• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

Apple ကလည်း မောင်းသူမဲ့ကားတွေ ထုတ်လုပ်တော့မယ်

by သက်နိုင်ဦး (UCSL)
3 July 2017
in IT
A A
Apple ကလည်း မောင်းသူမဲ့ကားတွေ ထုတ်လုပ်တော့မယ်
4.7k
VIEWS
Share on FacebookShare on Twitter

အမေရိကန်ရဲ့ အထင်ကရ အဖြစ်ဆုံး နည်းပညာကုမ္ပဏီ၊ ကမ္ဘာမှာ ဝင်ငွေ အကောင်းဆုံး ကုမ္ပဏီဖြစ်တဲ့ Apple က အရင်နှစ်တွေကတည်းက မောင်းသူမဲ့ အလိုအလျောက် သွားလာမယ့် မော်တော်ယာဉ်လောကထဲကို Apple ရောက်လာနိုင်တယ်၊ အဆိုပါ လောကကို စိတ်ဝင်စားတယ် ဆိုတာ ပြောလာခဲ့တာပါ။ အခုတော့ Apple အနေနဲ့ လျှစ်စစ်စနစ်နဲ့ မောင်းသူမဲ့ ကားလောကို ခြေချလာဖို့ ရှိနေပါပြီ။

Bloomberg နဲ့ Apple ရဲ့ CEO ဖြစ်သူ Tim Cook က အင်တာဗျူးတခုမှာ “မောင်းသူမဲ့ ကားဖန်တီးဖို့ စိတ်ဝင်စားပါတယ်၊ ပင်မ အထိုင် စနစ်နဲ့ သုံးမယ့် နည်းပညာရပ်ဟာ ကားတီထွင်မှုရဲ့ သော့ချက်ပါပဲ၊ AI နည်းပညာကို သုံးပြီး အကောင်းဆုံး ဖန်တီးမှု လုပ်ဆောင်ဖို့ ပြင်ဆင်နေပါတယ်” လို့ ပြောပါတယ်။

RelatedPosts

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
587
Microsoft က AI မှာ ရင်းနှီးမြှုပ်နှံမှု ကြီးနေလို့ ဆိုပြီး ဝန်ထမ်း ၉၀၀၀ ခန့် လျှော့မယ်တဲ့

Microsoft က AI မှာ ရင်းနှီးမြှုပ်နှံမှု ကြီးနေလို့ ဆိုပြီး ဝန်ထမ်း ၉၀၀၀ ခန့် လျှော့မယ်တဲ့

6 July 2025
466
Apple က ဥရောပ App Store တွေ ရဲ့ စည်းမျဉ်းတွေ ပြောင်းလဲ၊ ယူရို သန်း ၅၀၀ ဒဏ်ကြေး ရှောင်လွှဲနိုင်ဖို့လို့ ဆို

Apple က ဥရောပ App Store တွေ ရဲ့ စည်းမျဉ်းတွေ ပြောင်းလဲ၊ ယူရို သန်း ၅၀၀ ဒဏ်ကြေး ရှောင်လွှဲနိုင်ဖို့လို့ ဆို

29 June 2025
954

ဒါဆိုရင်တော့ သေချာက Apple ကနေ မဖြစ်မနေ မောင်းသူမဲ့ကားကို ထုတ်လုပ်လာမှာပါ။ တခြား မောင်းသူမဲ့ကား ဖန်တီးနေသူတွေရဲ့ နည်းပညာနဲ့တော့ တူချင်မှ တူပါလိ့်မ်မယ်။ Apple က ဉာဏ်ရည်တုပညာ (AI) နဲ့ လာပါလိမ့်မယ်။

ဒါပေမယ့် နည်းပညာက ချက်ချင်း အောင်မြင်ဖို့တော့ မလွယ်သေးပါဘူး။ အဆင်မသင့်ရင် ဖန်တီးမှု လုံး၀ အောင်မြင်လာ စရာ မရှိဘဲ အရှုံးတောင် ပေါ်သွားနိုင်ပါတယ်။ သို့သော Cook ရဲ့ ပြောကြာချက် တချို့အရ လက်ရှိ ကားကုမ္ပဏီ အများစု ကြိုးစား ဖန်တီးနေတဲ့ မောင်းသူမဲ့ ကားတွေကို အမြန်ဖန်တီး မိတ်ဆက်ဖို့ထက် နောက်ကျချင် နောက်ကျမယ်၊ အကောင်းဆုံး ဖြစ်အောင် ဖန်တီးဖို့ ဆန္ဒရှိနေတယ် ဆိုတာ တွေ့ရပါတယ်။ လမ်းကြောင်းပေါ်မှာ စိတ်အချရဆုံး မော်ဒယ် ဖန်တီးချင်နေပုံပါ။

လက်ရှိမှာတော့ လျှပ်စစ်ကား ဈေးကွက်မှာ အောင်မြင်မှု ကောင်းကောင်းရနေတဲ့ Tesla ကိုယ်တိုင်က လျှပ်စစ်စနစ်နဲ့ မောင်းသူမဲ့ ကားကို ဈေးကွက်တင်ဖို့ ပြင်ဆင်နေပါတယ်။ တခြား ကားကုမ္ပဏီကြီးတိုင်း ကလည်း နည်းပညာပိုင်း ရင်းနှှီးမြှပ်နှံမှုတွေ လုပ်ဆောင်နေပါပြီ။ Google လို ဝင်ငွေကောင်းတဲ့ နည်းပညာ ကုမ္ပဏီကလည်း မောင်းသူမဲ့ ကားကို ဒီဇိုင်း ဆွဲနေပါပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ Google က သူ့ရဲ့ မောင်းသူမဲ့ကား ဖန်တီးမှု အပိုင်းကို ရပ်နားလိုက်တယ် ဆိုပေမယ့် Fiat Chrysler Automobiles နဲ့ ပူးပေါင်းမှုတွေ ရှိနေတာကြောင့် လုံး၀ လက်လျှော့မယ့်ပုံ မရသေးပါဘူး။

အခုတော့ Apple လည်း မောင်းသူမဲ့ကားတွေ ထုတ်လုပ်ဖို့ စိတ်ဝင်စားတယ်၊ ကြိုးစားနေတယ် ဆိုတာ သိလိုက်ရပါပြီ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ အတွင်းက Apple ကနေ အမေရိကန်ရဲ့ အဝေးပြေးလမ်းကြောင်း လုံခြုံရေး ဆိုင်ရာ အုပ်ချုပ်မှုရုံးကို အကြောင်းကြားစာ ပေးပို့ခဲ့ဖူးတာလည်း တွေ့ရပါတယ်။ ဒါဟာ မကြာခင်မှာ မောင်းသူမဲ့ ကားစမ်းသပ်မှု ရှိလာနိုင်တယ် ဆိုတာ သိသာနေစေသလို နည်းပညာပိုင်း အောင်မြင်မှု ဘယ်လောက်ထိအောင် ရောက်နေပြီလဲ ဆိုတာလည်း ခန့်မှန်း နိုင်တဲ့ အနေအထားပါ။

ပြီးခဲ့တဲ့ ဧပြီလ အတွင်းကလည်း ကယ်လီဖိုးနီးယား ပြည်နယ် အစိုးရဆီကနေ မောင်းသူမဲ့ကား စမ်းသပ်မောင်းနှင်မှုကို Lexus RX540h SUV မော်ဒယ်ကို သုံးပြီး စမ်းသပ်ခွင့်ရဖို့ ခွင့်ပြုချက် တောင်းခဲ့တာလည်း တွေ့ရပါတယ်။ ဒါဟာ Cook အနေနဲ့ သက်တမ်း ၄၁ နှစ်ကြာ ကုမ္ပဏီကနေ လက်ရှိ အောင်မြင်နေတဲ့ နည်းပညာ လုပ်ငန်း တခုကနေ တခြား ထုတ်လုပ်မှု တခုကို ကူးပြောင်းပြီး အောင်မြင်မှု ရအောင် ရှာဖွေ ကြိုးစားနေတယ် ဆိုတာ ပေါ်လွင်လာစေပါတယ်။

ကုမ္ပဏီကို ပူးပေါင်း တည်ထောင်သူ Steve Jobs သေဆုံး သွားသည့်တိုင်အောင် လက်ရှိ အချိန်ထိ Apple က ကမ္ဘာ့ အအောင်မြင်ဆုံး ကုမ္ပဏီ အဖြစ် ရပ်တည်နေနိုင်သေး တာပါ။ ကုမ္ပဏီရဲ့ စတော့ ဈေးနှုန်းကလည်း အရင်နှစ်ကထက် ပျမ်းမျှ ရှယ်ယာ တခုကို ဒေါ်လာ ၅၀ လောက် မြင့်တက်လာပါတယ်။ နောက်ဆုံး မိတ်ဆက်ဖို့ ရှိနေ၊ မိတ်ဆက်ထားတဲ့ နည်းပညာနဲ့ ပစ္စည်းသစ်တွေကလည်း ဈေးကွက်မှာ လူကြိုက်များဆဲပါ။ သေချာတာကတော့ ကုမ္ပဏီအနေနဲ့ နောက်ထပ် ထုတ်လုပ်မှု ဖြစ်လာမယ့် မောင်းသူမဲ့ကား အပိုင်းမှာလည်း နေရာ တနေရာ ခိုင်ခိုင်မာမာ ရရှိဖို့ သေချာသလောက်ပါပဲ။

Ref: www.architecturaldigest.com

Your Thoughts …
Tags: မောင်းသူမဲ့ကား
သက်နိုင်ဦး (UCSL)

သက်နိုင်ဦး (UCSL)

Similar Picks:

Domino's မောင်းသူမဲ့ကား

Domino’s က မောင်းသူမဲ့ကားတွေနဲ့ ပီဇာ လိုက်ပို့ပေးမည်

by Nigma
18 June 2019
3.6k

ပစ္စည်းပို့ဆောင်မှု၊ အထူးသဖြင့် အစားအသောက် ပို့ဆောင်မှုပိုင်းကို ပြောင်းလဲပစ်ဖို့ ကြိုးစားနေတဲ့ နည်းပညာကုမ္ပဏီတွေဟာ စက်ရုပ်ကားအပြင် အခြားနည်းလမ်းတွေကိုလည်း ရှာဖွေနေကြပါတယ်။

Gyroscope နဲ့ Accelerometer ဆန်ဆာပါဝင်တဲ့ Device တိုင်းမှာ ယခုနည်းပညာကို အသုံးချနိုင်မှာဖြစ်ပါတယ်

မောင်းသူမဲ့ကားတွေကို ဖုန်းဂိမ်းပုံစံ ထိန်းချုပ်နိုင်မယ့် နည်းပညာအား Ford မူပိုင်ခွင့်တင်

by Nigma
8 October 2018
13.4k

မကြာသေးမီကတင် Ford ဟာ အလိုအလျောက်မောင်းနှင်းနိုင်တဲ့ ကားတစီးကို Touchscreen ပါတဲ့ Device တခုကနေ Driving Mode နှစ်မျိုးနဲ့ ထိန်းချုပ်နိုင်တဲ့ နည်းပညာတမျိုးကို U.S မှာ မူပိုင်ခွင့်ရရှိသွားခဲ့ပါတယ်။

၂၀၂၄ မှာ BMW နဲ့ Mercedes ကားတွေ အလိုအလျောက် မောင်းနှင်နိုင်ပါ

၂၀၂၄ မှာ Mercedes နဲ့ BMW ကားတွေကို အလိုအလျောက် မောင်းနှင်နိုင်မည်

by Nigma
5 July 2019
13k

Mercedes တို့ ထုတ်မှာက Level 4 ဆိုတော့ ယာဉ်မောင်းကတော့ စတီယာရင်နောက်မှာ ရှိနေရဦးမှာပါ။ အလိုအလျောက် ပါကင်ထိုးစနစ် အပါအဝင် ယာဉ်မောင်းအကူ စနစ်မျိုးစုံ ပါဝင်မှာ ဖြစ်ပါတယ်။

မောင်းသူမဲ့ ကားတစီးကို ဖန်တီးနေတဲ့ Huawei 

မောင်းသူမဲ့ ကားတစီးကို Huawei ဖန်တီးနေ

by Nigma
13 June 2019
23.5k

Huawei နည်းပညာသုံး မောင်းသူမဲ့ကားကိုတော့ ၂၀၂၁ ခုနှစ်၊ ဒါမှမဟုတ် ၂၀၂၂ ခုနှစ်အတွင်းမှာ အစောဆုံး ထုတ်လုပ်ရောင်းချနိုင်ဖို့ ခန့်မှန်းထားပါတယ်။

တိုယိုတာမှ တီထွင်ထားတဲ့ မောင်းသူမဲ့ကား

တိုကျို အိုလံပစ် မီးရှူးတိုင် သယ်ဆောင်ပွဲတွင် တိုယိုတာ မောင်းသူမဲ့ ကားတစီး လိုက်ပါမည်

by Nigma
27 August 2019
8.2k

e-Palette ကားတွေဟာ Level 4 အဆင့်ရှိ မောင်းသူမဲ့ကားတွေ ဖြစ်တာကြောင့် သတ်မှတ်ဧရိယာအတွင်း ယာဉ်မောင်း မလိုဘဲ အလိုအလျောက်မောင်းနှင်နိုင်ပါတယ်။

Uber မှ စမ်းသပ်နေတဲ့ မောင်းသူမဲ့ကား

လူတဦး သေဆုံးခဲ့တဲ့ ယာဉ်တိုက်မှုကြောင့် မောင်းသူမဲ့ကား စမ်းသပ်မှုကို Uber ဖျက်သိမ်း

by Nigma
26 May 2018
5.7k

“မောင်းသူမဲ့ ယာဉ်နည်းပညာကို ကျမတို့ အားထည့် လုပ်ဆောင်နေပါတယ်။ မကြာခင် အချိန်အတွင်း အများပြည်သူသုံး လမ်းမကြီးတွေပေါ် မှာ ပြန်စမ်းသပ်ခွင့်ရဖို့ မျှော်လင့်ထားပါတယ်”

Next Post
ငြိမ်းချမ်းရေး ဆာလောင်နေသူများရဲ့ အနုပညာ

ငြိမ်းချမ်းရေး ဆာလောင်နေသူများရဲ့ အနုပညာ

အရက်သောက်လိုက်ရင် မျက်နှာနီရတဲ့ အကြောင်းအရင်းများ

အရက်သောက်လိုက်ရင် မျက်နှာနီရတဲ့ အကြောင်းအရင်းများ

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

5 days ago
5.7k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate