• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

Microsoft ကနေ လုံခြုံရေးစနစ်သစ် ပါရှိတဲ့ Windows 10 Keyboard စနစ်သစ်ကို မိတ်ဆက်

by သက်နိုင်ဦး (UCSL)
2 July 2017
in IT
A A
Microsoft ကနေ လုံခြုံရေးစနစ်သစ် ပါရှိတဲ့ Windows 10 Keyboard စနစ်သစ်ကို မိတ်ဆက်
12.6k
VIEWS
Share on FacebookShare on Twitter

Window စနစ်နဲ့ ကွန်ပျူတာ အသုံးများတဲ့ သူတွေ အတွက် အဆင်ပြေမယ့် Keyboard စနစ်သစ်ကို အမေရိကန် အခြေစိုက် နည်းပညာ ကုမ္ပဏီ Microsoft ကနေ အသစ် မိတ်ဆက်လာပါပြီ။ Surface လို့လည်း ခေါ်သလို Modern လို့လည်း ခေါ်နိုင်ပါတယ်။ သူ့မှာ Alt နဲ့ Ctrl ခလုတ်တွေ အကြားမှာ လုံခြုံရေး စနစ် အနေနဲ့ လက်ဗွေဖတ်စနစ်ကို အလွယ် သုံးနိုင်အောင် ထည့်သွင်း ဖန်တီးထားတာ တွေ့ရပါတယ်။

အဆိုပါ လက်ဗွေဖတ်စနစ်ဟာ အခြား Keyboard စနစ်တွေနဲ့ မတူဘဲ မျက်နှာပြင်မှာ လက်ဗွေဖတ်စနစ် အတွက် ခလုတ် သီးသန့် ထည့်ပေးထားတာပါ။ ကုမ္ပဏီကတော့ လက်ဗွေဖတ်စနစ်ကို Keyboard ရဲ့ ခလုတ်တွေထဲမှာ သီးခြား ခလုတ် တခု အနေနဲ့ ထည့်သွင်းထားပြီး လက်ဗွေစနစ်နဲ့ ကွန်ပျူတာကို Lock ချနိုင်အောင် ဖန်တီးထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဆိုရင်တော့ Password လို ခလုတ်တွေ များများ နှိပ်ပြီး ဖွင့်စရာ မလိုတော့ဘူး ပေါ့။

RelatedPosts

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.7k
ထရမ့် နဲ့ ပတ်သက်မိလို့ ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကြရတဲ့ ဘီလီယံနာ သူဌေးကြီး ၄ ဦး

ထရမ့် နဲ့ ပတ်သက်မိလို့ ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကြရတဲ့ ဘီလီယံနာ သူဌေးကြီး ၄ ဦး

4 May 2025
2.9k
တရုတ် DeepSeek က အသုံးပြုသူ အချက်အလက်တွေ ခွင့်ပြုချက် မရှိဘဲ လွှဲပြောင်းလို့ ဆို

တရုတ် DeepSeek က အသုံးပြုသူ အချက်အလက်တွေ ခွင့်ပြုချက် မရှိဘဲ လွှဲပြောင်းလို့ ဆို

27 April 2025
1.5k

အခု အသစ်ထွက်လာတဲ့ Windows 10 စနစ်မှာ ဖုန်းတွေလိုပဲ ကွန်ပျူတာကို လက်ဗွေဖတ် စနစ်နဲ့ Lock ချနိုင်လာပါတယ်။ ဒါမှမဟုတ် Windows Hello ကို သုံးရင်လည်း လက်ဗွေဖတ်စနစ် ပါရှိပါတယ်။ Modern Keyboard စနစ်က Windows 10 နဲ့ အဆင်ပြေအောင် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ပြီးတော့ MacOS နဲ့လည်း ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။

နောက်ဆုံး Version မြင့် Androidဖုန်းတွေမှာလည်း ချိတ်ဆက် အသုံးပြုလို့ ရပါတယ်။ ဒီ Keyboard စနစ်မှာ အရောင် ၂ မျိုးပဲ လာပါတယ်။ ငွေရောင်နဲ့ မီးခိုးရောင်ပါ။ ကြိုးနဲ့ ချိတ်ဆက် အသုံးပြုရမယ့် ပုံစံနဲ့လည်း ရနိုင်သလို ကြိုးမဲ့ ဆိုရင်လည်း Bluetooth 4.0 နဲ့ နောက်ပိုင်းထုတ် ဆိုရင် ပြေပါတယ်။

ဒါပေမယ့် အထက်မှာ ပြောခဲ့တဲ့ MacOS နဲ့ Android ဖုန်းတွေမှာ Modern Keyboard ချိတ်ဆက် သုံးနိုင်မှုက Microsoft က ပြောတာတော့ မဟုတ်ပါဘူး။ ကုမ္ပဏီက သူ့ရဲ့ Keyboard အနေနဲ့ Windows 10 Surface Studio, Pro နဲ့ Laptop တွေမှာပဲ အကောင်းဆုံး အဆင်ပြေအောင် သုံးနိုင်မယ် လို့ ပြောတာပါ။ မိတ်ဆက်ပြောပြချက်တွေ အရတော့ အခြား စနစ်တွေနဲ့လည်း အဆင်ပြေဖို့ ရှိနေတာပါ။ Windows 8 နဲ့ နောက်ထွက် စနစ်သုံး ကွန်ပျူတာတွေမှာ သုံးနိုင်မယ်၊ Windows 10 သုံး ဖုန်းတွေမှာလည်း သုံးနိုင်မယ်၊ အမေရိကန်မှာတော့ ၁၂၉ ဒသမ ၉၉ ဒေါ်လာနဲ့ ရောင်းချမယ်လို့ သိရပါတယ်။

Microsoft အနေနဲ့ အခု Keyboard တခုတည်း မိတ်ဆက်တာ မဟုတ်ပဲ Modern Mouse ကိုလည်း ပူးတွဲ မိတ်ဆက်လာ ပါတယ်။ ဒီ Mouseမှာ ခလုတ်ပျောက် ပုံစံနဲ့ ခလုတ်ကို ထည့်သွင်း ဖန်တီးထားပါတယ်။ ဆိုလိုတာကတော့ ပုံမှန် Mouse တွေလို Left နဲ့ Right ခလုတ် ၂ ခု ပါရှိ ပေမယ့် သူတို့ရဲ့ ခလုတ် တည်နေရာက ပုံမှန် လက်ညှိုး၊ လက်ခလယ် နေရာမှာ ဖြစ်ပေမယ့် ခလုတ်ပါရှိမှန်း မြင်ရမှာ မဟုတ်ပါဘူး။

ပြီးတော့ သတ္တုသားနဲ့ ဖန်တီးထားတဲ့ Scroll ဘီးပါပါတယ်။ Mouse ကိုလည်း ကြိုးမဲ့နဲ့ သုံးချင်ရင် Bluetooth 4.0 နဲ့ နောက်ပိုင်းအဆင့်တွေ ဆိုရင် ရမှာပါ။ Mouse ကိုတော့ AAA အရွယ် ဓာတ်ခဲ ထည့်သုံးရမှာပါ။ Keyboard မှာတော့ ဘက်ထရီ ပါရှိပြီး အားပြန်သွင်းနိုင်အောင် ဖန်တီးထားပါတယ်။ အသေးစိပ် အချက်အလက် ဖော်ပြခြင်း မရှိသေးပေမယ့် မကြာခင်မှာ ဈေးကွက်ထဲ ရောက်လာတော့မှာပါ။

Ref: www.express.co.uk

Your Thoughts …
Tags: Windows 10 Keyboard and Modern Mouse
သက်နိုင်ဦး (UCSL)

သက်နိုင်ဦး (UCSL)

Similar Picks:

No Content Available
Next Post
ဗိုလ်ချုပ်အောင်ကြီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း

BEDC နဲ့ ဗိုလ်ချုပ်အောင်ကြီး အကြောင်း

ဒီဇိုင်း- (ကျော်မျိုးထိုက်/ ဧရာဝတီ)

အုန်းဆီဟာ ကျန်းမာရေးအတွက် မသင့်တော် ဟုဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate