(၁) Google Pixel ။ ။ Full HD ရုပ်ထွက် ပြသပေးနိုင်တဲ့ ၅ လက်မ အရွယ် ပြသမျက်နှာပြင်နဲ့ ဖုန်းပါ။ Snapdragon 821 ကို ထိုင်ထားတယ်၊ RAM 4 GB ပါတယ်၊ ရုပ်ထွက်ပိုင်း အားကောင်းမှုက အကောင်းဆုံး အားသာချက်ပါ။ ကင်မရာမှာ နောက်ဘက်က 12.3 MP ရှိတယ်၊ Google Pixel ကတော့ ဈေးကွက်ဝင် ဖုန်းတွေထဲမှာ ကင်မရာ အကောင်းဆုံးလို့တောင် ဆိုထားပါတယ်။ DxOMark ကတော့ ရမှတ် ၈၉ မှတ်ပေးထားပါတယ်၊ အဆိုပါ စာရင်းမှာတော့ HTC U11 က ရမှတ် ၉၀ နဲ့ ပထမ ရထားတာပါ။ အသုံးပြုရာမှာ မြန်ဆန်ပြီး ရုပ်ထွက်ကောင်းကောင်းနဲ့ ကင်မရာကောင်းကောင်း လိုချင်သူတွေ အတွက် အကောင်းဆုံး ဖြစ်မှာ ပါ။32 GB ကို ၆၄၉ ဒေါ်လာနဲ့ ရနိုင်သလို 128GB ဆိုရင်တော့ ၇၄၉ ဒေါ်လာနဲ့ ရနိုင်ပါတယ်။
(၂) Samsung Galaxy A3 2017 ။ ။ HD ရုပ်ထွက် ပြသပေးနိုင်တဲ့ ၄ ဒသမ ၇ လက်မ အရွယ် ပြသမျက်နှာပြင်နဲ့ မော်ဒယ်ပါ။ ဇန်နဝါရီကမှ မိတ်ဆက်ရောင်းချနေတာ ဖြစ်ပြီး သတ္တုကိုယ်ထည်၊ 3D မှန်သား စနစ်နဲ့ပါ။ ရေစိုခံနိုင်ပါတယ်၊ Exynos 7870 ကို ထိုင်ထားပါတယ်၊ RAM 2 GB ပါတယ်၊ Android v6.0.1 ကို သုံးနိုင်တယ်၊ ပင်မကင်မရာက 13 MP အားရှိတယ်၊ ဘက်ထရီက 2350 mAh နဲ့ အားခံနိုင်မှု ကောင်းတယ်၊ လက်ဗွေဖတ် စနစ်လည်း ထည့်ထားပါတယ်၊ Memory 16 GB ပဲ ပါပေမယ့် ကတ်စိုက်မယ် ဆိုရင် 256 GB ထိအောင် စိုက်နိုင်မှာပါ။ အလေးချိန် ၁၃၈ ဂရမ်ပဲ လေးတဲ့ အသေးစား ဖုန်းကောင်းလေး တခုပါ။
(၃) Sony Xperia X Compact ။ ။ ပြသမျက်နှာပြင် အရွယ်အစား ၄ ဒသမ ၆ လက်မပဲ ရှိပါတယ်။ Snapdragon 650 ကို ထိုင်ထားပါတယ်။ Ram 3GB ပါရှိပါတယ်။ စပီကာ နှစ်လုံးထိုင်ထားလို့ အသံထွက် အထူးကောင်းပါတယ်၊ ဘက်ထရီက 2700 mAh ထိအောင် ထည့်ထားသလို ကတ်စိုက်မယ် ဆိုရင် 256GB ထိအောင် စိုက်နိုင်မှာပါ။ ပင်မ ကင်မရာက 23 MP ထိ ရှိပါတယ်။ Android စနစ် v7.0 ကို သုံးနိုင်ပါတယ်။ စက်တင်ဘာလ အတွင်းက စတင်ရောင်းချချိန်မှာ ဒေါ်လာ ၅၀၀ လောက် ရှိခဲ့ပေမယ့် အခုတော့ ဈေးကျလာပါပြီ။ အလေးချိန် ၁၃၅ ဂရမ် လေးပါတယ်။
(၄) Wileyfox Swift 2, Swift 2 Plus ။ ။ အင်္ဂလန် အခြေစိုက် Wileyfox ရဲ့ ထုတ်လုပ်မှုပါ။ မော်ဒယ် ၂ ခုလုံးက ၅ လက်မ အရွယ် ပြသမျက်နှာပြင် ရှိပါတယ်။ Snapdragon 430 ကို ထိုင်ထားပါတယ်၊ Swift 2 မှာက RAM 2GB ၊ Memory 16 GB နဲ့ 13 MP ကင်မရာ ပါရှိပါတယ်။ Plus မော်ဒယ်မှာတော့ RAM 3GB၊ Memory 32 GB နဲ့ 16 MP ကင်မရာတွေ ပါပါတယ်။ ဘက်ထရီတွေက 2700 mAh တွေ ထည့်ထားတာပါ။ Quick Charge 3 ကို သုံးနိုင်ပြီး ဘက်ထရီအား ၇၅ ရာခိုင်နှုန်းကို ၄၅ မိနစ်နဲ့ သွင်းနိုင်ပါတယ်။ Swift 2 ကတော့ ဒေါ်လာ ၂၀၀ ဝန်းကျင် ဈေးရှိပြီး 2 Plus ကတော့ ၂၄၀ လောက် ရှိပါတယ်။
(၅) Sony Xperia XA ။ ။ ပြသမျက်နှာပြင် အရွယ် ၅ လက်မရှိပါတယ်။ MediaTek MT6755 ကို ထိုင်ထားပါတယ်၊ RAM 2 GB ပါ၊ ပင်မ ကင်မရာက 13 MP ရှိပါတယ်။ Android Marshallow ကို သုံးထားပါတယ်။ ဘက်ထရီက 2300 mAh ပါရှိတယ်၊ Fast Charging အတွက် Pump Express+ 2.0 ပါရှိတာ တွေ့ရတယ်၊ လက်ဗွေဖတ်စနစ်တော့ မပါပါဘူး။ အမေရိကန် ဈေးကွက်မှာတော့ ၂၀၁၆ ခုနှစ် ဇူလိုင်ကတည်းက ရောင်းချနေတာပါ။ ဒေါ်လာ ၂၈၀ လောက် တန်ပါတယ်။ အရောင် ၅ ရောင် ထုတ်လုပ်ပါတယ်။ အခုတော့ Amazon မှာ ဒေါ်လာ ၁၆၀ နဲ့ ရနိုင်နေတာ တွေ့ရပါတယ်။
(၆) Moto G5 ။ ။ Moto G5 Plus နဲ့ အတူ စေးျကွက်ဝင်လာတဲ့ မော်ဒယ်ပါ။ Full HD ရုပ်ထွက်ကို ပြသပေးနိုင်တဲ့ ၅ လက်မ အရွယ် ပြသမျက်နှာပြင်နဲ့ပါ။ Snapdragon 430 ကို ထိုင်ထားပါတယ်၊ RAM က 2GB နဲ့ 3GB တွေ ရနိုင်ပါတယ်။ သတ္တု ကိုယ်ထည်နဲ့ ဖြစ်လို့ တန်ဖိုးမြင့် ဖုန်းအဖြစ် ခံစားမိစေပါတယ်။ လက်ဗွေဖတ်စနစ်လည်း ပါတယ်၊ ဖုန်းမျက်နှာပြင်မှာ ဘယ်ဘက်ကို ပွတ်ပြီး နောက်ပြန်သွားနိုင်သလို ညာဘက်ကို ပွတ်ပြီး နောက်ဆုံး သုံးခဲ့တဲ့ App တွေကို ပြန်ခေါ်နိုင်ပါတယ်။ ဘက်ထရီက 2800 mAh ထိအောင် ထည့်ထားသလို ပင်မကင်မရာက 13 MP ရှိပါတယ်။ ဒေါ်လာ ၂၅၀ လောက်နဲ့ ရနိုင်ပါတယ်။ Android 7.0 ကို သုံးနိုင်ပါတယ်။
(၇) Moto E4 ။ ။ HD ရုပ်ထွက် ပြပေးနိုင်တဲ့ ၅ လက်မ အရွယ် ပြသမျက်နှာပြင်နဲ့ ဖုန်းပါ။ Snapdragon 425 ကို ထိုင်ထားတယ်၊ RAM 2GB ရှိတယ်၊ nano-coating ထားလို့ အကြမ်းခံနိုင်မှု ပိုကောင်းသလို ရေစိုနဲ့ အပွန်းတွေ အတန်အသင့် ပိုပြီး ခံနိုင်ရည် ရှိပါတယ်။ လက်ဗွေဖတ်စနစ်လည်း ထည့်ထားတယ်၊ ဒေါ်လာ ၁၃၀ လောက်နဲ့ မကြာခင်မှာ နေရာအနှံ့ ရောင်းချဖို့ ပြင်ဆင်နေတဲ့ဖုန်းပါ။ ကင်မရာပိုင်းမှာတော့ 8MP ပဲ ပါပါတယ်၊ ရှေ့ဘက် ကင်မရာက 5 MP ပါ၊ Android b7.1 ကို သုံးနိုင်ပါတယ်။ အလေးချိန် ၁၅၁ ဂရမ်ထိအောင် လေးပါတယ်။
Ref: www.androidauthority.com