ဖင်လန် အခြေစိုက် ကုမ္ပဏီ HMD Global က Nokia ရဲ့ ဖုန်းတွေကို တရားဝင် ထုတ်လုပ်ဖို့ လိုင်စင်ရယူ လိုက်တာကြောင့် မကြာခင်မှာ Nokia အမှတ်တံဆိပ် အနေနဲ့ Android လောကမှာ ပြန်လည်အောင်မြင်မှုရဖို့ ရှိနေပါတယ်။ အရင်က Nokia နဲ့ လက်တွဲခဲ့ဖူးတဲ့ ကင်မရာပိုင်း နည်းပညာကုမ္ပဏီ Zeiss နဲ့လည်း ပြန်လည် ပူးပေါင်းမှု လုပ်ဆောင်သွားမှာ ဖြစ်လို့ နိုကီယာ တကျော့ပြန်လာပြီလို့ ဆိုနိုင်ပါတယ်။
ကုမ္ပဏီ HMD Global အနေနဲ့ Nokia အမှတ်တံဆိပ်နဲ့ ဖုုန်းတွေမှာ Carl Zeiss ရဲ့ ကင်မရာစနစ်ကို နှစ်ပေါင်းများစွာ ကြာအောင် ထည့်သွင်း အသုံးပြုခဲ့ဖူးတာလည်း တွေ့ရပါတယ်။ အထူးသဖြင့်တော့ ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်း ဈေးကွက်မှာ လူကြိုက်များတဲ့ N95 လို မော်ဒယ်က Zeiss ရဲ့ ကင်မရာစနစ်နဲ့ ထုတ်လုပ်ထားတာပါ။ အခုလည်း Nokia အနေနဲ့ Android ဖုန်းတွေ အကောင်းဆုံး ဖြစ်အောင် ပြန်လည် ထုတ်လုပ်တော့မယ် အနေအထားမှာ Zeiss ရဲ့ ကင်မရာစနစ်ကို ထည့်သွင်း အသုံးပြုမှာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် Nokia ကတော့ ဖုန်းအသစ်ကို ဘယ်တော့ရောင်းမယ်၊ Zeiss ကနေ ကင်မရာစနစ်ကို ဘယ်တော့ အပြီးသတ် ဖန်တီးပေးရမယ် ဆိုတာ ထုတ်မပြောသေးပါဘူး။ HMD ကတော့ လက်ရှိမှာ Nokia တံဆိပ်နဲ့ ဖုန်း ၃ မျိုး ထုတ်ဖော် မိတ်ဆက်ထားတာပါ။ အဆိုပါဖုန်းတွေထဲမှာ Zeiss ရဲ့ ကင်မရာစနစ် မပါသေးပါဘူး။ အဆိုပါ ဖုန်း ၃ မျိုးဟာ တန်ဖိုးနည်း ဖုန်းတွေ ဖြစ်ပြီး မကြာခင်မှာ တန်ကြေးမြင့် စွမ်းဆောင်ရည်မြင့် ဖုန်းတွေ ထုတ်လုပ်ရောင်းချမယ် လို့ HMD က ဆိုသလို အဆင့်မြင့် ဖုန်းတွေမှာပဲ Zeiss ရဲ့ ကင်မရာစနစ် ပါလာဖို့ ရှိနေပါတယ်.။
ဒါဆိုရင်တော့ Nokia နဲ့ Zeiss ရဲ့ ပူးပေါင်းမှုက နည်းပညာမြင့် တန်ဖိုးကြီးဖုန်းတွေ ထုတ်လုပ်ဖို့ ဆိုတာ သေချာနေပါပြီ။ ဒါပေမယ့် လက်ရှိ ဈေးကွက်ဝင် ဖုန်းတွေထဲမှာ ပါရှိတဲ့ ကင်မရာစနစ်နဲ့ နည်းပညာတွေ လိုတော့ မဖြစ်နိုင်ပါဘူး။ လက်ရှိ ဈေးကွက်မှာက MP မြင့်တဲ့ ကင်မရာစနစ်နဲ့ ဖုန်းတွေကို အပြိုင်အဆိုင် တပ်ဆင် ထုတ်လုပ်နေတာ ဖြစ်ပေမယ့် Nokia ရဲ့ သဘောထားကတော့ MP မြင့်ချင်မှ မြင့်နိုင်ပေမယ့် Nokia ပိုင် ကင်မရာစနစ်နဲ့ နည်းပညာအရ ထုတ်လုပ်ချင်ပုံ ရပါတယ်။
နာမည်ကျော် Nokia နဲ့ Zeiss ရဲ့ ကင်မရာစနစ် ပါရှိတဲ့ မော်ဒယ်တွေ ဖြစ်တဲ့ 808 နဲ့ PureView ဖုန်းတွေမှာ ဆိုရင် တခြား ဖုန်းတွေနဲ့ မတူတဲ့ Noklia ရဲ့ သီးသန့် နည်းပညာ ပါရှိတာ တွေ့နိုင်ပါတယ်။ အခုလည်း ကုမ္ပဏီ ၂ ခု ပြန်လည် ပူးပေါင်းမှုရဲ့ နောက်ပိုင်းမှာ အဆိုပါ ပုံစံ Nokia နည်းပညာ ဒီဇိုင်း ကင်မရာစနစ်နဲ့ ထုတ်လုပ်ရောင်ချလာနိုင်ပါတယ်။
ဖန်တီးမှု အပိုင်းမှာတော့ PureViewလို ဖုန်းမျိုး ဆက်လက် ထုတ်လုပ်ရောင်းချမှာ မဟုတ်ဘူး လို့ ဆိုပြီး ဒီဇိုင်းသစ်နဲ့ လာဖို့ ရှိနေတာပါ။ လက်ရှိမှာ Nokia အနေနဲ့ ဖုန်းထုတ်လုပ်မှု အပိုင်းမှာ ဝါရင့်ပေမယ့် အရင်က Nokia ရဲ့ ကင်မရာပိုင်း နည်းပညာရှင်တွေက Google ကနေ Nokia ကို ပိုင်ဆိုင်ထားချိန်မှာ ကုမ္ပဏီကနေ ထွက်ခွာသွားကြတာကြောင့် အခုလို အားနည်းနေတဲ့ ကင်မရာစနစ် အတွက် Zeiss နဲ့ ပြန်လည် ပူးပေါင်းလာတာလည်း ဖြစ်ပါတယ်။
မကြာခင်မှာ နည်းပညာမြင့် Android စနစ်သုံး Nokia ဖုန်းတွေ ဈေးကွက် ဝင်လာနိုင်ပြီး ဖုန်းမှာ ကင်မရာစနစ် Zeiss နဲ့ ပူးပေါင်း ဖန်တီးမှုကြောင့် အမှတ်တံဆိပ် ရိုက်နှိပ် ထုတ်လုပ်မှုမှာ ကင်မရာပိုင်း ဖန်တီးမှု အတွက် Zeiss ကို ဖော်ပြထုတ်လုပ် ရောင်းချလာနိုင်တယ်လို့ သိရပါတယ်။
Ref: www.theverge.com