IT

Selfie နဲ့ ဘက်ထရီ အသားပေး ထုတ်လုပ်ထားတဲ့ Gionee A1 Lite စမတ်ဖုန်း

Want create site? Find Free WordPress Themes and plugins.

Gionee ကုမ္ပဏီက အသစ်ထုတ်လုပ်လိုက်ပြီး နောက်ဆုံးပေါ် A-series စမတ်ဖုန်း Gionee A1 Lite စမတ်ဖုန်းကို သြဂုတ်လ ၇ ရက်နေ့က မန္တလေးမြို့ ၊ ချမ်းအေးသာဇံမြို့နယ်၊ ၃၁ လမ်းနဲ့ ၃၂ လမ်းကြား၊ ပြင်ဦးလွင်လမ်း၊ Hotel Shwe Pyi Thar မှာ မိတ်ဆက်ခဲ့ပါတယ်။

Gionee A1 Lite စမတ်ဖုန်းဟာ ယနေ့ခေတ် Selfie ဓာတ်ပုံအရိုက်များတဲ့ လူကြီး၊ လူငယ် Selfie သမားတွေအတွက် Selfie ကင်မရာအရည်အသွေး အဓိကထား ထုတ်လုပ်ထားပြီး ဘက်ထရီအား အချိန်ကြာရှည် အသုံးပြုလို့ရမယ့် စနစ်နဲ့ ဖန်တီးပြုလုပ်ထားတယ်လို့ သိရပါတယ်။

Selfie ကို အဓိကထား ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတလုံးဖြစ်တာကြောင့် ကင်မရာအရည်အသွေးအနေနဲ့ အရှေ့ဘက် Selfie ကင်မရာ 20 Mega pixel ပါဝင်ပြီး ကင်မရာ Soft Lighting အလင်းအားဟာ Selfie ရိုက်တဲ့အခါ မျက်နှာအလှကို အလင်းအား ချိန်ညှိပေးနိုင်တဲ့ အထူးပြုလုပ်ချက် ပါဝင်တာ တွေ့ရပါတယ်။

Gionee A1 Lite စမတ်ဖုန်း မိတ်ဆက်ပွဲ / ဓာတ်ပုံ – (သီဟတိုး/ ဧရာဝတီ)

အနောက်ဘက် ကင်မရာ အရည်အသွေး 13 Mega pixel အသုံးပြုထားပြီး LED Flash Light မီး ၂ လုံး ပါဝင်ပါတယ်။ Super Battery ဆိုတဲ့အတိုင်း ဘက်ထရီပိုင်းကို အသားပေးထုတ်ထားပြီး 4000 mAh ပါဝင်တာကြောင့် တခါ အားသွင်းပြီးရင် တနေကုန် တရက်လုံးဆက်တိုက် အသုံးပြုနိုင်ပြီး ဘက်ထရီ အသုံးပြုမှုနည်းသူတွေအတွက် ၂ ရက် ဆက်တိုက် အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

CPU အရည်အသွေး Octa-core 1.3 GHz အသုံးပြုထားပြီး RAM 3GB၊ Memory 32GB ပါဝင်ပြီး Micro SD 64GB အထိ တိုးမြှင့်ထည့်သွင်း အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ Android Version 7.0 အသုံးပြုထားပြီး မျက်နှာပြင် အရွယ်အစားက ၅.၃ လက်မ ရှိပါတယ်။

A1 Lite စမတ်ဖုန်းရဲ့ နောက်ကျောဘက်မှာလည်း Finger Print (လက်ဗွေစနစ်) လုပ်ဆောင်ချက် ပါဝင်တာတွေ့ရပြီး Finger Print ကို Lock screen အပိတ်အဖွင့် အပြင် Selfie ဓာတ်ပုံ ရိုက်ကူးရာမှာလည်း အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

Gionee A1 Lite စမတ်ဖုန်း မိတ်ဆက်ပွဲ / ဓာတ်ပုံ – (သီဟတိုး/ ဧရာဝတီ)

ဆင်းမ်ကတ်၂ ကတ်ထိုး ထည့်သွင်းအသုံးပြုနိုင်တဲ့ A1 Lite စမတ်ဖုန်းကို အရောင်အနေနဲ့ အနီရောင်၊ အနက်ရောင်၊ ရွှေရောင် အရောင် ၃ မျိုးရရှိနိုင်ပြီး ဈေးနှုန်း မြန်မာငွေ ၂၆၉၀၀၀ ကျပ်နဲ့ ၂၀၁၇ ခုနှစ်၊ သြဂုတ်မှ စတင်ကာ မြန်မာတနိုင်ငံလုံး ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

Gionee ကုမ္ပဏီကို ၂၀၀၂ ခုနှစ်၊ တရုတ်ပြည်မှာ စတင် တည်ထောင်ခဲ့တာဖြစ်ပြီး ကမ္ဘာ့မိုဘိုင်းဖုန်း ထုတ်လုပ်မှု ၁၀ ခုထဲမှာ တခုအပါအဝင်ဖြစ်တဲ့ Gionee စမတ်ဖုန်းများကို တရုတ်နိုင်ငံအတွင်းသာမက အရှေ့အလယ်ပိုင်းဒေသ၊ အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ အသုံးပြုလျက်ရှိတယ်လို့ သိရပါတယ်။

Gionee A1 Lite စမတ်ဖုန်း မိတ်ဆက်ပွဲကို Gionee Myanmar ရဲ့ Brand Ambassador များဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်တို့ တက်ရောက်ခဲ့ပြီး Gionee အရောင်းကိုယ်စားလှယ်များ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်များနဲ့ စာနယ်ဇင်း မီဒီယာများ တက်ရောက်ခဲ့ကြပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading