တဲ့

Microsoft က AI မှာ ရင်းနှီးမြှုပ်နှံမှု ကြီးနေလို့ ဆိုပြီး ဝန်ထမ်း ၉၀၀၀ ခန့် လျှော့မယ်တဲ့

6 July 2025
498
Apple က ဥရောပ App Store တွေ ရဲ့ စည်းမျဉ်းတွေ ပြောင်းလဲ၊ ယူရို သန်း ၅၀၀ ဒဏ်ကြေး ရှောင်လွှဲနိုင်ဖို့လို့ ဆို

Apple က ဥရောပ App Store တွေ ရဲ့ စည်းမျဉ်းတွေ ပြောင်းလဲ၊ ယူရို သန်း ၅၀၀ ဒဏ်ကြေး ရှောင်လွှဲနိုင်ဖို့လို့ ဆို

29 June 2025
954

ဒါအပြင် EEC အနေနဲ့ အစိုးရထံကို တင်ပြပြီး သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို အားပေးဖို့ အကူအညီ တောင်းခံခဲ့တာ တွေ့ရသလို EEC အနေနဲ့ နောက်ပိုင်းမှာ စွမ်းအင်ထုတ်လုပ်နိုင်မှု အားကောင်းလာခြင်းနဲ့ အတူ ကားထုတ်လုပ်မှု၊ စိုက်ပျိုးရေး၊ ဇီဝနည်းပညာ၊ စက်ရုပ်ပိုင်း ဆိုင်ရာ ဖန်တီးမှု၊ ဇီဝလောင်စာဆီ ထုတ်လုပ်မှု၊ ဇီဝဓာတုပစ္စည်း ထုတ်လုပ်မှုနဲ့ အခြား နည်းပညာ ပစ္စည်းတွေကို အဆင့်မြှင့်တင် ကြိုးစားဖန်တီးနိုင်ဖို့ ဖြစ်ပါတယ်။

EEC ရဲ့ ပထမဦးဆုး လုပ်ဆောင်ချက်အရ တခါသုံး ပလပ်စတစ်အိတ်တွေနဲ့ အစားအသောက်ထည့် ဖော့ဘူး တွေကို ပြန်လည် သန့်စင်ပြီး ဇီဝပလပ်စတစ်နဲ့ အခြား ထုတ်လုပ်ဖန်တီးနိုင်တဲ့ ပြန်လည် အသုံးပြုနိုင်မယ့် ပစ္စည်းတွေ အဖြစ် ပြောင်းလဲ ထုတ်လုပ်ခဲ့တာ တွေ့ရပါတယ်။

အဲဒီကနေ ကျန်ရှိတဲ့ စွန့်ပစ် အရာတွေကိုတော့ သတင်းတပတ် အတွင်း ဖြိုခွဲနိုင်အောင် ကြိုးစားဖန်တီး လာနိုင်တာလည်း တွေ့ရပါတယ်။ လက်ရှိမှာထိုင်းနိုင်ငံအတွင်း စွန့်ပစ် ပလပ်စတစ်ကနေ ဇီဝပလပ်စတစ် ပြန်လည် ထုတ်လုပ်နိုင်မှု အားကောင်းလာခြင်းက နိုင်ငံတကာ ဇီဝပလပ်စတစ် ထုတ်လုပ်သူ Corbion ကိုတောင်မှ ထိုင်းနိုင်ငံမှာ လုပ်ငန်းလုပ်ကိုင်ဖို့ ဆွဲဆောင်လာနိုင်ခဲ့ပြီး မကြာသေးခင်ကပဲ Corbion ကနေ ထိုင်းနိုင်ငံမှာ ဇီဝပလပ်စတစ် ထုတ်လုပ်ဖို့ ဒေါ်လာသန်း ၁၀၀ ရင်းနှီးမြှပ်နှံကြောင်း ကြေငြာထားတာ တွေ့ရပါတယ်။

Corbionရဲ့ စက်ရုံကတော့ ၂၀၁၈ ခုနှစ် အတွင်း Rayong မှာ ဖွင့်လှစ် လည်ပတ်မှာ ဖြစ်ပြီး ပိုလီလက်တစ်အက်ဆစ် (PLA) နဲ့ အတူ ကြံကနေ ဇီဝပလပ်စတစ် ထုတ်လုပ်မှုတွေ ရှိလာမှာပါ။

ဒီနေ့ခေတ် PLA ဈေးကွက်က တစ်နှစ်ကို ရာခိုင်နှုန်း ၁၅ ကနေ ၂၀ ထိအောင် တိုးတက်လာနေပါတယ်၊ အထူးသဖြင့်တော့ ဆီအခြေပြု ပလပ်စတစ်ကနေ သဘာ၀ အခြေပြု ပလပ်စတစ်တွေ အသုံး များလာတဲ့ အတွက် ဇီဝပလပ်စတစ် ထုတ်ဖို့ PLA ဝယ်လိုအား လိုက်လာတာပါလို့ Corbion ရဲ့ ဈေးကွက် ဒါရိုက်တာ Francois de Bie က ပြောပါတယ်။ PLA ဟာ ကာဗွန်ပါဝင်မှု နည်းတာကြောင့် ပလပ်စတစ် ဖောင်းပွမှုကို လျော့ချနိုင်တယ် လို့ သူက ရှင်းပြပါတယ်။

ဈေးဝယ်သူတွေဟာ ဖျက်ဆီးရခက်တဲ့ အနေအထားမှာ ပလပ်စတစ်တွေရဲ့ ဆိုးကျိုးတွေကို သိလာနေပြီး ဇီဝပလပ်စတစ် ဘက်ကို ဦးလှည့်လာကြပါတယ် လို့ သူက ဆက်ပြောပါတယ်။ EEC အနေနဲ့လည်း အခုလို စွန့်ပစ် ပလပ်စတစ်နဲ့ သဘာ၀ အခြေပြု ကုန်ကြမ်းတွေကနေ ဇီဝပလပ်စတစ် ထုတ်လုပ်ဖို့ ရင်းနှီးမြှပ်နှံ လာသူ တွေကို နိုင်ငံရဲ့ ဥပဒေနဲ့ အဆင်ပြေအောင်၊ လုပ်ငန်းတွေ ကောင်းကောင်း လုပ်နိုင်အောင် ဝင်ကူပေးနေတာ တွေ့ရပါတယ်။

EEC ရဲ့ Website မှာလည်း ပြည်ပရင်းနှီးမှုတွေ အားကောင်းလာစေဖို့ အတွက် နိုင်ငံရဲ့ ဥပဒေပေါင်း ၁၀၀ ကျော်ကို ပြင်ဆင်ခြင်းတွေ၊ ဆိုင်းငံ့ခြင်းတွေ လုပ်ဆောင်ပေးထားတယ် လို့ ဖော်ပြထားတာတွေ့ရပါတယ်။

အခုလို သဘာဝစနစ် အထောက်အကူပြု လုပ်ငန်းတွေ ဝင်ရောက်လာခြင်းဟာ ရေရှည်မှာ ပတ်ဝန်းကျင် သာယာရေး အတွက် ကောင်းကောင်း အထောက်အပံ့ဖြစ်မယ် လို့ ယူဆရပြီး အခြား ပတ်ဝန်းကျင် ထိခိုက်မှု များမယ့် စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးမှုထက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်လည်း ရှိလာတာ ဖြစ်ပါတယ်။ ။

Ref: www.architecturaldigest.com

Your Thoughts …
Tags: ဇီဝပလပ်စတစ်
သက်နိုင်ဦး (UCSL)

သက်နိုင်ဦး (UCSL)

Similar Picks:

No Content Available
Next Post
သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကြောင့် ဆန္ဒထုတ်ဖော်နေသည့် ဒေသခံများ  / စိုးလွင်ဦး / facebook

ကြေးနီစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဒေသခံများ ဆန္ဒပြ

ရန်ကုန် သာကေတရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ / ဧရာဝတီ

မီတာခတိုးမြင့်ကောက်ခံရန်ရှိဟု လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနပြောဆို

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

2 days ago
3.7k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

3 days ago
3.5k

Most Read

  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate