Huawei မှ Y စီးရီး စမတ်ဖုန်းများဖြစ်ကြတဲ့ Y7 Prime၊ Y6II Prime၊ Y5 2017 နဲ့ Y3 2017 စမတ်ဖုန်းတို့ကို ဇူလိုင်လအတွင်းမှာ အသစ်မိတ်ဆက်လိုက်ပါတယ်။ ဈေးနှုန်းအားဖြင့် တန်ဖိုးနည်းပြီး သုံးလို့ကောင်းမယ့် စွမ်းဆောင်ရည်မြင့် အသစ်ထွက်လာတဲ့ Huawei Y Series စမတ်ဖုန်းများနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
(၁) Y7 Prime
ဂိမ်းဆော့ရတာ ကြိုက်နှစ်သက်တဲ့ လူငယ်တွေအတွက် Y7 Prime စမတ်ဖုန်းဟာ မျက်နှာပြင်အရွယ်အစား ၅.၅ လက်မအရွယ် မျက်နှာပြင်နဲ့ 2.5D မျက်နှာပြင်ကွေး၊ စွမ်းဆောင်ရည်မြင့် Processor၊ ဘက်ထရီအား 4,000 mAh နဲ့ Smart Battery Saving နည်းပညာတို့ ပါဝင်တယ်လို့ သိရပါတယ်။ Y7 Prime ဟာ Y စီးရီး စမတ်ဖုန်းတွေထဲမှာ ပထမဆုံး OTG အသုံးပြုနိုင်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။
(၂) Y6 II Prime
Y6 II Prime စမတ်ဖုန်းက မျက်နှာပြင်အရွယ်အစား ၅.၅ လက်မ HD မျက်နှာပြင်နဲ့အတူ ကင်မရာ အရည်အသွေး အနောက်ဘက်ကင်မရာ 13 Megapixel၊ အရှေ့ကင်မရာ 8 Megapixel တို့ ပါဝင်ပြီး ဘက်ထရီအားပမာဏ 3,000 mAh ပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Y6 II Prime ကို Google AndroidTM 6.0 နဲ့ ဖန်တီးထားတာပြီး Google Operating System ကို အပြည့်အဝ ခံစားနိုင်တာ တွေ့ရပါတယ်။
(၃) Y5 2017
Y5 2017 စမတ်ဖုန်းက အပြာရောင်၊ ပန်းရောင် စတဲ့ အရောင်ဆန်းတွေနဲ့ ထုတ်လုပ်ထားတာကြောင့် ဒီနေ့ခေတ် မိန်းကလေးတွေ အကြိုက်ဖြစ်မှာပါ။ Y5 2017 မှာဆိုရင် RAM 2G, ROM 16 GB တို့ ပါဝင်ပြီး ကင်မရာအရည်အသွေးအနေနဲ့ အနောက်ဘက် ကင်မရာ 8 Megapixel၊ အရှေ့ကင်မရာ 5 Megapixel၊ ဘက်ထရီအားပမာဏ 3,000 mAh တို့ပါဝင်ပါတယ်။
(၄) Y3 2017
Y3 2017 စမတ်ဖုန်းက မျက်နှာပြင်အရွယ်အစား ၅ လက်မနဲ့အတူ လက်ထဲမှာ ကျစ်ကျစ်လျစ်လျစ် အသုံးပြုနိုင်အောင် ပြုလုပ်ထားပြီး စွမ်းဆောင်ရည်မြင့် Quad Core Processor၊ Android version 6.0 ပါဝင်ပြီး စမတ်ဖုန်းကို စတင်ကိုင်ဆောင်မယ့် သူများအတွက် အသင့်တော်ဆုံး စမတ်ဖုန်းလို့ ဆိုနိုင်ပါတယ်။
လက်ရှိ ဈေးကွက်မှာ Y7 Prime၊ Y6 II Prime နဲ့ Y5 2017 စမတ်ဖုန်းတို့ကို စတင်ရောင်းချသွားမှာဖြစ်ပြီး Y3 2017 စမတ်ဖုန်းကို သြဂုတ်လမှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။
Huawei Y7 Prime ကို ဈေးနှုန်းအားဖြင့်၂၇၉,၀၀၀ ကျပ် အရောင်အနေနဲ့ ရွှေရောင်၊ မီးခိုရောင်၊ ငွေရောင်တို့ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး Huawei Y6 II Prime ကို ၂၂၉,၀၀၀ ကျပ်၊ အရောင်အားဖြင့် ရွှေရောင်၊ အဖြူရောင်၊ အနက်ရောင်တို့ ရရှိနိုင်မယ်လို့ သိရပါတယ်။
မိန်းကလေးများအကြိုက် အရောင်ဆန်းများနဲ့ ထုတ်လုပ်ထားတဲ့ Y5 2017 စမတ်ဖုန်းကို ဈေးနှုန်း ၁၇၉,၀၀၀ ကျပ်၊ အရောင်အားဖြင့် အပြာရောင်၊ ပန်းရောင်၊ အဖြူရောင်၊ ရွှေရောင်၊ မီးခိုးရောင်စတဲ့ အရောင်များ ရွေးချယ် နိုင်မယ်လို့ သိရပါတယ်။