ZTE ကနေ တန်ဖိုးနည်း Android စနစ်သုံး ဖုန်းမော်ဒယ်သစ် တမျိုးကို AT&T ကနေ ကြိုတင်မှာယူ ပုံစံနဲ့ ရောင်းချနေတာ တွေ့ရပြီး ထူးခြားချက်ကတော့ အဆိုပါ မော်ဒယ်က တန်ဖိုး ဒေါ်လာ ၁၀၀ ပဲ ရှိမှာ ဖြစ်ပေမယ့် ဖုန်း လုံခြုံရေးစနစ် အပိုင်းမှာ လက်ဗွေဖတ်စနစ် ပါရှိတာပဲ ဖြစ်ပါတယ်။ ပုံမှန် ဆိုရင်တော့ ဒေါ်လာ ၂၀၀ ဝန်းကျင်တန် ဖုန်းတွေမှာပဲ လက်ဗွေဖတ်စနစ် ပါရှိတာပါ။
အဆိုပါ လက်ဗွေဖတ်စနစ်နဲ့ အနေနဲ့ ဖုန်းရဲ့ နောက်ဘက် မျက်နှာပြင်မှာ ထည့်သွင်း ပါရှိမှာလည်း ဖြစ်ပါတယ်။ ကနဦး ဈေးကွက် ဖြန့်ကျက်မှုကိုတော့ အမေရိကန်မှာ စတင် ရောင်းချမှာလည်း ဖြစ်ပါတယ်။ ဖုန်းရဲ့ အသေးစိပ် အချက်အလက် ပိုင်းမှာတော့ ပြသမျက်နှာပြင် စနစ်က အရွယ် ၅ ဒသမ ၅ လက်မ ရှိမှာ ဖြစ်ပြီး HD ရုပ်ထွက်ထိအောင် ပြသပေးနိုင်မယ်။
Processor ပိုင်းမှာ Quad-core ကို ထိုင်ထားပြီး Snapdragon 425 ကို သုံးထားမယ်။ တန်ကြေးနည်း ဖုန်းတလုံး အတွက်လည်း အခုလို Snapdragon စနစ် ထိုင်လာခြင်းမှာ ထူးခြားပြီး မြန်ဆန်သွက်လက်စွာ အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။
RAM မှာ 2GB ရှိပြီး Memory က 16GB တမျိုးတည်း လာနိုင်ပေမယ့် အဆိုပါ ပမာဏ ၂ ခုလုံးက ဒေါ်လာ ၂၀၀ ဝန်းကျင် တန်ကြေးသင့် ဖုန်းမော်ဒယ်တွေရဲ့ အနေအထားလောက်ထိ အဆင်ပြေကောင်းမွန်နေတာလည်း ဖြစ်ပါတယ်။
ကင်မရာပိုင်းမှာ ရှေ့ဘက် Selfie ကင်မရာက 5 MP ရှိပြီး နောက်ဘက် ပင်မ ကင်မရာက 13 MP ရှိမှာပါ။ ဒီနှုန်းတွေ ကလည်း ဒေါ်လာ ၁၀၀ တန် ဝန်းကျင် ဖုန်းတွေထဲမှာ အကောင်းဆုံး စွမ်းဆောင်ရည် ဖြစ်လာပါတယ်။ Android v7.1.1 ထိအောင် အသုံးပြုနိုင်မှာ ဖြစ်လို့ Quick Charge လို စနစ်တွေပါ ပါရှိလာနိုင်သလို ဘက်ထရီပိုင်းမှာလည်း 3140 mAh အားထိန်းနိုင်မယ့် ဘက်ထရီကို သုံးထားတာ ဖြစ်ပြီး ဘက်ထရီ သက်တမ်းလည်း အားကောင်းနိုင်ဖို့ ရှိနေပါတယ်။
မော်ဒယ်ကိုတော့ Blade Spark လို့ အမည်ပေးထားပြီး Processor က မြန်နှုန်း 1.4 GHz ရှိမယ်။ ၂၀၁၄ ခုနှစ်ထုတ် Motorola Moto X နဲ့ နောက်ဘက် ဒီဇိုင်းဆင်တူတယ်၊ ဈေးကွက်အတွင်း Motorola Moto G5 Plus နဲ့ Samsung Galaxy J3 တွေကို ဈေးကွက် ပြိုင်ဆိုင်နိုင်အောင် ဖန်တီးထုတ်လုပ်လာခြင်း ဖြစ်တယ် လို့ သိရပါတယ်။
Ref: www.theverge.com