IT

Jaguar Land Rover က မောင်းသူမဲ့ကား ထုတ်လုပ်ဖို့ Lyft နဲ့ အတူ ရင်းနှီးမြှပ်နှံမှုလုပ်

Want create site? Find Free WordPress Themes and plugins.

အင်္ဂလန် အခြေစိုက် Jaguar Land Rover ကုမ္ပဏီက မောင်းသူမဲ့ကား ဖန်တီးထုတ်လုပ်နိုင်ဖို့ အတွက် နည်းပညာပိုင်း ကုမ္ပဏီ Lyft ချိတ်ဆက်ပြီး အရင်းအနှီး ဒေါ်လာ ၂၅သန်း ထည့်ဝင်ခဲ့ပါတယ် လို့ သိရပါတယ်။အင်္ဂလန် အခြေစိုက် Jaguar Land Rover ကုမ္ပဏီက မောင်းသူမဲ့ကား ဖန်တီးထုတ်လုပ်နိုင်ဖို့ အတွက် နည်းပညာပိုင်း ကုမ္ပဏီ Lyft ချိတ်ဆက်ပြီး အရင်းအနှှီး ဒေါ်လာ ၂၅သန်း ထည့်ဝင်ခဲ့ပါတယ် လို့ သိရပါတယ်။

အဆိုပါ ရင်းနှီးငွေတွေကို မောင်းသူမဲ့ကား နည်းပညာပိုင်း စမ်းသပ် လေ့လာမှုတွေ အတွက် အသုံးပြုမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။ အခု Jaguar Land Rover ရဲ့ ထည့်ဝင်ငွေဟာ Lyft ကို နည်းပညာပိုင်း အလျင်အမြန် တိုးတက် ကောင်းမွန်လာစေမယ့် အထောက်အပံ့ ဖြစ်လာစေနိုင်ပြီး နည်းပညာ အသစ် ဖန်တီးနိုင်ပြီ ဆိုတာနဲ့ Lyft အနေနဲ့ အဆိုပါ နည်းပညာကို Jaguar Land Rover ထံ ပေးအပ် အသုံးပြုခွင့် ပေးလာဖို့လည်း ရှိလာပါတယ်။

Jaguar Land Rover အနေနဲ့ ဒေါ်လာ ၂၅သန်း အပြင် အခြား စမ်းသပ် အသုံးပြုဖို့ ကားတွေလည်း Lyft ကို ပေးအပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။အထူးသဖြင့် အဆိုပါ ကားတွေကို မောင်းသူမဲ့ကား ထုတ်လုပ်မှု အတွက် စမ်းသပ် အသုံးပြုမှာလည်း ဖြစ်ပါတယ်။

ကျနော်တို့ အနေနဲ့ Lyft လို နည်းပညာကောင်းတွေ ဖန်တီးနိုင်တဲ့ ကုမ္ပဏီနဲ့ လက်တွဲခွင့် ရလို့ ကျေနပ်မိပါတယ်၊ Lyft ဆီကနေ မောင်းသူမဲ့ ကားဖန်တီးမှု နည်းပညာ အဓိက အောင်မြင်အောင် ဖန်တီးပေးလာနိုင်ဖို့ မျှော်လင့် သလို Jaguar Land Rover ရဲ့ ကားတွေကို နည်းပညာပိုင်း ပိုကောင်းအောင် ဖန်တီးမှုတွေ လုပ်ဆောင်လာ နိုင်မယ် လို့ မျှော်လင့်ပါတယ်လို့ InMotion ရဲ့ မန်နေဂျင်းဒါရိုက်တာ Sebastian Peck က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အနည်းငယ် ကနေ စတင်ပြီး ကားကုမ္ပဏီတိုင်းဟာ မောင်းသူမဲ့ကား ဖန်တီးနိုင်ဖို့ အားစိုက်လာ နေကြတာလည်း တွေ့ရပါတယ်။ အဆိုပါ ကုမ္ပဏီတွေထဲမှာ နည်းပညာပိုင်း ဖန်တီးမှု အားကောင်းတဲ့ Lyft နဲ့ ချိတ်ဆက် လုပ်ကိုင်နိုင်ဖို့ ကြိုးစားခဲ့တဲ့ ကုမ္ပဏီတွေလည်း တွေ့ရပြီး အခု Jaguar Land Rover က လက်တွဲလာ နိုင်တာလည်း ဖြစ်ပါတယ်။

တကယ်တော့ အခု Lyft နဲ့ အတူ အမေရိကန် အခြေစိုက် General Motors ကလည်း ဒေါ်လာ သန်း ၅၀၀ ထိအောင် ထည့်ဝင် ရင်းနှီးထားပြီး ဖြစ်ကာ GM ရဲ့ လက်အောက်က Chevy ရဲ့ Volt မော်ဒယ်ကို မောင်းသူမဲ့ မော်ဒယ် အဖြစ် ထုတ်လုပ်နိုင်အောင် ကြိုးစားခဲ့တာ တွေ့ရပါတယ်။

ဒါဆိုရင်တော့ Lyft အနေနဲ့ မောင်းသူမဲ့ နည်းပညာကို ပြီးပြည်စုံအောင် ဖန်တီးနိုင်ပြီ ဆိုရင်တော့ GM အနေနဲ့ ရော Jaguar Land Rover တို့အနေနဲ့ပါ မောင်းသူမဲ့ ကားတွေကို တပြိုင်နက်တည်း ထုတ်လုပ်လာနိုင်ဖို့ ရှိနေတာ လည်း ဖြစ်ပါတယ်။

Ref: www.carwale.com 

Did you find apk for android? You can find new Free Android Games and apps.
Loading