IT

Apple Watch 3 အကြောင်း သိထားသမျှ

Watch 2 တနှစ်ပြည့် ကာလအတွင်းမှာ နောက်ထပ် အသစ်ထွက်လာဖို့ ရှိနေတဲ့ Watch 3 အကြောင်း ပြောပြပါမယ်။ Apple က မော်ဒယ်သစ်ကို Watch OS 4 ကို သုံးပြီး ထုတ်လုပ်လာမယ်လို့ ပြီးခဲ့တဲ့ ဇွန်လက ကျင်းပခဲ့တဲ့ Worldwide Developers Conference မှာ ပြောခဲ့တာ တွေ့ရလို့ပါ။ လက်ရှိ iPhone 8 လည်း ဈေးကွက်ထဲ ရောက်လာဖို့ ရှိနေတော့ အခု မော်ဒယ်သစ်တွေက အပြိုင် မြင်လာရဖို့ ရှိနေတာပါ။ ခန့်မှန်းတာတော့ လာမယ့် စက်တင်ဘာလထဲမှာ ဈေးကွက်ထဲ ရောက်လာနိုင်ပါတယ်။

ခန့်မှန်းချက်တွေအရ Watch 3 က SIM ကတ်ထည့်သုံးနိုင်မယ်၊ LTE စနစ်ထိအောင် ချိတ်ဆက်လာနိုင်မယ်။ ရှေ့ဘက် ရိုက်ကူးကင်မရာ ပါလာနိုင်တယ်၊ Micro-LED စနစ်သုံး ပြသမျက်နှာပြင် စနစ်နဲ့ ဖြစ်လာမယ်၊ Glass-flim စနစ်နဲ့ Touch စနစ် သုံးနိုင်လာမယ်၊ ပါးလွှာပြီး ပိုမို ပေါ့ပါးအောင် ဖန်တီးလာမယ်၊ ရေစိုခံနိုင်မယ်၊ WatchOS 4 ကို ထည့်သွင်းထားမယ်၊ ခြေရာခံ စနစ် ပါရှိလာမယ်၊ ဂလူးကို့စ် ပမာဏ ဖော်ပြပေးပြီး ဝတ်ဆင်သူကို ကျန်းမာရေး အထောက်အပံ့စနစ်ပေးမယ်၊ အသက်ရှု အာရုံခံစနစ် ပါလာမယ်၊ Power Meter ကိုလည်း တွဲဖက် တပ်ဆင်ထားမယ်၊ ကြိုးမဲ့ အားသွင်းစနစ်လည်း ဖြစ်နိုင်သလို ကြိုးနဲ့ ဆိုရင်လည်း အမြန်ဆုံး အားသွင်းလာနိုင်မယ်၊ ဈေးနှုန်းက ဒေါ်လာ ၃၄၉ (ယူရို ၃၄၉) လောက်နဲ့ စတင် ရောင်းချလာဖို့ ရှိနေတယ် လို့ ဆိုပါတယ်။

Watch 3 ရဲ့ ဒီဇိုင်းပိုင်းမှာတော့ သိသာလောက်တဲ့ ဒီဇိုင်း အပါအဝင် အခြား ပြောင်းလဲမှု ရှိလာဖို့ထက် ပါးလွှာပြီး ပေါ့ပါးအောင် ဖန်တီးလာဖို့ပဲ ရှိနေတာပါ။ အခုနှစ်ဝက် အတွင်း အခြား ကုမဏီတွေကလည်း SmartWatch တွေ ရောင်းချလာဖို့ ရှိနေတာကြောင့် Apple အနေနဲ့ကတော့ အဆိုပါ မော်ဒယ်တွေနဲ့ အပြိုင် ဈေးကွက် တင်လာပါ့ မလား စဉ်းစားစရာပါ။

အထူးသဖြင့်တော့ iPhone အသစ်လည်း ဈေးကွက်ထဲ ရောက်လာဖိ့ု ရှိနေသေးတာပါ။ Apple ရဲ့ သမိုင်းမှာ မော်ဒယ်သစ် မိတ်ဆက်မှုကို စက်တင်ဘာ ပထမပတ်နဲ့ ဒုတိယ အပတ်အတွင်းမှာ မိတ်ဆက်လေ့ ရှိတာကြောင့် မကြာခင်မှာ မော်ဒယ်သစ်တွေ သုံးနိုင်လာဖို့ ရှိနေတာပါ။ CNET ကနေ စက်တင်ဘာအတွင်း မော်ဒယ်သစ် မိတ်ဆက်ဖို့ သေချာမှု ရှိ၊ မရှိ မေးမြန်းချက်ကို Apple က ပြန် မဖြေခဲ့လို့ သေချာပေါက်တော့ ပြောလို့ မရသေးပါ။ အခုနှစ် Apple ရဲ့ အမြတ်အစွန်း ရရှိမှုလည်း အားကောင်းနေသေးလို့ ကာလတိုအတွင်း မော်ဒယ်သစ် ၂ ခုလုံး ရောင်းချဖို့တော့လည်း နည်းနည်း ခက်ခဲ စေနိုင်တဲ့ သဘောပါ။

လာမယ့် စက်တင်ဘာလဟာ စတုတ္ထ ဈေးဝယ်ပတ်ကာလ ဖြစ်လို့ မော်ဒယ် တခုခုကိုတော့ ရောင်းချမှာ အသေအချာ ဖြစ်ပေမယ့် iPhone 8 အနေနဲ့ ၂၀၁၈ ခုနှစ် ဆန်းပိုင်းမှာလည်း ဈေးကွက်ထဲ ရောက်လာနိုင်ပါတယ်။ အခု Watch 3 အနေနဲ့တော့ Watch OS 4 ကို သုံးထားမယ် ဆိုရင် Siri လို အသံနဲ့ ထိန်းချုပ်စနစ် သုံးနိုင်လာမှာပါ။ မတ်လ အတွင်းက ထုတ်ဝေခဲ့တဲ့ Barron ရဲ့ ဆောင်းပါး တပုဒ်မှာ Watch 3 အနေနဲ့ Sim ကတ်ထည့်နိုင်အောင် ဖန်တီးထားမယ်လို့ ဆိုတာကြောင့် မော်ဒယ်သစ်က LTE စနစ်ထိအောင် ချိတ်ဆက်လာနိုင်ဖို့ သေချာနေသလောက်ပါပဲ။

ကင်မရာပါလာမယ် ဆိုရင်လည်း အခြား Watch တွေထက် အားသာချက် ဖြစ်မှာ ဖြစ်လို့ ထည့်သွင်းလာနိုင်ပါတယ်။ ပြသစနစ်မှာလည်း အရင် Watch 2 မှာ OLED နဲ့ ဖြစ်ပေမယ့် အခုတော့ စွမ်းအင်စား ပိုမို သက်သာမယ့် Micro LED နဲ့ ဖြစ်နိုင်ပါတယ်။ Nikkei Asian ရဲ့ သုံးသပ်ချက်မှာလည်း Watch 3 မှာ Micro LED နဲ့ ဖြစ်မယ် လို့ ဆိုထားပါတယ်။

Apple CEO Tim Cook ကိုယ်တိုင် သူ့ရဲ့ Watch နဲ့ သွေးတွင်း သကြားဓတ် စမ်းသပ်တိုင်းတာမှု ပြကွက်တွေ ထွက်ပေါ် ထားပါတယ်။ ဒီအတွက် ဂလူးကို့စ်နှုန်း ဖော်ပြချက်တွေ ပါလာနိုင်တယ်၊ BGR ကလည်း Watch 3 မှာ ဂလူးကို့စ်နှုန်း ဖော်ပြချက် ထည့်ထားလိမ့်မယ် လို့ ဆိုထားတာ တွေ့ရပါတယ်။ အခြား အသက်ရှုမှု ဆိုင်ရာ ဖော်ပြချက်နဲ့ မီတာတွေကို ကျန်းမာရေး အထောက်အကူပြု ပစ္စည်းအဖြစ်နဲ့ပါ Watch 3 ကို သုံးနိုင်အောင် ဖန်တီးလာဖို့ သေချာနေတာလည်း ဖြစ်ပါတယ်။

http://www.cnet.com/products/apple-watch-3/preview/

Loading