IT

ကြော်ငြာတွေပါဝင်လာတော့မယ့် “Facebook Messenger”

Want create site? Find Free WordPress Themes and plugins.

Facebook လို့ ဆိုလိုက်တာနဲ့ မြန်မာနိုင်ငံက လူကြီးလူငယ်အရွယ်မရွေး သိပြီးသားဖြစ်မှာပါ။ နေ့စဉ် ဘဝလူနေမှု တွေထဲမှာလည်း Facebook ဟာ မပါမဖြစ် လူတန်းစားပေါင်းစုံကို လွှမ်းမိုးထားတာပါ။ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ ပညာရေးစတဲ့ အရေးတွေအပြင် စီးပွားရေးလုပ်ငန်းတွေဟာလည်း Facebook ကို အထိုက်အလျောက် မှီခိုနေကြရတာပါ။

ယခုဆိုရင် Facebook ဟာ စီးပွားရေးကြော်ငြာလိုသူတွေနဲ့ ပက်သက်ပြီးတော့ သတင်းတရပ် ထုတ်ပြန်ခဲ့ပါတယ်။

Facebook ဟာ စီးပွားဖြစ်ကြော်ငြာများကို တကမ္ဘာလုံးမှာရှိနေတဲ့ Messenger အပလီကေးရှင်း အသုံးပြုသူများထံသို့ တိုက်ရိုက်ဖော်ပြပေးနိုင်ဖို့ စီစဉ်ထားကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

သြစတြေးလျနိုင်ငံနဲ့ ထိုင်းနိုင်ငံတွေမှာဦးဆုံးအနေနဲ့ စတင်စမ်းသပ်သွားမှာဖြစ်ကြောင်းလည်း ထပ်မံကြေညာခဲ့ပါတယ်။

ဒါပေမယ့်လည်း ယခုဖော်ပြချက်ဟာ လက်ရှိအချိန်မှာတော့ စမ်းသပ်ဆဲအနေအထားမှာသာ ရှိနေသေးကြောင်းနဲ့ လုပ်ဆောင်ချက်များ လိုအပ်နေသေးကြောင်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက Facebook ကို စတင်တည်ထောင်ခဲ့တဲ့ မာ့ခ်ဇူကာဘတ်ဟာ ၎င်းရဲ့ ရှယ်ယာရှင်များကိုခေါ်ယူပြီး ဒါဟာပြောစရာကောင်းလောက်တဲ့ ဝင်ငွေမျိုးရနိုင်မှာမဟုတ်သေးပေမယ့် လာမယ့် ၅ နှစ်အတွင်းမှာ တကယ့်ကို ကြီးမားလာမယ့် စီးပွားရေးတခုဖြစ်ကြောင်း ခန့်မှန်းပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး မာ့ခ်ဇူကာဘတ်ဟာ အလားတူ ခန့်မှန်းချက်မျိုးကို Facebook ပိုင်ဆိုင်သော Whatapp ကိုလည်း မျှော်မှန်းထားကြောင်းသတင်းက ဖော်ပြထားပါတယ်။

Facebook ရဲ့ထုတ်ပြန်ချက်အရ Messenger အပလီကေးရှင်းကို အသုံးပြုသူများဟာ တကမ္ဘာလုံးမှာ ၁.၂ ဘီလီယံ ကျော်အထိရှိနေပါတယ်။

ပုံမှာမြင်တွေ့ရတဲ့အတိုင်းပါပဲ။ စီးပွားဖြစ်ကြော်ငြာများဟာ Messenger ကိုဖွင့်လိုက်တာနဲ့ တွေ့မြင်လာရတော့မှာပါ။ သို့သော်လည်းအသုံးပြုသူများမှ အဆိုပါကြော်ငြာများကို နှိပ်တဲ့အခါမှသာ သက်ဆိုင်ရာစာမျက်နှာကိုဖော်ပြပေးခြင်း(သို့) စာပို့ဆောင်ခြင်းများ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ယခုလိုပြောင်းလဲမှုများပြုလုပ်လိုက်ခြင်းဟာ အွန်လိုင်းမှတဆင့် ဈေးဝယ်လိုသူများနဲ့ လုပ်ငန်းရှင်များအတွက် တိုက်ရိုက်ဆက်သွယ်မှုများပြုလုပ်နိုင်တဲ့ ဝန်ဆောင်မှုဖြစ်ပေမယ့် သာမန်အသုံးပြုသူများအတွက်တော့ တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေမှာပါ။

Ref: bbc.com

ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading