လက်ရှိ နောက်ဆုံး ထွက်ရှိထားတဲ့ Samsung ရဲ့ Note 7 မော်ဒယ်ကတော့ ကုမ္ပဏီထုတ် ဖုန်းတွေထဲမှာ အကောင်းဆုံး ဖုန်းလို့တောင် ဆိုချင်ပါတယ်။ စွမ်းဆောင်ရည်၊ အရည်အသွေး အားလုံး စိတ်ကြိုက်ပါပဲ။ မကြာခင်မှာ ထုတ်လုပ် ရောင်းချ လာမယ် လို့ ယူဆရတဲ့ Note 8 မော်ဒယ်ကလည်း အဆင့့်မြင့် ဖုန်းတလုံး ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ BGR က မော်ဒယ်သစ် Note 8 ရဲ့ အသေးစိပ် အချက်အလက် တချို့နဲ့ ပုံကြမ်း ရရှိထားတာကြောင့် အခုလို ခန့်မှန်းနိုင်တာ ဖြစ်ပါတယ်။ S8 နဲ့ Note 8 အကြား အဓိက ကွဲပြားချက် ၅ ခုလောက် ပြောပြပါမယ်။
ပြသမျက်နှာပြင် အရွယ် – S8 နဲ့ S8+ မှာ ပါရှိတဲ့ ပြသ မျက်နှာပြင်စနစ်က ကုမ္ပဏီကနေ အသစ် ဖန်တီးလိုက်တဲ့ Infinity စနစ်နဲ့ ဖြစ်ပြီး Note 8 မော်ဒယ်မှာတော့ ပြသမျက်နှာပြင် အရွယ်က ၆ ဒသမ ၃ လက်မ ဖြစ်ပြီး Super AMOLED စနစ်နဲ့ ဖြစ်ပါလိမ့်မယ်။ သူက Quad HD ရုပ်ထွက်ထိအောင် ပြသပေးနိုင်မှာပါ။
ပြသမျက်နှာပြင်နဲ့ ကိုယ်ထည်အချိုးအစား ပိုလှလာမယ် – Edge စနစ်နဲ့ ဖြစ်နေသည့် တိုင်အောင် ပြသမျက်နှာပြင်စနစ်ဟာ ဖုန်းရဲ့ ကိုယ်ထည် မျက်နှာပြင် တခုလုံးစာရဲ့ အချိုးအစား တခုထိ နေရာယူနိုင်ပါတယ်။ S8 နဲ့ S8+ တွေထက် ပိုမိုတဲ့ အချိုးအစားနှုန်းနဲ့ Note 8 မော်ဒယ်မှာ ပြသမျက်နှာပြင် စနစ်က ဖုန်းရဲ့ မျက်နှာပြင်ရဲ့ ၈၃ ရာခိုင်နှုန်းထိအောင် နေရာယူလာမှာပါ။
S Pen – Note မော်ဒယ်တွေရဲ့ သိသာတဲ့ ဒီဇိုင်းပါ။ မော်ဒယ်သစ်မှာ S Pen အသုံးအတွက် များစွာအဆင့်မြှင့် ထားတယ် လို့ သိရပါတယ်။ Sofware ပိုင်းမှာရော Hardware ပိုင်းမှာပါ အဆင့်မြှင့်ထားပြီး ဒီတချက်ကတော့ သိသာတဲ့ ပြောင်းလဲမှု ဖြစ်လာနိုင်ပေမယ့် စမ်းသုံးပြီးမှပဲ ဘယ်လောက်ကောင်းတယ် သိရမှာပါ။
RAM – ဖုန်းတလုံးရဲ့ စွမ်းဆောင်ရည်ကို အဆုံးအဖြတ်ပေးနိုင်တဲ့ အပိုင်း တပိုင်းပါ။ အခုချိန်ထိအောင် OnePlus 5 မော်ဒယ်က iPhone ကို ပြိုင်ဆိုင်နိုင်တဲ့ မြန်နှုန်းမြင့် ဖုန်းတလုံး အဖြစ် ရပ်တည်နိုင်ပါသေးတယ်။ ဒါဟာ RAM ကြောင့်ပါပဲ။ S8 နဲ့ S8+ တွေမှာ 4GB ပဲ ပါပေမယ့် Note 8 မှာ RAM 6 GB ဖြစ်လာပါလိမ့်မယ်။
ဈေးနှုန်း – အထက်မှာ ပြောခဲ့တဲ့ အတိုင်းဆိုရင် Note 8 မော်ဒယ်က S8 နဲ့ S8+ တွေထက် ပိုကောင်းမှာပါ။ လက်ရှိ အဆိုပါ မော်ဒယ်တွေက ဈေးမြင့်နေပါတယ်။ တန်ဖိုးမြင့် ဖုန်းတွေဘက် ခြေဦးလှည့်လာတဲ့ Samsung ရဲ့ နောက်ဆုံးရ သတင်းတွေ အရတော့ Note 8 က ဒေါ်လာ ၁၀၀၀ ဝန်းကျင် ဈေးနဲ့ ရောင်းချလာနိုင်ပါတယ်။
Ref: www.bgr.com