IT

MacBook 2017 ရဲ့ အားသာချက်

Want create site? Find Free WordPress Themes and plugins.

လက်ရှိ ဈေးကွက်ဝင် Laptop တွေထဲမှာတော့ အမေရိကန် အခြေစိုက် Apple ရဲ့ MacBook မော်ဒယ်တွေက အကောင်းဆုံးနဲ့ လူကြိုက် အများဆုံး အဖြစ် ရပ်တည်နေနိုင်တာ တွေ့ရပါတယ်။ အခုနှစ် MacBook မှာရော ဘယ်လိုတွေ ဖန်တီးထားပါသလဲ။လက်ရှိ ဈေးကွက်ဝင် Laptop တွေထဲမှာတော့ အမေရိကန် အခြေစိုက် Apple ရဲ့ MacBook မော်ဒယ်တွေက အကောင်းဆုံးနဲ့ လူကြိုက် အများဆုံး အဖြစ် ရပ်တည်နေနိုင်တာ တွေ့ရပါတယ်။ အခုနှစ် MacBook မှာရော ဘယ်လိုတွေ ဖန်တီးထားပါသလဲ။

၂၀၁၅ ခုနှစ် အတွင်းက MacBook ဆိုရင် ရိုးရိုးလေး ဖန်တီးထားတယ်၊ ၁၂ လက်မ အရွယ် ပြသ မျက်နှာပြင် စနစ်နဲ့ ဘက်ထရီကလည်း ကြာရှည်ခံတယ်၊ သယ်ဆောင်ရလည်း လွယ်တယ်၊ ရုပ်ထွက်ကလည်း ကြည်လင်ပြတ်သားမှု အားကောင်းတယ်၊ USB-D ပေါက် တပေါက်ပဲ ပါတယ်၊ အားသွင်းဖို့တွေ၊ အခြား စက်တွေနဲ့ ချိတ်ဆက်ဖို့တွေ ပေါ့။

အဲဒီနောက် ၂၀၁၆ ခုနှစ် မော်ဒယ်မှာ ပိုပြီး ပေါ့ပါးအောင် ဖန်တီးလာတယ်၊ Touch Bar အမည်နဲ့ Touch စနစ်မျိုး သုံးနိုင်လာအောင် ဖန်တီးလာတယ်၊ အခုထိ Apple ကနေ ထုတ်လုပ်ရောင်းချနေတဲ့ မော်ဒယ်တွေက MacBook ရယ်၊ MacBook Pro ရယ်နဲ့ MacBook Air တွေပါ။

ပြီးခဲ့တဲ့ လအတွင်း Apple ကနေ Laptop မော်ဒယ် အားလုံးကို အဆင့်မြှင့်တာတွေ လုပ်ဆောင်လာတာ တွေ့ရပါတယ်။ အသုံးပြုနိုင်ရာမှာ ပိုမို မြန်ဆန်အောင် သုံးနိုင်ဖို့ အဆင့်မြှင့်လာသလို MacBook Pro မှာလည်း ဈေးချိုတဲ့ မော်ဒယ်သစ် အနေနဲ့ ရနိုင်အောင် ထုတ်လုပ်လာတာပါ။ ကျန်တဲ့ အပိုင်းတွေကတော့ ၂၀၁၅ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်တွေနဲ့ သိပ် မကွာပါ။

တပြိုင်နက်တည်းမှာ Apple အနေနဲ့ iPad Pro ကို Laptop ပုံစံ သုံးနိုင်အောင် ဖန်တီးလာတာလည်း တွေ့ရပါတယ်။ ၁၀ ဒသမ ၅ လက်မ အရွယ် မော်ဒယ်ကို ထုတ်လုပ်လာတယ်၊ iOS စနစ်ကို အဆင့်မြှင့်လိုက်ပြီး၊ အဆိုပါ iPad Pro က PC ကွန်ပျူတာတွေရဲ့ လုပ်ဆောင်ချက်မျိုး လုပ်ဆောင်လာနိုင်တာပါ။


၂၀၁၆ ခုနှစ်က ဈေးနှုန်းကို ပြန်ကြည့်မယ် ဆိုရင် MacBook ရဲ့ ဈေးနှုန်းက ပေါင် ၁၂၄၉ ရှိပါတယ်။ ဒါက Windows စနစ်သုံး ကွန်ပျူတာ ၂ လုံးရဲ့ တန်ဖိုးလောက် ရှိပါတယ်။ ဒါကြောင့် ဈေးနှုန်း ကွာဟချက် အရ လူကြိုက် နည်းလာနိုင်တာ ကြောင့် Apple က ပြီးခဲ့တဲ့ ရက်အတွင်းကပဲ MacBook Pro ကို ပေါင် ၁၂၄၉ အဖြစ် လျော့ချလိုက်ပြီး MacBook နဲ့ ဈေးနှုန်း တူလာပါတယ်။ MacBook Pro ကတော့ ပိုပြီး စွမ်းဆောင်ရည် ကောင်းတယ်၊ ပြသမျက်နှာပြင် ပိုကြီးတယ်၊ USB-C ပေါက် အပိုပါတယ်၊ ဘက်ထရီက ၁၀ နာရီခံတယ်၊ Video Playback လုပ်နိုင်တယ်၊ အခုနှစ် ၁၂ လက်မ အရွယ် MacBook ဆိုတာက သယ်ဆောင်ရလွယ်တဲ့ အရွယ်၊ ဒီဇိုင်းပိုင်းလည်း သေသပ်တယ်၊ အလေးချိန် သုည ဒသမ ၉၃ ကီလိုပဲ လေးတယ်၊ အခြား Apple ထုတ် မော်ဒယ်တွေရဲ့ အလေးချိန်နဲ့ ယှဉ်ရင် ၃ ချိုး ၂ ချိုးပဲ ရှိတယ်။ ပါးလွှာတယ်၊ သဘောကျစရာပါ။ အခြား အပိုင်းတွေမှာတော့ အရင်နှစ်က မော်ဒယ်နဲ့ ဘာမှ ပြောင်းလဲ ဖန်တီး ထားတာမျိုး မတွေ့ရပါဘူး။ စွမ်းဆောင်ရည် မြန်ဆန်မှု တခုပဲ တိုးတက်လာပါတယ်။

ဒါပေမယ့် တခု ပြောဖို့ ကျန်သေးတယ်၊ အရင်နှစ် မော်ဒယ်တွေရဲ့ Keyboard နဲ့ အခုနှစ် မော်ဒယ်က Keybaord စနစ်က ပိုကောင်းလာတယ်၊ ဒီဇိုင်းရော ရိုက်နှိပ် အသုံးပြုရမှုမှာပါ ပိုကောင်းလာပါတယ်။ ခလုတ် အရွယ်အစားတွေက အရင်ထက် ပိုပြီး သေးငယ်လာတယ်၊ အရင်နှစ်က မိတ်ဆက်ခဲ့တဲ့ MacBook Pro မော်ဒယ်က ခလုတ်တွေနဲ့ ဆင်တူတယ်၊ ခလုတ်ကို နှိပ်လိုက်တိုင်း စိတ်ခံစားမှုမှာ ကျေနပ်မှုကို ပေးနိုင်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။

ခလုတ် တခုခုကို ရှာဖွေဖို့လည်း အလွယ်ဆုံး ပုံစံ၊ လက်ချောင်းနဲ့ ခလုတ် အကြား အသားကျမှုလည်း အကောင်းဆုံး ပုံစံ ဖြစ်လာပါတယ်။ ဒီလို Keyboard ရဲ့ ထိတွေ့ကောင်းမွန် မြန်ဆန်မှု အတွက် အတွင်းပိုင်းမှာလည်း အထိုင် တချို့ ပြင်ဆင် အဆင့်မြှင့် ထားတာ တွေ့ရပါတယ်။ Intel ထုတ် မျိုးဆက် ၇ ဆက်မြောက် Kaby Lake Chip အထိုင်ကို အစားထိုး အသုံးပြုထားတယ်၊ သူက Memory ပိုင်းမှာ ရာခိုင်နှုန်း ၅၀ လောက် ပိုမို မြန်ဆန် ဖတ်ပေးလာနိုင်တယ်၊ စွမ်းဆောင်ရည်ကို လည်း ထက်ဝက်နီးပါး ပိုမို မြန်ဆန်လာစေပါတယ်၊ Geekbench ရဲ့ အမှတ်ပေးမှုအရ ဆိုရင် အခုနှစ် MacBook ရဲ့ မြန်နှုန်းက လက်ရှိ ဈေးကွက်ဝင် မော်ဒယ်တွေထဲမှာ တတိယမြောက် အမြန်ဆုံး မော်ဒယ် အဖြစ် သတ်မှတ်ခံထားရ ပါတယ်။

လက်ရှိမှာ စွမ်းဆောင်ရည် အမြန်ဆုံး အနေနဲ့ MacBook Pro ရှိနေပေမယ့် အခု MacBook က Pro နောက်ကနေ လိုက်နိုင်လာပါတယ်။ ဒါဟာ Video တည်းဖြတ်ခြင်းလို အသုံးတွေကို အမြန်ဆုံး စိတ်ကြိုက် လုပ်ဆောင်လာနိုင်စေမှာပါ။ မော်ဒယ်ရဲ့ ဘယ်ဘက်မှာ USB-C ပေါက်ပါတယ်၊ အားလည်း သွင်းနိုင်၊ အခြား စက်တွေနဲ့လည်း ချိတ်နိင်ပါတယ်၊ နားကြပ်ပေါက်က ညာဘက်ခြမ်းမှာပါ။ ပါးလွှာအောင် ဖန်တီးမှုရဲ့ အားနည်းချက် အဖြစ်နဲ့တော့ ချိတ်ဆက်ပေါက်တွေ များများစားစား မပါရှိပါဘူး။

ဘက်ထရီက တရက်တာ အသုံးအတွက် လုံလောက်ပါတယ်၊ အလုပ်များတဲ့ သူတွေ အတွက်ပါ အခုနှစ် MacBook မော်ဒယ်က အဆင်ပြေပါတယ်၊ အရင်နှစ် မော်ဒယ်ထက် စွမ်းဆောင်ရည် ပိုကောင်းလာပြီး Pro ကို အကောင်းဆုံး ယှဉ်နိုင်လာပါတယ်။ ပါးတယ်၊ ပေါ့တယ်၊ အဲဒီအချက်တွေကို စိတ်ကြိုက် အဖြစ်ဆုံးပါ၊ Keyboard ပိုင်း ပိုကောင်းလာမှုနဲ့ စွမ်းဆောင်ရည် မြန်ဆန်လာမှုကလည်း တည်းဖြတ်ပိုင်း အလုပ်တွေပါ စိတ်ကြိုက် လုပ်ဆောင်နိုင်လာမှာပါ။


ဒါပေမယ့် ဈေးနှုန်း တခုတော့ စဉ်းစားစရာ ဖြစ်နေပါတယ်။ Pro နဲ့ ဈေးတူ ရောင်းချနေခြင်းက အခု MacBook ထက် စွမ်းဆောင်ရည် ပိုကောင်းတဲ့ Pro ကို လူကြိုက် ပိုများမယ့် အနေအထား ဖြစ်ပြီး အခု MacBook က သယ်ဆောင်ရ လွယ်ကူတာက အားသာချက် ဖြစ်နေပါတယ်။

ပြီးတော့ Microsoftရဲ့ Surface မော်ဒယ်ကလည်း ဈေးချိုချိုနဲ့ ရနိုင်နေပါတယ်။ သူလည်းပဲ စွမ်းဆောင်ရည်မြင့် မော်ဒယ်တခုပါ။ ဈေးနှုန်းနဲ့ အနေအထားတွေ အရ သယ်ဆောင်ရ လွယ်ကူတဲ့ အကောင်းဆုံး မော်ဒယ်ကို လိုချင်ရင်တော့ အခုနှစ် MacBook က အကောင်းဆုံး ဖြစ်ပြီး အထိုင်များသူတွေ အတွက်ကတော့ Pro နဲ့ ပိုပြီး သင့်တော်ပါလိမ့်မယ်။ အခုထက် MacBook ကို ဈေးနှုန်းလျော့လိုက်ရင်တော့ စိတ်ကြိုက်ဖြစ်လာမှာပါ။ ။

Ref: www.telegraph.co.uk

Did you find apk for android? You can find new Free Android Games and apps.
Loading