နာမည်ကျော် နည်းပညာ သတင်းဌာန Cnet မှာတော့ Note 8 ရဲ့ ရောင်းချမယ့် ရက်ကို Samsung က သြဂုတ်လ ၂၃ ရက်နေ့ကို အတည်ပြုလိုက်ပြီ လို့ ဖော်ပြထားပါတယ်။ ဒါဆိုရင်တော့ ပြည်တွင်းမှာ လူကြိုက်အများဆုံး အမှတ်တံဆိပ်ရဲ့ အဆင့်မြင့်မော်ဒယ်က ဈေးကွက်ထဲ ရောက်တော့မှာပါ။ သူ့ကို ဘယ်လို ဖန်တီးထားပါသလဲ။
ပြသမျက်နှာပြင် အရွယ်က ၅ ဒသမ ၇ လက်မ ရှိမယ်။ ပင်မ နောက်ဖက် ကင်မရာက 13 MP ရှိမယ်၊ RAM 6 GB ရှိမယ်။ ဒါတွေက အလွယ်တမ်း မြင်မိတာလေးတွေပါ။ GSM စနစ်မှာ သုံးနိုင်မယ်၊ အခုချိန်ထိအောင် ဖုန်းရဲ့ အရွယ်အစား မပြောသေးဘဲ ပြသမျက်နှာပြင်ကပဲ ၅ ဒသမ ၇ လက်မ ရှိမယ် သိထားရတာပါ။ အလေးချိန်လည်း သေချာ မသိရသေး ပါဘူး။
ပြသမျက်နှာပြင်က Corning Gorilla Glass 5 သုံးထားတယ်။ Sim ကတ်က တကတ်စိုက်၊ နှစ်ကတ်စိုက် ပုံစံနဲ့ ရနိုင်မယ်။ Nano အရွယ်အစား ထည့်သုံးရမယ်။ ဖုန်းကာကွယ်မှုရော ရေစိုပါ ခံနိုင်မယ်။ ရေအနက် ၁ မီတာခွဲကို မိနစ် ၃၀ ထိအောင် ရေစိမ်ခံနိုင် သေးတယ်။ Visa နဲ့ MasterCard လို ပေးချေစနစ်တွေကို Samsung Pay မှာ စုထည့်ထားပြီး သုံးနိုင်မယ်။
ပြသမျက်နှာပြင်စနစ်က Super AMOLED နဲ့ ဖြစ်ပြီး အရောင် ၁၆ သန်းထိအောင် ပြသပေးနိုင်တယ်၊ ကြည်လင် ပြတ်သားနှုန်းက 3840×2160 p နှုန်းနဲ့ ဖြစ်မယ်၊ Multitouch စနစ် သုံးနိုင်မယ်၊ Android စနစ်မှာ နောက်ထက် v7.1 Nougat ကို ထည့်ထားမယ်။
Memory ကတ်လည်း စိုက်နိုင်မှာ ဖြစ်ပြီး Sim တကတ်စိုက် မော်ဒယ်မှာ Memory ကတ်ပေါက် သီးသန့် ပါရှိမှာ ဖြစ်ပြီး 256 GB ထိအောင် ထည့်သုံးနိုင်မယ်။ Sim နှစ်ကတ်သုံးေ မာ်ဒယ်မှာတော့ Sim ကတ် ၂ နေရာကို Memory ကတ်စိုက်ရမှာ ဖြစ်ပါတယ်။ Internal Memory ကိုတော့ 64 GB နဲ့ 128 GB နှစ်မျိုး ရနိုင်မှာပါ။
ကင်မရာမှာ နောက်ဘက် ပင်မ ကင်မရာက 13 MP ကို Dual ပုံစံ ထိုင်ထားမယ်၊ Autofocus လည်း ရမှာ ဖြစ်သလို Phase Detection လည်း ရမယ်၊ LED မီးကလည်း Dual ဖြစ်မှာပါ။ ဗွီဒီယို ရိုက်မယ်ဆိုရင် 4K ရုပ်ထွက်ထိအောင် ရိုက်နိုင်မယ်၊ ရုပ်သံ မှတ်သားမှုမှာတော့ ကင်မရာက 9 MP နှုန်းနဲ့ သွားမယ်။ Auto HDR ရမယ်၊ Panorama လည်း ရိုက်နိုင်မှာ ပါ။ ရှေ့ဘက် ကင်မရာကတော့ 8 MP ရှိမယ်၊ သူလည်း Auto HDR ရမှာ ဖြစ်ပြီး Dual Video Call ပါ ရနိုင်မှာကတော့ ထူးခြား ကောင်းမွန်လာပါတယ်။
စပီကာ ပါမယ်၊ နားကြပ်ပေါက်ပါမယ်၊ Android ဖုန်းတွေရဲ့ ပုံမှန် အနေအထားပါပဲ။ Wi-Fi 802.11 ကို သုံးနိုင်မယ်၊ Direct Hotspot ရိုက်နိုင်မယ်၊ Bluetooth 5.0 ထည့်ထားမယ်၊ GPS လည်း ပါမယ်၊ ရေဒီယိုတော့ မထည့်ထားဘူး၊ USB မှာ Type C 1.0 နဲ့ သွားမယ်၊ ကွန်ပျူတာနဲ့ ချိတ်ဖို့က USB 3.1 ပါတယ်။
လုံခြုံရးစနစ်မှာ မျက်ကြည်လွှာဖတ် စနစ်လည်း ပါမယ်၊ လက်ဗွေရာဖတ် စနစ်ရော၊ နှလုံးခုန်နှုန်း တိုင်းတာပေးမှုတွေပါ ပါမယ်။ ဘက်ထရီကတော့ Li-ion ဘက်ထရီနဲ့ ဖြစ်မယ် လို့ သိရပြီး ဘက်ထရီအရွယ်နဲ့ သက်တမ်းကိုတော့ ဘာမှ သေချာ မပြောသေးပါဘူး။ အရောင် အနေနဲ့ကတော့ ရွှေရောင်၊ ငွေရောင်၊ အနက်နဲ့ အပြာတွေ ရောင်းချမှာပါ။ ဈေးနှုန်းကတော့ ယူရို ၁၀၀၀ ဝန်းကျင်နဲ့ ရောင်းချဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။
Ref: http://m.gsmarena.com/samsung_galaxy_note8-8505.php