အမေရိကန်နိုင်ငံ၊ စတန်းဖို့ တက္ကသိုလ်က သိပ္ပံပညာရှင်တွေက လှုပ်ရှားနေတဲ့ လျှပ်စစ်သုံး ပစ္စည်းတွေကို အားသွင်းနိင်မယ့် နည်းပညာကို ဖန်တီး စမ်းသပ် အောင်မြင်လာတာ တွေ့ရပါတယ်။ ဒါပေမယ့် အဆိုပါ ရွေ့လျား ပစ္စည်းတွေ အနေနဲ့ အကွာအဝေး အများအပြားကို အားသွင်းနိုင်ဦးမှာတော့ မဟုတ်ပဲ အားသွင်းစနစ်ရဲ့ အနီးမှာ ရှိတဲ့ အရာတွေကို ကြိုးမဲ့ အနေနဲ့ အားသွင်းပေးနိုင်မှာပဲ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ စတန်းဖို့ တက္ကသိုလ်က သိပ္ပံပညာရှင်တွေက လှုပ်ရှားနေတဲ့ လျှပ်စစ်သုံး ပစ္စည်းတွေကို အားသွင်းနိင်မယ့် နည်းပညာကို ဖန်တီး စမ်းသပ် အောင်မြင်လာတာ တွေ့ရပါတယ်။ ဒါပေမယ့် အဆိုပါ ရွေ့လျား ပစ္စည်းတွေ အနေနဲ့ အကွာအဝေး အများအပြားကို အားသွင်းနိုင်ဦးမှာတော့ မဟုတ်ပဲ အားသွင်းစနစ်ရဲ့ အနီးမှာ ရှိတဲ့ အရာတွေကို ကြိုးမဲ့ အနေနဲ့ အားသွင်းပေးနိုင်မှာပဲ ဖြစ်ပါတယ်။
နည်းပညာ အနေနဲ့ လျှပ်စစ်ကားတွေကို မောင်းနှင်နေရင်း အားသွင်းနိုင်မယ့် အပြင်၊ ကျန်းမာရေးသုံး လျှပ်စစ် ပစ္စည်းတွေနဲ့ ဖုန်းတွေကို ချိတ်ဆက်ဖို့ မလိုပဲ သယ်ဆောင် သွားလာ အသုံးပြုနေရင်း အားသွင်းလာနိုင်မှာလည်း ဖြစ်ပါတယ်။
ပါမောက္ခ Shanhui Fan က “ကျနော် တို့ရဲ့ နည်းပညာက ဒီနေ့ခေတ် လူမှု ဘ၀ အသုံးပြုမှုမှာ အရေးပါတဲ့ လျှပ်စစ်ကားလို အရာတွေကနေ ဖုန်းတွေထိအောင် ရွေ့လျားနေသည့်တိုင် အားသွင်းပေးနိုင်မှာပါ” လို့ ပြောပါတယ်။ အဆိုပါ စမ်းသပ်မှု အကြောင်းကို Nature ဂျာနယ်မှာ ထည့်သွင်း ဖော်ပြထားတာ တွေ့ရပြီး လက်ရှိ လူသုံးများလာတဲ့ Plug-in လျှပ်စစ် ကားတွေမှာ ပင်မ လျှပ်စစ် စနစ်နဲ့ ချိတ်ဆက် စရာ မလိုပဲ အားသွင်းနိုင်အောင် အစားထိုးနိုင်မယ် လို့ ဆိုပါတယ်။
ဒါပေမယ့် အကွာအဝေး တခု သတ်မှတ်ထားရှိမှာ ဖြစ်ပြီး အားသွင်းချင်တဲ့ ကားအနေနဲ့ အဆိုပါ အကွာအဝေး အတွင်းမှာ တော့ ရှိနေရမှာ ဖြစ်တယ် လို့ ဆိုပါတယ်။ ဒါဆိုရင်တော့ သတ်မှတ် အကွာအဝေး ကျယ်ပြန့်ရင် ကျယ်ပြန့်သလို လျှပ်စစ်ကား သုံးသူတွေ အနေနဲ့ ကားကို ရပ်တန့်ဖို့ မလိုဘဲ အားသွင်းလာနိုင်မှာပါ။
တချို့ကလည်း အခုလို အားသွင်းစနစ်ကို ယာဉ်သွားရာ လမ်းအတွင်း အထိ အကွာအဝေးအလိုက် ထည့်သွင်း ဖန်တီးထားရင် လမ်းကြောင်း ရှိသလောက် ရပ်တန့်ဖို့ မလိုဘဲ အားသွင်းလာနိုင်မယ်လို့ ယူဆနေပါတယ်။ အခုလို အားသွင်းဖို့ အတွက် ကားရဲ့ အောက်ဘက်ပိုင်းမှာ လျှပ်စစ် လှိုင်းတွေကို လက်ခံနိုင်မယ့် Coil ကို ထည့်သွင်းထားရမယ်၊ လျှပ်စစ်စနစ် ထုတ်လွှတ်မယ့် ပင်မ စနစ်မှာလည်း အဆိုပါ Coil စနစ်ကို အဆင့်လိုက် တပ်ဆင်ထားမယ် ဆိုရင် အဆင်ပြေမယ် လို့ ရှင်းပြပါတယ်။
“ဒီ ကြိုးမဲ့ အားသွင်းစနစ်ဟာ ကျနော်တို့နဲ့ အတူ လိုအပ်တဲ့ လျှပ်စစ်အားကို အမြဲ ယူဆောင် ပါရှိနေသလို ဖြစ်စေပါတယ်” လို့ Shanhui Fan က ဆိုပါတယ်။
အခုလို လျှပ်စစ်လှိုင်း ထုတ်လွှတ်မှုကိုတော့ သံလိုက်လှိုင်း အပေါ် အခြေခံပြီး ဖန်တီးယူတာ ဖြစ်တယ်လို့ သိရပါတယ်။ သံလိုက် ဗဟိုပြု လျှပ်စစ်ထုတ် Coil တွေကို အဆက်မပြတ် လည်ပတ်စေချိန်မှာတော့ လေထဲမှာ လျှပ်စစ်လှိုင်းတွေ ဖြန့်ကြက်သွားပြီး ကြိုးမဲ့ အနေနဲ့ အားသွင်းနိုင်လာတာ ဖြစ်ပါတယ်။ နည်းပညာ မိတ်ဆက်ပွဲမှာတော့ တီထွင်သူတွေက ၁ မီလီဝပ် အားကိုပဲ သွင်းနိုင်တဲ့ LED မီးလုံးကို ကြိုးမဲ့ အနေနဲ့ အားသွင်းပြခဲ့တာ တွေ့ရပါတယ်။ ဒါဟာ လျှပ်စစ်ကား အတွက် လိုအပ်တဲ့ လျှပ်စစ် ပမာဏလောက် လွှင့်ထုတ် အားသွင်းနိုင်ဖို့တော့ ထပ်ပြီး အဆင့်မြှင့် ဖန်တီးဖို့ ရှိနေတဲ့ အနေအထားပါ။
ပညာရှင်တွေကတော့ Coil နဲ့ ပင်မ လျှပ်စစ်အား ပမာဏကို ချဲ့လိုက်မယ် ဆိုရင် ပိုမို မြန်ဆန်ပြီး အကွာအဝေး များများ ထိအောင် အားသွင်းပေးနိုင်မယ် လို့ ဆိုပါတယ်။“ကျနော်တို့ လျှပ်စစ်ကားကို အားမြန်မြန် သွင်းနိုင်ဖို့ ကြိုးစား ဖန်တီးမှု လုပ်နေပါတယ်။ အကွာအဝေး ကျယ်ကျယ်ထိ အောင် အားသွင်းနိုင်ဖို့ကိုတော့ နောက်ပိုင်းမှာ ဖန်တီးပါမယ်လို့ Fan က ဆိုပါတယ်။
လက်ရှိမှာတော့ Fanနဲ့ ပညာရှင်တွေ ဟာ သံလိုက်လှိုင်း ထုတ်လွှင့်မှု စည်းချက် မှန်မှန်၊ နှုန်း မှန်မှန်နဲ့ ထုတ်နိုင်ပြီး ပင်မလျှပ်စစ် ထုတ်လွှတ်အားကို လည်း ကောင်းအောင် ဖန်တီးဖို့ ထပ်မံ ကြိုးစားနေတာ တွေ့ရပြီး Transmitter နေရာမှာ Amplifer တွေ အစားထိုး ထည့်ပြီး အားမြန်မြန် သွင်းနိုင်အောင် ဖန်တီးနေတယ် လို့ သိရပါတယ်။ ။
Ref: www.news18.com